ဆယ်စုနှစ်တစ်စုကြာ ရပ်နားထားသည့် ၁၁၇ ထပ်အမြင့်ရှိ တရုတ် မိုးမျှော်တိုက်ဆောက်လုပ်ရေးကို ပြန်စမည်
News Image

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းမြို့တွင် ၁၀ နှစ်နီးပါး ဆောက်လုပ်မှုရပ်နားထားသည့် ၁၁၇ ထပ်အမြင့်ရှိ Goldin Finance 117 မိုးမျှော်တိုက်ကို ဆောက်လုပ်မှုပြန်စတင်မည်ဟု တရုတ်နိုင်ငံပိုင် သတင်း ဌာနက ကြေညာထားသည်။ အမြင့်ပေ ၁၉၅၉ ပေရှိပြီး ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ၂၀၁၅ ခုနှစ်ကတည်းက ဆောက်လုပ်မှု ရပ်နား ခဲ့ကာ ယခုဆောက်လုပ်ရေးကို ၂၀၂၇ ခုနှစ်တွင်အပြီးသတ်ရန် ရည်မှန်း ထားသည်။