မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ် လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

News Image

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ် လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင် ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ် လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

News Image

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ် လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင် ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ဆေးဖက်ဝင်ပဲစောင်းလျားသီးအကြောင်း သိကောင်းစရာများ

Posted_Date

Image

ဆေးဖက်ဝင်ပဲစောင်းလျားသီးအကြောင်း သိကောင်းစရာများ

Body

ပဲစောင်းလျားသီး (Winged Bean)

ပဲစောင်းလျားသီးကိုမြန်မာတို့၏ထမင်းဝိုင်းတွင် တို့စရာနှင့်ချဉ်ဖတ်အဖြစ် လည်းကောင်း၊    ပဲစောင်းလျားသီးအနု လေးများကို ရေနွေးဖြော၍  ပါးပါးလှီးပြီးသံပရာသီးညှစ်၊   ပုစွန်ခြောက်ထည့်ကာဆီချက်နှင့်သုပ်စား၍သော်လည်းကောင်း၊   သီးစုံပဲကုလားဟင်းနှင့်ချဉ်ဟင်း၊ ဟင်းချို ထဲထည့်သွင်းချက်ပြုတ်၍သော်လည်း ကောင်း စားသုံးကြသည်။ ပဲစောင်းလျား သီးမှာ  ဈေးတွင်အမြဲရှိသော်လည်း  အမြဲ ဝယ်မစားဖြစ်သည့်အထဲတွင် ပါဝင်သည်။  ရံဖန်ရံခါမှ  စားဖြစ်တတ်သည့်  ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်ကာတကူးတက ဝယ်စားခြင်းမျိုးသိပ်မရှိတတ်ကြသော်လည်း ယင်း၏အကျိုးကျေးဇူးများကို သိရှိမည်ဆိုပါကအမြဲမဟုတ်တောင် မကြာခဏစားမိမည်ဟု ယူဆပါသည်။

ပဲစောင်းလျားသီးတွင်ပါဝင်သောအာဟာရတန်ဖိုးများ

ပဲစောင်းလျားသီးတွင်  ဗီတာမင်   A၊ဗီတာမင် B၊ ဗီတာမင် C နှင့် ဗီတာမင် E   အာဟာရဓာတ်များ ပါဝင်မှုများသကဲ့သို့ သံဓာတ်၊  မဂ္ဂနိစ်၊  ကယ်လ်စီယမ်၊   ဖော့စ ဖရပ်စ်တို့ကဲ့သို့ အရေးပါသောသတ္တုဓာတ်များ   အများအပြားပါဝင်သည်။  ထို့ပြင်  ဖောလိတ်ဓာတ်၊   ပရိုတင်းဓာတ်များနှင့် အင်ဇိုင်းများလည်း ကြွယ်ဝစွာပါဝင်သည်။ ပဲစောင်းလျားသီး၏  ပရိုတင်းပါဝင်မှုမှာ ပဲပိစပ်နှင့်ဆင်တူသည်။    တခြားပဲများ ကဲ့သို့ ပဲစောင်းလျားသီးအစေ့၏ပရိုတင်းပမာဏက   ပြောင်းဖူးနှင့်   တွဲဖက်လိုက် ပါက နွားနို့ကိုမီနိုင်သည်ဟုသိရပါသည်။ပဲစောင်းလျားသီးတွင် သံဓာတ်မျိုးစုံနှင့်  ဗီတာမင်မျိုးစုံပါဝင်သဖြင့် အရွယ်မတိုင်မီ    အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးပြီး အသား အရေတင်းရင်းစေသည့်အပြင်  ကယ်လိုရီ ပါဝင်မှုပမာဏနည်းသဖြင့် ဝိတ်ချလိုသူများ အတွက်  အထူးစားသုံးပေးသင့်ကြောင်း၊ ဗီတာမင် C  ပါဝင်မှုများသဖြင့် ကိုယ်ခံအားစနစ်အားကောင်းစေကြောင်း၊   ကယ်လ် စီယမ်ဓာတ်ပါဝင်မှု  မြင့်မားသည့်အတွက်အရိုးများသန်မာစေပြီး    ခွန်အားတိုးစေ ခြင်းနှင့် အာရုံကြောအားကောင်းစေသည့် အပြင် မှတ်ဉာဏ်အားကောင်းစေခြင်းတို့ကြောင့်  ကလေးငယ်များလည်း  စားသုံးသင့်ကြောင်း၊ ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်သီးနှံဖြစ်ကြောင်း သိရှိရသည်။ ပဲစောင်းလျားသီးကို မကြာခဏ စားသုံးသင့်သည့်  အကြောင်းရင်းများကိုဖော်ပြလိုပါသည်။

ကိုယ်ခံအားကောင်းစေနိုင်သောပဲစောင်းလျားသီး

ပဲစောင်းလျားသီးတွင်   အချဉ်ဓာတ် လုံးဝမရှိသော်လည်း ဗီတာမင်  C နှင့် ဗီတာမင်    A    ကြွယ်ဝစွာပါဝင်သော ကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပြီး   တခြားရောဂါပိုးများ၊   ကူးစက်ရောဂါများနှင့်ဖျားနာမှုများအလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိ သည်။  ဗီတာမင်  C  သည် ရေတွင်ပျော်ဝင် နိုင်သော  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ် မျိုးဖြစ်ပြီး   သွေးကြောများ၏ကျုံ့ခြင်း၊ ဆန့်ခြင်းကို ကူညီပေးနိုင်သကဲ့သို့  ကင်ဆာ ရောဂါဖြစ်ပွားမှုကိုလည်း    လျှော့ချပေးနိုင်သည်။

အရွယ်တင်နုပျိုစေသောပဲစောင်းလျားသီး

ပဲစောင်းလျားသီးတွင်   ဗီတာမင်  C နှင့်ဗီတာမင် A ကြွယ်ဝစွာပါဝင်ပြီး ယင်း ဗီတာမင်နှစ်မျိုးစလုံးက ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Antioxidant) အဖြစ်   လုပ်ဆောင်ပေးသည့်အပြင် အရေးအကြောင်း များကဲ့သို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော် မှုလက္ခဏာများကို      ကာကွယ်ပေးနိုင် သည်။     ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်မှုကြောင့် အသားအရေကိုတင်းရင်း ‌စေပြီး နုပျိုစေသည်။

ကိုယ်အလေးချိန်လျော့ကျစေသောပဲစောင်းလျားသီး

ပဲစောင်းလျားသီး     ၁၀၀   ဂရမ်တွင် စွမ်းအင် ၄၉ ကယ်လိုရီနှင့် ဗီတာမင်  C ၃၁  ရာခိုင်နှုန်းပါဝင်သောကြောင့် ဝိတ်ချ လိုသူများအနေဖြင့်     စားသုံးသင့်သည်။ ပဲစောင်းလျားသီးဟင်းချို၊ ပဲစောင်းလျား သီးသုပ်၊ ပဲစောင်းလျားသီးချက် စသည် ဖြင့်  ချက်ပြုတ်စားပါက တဖြည်းဖြည်း ကိုယ်အလေးချိန်  လျော့ကျလာမည်ဖြစ် သည်။ ထို့ကြောင့်  ပဲစောင်းလျားသီးသည်    ကယ်လိုရီပါဝင်မှုနည်းပြီး   အမျှင်ဓာတ် ပါဝင်မှုများသောကြောင့် အစာခြေစနစ် ကောင်းမွန်စေပြီး   ဝမ်းမှန်စေခြင်းဖြင့် အဆီပိုများအား ဖယ်ရှားပေးနိုင်ပြီး ကိုယ် အလေးချိန်လျော့ကျစေရန် ကူညီပေးနိုင် သည်။

အမြင်အာရုံကောင်းမွန်စေသော ပဲစောင်းလျားသီး

ပဲစောင်းလျားသီးတွင် အမြင်အာရုံနှင့် သက်ဆိုင်သည့်ပြဿနာများကို လျော့နည်းသက်သာစေနိုင်သော နောက်ထပ်ကောင်းကျိုးတစ်ခုရှိပါသည်။ လူများတွင် သိုင်ယာမင်း  (Thiamine)   ဓာတ်ချို့တဲ့ သည့်အခါ    အမြင်အာရုံကို     ထိခိုက်ပျက်စီးစေနိုင်သည်။    ပဲစောင်းလျားသီး တွင် သိုင်ယာမင်းဓာတ်များပါဝင်သဖြင့်မျက်စိကျန်းမာရေးအတွက် ကောင်းမွန် စေပြီး ရေတိမ်နှင့်အတွင်းတိမ်ကဲ့သို့ အမြင် အာရုံဆိုင်ရာပြဿနာများကို လျော့နည်း သက်သာစေနိုင်သည့်အပြင်     သိုင်ယာမင်းဓာတ်မှာ    ဦးနှောက်ဆီသို့   အချက်ပြ မှုများပေးပို့ခြင်းကို လုပ်ဆောင်ပေးသည့် မျက်လုံး၏ကြွက်သားများနှင့်    အာရုံ ကြောများကို  ကျန်းမာကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်သည်။

စိတ်ဖိစီးမှုနှင့်ထုံကျဉ်ကိုက်ခဲမှုကိုသက်သာစေသော ပဲစောင်းလျားသီး

ပဲစောင်းလျားသီးတွင်ပါဝင်သည့် ဖော့စဖရပ်စ်၊ လပ်တို့စ်နှင့် ဖရပ်တို့စ်ကဲ့သို့ သကြားဓာတ်များသည် ခန္ဓာကိုယ်တွင်ရှိသည့် စွမ်းအင်ပမာဏကို  မြှင့်တင်ပေးနိုင် ပြီး မောပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်သားများအားနည်းခြင်း၊ ခေါင်းနှစ်ဖက်ကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် ခန္ဓာကိုယ်ထုံကျဉ် ကိုက်ခဲခြင်းတို့ကိုလည်းလျော့နည်း သက်သာစေနိုင်သည်။

ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသော ပဲစောင်းလျားသီး

ပဲစောင်းလျားသီးတွင်   ဆီးချိုရောဂါဖြစ်ပွားမှုကို   ကာကွယ်ပေးသောဗီတာမင်  D  နှင့်  ကယ်လ်စီယမ်ဓာတ်များစွာ ပါဝင်ခြင်းကြောင့်  ဆီးချိုရောဂါဖြစ်ပွား မှုကိုကာကွယ်ပေးပါသည်။

အစာအိမ်ပြဿနာများကိုလျော့ပါးစေသော ပဲစောင်းလျားသီး

ပဲစောင်းလျားသီးတွင်ပါဝင်သည့် အမျှင်ဓာတ်များက ကိုယ်အလေးချိန်တက်မှုကိုလျှော့ချပေးနိုင်ရုံသာမက  အစာအိမ်ထဲတွင်ရှိနေသည့်ဗက်တီးရီးယားများကိုတိုးပွားစေပြီး အစာချေဖျက်နိုင်ရန် ကူညီပေးနိုင်သည်။ ထို့ကြောင့် ပဲစောင်းလျားသီးကို မကြာခဏစားသုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းနှင့် အစာအိမ်ဆိုင်ရာပြဿနာများကို လျော့ပါးစေနိုင်သည်။

အရိုးများကိုသန်မာစေသောပဲစောင်းလျားသီး

ပဲစောင်းလျားသီးတွင် ပါဝင်သည့် ကယ်လ်စီယမ်ဓာတ်သည်အရိုးစနစ်ကိုတည်ဆောက်ပေးပြီး ရောဂါဝေဒနာများ မရှိစေရန်သန်စွမ်းမှုကိုပေးသည်။  ပဲစောင်းလျားသီးတွင် ကယ်လ်စီယမ်ဓာတ်ပါဝင်မှုမြင့်မားသဖြင့် အရိုးနှင့်သွားများကို ကြီးထွားသန်မာစေပြီး ထိခိုက်ဒဏ်ရာများသက်သာရန်နှင့် အနာကျက်စေရန်အတွက် ကူညီပေးနိုင်သည်။ နေမကောင်း ဖြစ်နေသူများ၊  အားနည်းနေသူများကိုခွန်အားတိုးစေခြင်းနှင့်အာရုံကြော အားကောင်းစေသည့်အပြင် မှတ်ဉာဏ်အားကောင်းစေခြင်းတို့ကြောင့် ကလေးငယ်များလည်းစားသုံးသင့်ကြောင်း၊ ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်သီးနှံ ဖြစ်ကြောင်း သိရှိရသည်။ ပဲစောင်းလျား သီးမှာပါဝင်သည့်  ကယ်လ်စီယမ်ဓာတ်က အရိုးပွခြင်းကဲ့သို့ပြဿနာများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

သွေးအားနည်းခြင်းနှင့်ပန်းနာရင်ကျပ်ကို သက်သာစေသော ပဲစောင်းလျားသီး

ပဲစောင်းလျားသီးတွင် မဂ္ဂနီစီယမ်ဓာတ်လည်းအတော်အသင့်ပါဝင်နေသောကြောင့်အဆုတ်ပြွန်နှင့်သက်ဆိုင်သည့် ကြွက်သားများကိုပြေလျော့စေနိုင်ပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုကာကွယ်ပေးနိုင်သည်။   အသက်ရှူလမ်းကြောင်းကို  ကောင်းစွာထိန်းညှိ ပေးနိုင်သောကြောင့်  နာတာရှည်ပန်းနာ ရင်ကျပ်ရောဂါခံစားနေရသူများအတွက် လည်းသင့်တော်သည်။ ပဲစောင်းလျားသီး တွင် ဗီတာမင် B  ပါဝင်နေခြင်းမှာ ခန္ဓာ ကိုယ်၏သွေးပမာဏနှင့် အရည်အသွေး ကို တိုးတက်ကောင်းမွန်စေပြီး သွေးအား နည်းခြင်းကိုလည်း    ကာကွယ်ပေးနိုင်သောကြောင့် ပဲစောင်းလျားသီးကို  ဖြည့် စွက်စာအနေဖြင့်  ပုံမှန်စားသုံးပေးပါကပန်းနာရင်ကျပ်နှင့် သွေးအားနည်းခြင်းတို့ ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ကိုယ်ဝန်ဆောင်များအတွက်အထောက်အကူပေးနိုင်သောပဲစောင်းလျားသီး

ပဲစောင်းလျားသီးအပါအဝင် ပဲအမျိုး မျိုးတွင်  ဖောလစ်အက်စစ်ဓာတ်ကြွယ်ဝ စွာပါဝင်မှုကြောင့်  ကိုယ်ဝန်ဆောင်မိခင် များအတွက် သင့်တော်ပါသည်။  ပဲစောင်း လျားသီးတွင်  ကိုယ်ဝန်ရခါစအမျိုးသမီး နှင့်   ကိုယ်ဝန်ဆောင်ချိန်အတွင်း   အစာ အာဟာရမှ ဒီအင်န်အေ (DNA)နှင့်  ဆဲလ် (Cell) များအတွက်  မရှိမဖြစ်လိုအပ်သည့် ဖောလိတ်ဓာတ်ရရှိမှုလုံလောက်အောင်အထောက်အကူပေးနိုင်သည်။  ဖောလစ် အက်စစ်ဓာတ်သည် သန္ဓေသားကြီးထွား ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ပြီးလွယ်ကူ ချောမွေ့စွာမွေးဖွားနိုင်ရန်လည်း ကူညီပေး နိုင်သည့်အပြင် ပဲစောင်းလျားသီးတွင်ပါဝင် သည့်သံဓာတ်သည် ကိုယ်ဝန်ဆောင်မိခင် များတွင် သွေးဆုံးရှုံးမှုဖြစ်နိုင်ခြေကိုလျှော့ ချပေးနိုင်ပြီးမွေးကင်းစကလေးငယ်၏ ကိုယ်အလေးချိန်    လျော့နည်းမှုများကိုလည်းကာကွယ်ပေးနိုင်သည်။   ပဲစောင်း လျားသီးတွင်သံဓာတ်မြင့်မားစွာပါဝင်ခြင်းကြောင့်  ပေါင်မပြည့်သောကလေးမွေးဖွားခြင်းကို  ကာကွယ်ပေးပြီး  မဂ္ဂနိစ် ဓာတ် ကြွယ်ဝစွာပါဝင်နေခြင်းသည် ကလေးမမွေးဖွားမီနှင့်မွေးဖွားပြီးနောက် တွင်ဖြစ်တတ်သည့်ရောင်ရမ်းခြင်းနှင့် ညောင်းညာကိုက်ခဲခြင်းများကိုလည်း သက်သာစေသောကြောင့် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့်  ပဲစောင်းလျားသီးကိုဖြည့်စွက်စာအဖြစ်စားသုံးပေးမည်ဆိုပါကကောင်းကျိုးများရရှိနိုင်မည်ဖြစ် သည်။

သို့ဖြစ်ပါ၍အစာလည်းဆေး၊ဆေး လည်းအစာဆိုသကဲ့သို့ အစားအသောက်များကို ဉာဏ်ရှိသလို  အသုံးချရင်း မိမိကျန်းမာရေးကိုစောင့်ရှောက်သင့်ပါသည်။ အသီးအနှံများစားသုံးခြင်းဖြင့် ဘေးထွက် ဆိုးကျိုးနှင့်တာရှည်ခံပစ္စည်းများ၏ အန္တရာယ်ကင်းစင်စေမည်ဖြစ်သည်။   ပဲစောင်းလျားသီးမှ    အမြစ်ကျသွားလျှင်လူကြိုက်များသည့်  ပဲမြစ်ကိုတူးဖော်ရောင်းချ၍လည်းရသဖြင့်   အမြစ်အထိဝင်ငွေရရှိနိုင်ပြီး အကျိုးဖြစ်ထွန်းစေသောကြောင့်စီးပွားဖြစ်စိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

Source: MWD Web Portal

ဖရဲစိုက်ပျိုးထုတ်လုပ်ရေးအောင်မြင်ရန် လမ်းညွှန်ချက်များ

Posted_Date

Image

ဖရဲစိုက်ပျိုးထုတ်လုပ်ရေးအောင်မြင်ရန် လမ်းညွှန်ချက်များ

Body

မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးသည် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဖရဲသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အရေးပါသော သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ရောင်းချနေသောသီးနှံဖြစ်သည်။ ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။ ဖရဲသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောသီးနှံဖြစ်သည်။ ထို့ကြောင့် ဖရဲစိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော ကဏ္ဍတစ်ခုပင်ဖြစ်သည်။ ဖရဲသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်ပြီး အာဟာရဓာတ်များစွာပါဝင်သည်။

မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း

ဖရဲစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်သုံးစွဲခြင်းသည် အရေးကြီးဆုံးအချက်ဖြစ်သည်။ မျိုးကောင်းမျိုးသန့်ဆိုသည် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ရမည်။ ထို့ပြင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်တွင် ဝယ်လိုအား မြင့်မားသောမျိုးများကို ရွေးချယ်သင့်သည်။ မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသောမျိုးများကိုဦးစားပေးရွေးချယ်သင့်သည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။  မျိုးကောင်းမျိုးသန့်ကိုရွေးချယ်ရာတွင်   စိုက်ပျိုးရေးဦးစီးဌာနမှ    ထောက်ခံထားသောမျိုးများကို   ဦးစားပေးရွေးချယ်သင့်သည်။ စိုက်ပျိုးရေးဦးစီးဌာနမှ   ထောက်ခံထားသောမျိုးများသည်  ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိပြီး   ရောဂါပိုးမွှားဒဏ်ကို   ခံနိုင်ရည်ရှိသောမျိုးများဖြစ်သည်။

မြေပြုပြင်ခြင်း

ဖရဲသီးနှံစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းသည် အရေးကြီးသောအဆင့်တစ်ခုဖြစ်သည်။ ဖရဲသီးနှံသည် ရေသွင်းရေထုတ်ကောင်းမွန်သော မြေအမျိုးအစားကို နှစ်သက်သည်။ ထို့ကြောင့် မြေကိုကောင်းစွာပြုပြင်ပြီး မြေဆီလွှာတွင် သဘာဝမြေဩဇာများ ထည့်သွင်းပေးသင့်သည်။ မြေကို ကောင်းစွာထွန်ယက်ပြီး မြေဆီလွှာတွင် လေဝင်လေထွက်ကောင်းမွန်စေရန် ပြုလုပ်ပေးရမည်။

စိုက်ပျိုးနည်းစနစ်

ဖရဲကိုမိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် မေလမှစ၍ ဖေဖော်ဝါရီလအထိ  စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။  ဖရဲစေ့ကို မြေတွင်တိုက်ရိုက်စိုက်၍သော်လည်းကောင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်း၍သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ မြေတွင် တိုက်ရိုက်စိုက်ပါက မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ်များသဖြင့် ပျိုးထောင်စိုက်ပျိုးသင့်သည်။ ပျိုးပင်များကို ပျိုးထောင်ထားသည့်အချိန်တွင် စိုက်ခင်းကို ထယ်ထိုး၊ ထွန်မွှေပြီးနောက် စိုက်ခင်းအား မြေညီညာအောင်ပြုပြင်ပြီး စိုက်ပေါင်များဖော်ရမည်။ ဖရဲပင်များစိုက်ပျိုးပြီးနောက် အပင် (၁၁/၂) ပေခန့်ရှိလာချိန်တွင် နွယ်များကိုဖြောင့်တန်းပေးပြီး တန်းကြားတွင် ကောက်ရိုးခြောက်များကို ဖုံးအုပ်ဖြန့်ထားပေးရမည်။ ကောက်ရိုးဖုံးထားခြင်းဖြင့်  ပေါင်းမြက်များကင်းရှင်းခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုလျော့နည်းခြင်း၊ ဖရဲပင်မှ နှာမောင်းများက ကောက်ရိုးကို ကုပ်တွယ်ထားခြင်းဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့လျားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရစေနိုင်သည်။

ရာသီဥတုဒဏ်ခံနိုင်ရည်

ဖရဲသည် ပူပြင်းသောရာသီဥတုကို နှစ်သက်သော်လည်း မိုးရွာသွန်းမှုများပါက ရောဂါပိုးမွှားများကျရောက်နိုင်သည်။ ထို့ကြောင့် ရွေးချယ်မည့် မျိုးသည် မိုးရွာသွန်းမှုများပြားသောဒေသများတွင် ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသောမျိုးဖြစ်ရမည်။

ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်

ဖရဲသည် ရောဂါပိုးမွှားများစွာကျရောက်နိုင်သောသီးနှံဖြစ်သည်။ ထို့ကြောင့် ရွေးချယ်မည့်မျိုးသည် ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးဖြစ်ရမည်။

အထွက်နှုန်းကောင်းမွန်ခြင်း

ဖရဲမျိုးရွေးချယ်ရာတွင် အထွက်နှုန်းကောင်းမွန်သောမျိုးဖြစ်ရမည်။ အထွက်နှုန်းကောင်းမွန်သောမျိုးများကိုရွေးချယ်ခြင်းဖြင့် ဖရဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေမည်။

ဈေးကွက်တွင် ဝယ်လိုအားမြင့်မားခြင်း

မျိုးကောင်းမျိုးသန့်ဆိုသည်မှာ ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသော မျိုးဖြစ်ရမည်။ ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသောမျိုးများကို ရွေးချယ်ခြင်းဖြင့် ဖရဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ဝင်ငွေကောင်းမွန်စေမည်။

သီးနှံပိုးမွှား ကာကွယ်နှိမ်နင်းခြင်း

ဖရဲသီးနှံစိုက်ပျိုးရာတွင် ပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။ ပိုးမွှားနှင့်ရောဂါများကိုကာကွယ်ရန် သဘာဝနည်းလမ်းများဖြစ်သော ဇီဝပိုးသတ်ဆေးများသုံးစွဲခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်း စသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။ “ဖရဲ သရဲထက်ကြောက်စရာကောင်းတယ်’’ဟူသောတောင်သူများ၏ အဆိုအရ ဖရဲသီးနှံတွင် ကြောက်စရာအကောင်းဆုံးပြဿနာမှာ မှိုရောဂါပင်ဖြစ်သည်။ သက်ရှိမှိုမျှင်များသည် မြေကြီးထဲ၌ ၁၀ နှစ်မှ ၁၅ နှစ်အထိရှင်သန်နိုင်ပြီး အပင်များကို အမြစ်ကနေဝင်ရောက်ပြီး  ဒုက္ခပေးလေ့ရှိသည်။  ထိုမှိုရောဂါကိုဖြေရှင်းနိုင်မည့်နည်းလမ်းသည် ဓာတုဆေးဝါး များဖြင့်  နှိမ်နင်းလို့မရချေ။  အကောင်းဆုံးနည်းလမ်းမှာ သီးလှည့်စိုက်ပျိုးခြင်းပင်ဖြစ်သည်။ ထို့ပြင် ပိုးမွှားနှင့်ရောဂါများကို စောစီးစွာ သိရှိနိုင်ရန် စိုက်ခင်းကိုပုံမှန်စစ်ဆေးပေးရမည်။

တစ်ဧကအထွက်နှုန်း တိုးတက်စေရေး

တစ်ဧကအထွက်နှုန်းတိုးတက်စေရန် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ခြင်း၊ မြေဆီလွှာကို ကောင်းစွာပြုပြင်ခြင်း၊ ရေသွင်းရေထုတ်စနစ်ကို ကောင်းမွန်စေခြင်း၊ သီးနှံပိုးမွှားနှင့်ရောဂါများကို ကာကွယ်နှိမ်နင်းခြင်းစသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။ ထို့ပြင်သီးနှံအထွက်နှုန်းကို တိုးတက်စေရန် သင့်လျော်သော မြေဩဇာများကို ထည့်သွင်းပေးရမည်။

နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများ

နိုင်ငံတော်အစိုးရမှလည်း ဖရဲစိုက်ပျိုးထုတ်လုပ်ရေးအတွက် ပံ့ပိုးမှုများကိုရယူခြင်းဖြင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရမှ ပံ့ပိုးမှုများတွင် မျိုးကောင်းမျိုးသန့်များပံ့ပိုးပေးအပ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများဖြန့်ဖြူးခြင်း၊  ငွေကြေးကူညီပံ့ပိုးမှုများပေးခြင်း စသည့်အစီအစဉ်များပါဝင်သည်။

ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများ

ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို လေ့လာခြင်းဖြင့် ဖရဲသီးနှံ၏ ဈေးကွက်လိုအပ်ချက်များကိုသိရှိနိုင်ပြီး ထိုအချက်များကို အခြေခံကာ စိုက်ပျိုးထုတ်လုပ်မှုကို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုအခြေအနေများကိုသိရှိရန် ဈေးကွက် စစ်တမ်းများကောက်ယူခြင်း၊ ဒေသခံလယ်သမားများနှင့်တိုင်ပင်ဆွေးနွေးခြင်း စသည့်နည်းလမ်းများကိုအသုံးပြုသင့်သည်။

ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးသည် တောင်သူလယ်သမားများအတွက်သာမက စားသုံးသူများအတွက်ပါ အကျိုးပြုမှုများစွာရှိသည်။ ဖရဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သောသီးနှံဖြစ်ပြီး လူတို့၏အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။ ထို့ပြင် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးသည်  တောင်သူလယ်သမားများအတွက်  ဝင်ငွေကောင်းမွန်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည်။

ဥယျာဉ်ခြံသီးနှံတစ်မျိုးဖြစ်သည့် ဖရဲသီးနှံသည် သီးနှံဖြစ်ထွန်း အောင်မြင်အောင်စိုက်နိုင်ပြီး စျေးကောင်းမိပါက စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော သီးနှံတစ်ခုဖြစ်သည်။ ဖရဲသီးနှံကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ရေးသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ မျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်း၊ ပိုးမွှားနှင့် ရောဂါဒဏ်ကာကွယ်ခြင်း၊ အထွက်နှုန်းတိုးတက်စေခြင်း  စသည့်အချက်များကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုအောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်မှ ပံ့ပိုးမှုများနှင့် ဒေသတွင်းရောင်းဝယ်ဖောက်ကားမှု အခြေအနေများကိုသိရှိခြင်းဖြင့်  ဖရဲသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။    ။

Source: MWD Web Portal