လူသားတို့၏သက်ရှိကမ္ဘာကြီးသည် ခေတ်အမျိုးမျိုးကိုဖြတ်သန်းလာခဲ့ကြရသည်။ ကျောက်ဖြင့်ပြုလုပ်ထားသော လက်နက်များနှင့်ခုတ်ထစ်ဖြတ်တောက်အသုံးပြုသောအချိန်ကာလကို ကျောက်ခေတ်ဟူ၍လည်းကောင်း၊ ကြေး၊ သံတို့ကို ကိုင်ဆောင်လာသောခေတ်ကိုကြေးခေတ်ဟူ၍လည်းကောင်း အမည်အမျိုးမျိုးခေါ်တွင်ကာ ဖြတ်သန်းလာရပြီဖြစ်သည်။ ယခုအခါ လူသားတို့၏ ဉာဏစွမ်းရည်တို့ဖြင့် သင်္ဘော၊ ရထား၊ လေယာဉ်၊ ကားစသောအရာများကို တီထွင်နိုင်ခဲ့ပြီး ကမ္ဘာမြေပြင်တစ်ခွင်သွားလာနိုင်ခြင်းသည် ပညာရပ်များဖွံ့ဖြိုးတိုးတက်လာခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်ကို “နည်းပညာခေတ်”ခေါ်ဆိုရမည်မှာ စင်စစ်အမှန်ပင်ဖြစ်သည်။

နည်းပညာကား လူသားတို့၏နေ့စဉ်ဘဝရှိ အခန်းကဏ္ဍအသီးသီး၌မသိမသာဝင်ရောက်နေပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသော အခြေအနေများတွင် အလွန်အရေးပါသော အရာတစ်ခုဟုဆိုလျှင်လည်း မမှားနိုင်ပေ။ ထိုသို့နည်းပညာတိုးတက်လာမှုကြောင့် လူသားများအဆင်ပြေမှုရရှိရုံသာမကကမ္ဘာ့အကွာအဝေးများကို နည်းလမ်းအသစ်များဖြင့်အချိန်တိုအတွင်းဖယ်ရှားပေးနိုင်သော ခေတ်တစ်ခုလည်းဖြစ်လာသည်။ ထို့ကြောင့်“နည်းပညာသည် လူသားတို့၏ ဘဝမျှော်မှန်းချက်များနှင့်အခွင့်အလမ်းများကို ဖန်တီးပေးသောလက်နက်တစ်ခုဖြစ်လာသည်” ဟု ဆိုနိုင်သည်။
သို့သော် နည်းပညာသည် လူသားတို့အတွက် များစွာသောအခွင့်အလမ်းများကို ပေးစွမ်းနိုင်ရုံသာမက အချို့အခြေအနေများတွင်လူသားတို့၏ ကိုယ်ရည်ကိုယ်သွေးကို နွံထဲတွင်နှစ်မြှုပ်တတ်ပေသည်။ ထို့ကြောင့် နော်ဝေသမိုင်းပညာရှင် Christian Lous Longue က"Technology is a useful servant but dangerous master" “နည်းပညာကား အသုံးဝင်သောအစေခံတစ်ယောက်ဖြစ်သလို အန္တရာယ်ရှိသော အုပ်ချုပ်သူတစ်ဦးလည်းဖြစ်တယ်”ဟုဆိုလေသည်။သိပ္ပံပညာရှင်များက နည်းပညာများကို လူနေမှုဘဝများလွယ်ကူမြန်ဆန်စေရန် ခေတ်အဆက်ဆက်မှ စတင်ကာဖန်တီးလာကြသည်။
သို့သော် အဆိုပါဖန်တီးမှုများကို လူသားများအလွယ်တကူနားလည်ရန် ခက်ခဲလွန်းလှသည်။ ထို့ကြောင့် လူသားတို့က အထက်ပါနည်းပညာများကို နားလည်အောင်သင်ယူလေ့လာရန် အရေးကြီးပေသည်။
အဘယ်ကြောင့်ဆိုသော် “ကိုယ်က နည်းပညာနှင့်မပတ်သက်ချင်ရင်တောင်မှ နည်းပညာက ကိုယ့်ရဲ့အလုပ်နဲ့ လာပတ်သက်နေတယ်”ဟူသောစကားအတိုင်း နည်းပညာကား လူသားတို့ဘဝအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်နေသောကြောင့်ဖြစ်သည်။
ဆက်လက်၍ ယနေ့ခေတ်လူသားတို့၏ သက်ရှိကမ္ဘာကြီးတွင် နည်းပညာတိုးတက်မှုသည် တရိပ်ရိပ်မြင့်တက်လာကာ အနာဂတ်တွင်မောင်းသူမဲ့ကား၊ မောင်းသူမဲ့လေယာဉ်၊ မောင်းသူမဲ့သင်္ဘောများကို auto စနစ်များအသုံးပြုလာကြရန် ရည်မှန်းထားပြီး ကိုယ်တိုင်ပင်ပင်ပန်းပန်းအလုပ်လုပ်နေရန်မလိုတော့ဘဲ အမိန့်ပေးရုံနှင့်အလိုအလျောက် အလုပ်လုပ်ပေးသည့် ဉာဏ်ရည်တုစက်ရုပ်များကို အစားထိုးအသုံးပြုလာကြသည်။ ထိုစက်ရုပ်များကြောင့် ယခုအချိန်တွင် စက်ရုံအလုပ်ရုံများ၌ လူအင်အားသုံးမည့်အစား ထုတ်ကုန်လွယ်ကူမြန်ဆန်စေရေးအတွက် စက်ရုပ်ကိုအစားထိုးအသုံးပြုလာကြသည်။ ထိုနည်းတူပင် ယခင်က စိုက်ပျိုးရေးကဏ္ဍတွင် နွား၊ ကျွဲနှင့် လူအင်အားကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးခဲ့ရသည်။ ထိုမှတစ်ဆင့် လယ်ထွန်စက်များ၊ စပါးခြွေလှေ့စက်များပေါ်လာသဖြင့် အချိန်ကုန်ငွေကုန်သက်သာလာပေသည်။ ယနေ့ခေတ်တွင် အချို့သောတိုင်းပြည်များ၌ မောင်းသူမဲ့လယ်ထွန်စက်များပေါ်လာသလို ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကို အရင်လိုနေပူကျဲကျဲတွင် သွားဖျန်းရန်မလိုတော့ဘဲ အဝေးထိန်းစနစ်(Drone)ဖြင့် လယ်ကွင်းများကို အဝေးကပင်ထိန်းချုပ်ရေလောင်းလာကြသည်များရှိသည်။ ထို့ကြောင့် ဉာဏ်ရည်တုစက်ရုပ်စနစ်ကားအနာဂတ်အလုပ်အကိုင်များကို ထိခိုက်စေနိုင်သလို အလုပ်လက်မဲ့များလည်းပေါများလာမည်မှာ ဧကန်မုချပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် နောင်အနာဂတ်တွင် ကောင်းစွာရပ်တည်နိုင်ရန် နည်းပညာဆိုင်ရာ အခြေခံသဘောတရားများနှင့်ဝေါဟာရများကို မျက်ကွယ်မပြုဘဲ တတ်သိနားလည်ရန်လိုပေသည်။
ထို့ပြင် ခေတ်သစ်နည်းပညာတိုးတက်မှုအနက် AI (Artificial Intell-igence) သည် လူငယ်များအတွက် အရေးပါသောလက်နက်တစ်ခုအဖြစ် သုံးစွဲလာပြီဖြစ်သည်။ ပညာရေး၊ အလုပ်အကိုင်၊ ဖန်တီးမှုလုပ်ငန်းများနှင့် နည်းပညာဖွံ့ဖြိုးမှုများအထိ AI သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာသည်။ ထိုနည်းပညာတွင်လည်း ကောင်းကျိုးနှင့်ဆိုးကျိုးဟူ၍ ဒွန်တွဲလျက်ရှိနေပါသေးသည်။ ChatGPT၊ Google Gemini၊ Claude စသော applications တို့က လူငယ်များအတွက် စာမေးပွဲပြင်ဆင်ခြင်း၊ သုတေသနရေးခြင်းအတွက် အထောက်အကူပြုပေးနိုင်သလို အလုပ်လျှောက်လွှာရေးသားခြင်းနှင့် Freelance အလုပ်များတွင်လည်း လုပ်ငန်းကို ပိုမိုထိရောက်မြန်ဆန်စွာ ပြီးမြောက်စေသည်။ ထို့ပြင် AI Art Generator နှင့် content tools တို့ဖြင့် လူငယ်များ၏ဖန်တီးမှုစွမ်းရည်ကို တိုးတက်လာစေနိုင်သည်။
သို့သော် စက်ရုံအလုပ်များတွင် AI စက်ရုပ်ကို အစားထိုးလာကြသဖြင့် အလုပ်လက်မဲ့များလာခြင်း၊ သတင်းအချက်အလက်များမှားယွင်းနိုင်ခြင်းနှင့် ဖန်တီးမှုမူပိုင်ခွင့်များ ပျောက်ဆုံးနိုင်ခြင်းဆိုသည့် ဆိုးကျိုးများလည်းရှိနေသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် မိမိအနာဂတ်အတွက် ပြင်ဆင်ရာတွင် “နည်းပညာသုံးစွဲသူ” ဖြစ်ရန်သာမက “နည်းပညာကို ထိန်းချုပ်တတ်သူ” ဖြစ်လာရန်လိုအပ်သည်။ လူ့အဖွဲ့အစည်းအား ထိခိုက်စေသောနည်းလမ်းမဟုတ်ဘဲ နည်းပညာနှင့်အတူ တိုးတက်နိုင်ရေးအတွက် AI(ဉာဏ်ရည်တု)ကို နည်းလမ်းမှန်ကန်စွာ သုံးစွဲရန်လည်းလိုအပ်သည်။ ထိုအကြောင်းကို Albert Einstein က “နည်းပညာသည် လူ့ဘဝကို ပိုမိုကောင်းမွန်စေသော်လည်း တစ်ခါတစ်ရံမှန်ကန်စွာသုံးစွဲခြင်းမရှိလျှင် အနာဂတ်အတွက် ဆိုးကျိုးဖြစ်နိုင်ပါသည်” ဟု ပြောခဲ့သည်။AI ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုသိရှိ၍ လူငယ်များအနေဖြင့် နည်းပညာကိုမှန်ကန်စွာဆင်ခြင်သုံးစွဲရန်မှာ အရေးကြီးလှသည်။
နည်းပညာအမျိုးမျိုးရှိသည်။ ယနေ့ခေတ်တွင် အဓိကအသုံးပြုနေသောနည်းပညာများမှာ ဆက်သွယ်ရေးနည်းပညာ၊ စက်ရုပ်နည်းပညာ၊ပညာရေးနည်းပညာ၊ စီးပွားရေးနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာ၊သတင်းနည်းပညာ၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးနည်းပညာ၊ ဉာဏ်ရည်တုနည်းပညာတို့ဖြစ်ကြသည်။
နည်းပညာဟုဆိုလျှင်လူတိုင်းကသတင်းနှင့်ဆက်သွယ်ရေးနည်းပညာ(IT)ကိုသာစိတ်ထဲ၌ပြေးမြင်မိကြမည်မှာအမှန်ဖြစ်သည်။ITဟုပြောလိုက်ပြီဆိုလျှင်လူသားတို့နှင့်အမြဲအတူတကွရှိနေသောဖုန်း၊ကွန်ပျူတာ၊အင်တာနက်တို့လည်းပါဝင်လာကြပြီဖြစ်သည်။ရှေးယခင်ကလူတစ်ဦးနှင့်တစ်ဦးဆက်သွယ်ရာတွင်အသံပေး၍သော် လည်း ကောင်း၊အချက်ပြ၍သော်လည်းကောင်း ဆက်သွယ်ခဲ့ရသည်။ ယခုဆိုလျှင်နည်းပညာတစ်ဟုန်ထိုးတိုးတက်လာမှုကြောင့် ဆက်သွယ်ရေးစနစ်ပိုမိုကျယ်ပြန့်ကာ ကမ္ဘာ့တစ်ဝန်းရှိလူတို့နှင့် အလွယ်တကူစကားပြောလာနိုင်ပြီဖြစ်သည်။ ယခုခေတ်တွင် "အီးမေးလ်(Email)၊ messenger၊Whats App" စသောလူမှုကွန်ရက်များမှ တစ်ဦးနှင့်တစ်ဦး မိုင်ပေါင်းမည်မျှပင်ဝေးလံသောအရပ်တွင်ရှိစေကာမူ ပြောဆိုလာနိုင်ပြီဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာစုစည်းမှုများနှင့် စီမံခန့်ခွဲမှုများအတွက် အမေရိကန်စစ်တပ်က ယခုအချိန်ထိ အီးမေးလ်စနစ်အား အသုံးပြုနေကြောင်း၂၀၂၄ ခုနှစ် CNN ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ အလားတူပင် အီးမေးလ်သည် နိုင်ငံတကာ၏ စီးပွားရေးကဏ္ဍတွင်လည်း အထူးအရေးပါသည်။ ဖုန်း၊ ကွန်ပျူတာနှင့် အင်တာနက်များသည် နည်းပညာအားလုံး၏ သတင်းဒေတာအချက်အလက်များအား ထည့်သွင်းရှာဖွေရာတွင်သုံးသောကိရိယာများဖြစ်သော်လည်း အကျိုးရှိစွာအသုံးချတတ်ရန်လိုပေသည်။
ယခုလို အဘက်ဘက်မှ တိုးတက်နေသောခေတ်တွင် နည်းပညာသည် လူသားတို့အတွက် ကောင်းကျိုးများပေးစွမ်းနေသလို ဆိုးကျိုးများကိုလည်းပေးနိုင်ပေသည်။ လူငယ်များသည် Facebook၊ YouTube၊ TikTok၊Instagram၊ ဂိမ်း(game) စသောပလက်ဖောင်းများကို အလွန်အကျွံသုံးစွဲကာ အချိန်ဖြုန်းလာကြသည်။ ထိုမှတစ်ဆင့် လူငယ်များလမ်းမှားရောက်ကာ ဘဝတက်လမ်းရပ်တန့်သွားကြရသည်။ သို့သော် တချို့ကလည်း ၎င်းပလက်ဖောင်းများမှတစ်ဆင့် ဘဝတိုးတက်အောင်မြင်သွားသူများလည်းရှိပေသည်။ ၎င်းကို Microsoft ကုမ္ပဏီ၏အရာရှိတစ်ဦးဖြစ်သော Bill Gates က “နည်းပညာကိုကောင်းစွာအသုံးပြုသူသည် အောင်မြင်မှုကိုဆွတ်ခူးရလိမ့်မည်၊ နည်းလမ်းမှားစွာသုံးမိသူက ဘဝလမ်းပျောက်ရမည်” ဟုဆိုထားသည်။
မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းက“ယနေ့ကမ္ဘာကြီးသည် ကမ္ဘာ့ရွာကြီးတစ်ခုဟု တင်စားခေါ်ဝေါ်ရလောက်အောင်အလျင်အမြန်တိုးတက်နေသည်။ ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းမှအဖြစ်အပျက်များကို အချိန်နှင့်တစ်ပြေးညီသိနိုင်ပြီဖြစ်သည်။ ထိုသို့ပြောင်းလဲတိုးတက်နေသောကမ္ဘာကြီးနှင့် မျက်ခြည်မပြတ်ရန် နည်းပညာများတတ်မြောက်အောင်ကြိုးစားသင့်သည်”ဟူ၍အမှာစကားဆိုခဲ့သည်။ အနာဂတ်ကာလများတွင် နည်းပညာကိုအကျိုးရှိရှိအသုံးပြုသူတို့၏ စီးပွားရေးအလုပ်အကိုင်များမှာ လွယ်ကူ၊ သက်သာ၊ မြန်ဆန်၊ တိုးတက်သွားမည်မှာ ဧကန်အမှန်ပင်ဖြစ်ပြီး ၎င်းအားကောင်းစွာ မသုံးတတ်သူများ၏အလုပ်အကိုင်များမှာ နောက်ကျကျန်ခဲ့ရမည့်ကိန်းဆိုက်လာသည်။ အနာဂတ်သည် လူငယ်တို့၏လက်ထဲတွင်ရှိသည်ဟု ဆိုကြသည်။
ထို့ကြောင့် အနာဂတ်ကမ္ဘာကြီးနှင့်အတူလိုက်ပါနိုင်ရန် လူငယ်များလက်ထဲတွင် နည်းပညာကျွမ်းကျင်မှုရှိရန်လိုသည်။ နည်းပညာသည် လူသားများ၏ဘဝအတွက် တိုးတက်မှုနှင့်အတူ အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနေပြီး ပညာရေး၊ စီးပွားရေးနှင့် ကမ္ဘာ့ပတ်ဝန်းကျင်အတွက် အရေးပါသည့်လုပ်ဆောင်ချက်များပြုလုပ်ပေးနေသည်။ သို့သော်နည်းပညာသည် ကောင်းသောလက်နက်တစ်ခုဖြစ်သော်လည်း လိုအပ်သည်ထက်ပို၍အသုံးပြုသောအခါ အန္တရာယ်ကိုပေးနိုင်သော အစွမ်းလည်းရှိသည်။ ထို့ကြောင့် ယနေ့ကမ္ဘာကြီးသည် တိုးတက်လာသောနည်းပညာနှင့်အတူ ပိုမိုတောက်ပလာနိုင်ရန် ခေတ်လူငယ်များသည် နည်းပညာပေါင်းစုံကိုလေ့လာကာ မှန်ကန်စွာအသုံးပြုခြင်းနှင့်မတရားအသုံးပြုမှုများမှလွတ်ကင်းရန် အရေးကြီးလှကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Source: Myawady Web Portal
Photo- Linkedln

အိပ်ရာထထချင်း ရေသောက်ခြင်းအကျိုးကြောင့် အစာအိမ်ရောဂါ ဖြစ်၍ နှစ်ကြိမ်ခွဲစိတ်ကုသမှုခံယူထားရသူတစ်ဦး နှစ်ရှည်ခံစားနေရသောဝေဒနာများ ပျောက်ကင်းကျန်းမာသည့်အကြောင်းကို ရေးသားတင်ပြလိုပါသည်။
စာရေးသူ၏လူနာများထဲတွင် ဦးပေါများဆိုသည့် လက်လုပ်လက်စားတစ်ဦးရှိသည်။ ဦးပေါများဆိုသည့်အမည်နှင့် မလိုက်အောင် သူ့မှာ ဆင်းရဲသားလက်လုပ်လက်စားတစ်ဦးဖြစ်သည်။ ပျံကျအလုပ်အမျိုးမျိုး လုပ်ကိုင်နေရသူဖြစ်သည်။ လောလောဆယ် ပန်းရန်ဝင်လုပ်ရင်း အမြင့်မှလိမ့်ကျ၍ ခါးနာသွားသဖြင့် အလုပ်ရှင်က စာရေးသူ၏ဆေးခန်းသို့ ပို့ပေးခြင်းဖြစ်သည်။

စာရေးသူသည် ဦးပေါများ ခါးမှလိမ့်ကျဒဏ်ရာနှင့် ခါးဆစ်၊ ခါးဆိုင်းကြောများကို အကြောပြင်ဆေးလိမ်းပေးပြီးနောက် ပက်လက်လှန် အိပ်ကြည့်ခိုင်းသောအခါ ကောင်းစွာအိပ်နိုင်သဖြင့် ခါးရိုးဆစ်မကျိုးပါ၊ ဒဏ်ရာစိုးရိမ်စရာမရှိပါ၊ နှစ်ရက်၊ သုံးရက် အနားယူပြီး ဆေးလိမ်းလျှင် ကောင်းသွားနိုင်ပါသည်ဟု ပြောပြပါသည်။ပက်လက်လှန်အိပ်လိုက်သောအခါဦးပေါများ၏ဝမ်းဗိုက်တွင် အထက်အောက်ခွဲထားသည့် ချုပ်ရိုးကြီးနှစ်ကြောင်းကို ကင်းခြေများကြီးသဖွယ် တွေ့ရသည်။စာရေးသူက ဘာဒဏ်ရာလဲဟုမေးသောအခါ ဦးပေါများက သူ့အစာအိမ်တွင် အနာရှိသဖြင့် ဆေးရုံ၌ နှစ်ကြိမ် ခွဲစိတ်ကုသမှုခံယူထားရကြောင်း ပြောပြသည်။
ပထမအကြိမ်မှာ အိမ်တွင် လေအောင့်သည်ထင်၍ ကြုံရာလေဆေးတစ်ထုပ်ဝယ်သောက်ပြီးနေရာမှ ချွေးသီးချွေးပေါက်များကျပြီး သတိလစ်သွားသဖြင့် အိမ်နီးချင်းများက ဆေးရုံပို့လိုက်ကာ ခွဲစိတ်ရခြင်းဖြစ် သည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်ကဖြစ်သည်ဟု ဆိုသည်။ဒုတိယအကြိမ် ခွဲစိတ်ခံရခြင်းမှာ လွန်ခဲ့သောလေးနှစ်ခန့်ကဖြစ်သည်။
အလုပ်ထဲ၌မိုးမိပြီး အပြန်တွင် ချမ်းတုန်ဖျားလာသဖြင့် လမ်းထိပ်ဆေးဆိုင်တစ်ခု၌ စပ်ဆေးတစ်ထုပ်ဝယ်ခဲ့သည်။ အိမ်ရောက်သောအခါ စားစရာမရှိသဖြင့် ကော်ဖီမစ်တစ်ထုပ်ဖျော်သောက်ပြီး စပ်ဆေးအတောင့်၊ အပြားများကို တစ်ကြိမ်တည်းသောက်ချလိုက်သည်။ နောက်နာရီဝက်ခန့်ကြာသော် ဗိုက်ထဲမှ မခံမရပ်နိုင်အောင်နာလာသည်။ ရေနွေးပုလင်းကပ်ပြီး ပေနေလိုက်သည်။ နံနက် ၂ နာရီခန့်တွင် အန်သည်။နီရဲသောသွေးများပါလာသဖြင့် ဆေးရုံသို့ အရေးပေါ်တင်လိုက်ရပြီး နံနက် ၈ နာရီခန့်တွင်ခွဲစိတ်ခံရသည်ဟုဆိုသည်။ စပ်ဆေးများ၏အကျိုးပင်ဖြစ်သည်။
သူသည် ဆေးရုံမှ ဒုတိယအကြိမ်ဆင်းပြီးနောက် သုံးလခန့်အထိ အစာမစားနိုင်။ ဆန်ပြုတ်၊ ကွေကာ၊ ဖျော်ရည်များဖြင့်သာ အသက်ဆက်နေရသည်ဟုဆိုသည်။ ဆေးရုံမှ အပူအစပ်နှင့် အစာများများမစားရန်၊ နည်းနည်းနှင့် အကြိမ်များများ ခွဲစားရန်မှာရခြင်းမှာ သူ့အစာအိမ်သည် နှစ်ကြိမ်ခွဲစိတ်ခံထားရသဖြင့် သိပ်မကျန်တော့ဘဲ ကျဉ်းသွားသောကြောင့်ဟုဆိုသည်။
သူသည် ထမင်းမစားရသဖြင့် လူက ပိန်သည်ထက် ပိန်လာသည်။ ကြုံရာကျပန်းအလုပ်လည်း မလုပ်နိုင်သဖြင့် ဝင်ငွေမရှိဘဲ စားဝတ်နေရေးအခက်အခဲရှိလာသဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သွားနေပြီး ကပ္ပိယလုပ်နေသည်။ ဆရာတော်ကျွေးသော ဆွမ်းကျန်ကို စားသည်။ ထိုဆရာတော်က အစာစားနိုင်အောင် သူ့အစာအိမ်ကို ကုပေးလိုက်သည်ဟု သူကပြောသည်။
ဆရာတော်ပေးလိုက်သောကုထုံးမှာ အထူးအဆန်းဖြစ်သည်။ နံနက်စောစော အုန်းမောင်းခေါက်ချိန် အိပ်ရာထသည်နှင့် မျက်နှာမသစ်၊ သွားမတိုက်မီ ရေအဝသောက်ခိုင်းသည်။ အစကတော့ သူသည် အိပ်ရာထစနှင့် မျက်နှာမသစ်၊ သွားမတိုက်ရသေးဘဲ ရေမသောက်ချင်။ သို့သော် ဘုန်းကြီးက နံနက်စောစော ခံတွင်းမှအရည်တွင် အစာကြေစေနိုင်သောအရည်များပါသည်ဟု ဆိုသည်။
သူ သောက်ရသောရေမှာလည်း တစ်ခွက်မဟုတ်။ တစ်ဖလားအပြည့်။ မျက်နှာသစ်သည့် ရေဖလားနှင့်အပြည့်နီးပါးသောရေကို ရေစစ်ဖြင့် စစ်ပေးပြီး ကုန်အောင်သောက်ခိုင်းသည်။ ရေတစ်ဖလားသောက်ရသည်မှာ လွယ်သည့်ကိစ္စမဟုတ်။
"ဒီရေတွေကို အကုန်ဝင်အောင်သောက်၊ ဒါမှ အစာအိမ်က ပြန်ကျယ်လာမယ်။ အစာအိမ်ကျယ်မှ အစာဝင်လာမှာ" ဟု ဆရာတော်ကပြောသဖြင့် မသောက်ချင်သော်လည်း ကုန်အောင် ကြိတ်မှိတ်သောက် ရသည်။ ဤသို့ နေ့စဉ်ရက်ဆက် နံနက်အိပ်ရာထသည့်အချိန် တန်းပြီး ရေ တစ်ဖလားသောက်ရသည့်ဒုက္ခမှာမသေးဟု နဂိုကထင်သော်လည်း တစ်ပတ်၊ ၁၀ ရက်ခန့်ကြာလာသောအခါ ခံနိုင်ရည်ရှိလာသည်။ အကျင့်ဖြစ်၍ နံနက်အိပ်ရာထသည်နှင့် ရေကန်သို့တန်းပြေး၊ ရေစစ်နှင့်တစ်ဖလား စစ်ယူခဲ့ပြီး အားပါးတရသောက်လိုက်ရမှ နေသာသလိုဖြစ်သွားသည်။
မကြာမီ ကျောင်းမှစွန့်သောဟင်းမျိုးစုံပါသည့်ဟင်းလေးနှင့်ဆွမ်းကျန်တို့ကို စားနိုင်လာသည်။ စားနိုင် သည်မှာ ရှေးယခင် ၁၀ နှစ်ကထက်ပင် ပိုစားနိုင်လာသည်။ ယခင်က ထမင်းပန်းကန် တစ်ဝက်ပင်မကုန်။ အစာအိမ်ကျဉ်းသဖြင့်မဝင်သောသူသည်ထမင်းတစ်ဇလုံအပြည့် စားနိုင်လာသည်။ ဟင်းချိုကလည်း ပါသေးသည်။ သူ့ကို နှစ်ကြိမ်နှစ်ခါဒုက္ခပေးခဲ့သောအစာအိမ်သည် ရေသောက်ခြင်းအကျိုးဖြင့် ပြန်ကောင်းခဲ့ရသည်ဟုဆိုသည်။
ခွဲစိတ်ကုသမှုကြောင့် အစာအိမ်ကျဉ်းသွားသူ၊ အစာအိမ်ဖြတ်ထုတ်ရသောသူများကိုဆရာဝန်များက များများမစားရန်၊ နည်းနည်းနှင့် အကြိမ်ခွဲပြီး စားရန်နှင့် ကြေလွယ်သောအစာကိုသာ စားရန်၊ ကောက်ညှင်း၊ ဆန်ကြမ်း၊ မာသောအစာ၊ အကြော်အလှော်၊ အပူအစပ်များကို ရှောင်ခိုင်းလေ့ရှိပါသည်။ အဓိကရောက်သောဒုက္ခမှာ များများမစားရ၊ နည်းနည်းနှင့် တစ်နာရီတစ်ကြိမ်ခန့် စားနေရခြင်းဖြစ်သည်။လက်လုပ်လက်စားများအဖို့ လိုက်နာရန်မလွယ်သောကိစ္စဖြစ်သည်။
ရှေးမြန်မာနည်း၊ ဗိန္ဒောနည်းများသည် တစ်ခါတစ်ရံ ဆေးမပေးဘဲ ရေဖြင့်ကုသောကုထုံးများရှိသည်။ရေကိုပင်ဆေးတစ်ပါးအဖြစ်အသုံးပြုသည်။ ရေအမျိုးမျိုး၏အကျိုးအာနိသင်ကိုခွဲခြားပြီး ဆေးအဖြစ် သုံးသည်။ ဥပမာ- မိုးရေကိုခံထားပြီး ကျိုချက်သောက်ခြင်း၊ မိုးသီး၊ နှင်းရည်တို့ကို ခံယူထားပြီး မျက်စဉ်းခတ်ခြင်း၊ တိမ်သလာတို့ကို ကုသခြင်းများ ပြုလုပ်လေ့ရှိကြသည်။
ယခု ဆရာတော်က ဦးပေါများကိုရေတစ်ဖလားသောက်ခိုင်းခြင်းမှာလည်းဆေးကျမ်းတွင်ပါသည် မဟုတ်။ရှေးအစဉ်အဆက် လက်ဆင့်ကမ်းခဲ့သော ရှေးဗိန္ဒောနည်းဖြစ်ပါလိမ့်မည်။ယခု ဦးပေါများ ပြောသောနည်းကိုသိရသောအခါ စာရေးသူတို့ငယ်စဉ်ကခေတ်စားခဲ့သော သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါပျောက်သည်ဆိုသော ဂျပန်ရေသောက်နည်းကို သွားသတိရမိပါသည်။ထိုနည်းမှာ ရေတစ်အိုး (အာတာပုလင်းနှင့် လေးပုလင်း) သောက်သောနည်းဖြစ်သည်ဟုမှတ်မိသည်။ နည်းလမ်း အတိအကျကိုတော့ မမှတ်မိတော့ပါ။ စာရေးသူ ငါးတန်းကျောင်းသားအရွယ် ၁၉၆၃ ခုနှစ်ခန့် ကဖြစ်သည်။ ထိုနည်းဖြင့် ကျောက်ကပ်နှင့် သွေးတိုးရောဂါပျောက်ကင်းသူ အတော်များများရှိခဲ့ဖူးပြီး နောက် အဘယ်ကဲ့သို့ မှေးမှိန်သွားသည်ကိုမူ မသိတော့ပါ။
ရေသည် ရန်သူမျိုးငါးပါးတွင် ပါဝင်သော်လည်း မရှိလျှင်မဖြစ်သည့် သက်စောင့်ဓာတ်လည်းဖြစ်သည်။အာယုဗ္ဗေဒဆေးပညာအခြေခံ၊ တိုင်းရင်းမြန်မာဆေးပညာအခြေခံ၊ တရုတ်ဆေးပညာအခြေခံတို့တွင် ရေနှင့်မြေသည် အဓိကကျသောအကြောင်းရင်းခံကုရမည့်ဓာတ်များ၊ ပိုလျှင်လျှော့၊ လိုလျှင်ဖြည့်ရမည့်ဓာတ်များဖြစ်သည်။
ရေသောက်ခြင်း၊ ရေကုထုံးများကြောင့် ဆရာဝန်ကြီးများပင် မထင်သည့်ရောဂါဝေဒနာများ ပျောက်ကင်း ခဲ့ဖူးသည့် သာဓကများစွာရှိသည်။ ရောဂါရှိသူ၊ မရှိသူ၊ လူ၏အနေအထား၊ ခန္ဓာကိုယ်အချိုးအစား၊ အပိန်အဝပေါ်မူတည်၍ သောက်သင့်သည့်ရေအချိုးအစားမှန်ကန်စွာသောက်သုံးနိုင်ပါကရောဂါကင်းရှင်းကျန်းမာစေနိုင်သော သဘာဝကပေးသည့်ဆေးတစ်ပါးဖြစ်သည်။
စာဖတ်သူသည် အောက်ပါရောဂါများရှိသူဖြစ်ပါကဤနည်းကို စမ်းသပ်ကြည့်စေလိုပါသည်။
(၁) နှစ်ကြာအစာအိမ်ရောဂါ၊
(၂) လေရောဂါအမျိုးမျိုး၊
(၃) ကျောက်ကပ်ရောဂါ၊ ဆီးရောဂါ၊
(၄) သွေးတိုးရောဂါ၊
(၅) ဝမ်းချုပ်ရောဂါ၊
(၆) လိပ်ခေါင်းရောဂါ၊
(၇) အာသီးရောင်ရောဂါ၊
(၈) အကြောတက်ရောဂါနှင့်
(၉) မျက်စိအားနည်းရောဂါတို့အတွက် အကျိုးရှိပါသည်။
နံနက်အိပ်ရာထချိန်သည်အရုဏ်တက်ချိန် (နံနက် ၄ နာရီခွဲမှ ၅ နာရီခွဲ) အတွင်းဖြစ်လျှင် ရေသောက်ခြင်းသည် ပိုထိရောက်ပါသည်။
အိပ်ရာထလျှင်သောက်ရန် ရေအေးကို ညကတည်းက ရေတကောင်းတစ်ခုဖြင့် ကြိုတင်ပြင်ဆင်ထားလျှင် အကောင်းဆုံးဖြစ်ပါသည်။ အိပ်ရာထပြီး အပေါ့အပါးသွားပြီးသည်နှင့် ရေတစ်ဖလား (သောက်ရေသန့်ဘူးဖြင့်တွက်လျှင် တစ်ဘူးခွဲခန့်)ကို ကုန်နိုင်သမျှသောက်ပါ။ စသောက်သောက်ချင်း မကုန်နိုင်လျှင် ကိစ္စမရှိပါ။ နောက်တဖြည်းဖြည်း သောက်နိုင်လာပါလိမ့်မည်။ ဝမ်းမှန်ခြင်း၊ မျက်နှာကြည်လင်ခြင်း၊ အစာအိမ်ကောင်း၍ကျန်းမာခြင်းအကျိုးကျေးဇူးများ မကြာမီရရှိလာမည်ဖြစ် ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Source: Myawady Web Portal
Photo - Berkey water filters

ပညာဆိုသည်မှာ“ခွဲခြားသိမြင်နိုင်သောအသိဉာဏ်၊ အတတ်”ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လူသားတို့သည်ပညာတတ်မြောက်ပါက တွေ့ကြုံနေရသည့်ပဋိပက္ခ၊ ပြဿနာ၊ အခက်အခဲများကိုကျော်လွှားဖြတ်သန်းနိုင်သည်။ အလုပ်ကိုအလွယ်တကူလုပ်လာနိုင်သည်ကိုလည်း သိရှိလာကြသည်။ ပညာရှိများသည် လုပ်ငန်းအမျိုးမျိုးတွင် ဦးဆောင်သူဖြစ်လာသကဲ့သို့ တွေးခေါ်ဆင်ခြင်တတ်သည့်လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များဖြစ်လာကြသည်။

ပညာတတ်၊ ပညာရှိဖြစ်လာမှုတွင် ပညာရေးသည်အခြေခံကျလှသည်။ ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီးသင်ကြားပေးမှု၊သင်ယူမှုတို့ဖြင့် ဆက်နွှယ်နေသောလုပ်ငန်းစဉ်ဖြစ်ပေသည်။ ပညာရေးဆိုသောစကားသည် လက်တင်ဘာသာစကား Educate မှ ဆင်းသက်လာကာ အဓိပ္ပာယ်မှာ“ဦးဆောင်ဦးရွက်ပြုခြင်း”ဆိုသည့်သဘောကိုဆောင်နေသည်။ ထို့ကြောင့် မာန်လည်ဆရာတော်ကြီး၏မဟာသုတကာရီမဃဒေဝလင်္ကာသစ်တွင် “လက်မှုနှုတ်မှု၊ ခုခုပညာ၊ ရှိတုံပါက၊ ရောက်ရာရောက်ရာ၊ အရပ်မှာလျှင်၊ မျက်နှာရွှင်လန်း၊ လနှယ်ဆန်း၍၊ ပန်းသို့လည်းပွင့်၊ ပွဲလယ်တင့်လိမ့်” ဟု ရေးသားခဲ့သည်။
ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များပေါများခြင်းသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာတတ်မြောက်မှသာ လူ့ဘဝရှင်သန်ရပ်တည်နိုင်ရန် လိုအပ်သောလုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးကိုရရှိစေသည်။ စဉ်းစားတွေးခေါ်မှု၊ ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှုနှင့်ပူးပေါင်းဆောင်ရွက်တတ်မှုတို့ပိုင်ဆိုင်လာသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေသည်။ ဘဝအောင်မြင်မှုရရှိရေးကြိုးစားရာတွင်ပညာသည်အဓိကကျသည်။
ပညာရေးရည်မှန်းချက်ဆိုသည်မှာ လူတစ်ဦး၏အကြံဉာဏ်စိတ်ကူးကိုအခြားတစ်ယောက်ထံသို့ လွှဲပြောင်းပေးမှုကိုခေါ်ဆိုသည်။ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်ကို လက်ဆင့်ကမ်းနိုင်စွမ်းရှိရမည်။ ပညာရေးနယ်ပယ်တွင် မည်သည့်စနစ်သည် အထိရောက်ဆုံးဖြစ်သည်။ အသိပညာရရှိစေရန် မည်သို့သင်ကြားပေးသင့်သည်။ မည်သည့်အတတ်ပညာသည်အဆီလျော်ဆုံးဖြစ်မည်၊ ရရှိပြီးပညာရပ်ကို မည်သို့ဆက်လက်ထိန်းသိမ်းရမည်ဆိုသောအချက်များအား အလေးထားစဉ်းစားရမည်။ ပညာဗဟုသုတရရှိစေရန် အားထုတ်နေရုံသာမက ၎င်းပညာရပ်သည် ကောင်း၊ မကောင်း၊ မှန်၊ မမှန်ကိုလည်း ဆုံးဖြတ်ရမည်။ပညာရေးတည်ရှိစေရန် စာသင်ကျောင်းဆိုသည်ကလည်းရှိရမည်။
ကမ္ဘာပေါ်တွင် ပညာသင်ကြားပေးရန်နည်းလမ်းအမျိုးမျိုးရှာဖွေရာမှ စာသင်ကျောင်းဟူ၍ပေါ်ပေါက်လာသည်။ “စာ”ဟူသည်ကား“အက္ခရာအရေးအသား၊ သုတရသဆိုင်ရာအရေးအသား၊ ကျောင်းသင်ပညာရေးဆိုင်ရာအရေးအသား”ဟု မြန်မာအဘိဓာန်တွင်ဖွင့်ဆိုထားသည်။
တစ်နည်းအားဖြင့် ပညာရရှိစေရန် စာတတ်ရမည်။ စာတတ်စေရန်ကျောင်းနေရမည်။ စာသင်ကျောင်းဆိုသည်မှာ လူသားများ၏လိုအပ်ချက်ကို ကလေးဘဝမှစတင်၍ နည်းလမ်းအမျိုးမျိုးဖြင့် ပညာပေးဝေသောနေရာတစ်ခုဖြစ်သည်။ ထို့ပြင် ကလေးများစုဝေးပြီး စနစ်တကျပညာသင်ပေးသည့်ဌာနဟုလည်းခေါ်ဆိုကြသည်။ ထို့ကြောင့် ကျောင်းနေခြင်းဆိုသည့်ယဉ်ကျေးမှုသည် ကမ္ဘာပေါ်တွင်ထွန်းကားလာသည်။ စာသင်ကြားရာတွင်ကျောင်းသင်ခန်းစာများသင်ယူမှု(Formal Learning)၊ ကျောင်းပြင်ပသင်ယူမှု(Non-Formal Learning)နှင့် အတွေ့အကြုံများမှကိုယ်တိုင်လေ့လာသင်ယူမှု(Informal Learning)ဟူ၍သုံးမျိုးရှိသည်။ ထိုသုံးမျိုးဖြင့်ဘဝတစ်သက်တာလေ့လာသင်ယူသွားကြရမည်ဖြစ်သည်။ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အတတ်သင်ကျောင်းစသည်ဖြင့်ခေါ်ဆိုကြသော်လည်း ၎င်းတို့သည် စာသင်ကျောင်းများသာဖြစ်ကြသည်။
ကမ္ဘာပေါ်တွင် ကျောင်းသင်ခန်းစာသင်ယူမှု(Formal Learning)ကိုအစိုးရကကြီးကြပ်လေ့ရှိသည်။ အစိုးရပညာရေးဌာနများက ဆရာ၊ ဆရာမများခန့်ထားပေးသည်။ ဆရာ၊ ဆရာမများအားကြီးကြပ်သည့်ပညာရေးမှူးများရှိကြသည်။ အစိုးရကျောင်းများသည် အခမဲ့ပညာရေးစနစ်ဖြစ်ပြီး ပညာသင်စရိတ်အားလုံးကို နိုင်ငံတော်အစိုးရမှကျခံပေးသည်။ ကျောင်းသား၊ ကျောင်းသူများသင်ကြားလေ့လာရမည့်သင်ရိုးကို ဗဟိုအစိုးရကရေးဆွဲပေးသည်။ အစိုးရကျောင်းများ၏အားသာချက်မှာ ငွေကြေးအကုန်အကျနည်းကာ ကျောင်းပြီးပါက အစိုးရယန္တရားတွင်ဝင်ရောက်လုပ်ကိုင်ခွင့်ပိုမိုရရှိကြောင်း လေ့လာသိရှိရသည်။
စာရေးသူတို့မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍကို ပိုမိုမြှင့်တင်ပေးလျက်ရှိသည်။ အသိပညာနှင့်အတတ်ပညာပြည့်စုံသည့် လူချွန်လူကောင်းများဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးတည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ အရည်အသွေးပြည့်ဝသည့်ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေသည်။ အမျိုးသားပညာရည်မြင့်မားရေးနှစ် ၃၀ နှစ်ရှည်စီမံကိန်းကို၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ သတ်မှတ်ခဲ့ရာ နှစ်တိုငါးနှစ်စီမံကိန်းကာလ ခြောက်ခုပိုင်းခြား၍အကောင်အထည်ဖော်လျက်ရှိသည်။ ယခုအခါ KG မှစတင်ပြီး Grade -12 အထိအတန်းများသင်ကြားပို့ချနေပြီဖြစ်သည်။ အခြေခံပညာဦးစီးဌာနသည် မူလတန်းအဆင့်မှ တက္ကသိုလ်ဝင်တန်းအဆင့်အထိ အစိုးရမှဖွင့်လှစ်ပေးသော အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကအခြေခံပညာကျောင်းများကိုကြီးကြပ်ရသည်။ ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ခြင်း၊ ပညာရေးလုပ်ငန်းများစစ်ဆေးခြင်းနှင့် ပညာရေးအကဲဖြတ်ခြင်းစသည်တို့ဆောင်ရွက်သည်။
တိုးတက်ပြောင်းလဲလာသည့်ကမ္ဘာ့အခြေအနေတွင်နိုင်ငံသားတစ်ဦးသည် အနည်းဆုံးအခြေခံပညာအလယ်တန်းအဆင့်အထိတတ်မြောက်သင့်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပြည်သူတစ်ဦးတစ်ယောက်ချင်းစီသည် KG+9 အတန်းအထိ ပညာသင်ကြားရေးဦးတည်ချက်ချမှတ်ထားသည်။ အလယ်တန်းအဆင့် Grade - 9 အောင်မြင်ပြီးမြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်သက်မွေးပညာသင်ယူမှုအခွင့်အလမ်းများကို ဖော်ထုတ်ပေးနေသည်။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးပါက သက်ဆိုင်ရာတက္ကသိုလ်များသို့ တက်ရောက်နိုင်ရေးကိုလည်း စီစဉ်ပေးထားသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအဓိကထားသည့်နိုင်ငံဖြစ်ပေရာ စနစ်ကျသော ကုန်ထုတ်လုပ်မှုများပြုလုပ်နိုင်ရန်ကျွမ်းကျင်သူများလိုအပ်လျက်ရှိသည်။ထို့ကြောင့် ခရိုင် ၈၄ ခုတွင်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၅ ကျောင်းဖြင့်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများတွင် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် ဈေးကွက်အတွက်လိုအပ်သည့်ကျွမ်းကျင်မှုအရည်အသွေးများကို ဖြည့်ဆည်းပေးနိုင်ရန် သင်ကြားပေးနေသည်။
အတန်းပညာသင်ကြားရာတွင် စာသင်ဆောင်၊ စာကြည့်တိုက်၊ သန့်စင်ခန်း၊ အားကစားကွင်း၊ သင်ထောက်ကူပစ္စည်း၊ သောက်ရေသုံးရေရရှိမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်မှုတို့ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အရည်အချင်းရှိသော ဆရာ၊ ဆရာမအရေအတွက်လုံလောက်မှုရှိရေးကိုလည်း လုပ်ဆောင်ပေးနေသည်။ မွမ်းမံသင်တန်းပို့ချမှု၊ သင်ရိုးညွှန်းတမ်းခေတ်မီမှု၊ သက်သာချောင်ချိမှုတို့ကိုလည်း ဆောင်ရွက်ပေးနေသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့်ဆောင်ပုဒ်အတိုင်း ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရန်၊ ရိုးသားဖြောင့်မတ်စေရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ် ကိန်းအောင်းစေရန်၊ စုပေါင်းဆောင်ရွက်တတ်စေရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန်စသည့် အမူအကျင့်ကောင်းများဖြင့် လေ့ကျင့်ပျိုးထောင်လျက်ရှိသည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးပိုမိုမြှင့်တင်ရေးဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃-၂၀၂၄)နှင့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅)တို့ကိုကျင်းပခဲ့ပြီးဖြစ်သည်။
အခြေခံပညာကဏ္ဍတွင် ကိုဗစ်-၁၉ အလွန် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၅ ဒသမ ၃ သန်းရှိရာမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ရှစ်သန်းကျော်အထိတိုးတက်လာခဲ့သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ ၂၁ ရက်အထိကျောင်းအပ်နှံသူ ၇ ဒသမ ၃ သန်းကျော်ရှိခဲ့သည်။
ပြည်သူများအနေဖြင့် အခြေခံပညာစာသင်ကျောင်းများကိုအားကိုးကြသည်။မြန်မာမှုနယ်ပယ်တွင် မိဘများသည် မိမိတို့၏သားသမီးများပညာသင်ယူရမည့်အရွယ်သို့ရောက်လာလျှင် စာသင်ကျောင်းဆီသို့သွားကာကျောင်းအပ်နှံကြသည်။ “အရွယ်ရောက်လာကျောင်းအပ်ကာ ပညာပေးပေ တို့မေမေ”ဟုပင် “တို့မေမေ”ကဗျာထဲတွင် ရေးသားထားသည်က အထင်အရှားဖြစ်သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှဇွန်လ ၁ ရက်အထိကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားကြောင်း၊ ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)နှင့်ခြောက်နှစ်အရွယ်ကလေးများကို(Grade-1)သို့အပ်နှံရမည်ဖြစ်ကြောင်း၊ ကျောင်းဝတ်စုံ၊ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံတို့အခမဲ့ပံ့ပိုးမည်ဖြစ်ကြောင်း၊ အခကြေးငွေကောက်ခံခြင်းမပြုကြောင်း၊ပညာရေးအတွက် မိဘ၊ ဆရာနှင့်ကျောင်းသားတို့ပူးပေါင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ E-စီးကရက်၊ Vape-စီးကရက်၊ ကွမ်းယာမသုံးစွဲရေးကြပ်မတ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှကြေညာချက်ထုတ်ပြန်ထားသည်။ မိဘ၊ အုပ်ထိန်းသူများအနေဖြင့် မြို့နယ်အလိုက်သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်မေတ္တာရပ်ခံထားသည်။
အချုပ်အားဖြင့်ဆိုရလျှင်လူသားတို့တွင် အသိပညာ၊ အတတ်ပညာများတည်ရှိပါက လူ့ဘောင်လောကကြီးသည် ဖွံ့ဖြိုးတိုးတက်မည်မှာအသေအချာဖြစ်သည်။ လူသားတိုင်းသည် ပညာတတ်မြောက်အောင်ကြိုးပမ်းရမည်။ အသိပညာဗဟုသုတများရရှိရေးဆောင်ရွက်ရာတွင် ပညာရေး၊ စာ၊ စာသင်ကျောင်းတို့သည်ဒွန်တွဲလျက်ရှိသည်။ စာရေးသူတို့နိုင်ငံရှိမိဘများအနေဖြင့် မိမိတို့၏သားသမီးများစာတတ်မြောက်စေရန်ပန်းကလေးများဖူးတံဖြင့် ပွင့်နေသောစာသင်ကျောင်း၊ နေရောင်အောက်တွင်ရွှေရည်လောင်းနေသောစာသင်ကျောင်းသို့ သွားရောက်အပ်နှံကြပါရန် နှိုးဆော်ရေးသားလိုက်ရပါသည်။ ။

လူတိုင်း ဖြူစင်ဝင်းပတဲ့သွားတွေကို ပိုင်ဆိုင်ချင်ကြပါတယ်။ သွားတွေက သဘာဝအတိုင်းဖြူနေပေမယ့် အလွယ်တကူအစွန်းအထင်းဖြစ်နိုင်ပါတယ်။ အစားအစာတွေထဲမှာ အချဉ်ဓာတ်ပါဝင်မှု၊ ဆိုးဆေးပါဝင်မှုနဲ့ ဆေးလိပ်သောက်တာလို မကောင်းတဲ့အလေ့အထတွေကြောင့် သွားအပေါ်ယံကြွေလွှာပျက်စီးမှုဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့သွားတွေက သဘာဝအတိုင်း ဖြူနေတတ်ပေမယ့် အသက်ကြီးလာတာနဲ့ အမျှ သွားတွေရဲ့အရောင်က အဝါရောင်သန်းလာတတ်ပါတယ်။ ဒါကိုဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။

ဘလူးဘယ်ရီသီး ဒါမှမဟုတ် စပျစ်ဝိုင်နီ၊ ကော်ဖီ၊ လက်ဖက်ရည်စတာတွေကို သောက်သုံးမှုများတာ၊ သကြားနဲ့ကာဗိုဟိုက်ဒရိတ်များတဲ့အစားအသောက် တွေအစားများတာ၊ ဆေးလိပ်အသောက်များတာ ဒါမှမဟုတ် ကွမ်းယာထဲမှာ ဆေးရွက်ကြီးထည့်စားတာများလာတာကြောင့် သွားတွေ အဝါရောင်ဖြစ်စေနိုင်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှသွားတွေအဝါရောင်ဖြစ်လာနိုင်ခြေပိုများလာစေတာကတော့ မျိုးရိုးဗီဇ၊ ပါးစပ်ဒဏ်ရာရတာ၊ဖလူအိုရွိုက်သွားတိုက်ဆေးအလွန်အကျွံသုံးထားတာ၊ သွားနဲ့ခံတွင်းသန့်ရှင်းမှုအားနည်းတာနဲ့ နာတာရှည်ပါးစပ်ခြောက်တာ ဒါမှမဟုတ် တံတွေးအထွက်နည်းတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
စပျစ်ဝိုင်နီက နှလုံးအတွက်ကောင်းပေမယ့် သွားတွေအတွက်တော့ မကောင်းနိုင်ပါဘူး။ အရောင်အရင့် ဆုံးစပျစ်ဝိုင်နီက သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ သွားတွေမဝါချင်ရင် စပျစ်ဝိုင်အဖြူကို ရွေးသောက်သင့်ပါတယ်။
ကော်ဖီက သွားတွေကိုစွန်းထင်းစေတဲ့အရာဖြစ်ပါတယ်။ ကော်ဖီကို နို့ ဒါမှမဟုတ် မလိုင်ထည့်သောက် ပြီး အဲဒီပြဿနာကို ရှောင်ရှားနိုင်ပါတယ်။
လက်ဖက်ရည်မှာပါတဲ့ တိုင်နင်(Tannins)က သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ သွားတွေ ဖြူစင်တောက်ပချင်တယ်ဆိုရင်အရောင်ရင့်တဲ့ လက်ဖက်ရည်ကိုရှောင်သင့်ပါတယ်။
ကိုကာကိုလာ ဒါမှမဟုတ် ဆော်ဒါတွေမှာ အရောင် ဆိုးဆေးတွေပါဝင်ပြီး အချဉ်ဓာတ်ပါဝင်မှုလည်းများ ပါတယ်။ ကိုကာကိုလာမှာပါတဲ့ အချဉ်ဓာတ်က သွားအပေါ်ယံကြွေလွှာပျက်စီးစေပါတယ်။ သွားတွေမဝါ ချင်ရင် အရောင်ဖျော့တဲ့သစ်သီးဖျော်ရည်ကို ရွေးသောက်သင့်ပါတယ်အရောင်ရင့်တဲ့ဖျော်ရည်ကို ကြိုက်နှစ်သက်ရင် ဖျော်ရည်ကို ရေနဲ့ရောပြီးသောက် သင့်ပါတယ်။
ဘဲလ်ဆမစ်ဗင်နီဂါ (Balsamic Vinegar) ရှလကာရည်ရဲ့ ရင့်တဲ့အရောင်က သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ သွားအရောင်မစွန်းထင်းရအောင် ရှလကာရည်မသုံးမီ ဆလတ်ရွက်ကို အရင်စားပေးသင့်ပါတယ်။ ရှလကာရည်အစား သံပရာရည်ကို အစားထိုးသုံးနိုင်ပါတယ်။
ရေခဲမုန့်နဲ့ရေခဲချောင်းတွေက လျှာနဲ့သွားတွေကို အရောင်စွန်းထင်းစေနိုင်ပါတယ်။ အရောင်မစွန်းထင်းရအောင် အရောင်ဖျော့တဲ့ ရေခဲမုန့်နဲ့ရေခဲချောင်းကိုသာ စားပေးသင့်ပါတယ်။ ကြက်ဟင်းခါးသီးကို သဘာဝအစားအစာအပြင် အဝတ်အထည်တွေကို အရောင်ဆိုးရာမှာလည်း သုံးကြပါတယ်။ သွားတွေကို အရောင်မစွန်းထင်းအောင် ကြက်ဟင်းခါးသီးစားပြီးနောက် မိနစ် ၃၀အကြာမှာ သွားကို ဖလူအိုရွိုက်ပါတဲ့သွားတိုက်ဆေး နဲ့ တိုက်ပေးသင့်ပါတယ်။
ပဲငံပြာရည်လိုအရောင်ရင့်တဲ့ဆော့စ်တွေကလည်း သွားတွေကို အရောင်ပြောင်းစေနိုင်ပါတယ်။ဆော့စ်တွေက အဝတ်အထည်တွေကို အရောင်စွန်း ထင်းစေနိုင်တယ်ဆိုရင် သွားတွေကိုလည်း အရောင်စွန်းထင်းစေနိုင်တာကို သတိပြုသင့်ပါတယ်။ ဆော့စ်တွေထဲမှာ ခရမ်းချဉ်သီးဆော့စ်က အရမ်းကောင်းတဲ့ဆော့စ်ဖြစ်ပေမယ့် သွားတွေကိုအရောင်စွန်းထင်းစေပါတယ်။ ခရမ်းချဉ်သီးဆော့စ်ပါတဲ့ အစားအစာ တွေမစားခင်မှာ ဟင်းနုနယ်ရွက် ဒါမှမဟုတ် ပန်းပွင့်စိမ်းကို အရင်စားပေးသင့်ပါတယ်။ အဲဒီဟင်းသီးဟင်းရွက်တွေက သွားတွေကို အရောင်မစွန်းထင်း အောင် ကာကွယ်ပေးတဲ့အလွှာတစ်ခုဖြစ်စေပါ တယ်။
ဟင်းခတ်အမွှေးအကြိုင်တွေကသွားတွေကို အရောင်စွန်းထင်းမှုဖြစ်စေပါတယ်။ ဒါကြောင့် ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ဟင်းလျာတွေကို စားပြီးတဲ့အခါပလုတ်ကျင်းဆေးသုံးပြီး သွားတွေမဝါ အောင် ကာကွယ်သင့်ပါတယ်။
ဘလူးဘယ်ရီသီးကအရောင်ရင့်တာကြောင့်သွားတွေကို အရောင်စွန်းထင်းစေပါတယ်။ ဒါပေမဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင်တွေကြွယ်ဝတာ ကြောင့် ကျန်းမာရေးအတွက်ကောင်းတဲ့ သရေစာဖြစ်ပါတယ်။ သွားတွေအရောင်မစွန်းထင်းအောင်ဘလူးဘယ်ရီသီးစားပြီးတဲ့အခါ ရေနဲ့ပလုတ်ကျင်း သင့်ပါတယ်။
လူကြီးတွေရဲ့သွားတွေက ကလေးတွေရဲ့သွားတွေထက် အရောင်ပိုရင့်တတ်ပါတယ်။ ဒါက သွားအပေါ်ယံကြွေလွှာကြောင့်ဖြစ်ပါတယ်။ ကလေးတွေ မှာ အပေါ်ယံကြွေလွှာအပြည့်နဲ့ သွားအသစ်တွေရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အပေါ်ယံကြွေ လွှာတွေပျက်စီးစေပြီး ကွာကျလာပါတယ်။ သွားတွေရဲ့ အလွှာတစ်ခုချင်းစီက အဝါရောင်သန်းနေတာကြောင့် သွားတွေ အဝါရောင်ဖြစ်လာတတ်ပါတယ်။ သွားတွေ အဝါရောင်မဖြစ်အောင် သွားပျက်စီးစေတဲ့ အစားအစာတွေနဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။
သွားတွေဝါစေတဲ့ အကြောင်းရင်းတွေထဲမှာ ကွမ်းစားခြင်းကလည်း အဓိကပါဝင်ပါတယ်။ ကွမ်း ကို အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာ စားသုံးတတ်ကြပါတယ်။ ကွမ်းရွက်၊ ထုံးနဲ့ ကွမ်းသီး သုံးမျိုးရောရင်အနီရောင်ကွမ်းတံတွေးထွက်လာပါတယ်။ကွမ်းသီးမှာ အရောင်ပါဝင်တတ်သလို ရှားစေးထည့်စားတဲ့အခါ သွားမှာ အဝါရောင်၊ အနီ ရောင်သန်းလာပါတယ်။ ထိုင်းနိုင်ငံက ရှားစေးအသုံးပြု မှုများတာကြောင့် သွားတွေဝါတဲ့အပြင် မည်းတဲ့အထိ ဖြစ်စေပါတယ်။ ထိုင်းလူမျိုးတွေရဲ့ ရိုးရာတစ်ခုမှာ ရှားစေးခဲကိုသွားနဲ့အမြဲပွတ်တိုက်ပြီးမည်းနက်နေအောင်ပြုလုပ်ပေးတတ်ကြပါတယ်။ အမည်း ရောင်သွားတွေက သူတို့လူမျိုးရဲ့ အမှတ်သညာ ဖြစ်ပါတယ်။ ကွမ်းစားတဲ့အခါ ကွမ်းချိုးတွေ ကြွေလွှာ ပေါ်မှာတင်ကျန်ခဲ့ပါတယ်။ ကွမ်းစားတဲ့သူတိုင်း နှစ်စဉ် သွားချိုးတွေခြစ်ထုတ်ပေးတာကသွားအဝါရောင်၊ အမည်းရောင်မဖြစ်ရအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အရောင် စွန်းထင်းမှုနည်းအောင် ကွမ်းဖြတ်သင့်ပါတယ်။
အချုပ်အားဖြင့် သွားတွေမဝါအောင်ကာကွယ်တဲ့ အနေနဲ့ အစာစားပြီးတိုင်း မိနစ် ၃၀ အကြာမှာ သွား တိုက်တဲ့အလေ့အကျင့်ပြုလုပ်ပေးသင့်ပါတယ်။ နောက်ပြီး အစာစားပြီးတဲ့အခါ တံတွေးထွက်စေဖို့ သကြားမပါတဲ့ ရွက်ချိုမှုန့်အသုံးပြုပြီး ပြုလုပ်ထား တဲ့ သကြားလုံးငုံပေးပါ။ အရောင်ဆိုးဆေးပါတဲ့အစား အစာတွေစားပြီးတိုင်း ဒါမှမဟုတ်အချိုရည်တွေ သောက်ပြီးတိုင်း သွားတိုက်ပေးဖို့လိုအပ်ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။ ။
Source: Myawady Web Portal
Photo - Kids Dental Online

အားလပ်ရက်များတွင်မိတ်ဆွေသူငယ်ချင်း၊ မိသားစုများနှင့် စားသောက်ဖွယ်ရာများကိုစုဝေးစားသောက်ခြင်းသည် စိတ်ခံစားချက်ကိုမြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအပေါ်သက်ရောက်မှုရှိသည်။ အပြုသဘောဆောင်သောဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခြင်းနှင့်အစားအစာရွေးချယ်စားသောက်မှုအရသာသည်ပျော်ရွှင်သောဟော်မုန်းများကိုထွက်စေသဖြင့် လူတို့ကို ပိုမိုပျော်ရွှင် ကျန်းမာသောဘဝနှင့်အသက်ပိုရှည်အောင်ကူညီပေးနိုင်သည်ကိုတွေ့ရှိခဲ့သည်။

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအပေါ်မူတည်၍ ဘူဖေး အမျိုးမျိုးပေါ်ပေါက်လျက်ရှိရာ မြန်မာနိုင်ငံ၌လည်း ဘူဖေးစားသောက်ခြင်းမှာခေတ်စားလာသည်။ ဘူဖေးစားသောက်ခြင်းသည် ဟင်းပွဲမျိုးစုံ၊ အချိုပွဲမျိုးစုံကို မည်မျှစားသည်ဖြစ်စေ ပုံမှန်သတ်မှတ်ထား သောစျေးနှုန်းဖြင့် စားနိုင်သမျှစား၍ရသော အစားအသောက်အစီအစဉ်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်မညီညွတ်သော်လည်း ပျော်စရာနည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် သွေးချိုဆီးချို ရောဂါရှိသူများ အတွက် ဘူဖေးစားသောက်ခြင်းသည် အထူးစိန်ခေါ်မှု တစ်ခုဖြစ်လာနိုင်ပါသည်။
သို့ရာတွင် သွေးချိုဆီးချိုရောဂါရှိသူများသည် ကြိုတင်စီစဉ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သောစား သောက်ဖွယ်ရာများကို ရွေးချယ်ခြင်းနှင့် အစားအစာများ၏ အရွယ်အစားပမာဏကို ကြည့်ရှုခြင်းဖြင့် ဘူဖေးအရသာကို ကောင်းစွာခံစားနိုင်ပြီး စိတ်ပျော်ရွှင်မှုကိုရရှိနိုင်ပါသည်။ ဖော်ပြပါ ဘူဖေးအကြံပြုချက်များကိုအသုံးပြုပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ပညာရှိစွာ ရွေးချယ်နိုင်ပါသည်။
အထွေထွေအကြံပြုချက်များ
ဘူဖေးစားသောက်ရန်မသွားမီ မည်သည့်အစားအစာများကိုစားမည်၊ မည်သည့်အစားအစာများကို ရှောင်မည်၊ မည်သည့်အစားအစာများကို ကန့်သတ်လိုသည်ကို ကြိုတင်စဉ်းစားထားပါ။ ကိုယ်တိုင် မရွေးချယ်မီ ဘူဖေးတွင် ခင်းကျင်းထားသော စားစရာများအားလုံးကိုစစ်ဆေးပါ။ ကာဗိုဟိုက်ဒရိတ်နည်း သို့မဟုတ် ကာဗိုဟိုက်ဒရိတ်မပါဝင်သော ဟင်းလျာများကိုရှာဖွေပါ။ ထို့နောက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များနှင့်အတူ အကြိုက်ဆုံးဟင်းပွဲတစ်ခု သို့မဟုတ် နှစ်ခုကိုရွေးချယ်ပါ သို့မဟုတ် ဟင်းအနည်းငယ်ကိုသာရွေးချယ်ပါ။
ပန်းကန်အများစုကို ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များဖြင့်ဖြည့်ပါ။ အဆီများသောအစားအစာများ၊ ကြော်ထားသောအစားအစာများ၊ ဘေကွန်၊ ဝက်သားနှင့်ချိစ်ပါသောအစားအစာများ၊ ချိုသော၊ ငန်သောအစားအစာများ၊ အချိုပွဲများကို အနည်းငယ်သာစားသုံးပါ သို့မဟုတ် ရှောင်ကြဉ်ပါ။ အရေပြား မပါသောအသား၊ ကြက် သို့မဟုတ် ငါးကိုရွေးပါ။ ထောပတ်သီး၊ ကီဝီသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီနှင့် ဖရဲသီးကဲ့သို့သော ကယ်လိုရီပါဝင်မှုနည်း၍ လတ်ဆတ်သော အသီးအနှံများကိုရွေးချယ်ပါ။ ရေ၊ သကြား မပါသောဖျော်ရည်များ၊ အချိုမပါသောလက်ဖက်ရည်သို့မဟုတ် ကော်ဖီ သို့မဟုတ် အသီးဖျော်ရည် သောက်ပါ။ ဖြစ်နိုင်ပါက အဆီနည်းသောအဓိကဟင်းလျာများကိုစားပါ။
အကယ်၍ အရက်သောက်သုံးပါက အမျိုးသမီးဖြစ်လျှင် တစ်နေ့တစ်ယူနစ်ထက်ပို၍မသောက်ပါနှင့်၊ အမျိုးသားဖြစ်လျှင် တစ်နေ့နှစ်ယူနစ်ထက်ပိုမသောက်ပါနှင့်။ သောက်နေသောသွေးချိုကျဆေးများ ကိုချိန်ညှိပါ။ အင်ဆူလင်ထိုးသူများ ဆေးပမာဏကို ချိန်ညှိရန် စဉ်းစားပါ။ ဘူဖေးစားသောနေ့တွင် အစာစားပြီး နှစ်နာရီအကြာ သွေးတွင်းသကြားဓာတ်ကို တိုင်းတာရန်နှင့် နောက်နေ့နံနက်ခင်း အစာမစားမီ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရန်လိုအပ်ပါသည်။ အစာစားပြီးနောက် လမ်းလျှောက်ခြင်းပင်လျှင် သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းညှိပေးပြီး ကိုယ်အလေးချိန်အလွန် အကျွံတက်ခြင်းမှကာကွယ်ပေးနိုင်သည်။
သွေးချိုဆီးချိုရောဂါရှိသူများအတွက် ပန်းကန်ပြား အခြေပြုပြင်ဆင်စားသောက်မှုအစီအစဉ်သည် ရိုးရှင်းပြီး တစ်ဦးချင်းစီအတွက် လိုအပ်သည့် ကာဗိုဟိုက်ဒရိတ်နှင့် အာဟာရဓာတ်များ၏ အမျိုးအစားနှင့် ပမာဏကို ခန့်မှန်းတွက်ချက်၍ တစ်ဦးချင်းစိတ်ကြိုက် ပြင်ဆင်စားသောက်နိုင်ပါသည်။ ရိုးရှင်းသော ၉ လက်မ ပန်းကန်တွင် အစားအစာများကိုခွဲဝေပုံမှာအဆီမပါသော ဟင်းသီးဟင်းရွက်များအတွက်ပန်းကန်တစ်ဝက်၊ပရိုတင်းအတွက် ပန်းကန်၏ လေးပုံတစ်ပုံ၊ ကာဗိုဟိုက်ဒရိတ်အတွက် ပန်းကန်၏ လေးပုံတစ်ပုံထည့်ရန်ဖြစ်သည်။ ယဉ်ကျေးမှုနှင့်ဦးစားပေးမှုများအပေါ် အခြေခံ၍ တချို့သော အစား အစာများကို လျှော့ချခြင်း သို့မဟုတ် ကန့်သတ်ခြင်းဖြင့် စားသောက်ခြင်း၏ ပျော်ရွှင်မှုကို ထိန်းသိမ်းရန်၊ ကျန်းမာသောစားသောက်မှုပုံစံများဖန်တီးရန် အကြံပြုချက်များရှိပါသည်။
အာဟာရပညာရှင်များက ဘူဖေးမစားခင် ကျန်းမာရေးနှင့်ညီညွတ်သောသရေစာစားရန် အကြံပြု ထားသည်။ ကယ်လိုရီနည်းသော အသီးအနှံများ၊ ဂျုံလုံးပေါင်မုန့်တစ်ချပ်၊ သခွားသီးချောင်းများ သို့မဟုတ် ဆားမပါသော အခွံမာသီးများကဲ့သို့သော ရွေးချယ်မှုများသည် သွေးတွင်းသကြားဓာတ်ကို မမြင့်တက်စေဘဲ အလွန်အကျွံစားသုံးခြင်းကို ရှောင်ရှားရန် ကူညီပေးနိုင်ပါသည်။ ဦးနှောက်က ပြည့်နေကြောင်း အချက်ပြရန် မိနစ် ၂၀ ခန့်လိုအပ်သဖြင့် အစာကိုဖြည်းဖြည်းဝါးပြီးဝါးတိုင်းအရသာခံပါ။ ထို့ပြင် အစားအစာများကို အာရုံစိုက်မည့်အစား မိသားစုနှင့် သူငယ်ချင်းများ၊ ချစ်ခင်ရသူများ ကိုအာရုံစိုက်ပါ။
ဟင်းသီးဟင်းရွက်အကြံပြုချက်
ပန်းကန်၏တစ်ဝက်ကို ကစီဓာတ်မပါသော ဘရိုကိုလီ၊ ငရုတ်ပွ၊ ပဲတီစိမ်း၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ခရမ်းသီးနှင့် ဟင်းနုနယ်ရွက်စသည့်အသီးအရွက်ရောင်စုံများကိုရွေးထည့်ပါ။ လတ်ဆတ်သော သို့မဟုတ်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များကိုရွေးချယ်၍ သံလွင်ဆီနှင့်ရှလကာရည် အနည်း ငယ်ဖြင့် အသုပ်အတွက် ကိုယ်တိုင်ပြင်ဆင်ပါ။ ထောပတ်၊ ခရင်မ်၊ မရိုးနိစ် သို့မဟုတ် ဒိန်ခဲပါသော ဟင်းရွက်များနှင့် ဆော့စ်ပါသော ဟင်းရွက်များကို သတိထားပါ။ ဝက်ဆီ သို့မဟုတ် ဝက်ပေါင် ခြောက်နှင့် ဝက်ဗိုက်သားကဲ့သို့ အဆီများသော အသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းသီးဟင်းရွက် ဟင်းလျာများကို အနည်းငယ်သာစားသုံးပါ။
ကောက်နှံများနှင့် ကစီဓာတ်အကြံပြုချက်ပန်းကန်၏လေးပုံတစ်ပုံကို အမျှင်ဓာတ်မြင့်မားသော ဆန်လုံး ညိုထမင်း၊ ဆန်ညို၊ ကြာဆံနှင့် ဂျုံလုံးခေါက်ဆွဲ သို့မဟုတ် ဂျုံလုံးပေါင်မုန့် စသည်များကိုရွေးထည့်ပါ။ ကစီဓာတ်ရှိသော အသီးအရွက်များ (အာလူး၊ ကန်စွန်းဥ သို့မဟုတ် ပဲတီစိမ်း)မှ သေးငယ်သော အရွယ်အစားကိုရွေးထည့်ပါ။ ပေါင်မုန့်၊ ထမင်းနှင့် တခြားအစေ့အဆန်များတွင် ထောပတ် သို့မဟုတ် မာဂျရင်းအသုံးပြုခြင်းကိုရှောင်ပါ။ ဒိန်ခဲနှင့် ဆော့စ်များဖြင့် သုပ်ထားသော အာလူးကဲ့သို့ ကစီဓာတ်များကိုရှောင်ပါ သို့မဟုတ် အနည်းငယ်ယူပါ ။
ပရိုတင်းအကြံပြုချက်
ပန်းကန်၏ လေးပုံတစ်ပုံကိုအရေခွံမပါသော ကြက်၊ ငါး (၃.၅-၅) ကျပ်သားခန့် သို့မဟုတ် ပဲဟင်းလျာများဖြင့်ဖြည့်ပါ။ ကြက်၊ ငါး၊ ပုစွန်သို့မဟုတ်အမဲသားကဲ့သို့ကင်ထားသော အသားများကိုရွေးပါ။ ကြက်သားကြော်ကဲ့သို့အဆီများသောသို့မဟုတ်ဆော့စ်ဖြင့်ပြုလုပ်ထားသောအသားများကိုအနည်းငယ်သာမြည်းစမ်းကြည့်ပါ။ ပရိုတင်းဓာတ်ကြွယ်ဝသော ပဲဟင်းလျာများကိုရွေးချယ်ပါ။ သို့သော် သကြားနှင့် အဆီများဖြင့်ချက်ထားသောပဲများကို လျှော့စားပါ။ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့စ်များကိုသတိထားပါ။
အချိုပွဲအကြံပြုချက်
အမျှင်ဓာတ်၊ ဗီတာမင်နှင့်သတ္တုဓာတ်များကြွယ်ဝသော ဘယ်ရီသီး၊သခွားမွှေးသီး၊ သစ်တော်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီးနှင့် ဖရဲသီးကဲ့သို့ လတ်ဆတ်၍ ကယ်လိုရီပါဝင်မှုနည်းသော အသီးအနှံများကိုရွေးချယ်ပါ။ ကွတ်ကီး၊ ကိတ်မုန့်များ၊ ပူတင်းများကဲ့သို့ သကြားအလွန်များသောအချိုပွဲများနှင့် အဆီများသောအစားအစာများကိုရှောင်ပါ သို့မဟုတ် အနည်းငယ်သာစားသုံးပါ။ သကြားမပါသောဖျော်ရည်များ၊ အချိုမပါသော ကော်ဖီ သို့မဟုတ် လက်ဖက်ရည်သောက်ပါ။ အကယ်၍ အရက်သောက်သုံးပါက ဗိုက်ထဲတွင် အစာမရှိဘဲသောက်ခြင်းသည် သွေးတွင်းသကြားဓာတ်လျော့ကျခြင်းကိုဖြစ်ပေါ်စေနိုင်သောကြောင့် ရှောင်ကြဉ်ရန်လိုအပ်ပါသည်။
Source: Myawady Web Portal
Photo - CDC

ချစ်စရာကောင်းပြီး အချင်းရော အဆင်းပါပြည့်စုံသည့် သစ်သီးများထဲက အသီးတစ်မျိုးအကြောင်း ပြောပြချင်ပါသည်။ အနီရောင်၊ ပန်းရောင်နှင့် အဝါ ရောင်ရောစပ်ထားသည့် အပေါ်ခွံပေါ်တွင် အမွေးပွပွလေးများ ပါပြီး အတွင်းအသား အဝါရောင်နှင့် အသီး၏အလယ်တွင် ခပ်ရွယ်ရွယ် အစေ့လေးတစ်စေ့သာပါသော မက်မွန်သီးဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Peach ဖြစ်ပြီး အဆိုပါမက်မွန်သီးသည် ကမ္ဘာ့သစ်သီးဈေးကွက်တွင် ပန်းသီးပြီး လျှင် ဒုတိယလိုက်လာသည့် အနံ့မွှေးပြီး အရသာချိုသည့် အဖန်အရသာအနည်း ငယ်ပါသော နူးညံ့သည့်အသီးဖြစ်သည်။ မက်မွန်သီးပင် (Peach Tree) မှာ ရှားပါးပြီး အဖိုးတန်သည့်အပြင် အပွင့်ပွင
ချစ်စရာကောင်းပြီး အချင်းရော အဆင်းပါပြည့်စုံသည့် သစ်သီးများထဲက အသီးတစ်မျိုးအကြောင်း ပြောပြချင်ပါသည်။ အနီရောင်၊ ပန်းရောင်နှင့် အဝါ ရောင်ရောစပ်ထားသည့် အပေါ်ခွံပေါ်တွင် အမွေးပွပွလေးများ ပါပြီး အတွင်းအသား အဝါရောင်နှင့် အသီး၏အလယ်တွင် ခပ်ရွယ်ရွယ် အစေ့လေးတစ်စေ့သာပါသော မက်မွန်သီးဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Peach ဖြစ်ပြီး အဆိုပါမက်မွန်သီးသည် ကမ္ဘာ့သစ်သီးဈေးကွက်တွင် ပန်းသီးပြီး လျှင် ဒုတိယလိုက်လာသည့် အနံ့မွှေးပြီး အရသာချိုသည့် အဖန်အရသာအနည်း ငယ်ပါသော နူးညံ့သည့်အသီးဖြစ်သည်။ မက်မွန်သီးပင် (Peach Tree) မှာ ရှားပါးပြီး အဖိုးတန်သည့်အပြင် အပွင့်ပွင့်ချိန်တွင် အလွန်လှပသော အပင်ဖြစ်သည်။ မက်မွန်သီး၏ ပုံသဏ္ဌာန်မှာလည်း ခပ်လုံးလုံး ဖြစ်ပြီး အသားများ၍အရည်ရွှမ်းပြီး အနံ့ အလွန်မွှေးကြိုင်သော အသီးမျိုးဖြစ်သည်။ အပင်၏အရွယ်အစားမှာ အမြင့် ၁ဝ ပေမှ ပေ ၂ဝ ခန့်အထိ ရှိတတ်သည်။ မက်မွန်ပင်သည် မက်မန်းသီးပင်၊ တရုတ်ဆီးသီးပင်၊ ချယ်ရီပင်များနှင့်အတူ Rosaceae မျိုးရင်းတွင် Prunus မျိုးစု၌ ပါဝင်သဖြင့် ယင်း၏ရုက္ခဗေဒအမည်မှာ Prunus Persica ဖြစ်သည်။ အပင်၏အနေအထားနှင့် တကွ အသွင်အပြင်ရော အလေ့အထပါ ဗာဒံပင်နှင့် အလွန်တူသည့်အပြင် မျိုးချင်း လည်းတူကြသည်။
မက်မွန်သီးအမျိုးအစားများ
ကမ္ဘာပေါ်တွင် မက်မွန်ပင်အမျိုးအစား ပေါင်း ၂၀၀ ခန့်ရှိပြီး အစေ့ကျွတ်မျိုး၊ အစေ့ကပ်မျိုး၊ အသားဖြူမျိုးနှင့် အသားဝါ မျိုးဟူ၍ ခွဲခြားထားသည်။ တချို့မက်မွန် သီးမှအစေ့များသည် အသားနှင့်ကပ်မနေဘဲ လွယ်ကူစွာ ထုတ်ယူနိုင်သောကြောင့် အစေ့ကျွတ်မျိုးဟုခေါ်သည်။
တချို့အသီးမှအစေ့များမှာ အသားတွင် ကပ်နေ၍ လွယ်ကူစွာ ထုတ်မယူနိုင်သောကြောင့် အစေ့ကပ်မျိုးဟု ခေါ်သည်။ တချို့အသီး၏ အသားရောင်ဖြူသော အသီးကို အသားဖြူမျိုးဟုခေါ်ပြီး အသားဝါသော အသီးကို အသားဝါမျိုးဟုခေါ်သည်။ မက်မွန်သီးအမှည့်များသည် ရက်အနည်းငယ် အတွင်းပုပ်၍ ပျက်စီးတတ်သဖြင့် ဈေးကွက်သို့တင်ပို့ရာတွင် အခက်အခဲရှိသဖြင့် မက်မွန်သီးများကို မှည့်လျှင်မှည့်ချင်း ခူးဆွတ်မှသာ အဆင်ပြေသည်။ သို့သော်လည်းယခုခေတ်တွင် စည်သွတ်စက်ရုံကြီးများ ပေါ်ပေါက်လာပြီဖြစ်သောကြောင့် ဈေးကွက်သို့အချိန်မီ မတင်ပို့နိုင်သော အသီးမှည့်များကို စည်သွတ်ကာ နိုင်ငံတကာသို့ တင်ပို့ရောင်းချနေကြပြီ ဖြစ်သည်။ အင်္ဂလန်နိုင်ငံ၌ မက်မွန်ပင်များကို မှန်အိမ်များဆောက်လုပ်၍ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၌ ပေပေါင်း ၃ဝဝဝ ကျော်အမြင့်ရှိသော ရှမ်းကုန်းပြင်မြင့်၏ ဒေသများဖြစ်သည့် ပြင်ဦးလွင်၊ ကလောနှင့် တောင်ကြီးမြို့တို့၏ အနီးပတ်ဝန်းကျင် ၌ မက်မွန်ခြံများကို တွေ့မြင်နိုင်သည်။
မက်မွန်သီးစိုက်ပျိုးမှုပုံစံ
မက်မွန်ပင်သည် သမပိုင်းရာသီဥတုတွင် ကောင်းစွာ ပေါက်ရောက်နိုင်ပြီးခြောက်သွေ့၍ အပူ၊ အအေးမျှတသော ရာသီဥတုကိုနှစ်သက်သည်။ သဲမြေနှင့် နုန်းမြေတို့တွင် ကောင်းစွာကြီးထွားနိုင်သည်။ မက်မွန်ပင်စိုက်ပျိုးသူများသည် အသီးခူးရာတွင်လည်းကောင်း၊ ပိုးသတ်ဆေးဖျန်းရာတွင်လည်းကောင်း သက်သာလွယ်ကူစေရန် အပင်ကိုမြင့်မြင့်မထားဘဲ အကိုင်းအခက်များကိုချိုင်၍ ၁၂ ပေခန့် သာထားခြင်းဖြင့် အစိမ်းတောက်တောက် အရွက်လေးများသည် လှံစွပ်ပုံကဲ့သို့ သေးသွယ်၍ အဖျားချွန်သော အရွက်လေးများထွက်လာသည်။ နွေဦးပေါက်ရာသီတွင် ပင်လုံးကျွတ်လှပ၍ နူးညံ့သောပန်း ရောင်အပွင့်လေးများ ပွင့်လာပြီးနောက် အရွက်များ ထွက်လာသည်။ မက်မွန်သီး အမျိုးအစားအားလုံးသည် နွေရာသီအလယ်လောက်မှ ဆောင်းကူးရာသီအထိ အသီးမှည့်ကြသည်။ နွေဦးပေါက်ရာသီတွင် စောစောပွင့်သော အပွင့်များကို နှင်းခါးရိုက်တတ်သဖြင့် အသီးမတင်သောကြောင့် နှင်းခါးလွတ်သော နေရာများ၌သာ အမြောက်အမြား စိုက်ပျိုးကြ သည်။
မက်မွန်ပင်ကို အစေ့မှတိုက်ရိုက်စိုက်ပျိုးနိုင်သကဲ့သို့ ကိုင်းကူးကိုင်းဆက်ပြုလုပ်၍လည်း စိုက်ပျိုးနိုင်သည်။ နေရောင်ခြည်ကောင်းစွာရရှိပြီး လေဝင်လေထွက် ကောင်းသောနေရာ၌ စိုက်ပျိုးသင့်သည်။ ယေဘုယျအားဖြင့် အပင်ကြီးမျိုးနှင့် အပင်ပုမျိုးဟူ၍နှစ်မျိုးရှိသည်။ အပင်ကြီးမျိုးကိုစိုက်ပျိုးပါက ပင်ကြားတန်းကြား အကွာအဝေးကို ၁၅ ပေမှ ပေ ၂၀ ထား၍ စိုက်ပျိုးနိုင်သည်။ အပင်ပုမျိုးစိုက်ပျိုးပါက ပင်ကြားတန်းကြားအကွာအဝေးကို ၁၀ ပေ မှ ၁၂ ပေထား၍စိုက်ပျိုးနိုင်သည်။ မက်မွန်သီးအထဲတွင်ရှိသော အစေ့မာတစ်စေ့၏အတွင်း၌မျိုးစေ့ရှိပြီး ထိုမျိုးစေ့မှ အပင်ပေါက်ခြင်းဖြစ်သော်လည်း များသောအား ဖြင့် မျိုးစေ့ကိုစိုက်၍ ပေါက်သောအပင်မှ အသီးသည် မူလမျိုးစေ့ရသော အပင်မှသီးသည့် အသီးလောက်မကြီးဘဲ ညံ့သွားတတ်သည်။
ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် အာဟာရဓာတ်ကြွယ်ဝသည့် မက်မွန်သီး
မက်မွန်သီးတွင် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် ကယ်လ်လိုရီ၊ ပရိုတင်း (Protein)၊ အဆီ (Fat)၊ ကာဗိုဟိုက်ဒရိတ် (Carbohydrate)၊ အမျှင်ဓာတ် (Fiber)၊ ဗီတာမင် C၊ ဗီတာမင် A၊ ပိုတက်ဆီယမ် (K)၊ နီကာဆင်၊ ဗီတာမင်E၊ ဗီတာမင် K၊ ကော့ပါး (Cu)၊ မဂ္ဂနိစ် (Mn)၊ ကယ်လ် စီယမ် (Ca)၊ သံဓာတ် (Fe)စသည့် ဗီတာမင်၊ သတ္တုဓာတ်နှင့် တခြားအကျိုးပြု ဒြပ်ပေါင်းများပါဝင်သောကြောင့် မက်မွန် သီးစားပေးမည်ဆိုပါက ခန္ဓာကိုယ်အတွက် များစွာအထောက်အကူဖြစ်စေသည်။
အစာခြေစနစ်ကိုကျန်းမာစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင် အမျှင်ဓာတ်ပါဝင်နေသောကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး အစာများကို ကြေညက်စေနိုင်သကဲ့သို့ အူနံရံကိုအာဟာရဓာတ်များ စုပ်ယူရန်လည်း ကူညီပေးနိုင်သည်။ ဝမ်းမမှန်ခြင်းနှင့် အစာခြေ စနစ်ပြဿနာများမဖြစ်စေရန် တားဆီး ပေးနိုင်သောကြောင့် အူမကြီးကိုကျန်းမာစေနိုင်သော အသီးတစ်မျိုးဖြစ်သည်။
နှလုံးကျန်းမာစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင် နှလုံးကျန်းမာစေသည့်ဓာတ် များစွာပါဝင်နေသောကြောင့် မက်မွန်သီးက နှလုံးရောဂါခံစားရနိုင်ခြေကိုသာ နည်းစေခြင်းမဟုတ်ဘဲ သွေးတိုး နှင့် သွေးတွင်းကိုလက်စထရောမြင့်တက်မှုမဖြစ်ရန်လည်း ကာကွယ်ပေးသည်။ သွေးတိုးနှင့် သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာလိုသူများအနေဖြင့် တစ်ရက်လျှင် မက်မွန်သီးတစ်လုံးစားပေးခြင်းသည် နှလုံးကျန်းမာရေးကို စောင့်ရှောက်နေခြင်း ဖြစ်သည်။
အသားအရေကို ကျန်းမာစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင်ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးသည် အရေပြား၏အစိုဓာတ်ကို ထိန်းပေးပြီး အသားအရေကိုတင်းရင်းစေနိုင်သကဲ့သို့ အရေပြားပြဿနာကင်းကာ ကျန်းမာသည့်အသားအရေကို ပိုင်ဆိုင်စေနိုင်သည်။ အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးမှုမှကာကွယ် ပေးနိုင်ပြီး အရေပြားကိုကျန်းမာစေနိုင် သည့် အာနိသင်ရှိသည်။
ကင်ဆာကာကွယ်ပေးနိုင်သော မက်မွန်သီး
မက်မွန်သီးတွင်တခြားအသီးများကဲ့သို့ ခန္ဓာကိုယ်ကိုအကျိုးပြုသည့် ဒြပ်ပေါင်းများစွာပါဝင်နေသကဲ့သို့ ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်သည့် ပရိုတင်း လည်းပါဝင်သည်။ မက်မွန်သီး၏အသားလွှာတွင် ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ကြသည့် ကာရိုတီးနွိုက် (Carotenoid)နှင့် ကဖိန်းအက်စစ် (Caffeic acid) တို့ ပါဝင်သည်။ လေ့လာမှုတစ်ရပ်အရ အမျိုးသမီးများအတွက် တစ်ရက်လျှင် မက်မွန်သီးနှစ်လုံး ပုံမှန်စားပေးပါက ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်ဟု သိရသည်။
ဓာတ်မတည့်မှုကိုသက်သာ လျော့ပါးစေနိုင်သော မက်မွန်သီး
ခန္ဓာကိုယ်က ဓာတ်မတည့်သောအရာ တစ်ခုခုနှင့် ထိတွေ့သည့်အခါ ဓာတ်မတည့် မှုကိုတုံ့ပြန်ရန် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်မှ Histamines ဟုခေါ်သည့် ဓာတု ပစ္စည်းကိုထုတ်လွှတ်ပြီး ခန္ဓာကိုယ်မှ နှာချေခြင်း၊ ယားယံခြင်းနှင့် ချောင်းဆိုးခြင်းကဲ့သို့ ဓာတ်မတည့်မှု လက္ခဏာများဖြစ်ပေါ်လာသည်။ မက်မွန်သီးက ဓာတ်မတည့်မှုကြောင့်ဖြစ်သည့် ရောင်ရမ်းမှုများကို လျော့ပါးသက်သာစေနိုင်သောကြောင့် ဓာတ်မတည့်မှုဖြစ်တတ်သူများ အနေဖြင့် မက်မွန်သီးသည် စားပေးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။
အနာကျက်စေနိုင်သော မက်မွန်သီး
နူးညံ့ပြီးစားကောင်းသည့် မက်မွန်သီးတွင် ဗီတာမင် C ၁၅ ရာခိုင်နှုန်းပါဝင်နေခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်သကဲ့သို့ အနာများကိုလည်း မြန်မြန် ကျက်စေနိုင်သည်။ ဆဲလ်များထိခိုက် ပျက်စီးမှုမရှိစေရန်လည်း ကာကွယ်ပေးနိုင်သည်။
အမြင်အာရုံ ကောင်းစေနိုင်သော မက်မွန်သီး
မက်မွန်သီးတွင် ဘီတာကယ်ရိုတင်း (Beta-carotene) ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်မျိုး ပါဝင်နေသောကြောင့် မက်မွန်သီးကို စားလိုက်သည့်အခါ အဆိုပါဓာတ်က ခန္ဓာကိုယ်အတွင်း ဗီတာမင်A အဖြစ် ပြောင်းလဲပြီး အမြင်အာရုံကျန်းမာစေရန် အထောက်အပံ့ပေးသည်။ မက်မွန်သီးက အမြင်အာရုံသာမကဘဲ ကိုယ်ခံအားစနစ် အပါအဝင် ခန္ဓာကိုယ်ကို များစွာအထောက် အပံ့ပေးနိုင်သည်။
ဆီးချိုသမားများနှင့် သင့်တော်သော မက်မွန်သီး
အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သည်ဟု လေ့လာတွေ့ရှိရသောကြောင့် မက်မွန်သီးစားခြင်းဖြင့် အမျိုး အစား (၁) ဆီးချိုသမားများနှင့် အမျိုးအစား (၂) ဆီးချိုသမားများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ပမာဏကို တိုးစေနိုင်သည်။
သတိထားစားသင့်သော မက်မွန်သီး
မက်မွန်သီးက ကျန်းမာရေးအတွက် ကောင်းကျိုးပြုသော်လည်း ရောဂါအခံရှိသူများနှင့် ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန်သောက်နေ ရသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ စားပေးသင့်ကြောင်း ရေးသားလိုက်ရပါသည်။

သက်ရှိသတ္တဝါအားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းသည် မျက်လုံးတစ်စုံဖြစ်သည်ကို စိုးစဉ်းမျှ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့်လည်း ရှေးလူကြီးများက မျက်စိအဆုံး၊ နားအရှုံး ဟု မိန့်ဆိုခဲ့ကြသည်။ အတိတ်ကံအကျိုးပေးကြောင့် မွေးရာပါအမြင်ကွယ်ခြင်း၊မျက်စိအားနည်းခြင်း၊ သူငယ်အိမ်စောင်း၍ အမြင်ချို့တဲ့ခြင်း စသည်တို့ကို မဆိုလိုသော်လည်း ကျန်းမာရေးအခြေခံဗဟုသုတ အားနည်း၍ နေထိုင်စားသောက်မှု ပုံစံမမှန်ခြင်းနှင့် ဘေးပယောဂအမျိုးမျိုးကြောင့် စက္ခုအာရုံချို့ယွင်းသွားခြင်းသည် ကာယကံရှင်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်
သက်ရှိသတ္တဝါအားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းသည် မျက်လုံးတစ်စုံဖြစ်သည်ကို စိုးစဉ်းမျှ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့်လည်း ရှေးလူကြီးများက မျက်စိအဆုံး၊ နားအရှုံး ဟု မိန့်ဆိုခဲ့ကြသည်။ အတိတ်ကံအကျိုးပေးကြောင့် မွေးရာပါအမြင်ကွယ်ခြင်း၊မျက်စိအားနည်းခြင်း၊ သူငယ်အိမ်စောင်း၍ အမြင်ချို့တဲ့ခြင်း စသည်တို့ကို မဆိုလိုသော်လည်း ကျန်းမာရေးအခြေခံဗဟုသုတ အားနည်း၍ နေထိုင်စားသောက်မှု ပုံစံမမှန်ခြင်းနှင့် ဘေးပယောဂအမျိုးမျိုးကြောင့် စက္ခုအာရုံချို့ယွင်းသွားခြင်းသည် ကာယကံရှင်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်စေသည်။
မျက်စိအတွင်းတိမ်၊ မျက်စိရေတိမ်၊ မျက်ခမ်းစပ်ရောဂါ စသည့် မျက်စိရောဂါအမျိုးမျိုး၊ မတော်တဆ ထိခိုက်မိခြင်း သို့မဟုတ် လုပ်ငန်းခွင်မှ ထိခိုက်မှုအန္တရာယ်၊ အာဟာရချို့တဲ့ခြင်း၊ ဆီးချို သို့မဟုတ် သွေးတိုး သို့မဟုတ် ကျောက်ကပ် စသည့် နာတာရှည်ရောဂါတို့အတွက် သုံးစွဲလျက်ရှိသော ပဋိဇီဝဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း အမြင်အာရုံပျက်စီးနိုင်သည်။ ထို့ပြင် မျက်စိကို အလွန်အကျွံ သုံး၍ ဂိမ်းဆော့ခြင်း၊ ဖုန်းနှင့် ကွန်ပျူတာကြည့်ခြင်း၊ စာကြည့်ခြင်း၊ နေရောင်ခြည်အောက် ဦးထုပ်၊ ထီး၊ နေကာမျက်မှန် စသည့်အကာအကွယ်မပါဘဲ သွားလာခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်း၊ အသားမှုန့်များနှင့် အချိုမှုန့်ကဲ့သို့သော ဓာတုပစ္စည်းများ စားသောက်ခြင်းတို့ကလည်း အမြင်အာရုံချို့ယွင်းစေသောအကြောင်းများဖြစ်သည်။
ဖုန်းနှင့် ကွန်ပျူတာတို့ကြောင့် မျက်စိမထိခိုက်စေရေး
ကမ္ဘာတစ်ဝန်း အင်တာနက်ခေတ်ရေစီးကြောင်းနှင့်အညီအလုပ်ကြောင့်ဖြစ်စေ၊ အပျင်းပြေဖြစ်စေ၊ ဂိမ်းကစားရင်းဖြစ်စေ အင်တာနက်အသုံးပြုကာ အချိန်ကုန်လွန်နေကြပြီး ကလေးများက ဂိမ်းစွဲသလို သက်လတ်ပိုင်းနှင့် တချို့သက်ကြီးပိုင်းများပါ အင်တာနက်စွဲလမ်းမှုရောဂါ စွဲကပ်နေကြသည်။ ဖုန်း၊ ကွန်ပျူတာမျက်နှာပြင် အကြည့်များ၍ အမြင်အာရုံဝေဝါးခြင်း၊ မျက်လုံးအိမ်ခြောက်သွေ့ကာ မျက်ရိုးကိုက်၊ မျက်ရည်ပူကျခြင်း၊ လည်ပင်း၊ ပခုံး၊ နောက်ကျောနာကျင်ခြင်း စသည်ဖြင့် မျက်စိကို ဒဏ်ပိစေသည်။ ထို့ပြင် နောက်ဆက်တွဲ ဝေဒနာများအဖြစ် ခေါင်းမူးခေါင်းကိုက်၍ ဇက်ကြောတက်ခြင်းနှင့် အရိုးကျီးပေါင်းရောဂါများ ဖြစ်စေသည်။
ကွန်ပျူတာကြောင့် မျက်စိထိခိုက်ခြင်းမှ သက်သာစေရန် အလင်းလျှော့ချပေးသော Flat LCD Monitor ကိုသုံးပါ။ ရောင်ပြန်ပါသော မျက်မှန်ကို အသုံးပြုပါ။ ကွန်ပျူတာမသုံးမီ ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်လေးများကို သန့်စင်ပါ။ မျက်နှာနှင့် ကွန်ပျူတာကို နှစ်ပေခန့်ကွာဝေးစေပြီး ကွန်ပျူတာမျက်နှာပြင်သည် သင့်မျက်လုံးနေရာထက် နိမ့်နေရမည်။ စာရိုက်ရန် စာရွက်များကို ကွန်ပျူတာဘေးတွင် ထောင်ထားပါ။ ကွန်ပျူတာလက်ကွက် အလွတ်မရပါက ဦးစွာ စာကိုသာကြည့်ရိုက်ပြီး စာလုံးပေါင်းသတ်ပုံ အမှန်စစ်ချိန်တွင်သာ ကွန်ပျူတာကို ကြည့်ပါ။ ထိုင်ခုံပေါ်တွင် ကွန်ပျူတာရှေ့တည့်တည့် ခါးမတ်မတ်ထိုင်၍ ခြေဖဝါးကို အောက်သို့ အပြားလိုက်ချထားပါ။ အခန်းအလင်းရောင်သည် ကွန်ပျူတာနီးပါး လင်းနေရမည်ဖြစ်ပြီး ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင် မထိုင်မိပါစေနှင့်။ မျက်စိ အညောင်းပြေစေရန် ကွန်ပျူတာကို ၁၅ မိနစ်ကြည့်ပြီးတိုင်း အဝေးတစ်နေရာသို့ တစ်မိနစ်ခန့်ကြည့်ပါ။ နာရီဝက်ကြာတိုင်း အကြိမ် ၂၀ မျက်တောင်ခတ်ပါ။ တစ်နာရီကြာတိုင်း မျက်လုံးမှိတ်၍ ခေတ္တအနားပေးပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာသည် အထိပွတ်ပေးပြီး မျက်လုံးပေါ် ဖွဖွလေးတင်ပါ။ လက်ချောင်းများကြားမှ အလင်းရောင်ဝင်မလာအောင် လက်ချောင်းများကို ပူးကပ်ထားပါ။
ကြိုတင်ကာကွယ်နည်းလမ်းကောင်းများ
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဟူသော ဆောင်ပုဒ်နှင့်အညီ ရောဂါဖြစ်လာမှ ကုသခြင်းထက် မိမိတို့ကျန်းမာရေးအသိစိတ်ဓာတ်ထားကာ အောက်ပါနည်းလမ်းအသွယ်သွယ်တို့ဖြင့် ကြိုတင် ကာကွယ်ကြစေလိုသည်။
- အနည်းဆုံး ခြောက်လတစ်ကြိမ် ဆရာဝန်ဖြင့် မျက်စိစစ်ဆေးမှု ခံယူသင့်သည်။
- မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်အာရုံ ရုတ်တရက်မှုန်သွားခြင်း၊ မီးအလင်းရောင်ကဲ့သို့ အလင်းများ ဖြာထွက်လာခြင်း၊ ရွေ့လျားနေသော ရောင်စုံအစက်အပြောက်များ သို့မဟုတ် အမည်းစက်များကို နေရာတိုင်းတွင် တွေ့နေရခြင်း၊ ရုပ်ဝတ္ထုများကို နှစ်ထပ်မြင်နေရခြင်း၊ မျက်လုံးတစ်ဝိုက်နာကျင်ခြင်း စသည့်လက္ခဏာများပြလာပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် အမြန်ဆုံးစစ်ဆေးမှုခံယူပါ။
- ဆရာဝန်နှင့် ပြသပြီးနောက် တိကျမှန်ကန်သော မျက်စဉ်းဆေးရည်ကို ညွှန်ကြားချက်အတိုင်း စနစ်တကျခတ်ပေးပြီးနောက် မျက်စဉ်းဆေးဘူးကို ရေခဲသေတ္တာ သို့မဟုတ် သန့်ရှင်း၍ အေးမြသောနေရာတွင် သိမ်းပါ။
- မျက်ကပ်မှန်တပ်ဆင်သူများသည် မျက်ကပ်မှန်ကို သန့်ရှင်းသောလက်ဖြင့် ကိုင်တွယ်အသုံးပြုပါ။ တစ်နေ့လျှင် အများဆုံး ရှစ်နာရီထက်ပို၍ တပ်ဆင်ခြင်းမပြုသင့်ပေ။ မျက်ကပ်မှန်တပ်ရင်း အိပ်စက်ခြင်း၊ မျက်လုံးကိုဖိ၍ လက်ဖြင့် ပွတ်တိုက်ခြင်းများ မပြုလုပ်ရပါ။
- ကမ္ဘာကြီးသည် တစ်နှစ်ထက်တစ်နှစ် ပို၍ ခရမ်းလွန်ရောင်ခြည် ပြင်းထန်သည့်အဆင့် ကျရောက်လျက်ရှိရာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်သည့်အခါ UV ကာကွယ်သော ရောင်ပြန်ထီး သို့မဟုတ် မျက်လုံးဖုံးအုပ်စေသော လျှာထိုးဦးထုပ်ဆောင်းပါ။ အလင်းလှိုင်းဖြာထွက်မှုကို ထိန်းပေးပြီး မျက်လုံးတစ်ဝိုက် လုံလောက်စွာ ကာကွယ်ပေးသည့် နေကာမျက်မှန်တပ်ဆင်ပါ။
- စက်ချုပ်ခြင်း၊ သိုးမွေးထိုးခြင်း၊ စာရေးစာဖတ်ခြင်း၊ တီဗွီကြည့်ခြင်း စသည်ဖြင့် မျက်စိအာရုံစိုက်ရသော အလုပ်ကို အတတ်နိုင်ဆုံးလျှော့ချ၍ ဝန်မပိအောင် ဂရုစိုက်ပါ။ မျက်စိစွေစောင်း မဖြစ်ရလေအောင် စာဖတ်သည့်အခါတွင်လည်း စာအုပ်ကို ဘေးတစောင်းဖတ်ခြင်းမပြုလုပ်ရပါ။
- သစ်ခွဲစက်၊ ကျောက်ခွဲစက်၊ ဂဟေဆော်ခြင်း၊ ရေကူးခြင်း၊ ဆိုင်ကယ်စီးခြင်း၊ ရေလွှာလျှောစီးခြင်းတို့ပြုလုပ်ရာတွင် မျက်လုံးအကာ တပ်ဆင်ပါ။
- အမြင်အာရုံကြည်လင်စေရန် မြန်မာ့ဆေးမြီးတိုများဖြစ်ကြသော ကွမ်းရွက်ကို လက်ဖြင့်အသာခြေ၍ နားထင်၊ မျက်ရိုးတစ်လျှောက်နှင့် မျက်ရည်အိတ် အောက်ဘက်တို့တွင် ကပ်ပေးပါ။ သခွားသီးကို ပါးပါးလှီး၍ နားထင်၊ မျက်ခွံနှင့် မျက်စိတစ်ဝိုက်ကပ်ပါ။ ညအိပ်ခါနီး ဆားကြမ်းနင်းခြင်း သို့မဟုတ် ခြေဖဝါးကို ဆားဖြင့်ပွတ်ပြီးနောက် ဒူးခေါင်းမှ ရေလောင်းချပါ။ မျက်လုံးတစ်ဝိုက်တွင် မန်ကျည်းသီးအနှစ်ကို မျက်ကွင်းဆေးအဖြစ် လိမ်းပါ။
- ညအိပ်ရာဝင်ခါနီး ဒူးခေါင်းပေါ်မှ ရေလောင်းချပါ။
- ရေချိုးသည့်အခါ ဒူးခေါင်း၊ ပေါင်၊ ခါး၊ ပခုံး၊ မျက်နှာ၊ ဦးခေါင်း စသည်ဖြင့် အောက်ခြေမှစ၍ အထက်ပိုင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ရေလောင်းပါ။
အမြင်အာရုံပျက်စီးခြင်းနှင့် ဆက်နွှယ်သောရောဂါများ
- မျက်စိပေါ်သို့ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ကျခြင်း၊ အိပ်ရေးပျက်ခြင်း၊ စီးကရက်မီးခိုးငွေ့များ၊ ကြွက်သားအားကောင်းဆေး၊ နာတာရှည်ရောဂါများ၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသကြီးခြင်း၊ သွေးတိုး၊ ကိုလက်စထရောများခြင်းတို့ကြောင့် မျက်စိအတွင်းတိမ်ဖြစ်စေသည်။
- ဆီးချိုရောဂါခံစားနေရသူများ၊ ထုံးနှင့်ပေါင်းသတ်ဆေး စသော ဓာတုဆေးများ မျက်လုံးထဲ မတော်တဆဝင်ခြင်း၊ အဆီများသော အစားအစာများနှင့် ကိုယ်လက်လှုပ်ရှားမှုနည်း၍ အညောင်းမိခြင်းတို့ကြောင့်လည်း မျက်စိရေတိမ်စွဲစေသည်။
- ရေဓာတ်ခန်းခြောက်ခြင်း၊ အရက်၊ ကဖိန်းဓာတ်များသောအစားအစာများ၊ ငန်လွန်းသောအစားအစာများကြောင့် မျက်စိခြောက်၍ မျက်ရည်အိတ်ခန်းစေသည်။
- မိမိမျက်စိနှင့် ပါဝါမကိုက်ညီသော မျက်မှန်ကို မှားယွင်းစွာ တပ်ဆင် အသုံးပြုခြင်းကလည်း အမြင်အာရုံပျက်စီးစေသည်။
- ဆီးချို၊ လေဖြတ်ခြင်း၊ ခန္ဓာကိုယ်ရှိတစ်သျှူးများ မာကျောခြင်း၊ ရေယုန်နာပေါက်ခြင်း၊ AIDS ရောဂါဝေဒနာရှင်များသည် ထိုရောဂါများ ပြင်းထန်နေချိန်တွင် မျက်စိပါဝါစမ်းသပ်ပါက အဖြေမှန် မထွက်နိုင်ချေ။
အကောင်းဆုံးဖြည့်စွက်စာများ
သင့်တင့်မျှတသော အစာအာဟာရတို့ကို ရွေးချယ်စားသုံးခြင်းကလည်း သင့်မျက်စိအတွက် အိမ်တွင်းသမားတော်အဖြစ် အားထားနိုင်သည်။ မျက်စိအတွက် သင့်လျော်သည့်အစားအစာများကို ဖြည့်စွက်စာအဖြစ် စားသုံးပေးခြင်းဖြင့် မျက်စိသွေးလည်ပတ်မှုကို အထောက်အကူပြုကာ မျက်စိအားကောင်းစေပြီး ကြက်မျက်သင့်ရောဂါ၊ အတွင်းတိမ်နှင့် အသက်အရွယ်ကြီးရင့်၍ မျက်စိကွယ်ခြင်းတို့မှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။
- ဗီတာမင် A ကြွယ်ဝသော ငါးကြီးဆီ၊ ကြက်ဥ၊ တိရစ္ဆာန်အသည်း၊ ဘဲငန်းသား၊ မုန်လာဥနီ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ကညွတ်၊ ပဲပင်ပေါက်၊ ထောပတ်ပဲများ။
- လူတိန်းနှင့် ဇီအာဇန်သင်းဓာတ်ကြွယ်ဝသော ဟင်းနုနယ်၊ ကိုက်လန်၊ မုန်ညင်းထုပ်၊ မြင်းခွာရွက်၊ အစိမ်းရောင်ပဲသီးများ။
- ဗီတာမင် C ဓာတ်ကြွယ်ဝသော ပန်းငရုတ်ပွ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ သခွားမွှေး။
- ဘိုင်အိုဖလေဗိုနွိုက်ဓာတ်ကြွယ်ဝသော ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ချယ်ရီသီး၊ စပျစ်သီး၊ ဆီးသီး။
- ဗီတာမင် E ဓာတ်ကြွယ်ဝသော နေကြာစေ့၊ သစ်အယ်သီး၊ မြေပဲ၊ ထောပတ်သီး၊ မက်မွန်သီး၊ ဗာဒံစေ့။
- စီလီနီယမ်ဓာတ်ကြွယ်ဝသော ပုစွန်၊ ကဏန်း၊ ကင်းမွန်(ပြည်ကြီးငါး)၊ ရေဘဝဲ၊ ခုံးကောင်စသောပင်လယ်စာများ။
- Brazil nuts (ခေါ်) သုံးမြှောင့်ခွံမာသီးတစ်မျိုး၊ တဆေးဖြင့်အချဉ်ဖောက်ထားသော နို့ချဉ်၊ ဒိန်ချဉ်များ။
- ဇင့်ဓာတ်ပါသော ကမာကောင်(မုတ်ကောင်)၊ ဂျုံ၊ အစေ့အဆန်အမျိုးမျိုး။
အမြင်အာရုံချို့ယွင်းစေသော အစားအစာများ
- တညင်းသီး၊ မျှစ် သို့မဟုတ် မျှစ်ချဉ် စသည့် အကြောတက်စေသောအစားအစာများ။
- ဆားနှင့် သကြားကဲထားပြီး အာဟာရလုံးဝ မမြောက်သော သရေစာများ။
- တိရစ္ဆာန်နို့၊ ပဲနို့၊ ဟင်းရွက်ဆီတို့ကို ဟိုက်ဒရိုဂျင်ဓာတ်ဖြင့် ပြုပြင်ပြောင်းလဲထားသည့် မာဂျရင်း (ခေါ်) ထောပတ်တုများ။
- အာလူး သို့မဟုတ် ကန်စွန်းဥ သို့မဟုတ် ငှက်ပျောသီးတို့၏ မူလသဘာဝဓာတ်ပျောက်အောင် အကြွပ်ကြော်ထားသော ဆီကြော်အစားအစာများ။
အချုပ်ဆိုရသော် လူတော်တော်များများသည် အမြင်အာရုံဆုံးရှုံးမည်ကို ကြောက်ရွံ့ကြသော်လည်း ၎င်းတို့၏မျက်လုံးများကို ဂရုစိုက်ရန် မေ့နေတတ်ကြသည်။ မျက်စိကွယ်ခြင်းဖြစ်ပွားမှု အားလုံး၏ ၇၅ ရာခိုင်နှုန်းကို ကြိုတင်ကာကွယ်ခြင်း သို့မဟုတ် စနစ်တကျကုသမှု ခံယူခြင်းဖြင့် ရှောင်ရှားနိုင်သည်။
ထို့ကြောင့် မျက်လုံးကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် စမ်းသပ်စစ်ဆေးပါ။ မျက်စိစမ်းသပ်မှုတစ်ခုသည် ရေတိမ်ကဲ့သို့သော မျက်စိအခြေအနေ၏ အစောပိုင်းလက္ခဏာများကို အလွယ်တကူသိရှိနိုင်ပြီး ဆောလျင်စွာ ကုသနိုင်မည်ဖြစ်သည်။
ထို့ပြင် မျက်စိစစ်ဆေးခြင်းဖြင့် ဆီးချိုနှင့်သွေးတိုး အပါအဝင် တခြားသောကျန်းမာရေး အခြေအနေများကိုလည်း သိရှိနိုင်မည်ဖြစ်သည်။ မျက်စိကျန်းမာစေရန် မျက်စိအကျိုးပြု အစားအစာတို့ကို ကောင်းစွာစားသင့်ပြီး ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ကာ ပူပြင်းသော နေရောင်ခြည်အောက်သို့ မဖြစ်မနေ သွားရသည့်အခါ မျက်လုံးကို အကာအကွယ်ဖြစ်စေရန် အတွက် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တပ်ဆင်ရန် အကြံပြုရေးသား တိုက်တွန်းလိုက်ရပါသည်။

နေပြည်တော်တွင် နှစ်ပေါင်း ၂၀ နီးပါး တာဝန်ထမ်းဆောင်စဉ် အတွင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော မန္တလေးမြေငလျင်ကြီးသည် မိမိမွေးဖွားသည်မှ ယနေ့အသက် ၆၀ ကျော်ကာလအတွင်း ပထမဆုံးတွေ့ကြုံခဲ့ဖူးသော အပြင်းထန်ဆုံးသော သဘာဝဘေးငလျင်ဖြစ်သည်။

ငလျင်လှုပ်သည့်နေ့ မတ်လ ၂၈ ရက်တွင် ဌာနအကြီးအကဲများက ချက်ချင်းပင် မိမိဌာနဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု၊ ဝန်ထမ်းလိုင်းခန်းများ အပါအဝင် ရုံးအဆောက်အအုံ ပျက်စီးမှုများကို လိုက်လံစစ်ဆေးကြည့်ရှုကြရာ မိမိကိုင်တွယ်ရသော ဌာနခွဲမှာ မြန်မာ့အားကစားအမွေအနှစ်များ (ရုပ်တုများ၊ ဆုဖလားများ၊ ဆုတံဆိပ်မှတ်တမ်းများ၊ သမိုင်းဝင်ဓာတ်ပုံများ)ကို အများပြည်သူကြည့်ရှု လေ့လာနိုင်ရန် ပြခန်းများလည်းပါဝင်၍ လာရောက်စစ်ဆေးသူ အကြီးအကဲများက အဆိုပါ အားကစားအမွေအနှစ်ပစ္စည်းများအတွက် စိုးရိမ်ကာ ပြခန်းများအတွက် ညဂျူတီချရန် ညွှန်ကြားခဲ့ကြသည်။
မိမိအပါအဝင် ဝန်ထမ်းများ အိမ်ရာရွှေ့ပြောင်းရေးကိစ္စ ညှိနှိုင်းအစည်းအဝေး ကျင်းပအပြီးမှာ ကျွန်တော်လည်းပဲ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းအတွင်း နေအိမ်ခန်းတစ်ခန်း ရရှိခဲ့၍ နေထိုင်ရေး အဆင်ပြေခဲ့သည်။ အားကစားဌာန ဝန်ထမ်းဖြစ်ရတာကို ယခုအချိန်တွင် ဂုဏ်ယူမိသည်။ ကျေးဇူးတင်ထိုက်သူအပေါင်းကို ကျေးဇူးတင်မိသည်။ အဆိုပါအားကစားလေ့ကျင့်ရေးစခန်းတွင်ပင် စခန်းဝင် အားကစား သမားများသည်လည်း ထိုအတောအတွင်း အဆောင်ရှေ့များ၌ ထွက်အိပ်ကြသည်ကို တွေ့ရသည်။
လျှပ်စစ်မီးနှင့် ရေကလည်းမလာ၍ အားလုံးစိတ်ညစ်နေကြသည်။ အဆိုပါပြဿနာများကို ပြည်ထောင်စုဝန်ကြီး ဦးစီး၍ ဒုတိယဝန်ကြီးများ အပါအဝင် ဌာနအကြီးအကဲများ စုပေါင်းတိုင်ပင် ညှိနှိုင်းကာ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုများ၊ အားကစားသမားများ၊ နည်းပြများအားလုံး၏ နေထိုင်ရေး၊ စားသောက်ရေးအတွက် ထမင်းဘူးများဖြန့်ဝေပေးခြင်း၊ ရေကားများနှင့် ရေဖြန့်ဝေပေးခြင်း၊ သောက်ရေသန့် အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းတို့ကို စီစဉ်ပေးနိုင်ခဲ့သည်မှာ ကျေးဇူးတင် ဝမ်းသာစရာဖြစ်ခဲ့သည်။ တစ်ပတ်ခန့်အကြာမှာပင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်။
ရေကတော့ ငလျင်လှုပ်မှုကြောင့် မြေအောက်ရေပိုက်လိုင်းများ ကွဲခြင်း၊ ပြတ်တောက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့၍ သက်ဆိုင်ရာဌာနများက အချိန်ယူပြီး ပင်ပင်ပန်းပန်း ဆောင်ရွက်ပေးကြသဖြင့် ကျေးဇူးတင်ထိုက်သူများတွင် သူတို့လည်းပါဝင်ကြသည်။ အဆိုပါကာလအတွင်း အရေးပေါ်လုပ်ငန်း ဆောင်တာများတွင် အားကစားနည်းပြကြီးများ၊ အားကစားသမားများက အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်ကြသည်ကို တွေ့ရ၍ လွန်စွာကျေးဇူးတင်မိသည်။ ရန်ကုန်တိုင်းဒေသကြီး အားကစားထောက်အကူပြုအဖွဲ့မှ မိမိတို့ဝန်ကြီးဌာနသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်အပါအဝင် လက်နှိပ်ဓာတ်မီးကအစ ဦးဦးဖျားဖျား တကူးတက လာရောက်လှူဒါန်းသွားသည်မှာ ကျေးဇူးတင်အမှတ်တရဖြစ်စေခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌကြီးများအပါအဝင် ရပ်ဝေးဒေသ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အားကစား မိသားစုများကလည်း လာရောက်လှူဒါန်းကြ၍ အလှူရှင်များနှင့် ဌာနအကြီးအကဲများကို များစွာကျေးဇူးတင်မိသည်။ ဌာနခွဲအသီးသီးရှိ ရုံးများမှာလည်း လတ်တလောအခြေအနေအရ ပြောင်းရွှေ့ရ၍ စားပွဲခုံ၊ ဗီရို၊ မိတ္တူကူးစက်များ၊ ကွန်ပျူတာများ၊ ဆက်တီများ၊ အနှစ်နှစ်အလလက ရုံးစာဖိုင်များကို ရွှေ့ပြောင်းသယ်ယူရာမှာလည်း အမှန်တကယ် မိမိအပါအဝင် အမျိုးသားဝန်ထမ်းများက ပိုမိုပင်ပန်းကြရသည်။ နောက်ပိုင်းတွင် ဌာနအကြီးအကဲများ၏ ညှိနှိုင်းစီစဉ်ပေးမှုဖြင့် တပ်မတော်သားများ အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လေးလံသော အားကစားဆိုင်ရာ ပစ္စည်းများကို ဝိုင်းဝန်းကူညီ သယ်ပိုးပေးမှုကြောင့်လည်း တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအပါအဝင် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသော အကြီးအကဲများကို အထူးလေးစားကြည်ညိုမိသည်။
မိမိသည်လည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အားလျော်စွာ မိမိဝန်ကြီးဌာန၏ တာဝန်ကြီးတစ်ရပ်ဖြစ်သော လာမည့်ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အဆင့်မီမီပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင် ဆောင်ရွက်နေမှု အရှိန်အဟုန်များ လျော့ပါးသွားမည်ကို စိုးရိမ်ပူပန်မိသည်။
ရေအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲအပါအဝင် လေ့ကျင့်ရန်နေရာများနှင့် စားသုံးသည့် အစားအစာများမှ ရသင့်ရထိုက်သော အာဟာရတန်ဖိုး ကယ်လိုရီများ လျော့နည်းသွားမည်ကိုပင် စိုးရိမ်မိသည်။ ဆုတံဆိပ်များ ရရှိရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိပြီး လေ့ကျင့်မှုအရှိန်အဟုန် ပျက်မည်ကို စိုးရိမ်ပူပန်လျက်ရှိစဉ် ထိုအပူသောကကို ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နာယကဂုဏ် ခြောက်ပါးနှင့်လျော်ညီစွာ စီမံခန့်ခွဲကာ ဖြေရှင်းပေးနေသည်ကို တွေ့မြင်ရသည်။
၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် လက်ရွေးစင်အားကစားသမားများ၊ တိုင်းဒေသကြီး /ပြည်နယ်ပြိုင်ပွဲများမှ အလားအလာရှိသော လူငယ်လက်ရွေးစင်များကို အားကစားလေ့ကျင့်ရေးစခန်း (နေပြည်တော်)တွင် စခန်းသွင်းလေ့ကျင့်စေရေး စီမံဆောင်ရွက် ထားသည်။ အဆိုပါ အားကစားသမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်အောင် စီမံဆောင်ရွက်ပေးထားသည်။ ငလျင်လှုပ်ချိန်ကာလအတွင်း နေပြည်တော်ရှိ ဝန်ထမ်းများ အပါအဝင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားသမားများ ငလျင်ဒဏ်ကို အသီးသီးကိုယ်တွေ့ ခံစားခဲ့ကြရသည်။ အဆိုပါအချိန်အတွင်း အားကစားသမားများ၏ လေ့ကျင့်မှု အရှိန်အဟုန် မလျော့ပါးစေရေးအတွက် ဌာနအကြီးအကဲများက စီမံထားသည်။ နေပြည်တော်အတွင်း လျှပ်စစ်မီးနှင့် ရေအခက်အခဲရှိနေစဉ် အားကစားအဖွဲ့၏ စွမ်းဆောင်ရည်ကျဆင်းမှု မရှိစေရေးကို ပြည်ထောင်စုဝန်ကြီးက လိုက်လံစစ်ဆေးကာ လိုအပ်ချက်များကို ဖြည့်စွက်ပေးသည်။ ငလျင်လှုပ်ပြီး တစ်ပတ်ခန့်အကြာတွင် ရန်ကုန်မြို့ရှိ အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်းများကို စနစ်တကျ ပြင်ဆင်ခဲ့သည်။ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လေ့ကျင့်သည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်စနူကာ၊ ပန်ကြပ်စီလပ်၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘော်လီဘောအားကစားနည်း စသည်တို့ဖြစ်သည်။ ဘတ်စကက်ဘော၊ သေနတ်ပစ်၊ လှေလှော်အပါအဝင် ကရာတေး အားကစားနည်းတို့မှာမူလကတည်းက ရန်ကုန်တွင် လေ့ကျင့်လျက်ရှိသည်။
လာမည့် (၃၃) ကြိမ်မြောက် SEA Games တွင် အိမ်ရှင်ထိုင်းက အားကစားနည်း ၅၀ နည်း ထည့်သွင်းကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ မြန်မာအားကစားအဖွဲ့ကလည်း အားကစားနည်းအမျိုးအစား ၃၀ ခန့်တွင် အရည်အချင်းမီမီဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာခံကာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး မိမိဌာနအကြီးအကဲများက ဖြစ်နိုင်သမျှဆောင်ရွက်ပေးနေပြီး ကျရာတာဝန်အပေါ် စေတနာထပ်ဆောင်း ဝီရိယလောင်းရင်း တာဝန်ကျေပွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း မိမိအနေဖြင့် သိမြင်မိသည်။ လက်ရွေးစင်အားကစားသမားများကလည်း“ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်”ဆိုသည့်အတိုင်း မြန်မာဟူသော ငါ့လူမျိုး၊ ငါ့နိုင်ငံအတွက် တိုင်းတစ်ပါးမြေတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့အလံကို တိုင်ထိပ် ရောက်အောင် လွှင့်ထူဖို့ ငါတို့သွေး၊ ငါတို့ချွေး၊ ငါတို့ရဲ့အားမာန်ဖြင့် ပြိုင်ပွဲတွင် ဖြစ်နိုင်သမျှ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အချိန်အထိ ကြိုးစားယှဉ်ပြိုင်အနိုင်ယူမည်ဟူသောအောင်နိုင်စိတ်ဖြင့် ပြင်ဆင် လေ့ကျင့်လျက်ရှိသည်။
အားကစားသမားများ အားကစားနည်းအလိုက် ကယ်လိုရီနှင့်ကိုက်ညီအောင် အတတ်နိုင်ဆုံး ကျွေးမွေးရေး၊ တားမြစ်ဆေးဝါးများ သုံးစွဲမှုကင်းရှင်းနိုင်ရေးအတွက် အားကစားဆေးဘက်ဆိုင်ရာ ဌာနခွဲအပါအဝင် မြန်မာနိုင်ငံတားမြစ်ဆေးဝါး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့အစည်း (MADO)ကလည်း အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပေးခြင်းများ၊ စားရိပ်သာအပါအဝင် အားကစားပရိဝုဏ်အတွင်း အသိပညာပေးဆောင်ပုဒ်များ ချိတ်ဆွဲခြင်းတို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်။ နိုင်ငံတော်ကလည်း လက်ရွေးစင် အားကစားသမားများအတွက် စားစရိတ်ကို ယခင်ထက် ပိုမိုတိုးမြှင့်ခွင့်ပြုပေးသည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးသော ဆက်စပ်ဝန်ကြီးဌာနများနှင့် နိုင်ငံတော်အကြီးအကဲကို အထူးကျေးဇူးတင် လေးစားမိသည်။
ငလျင်လှုပ်ခတ်ပြီး မရှေးမနှောင်း ကာလအတွင်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အကြောင်း ယခုဆောင်းပါးတွင် ထည့်သွင်းဖော်ပြလိုသည်။ မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲ့ချုပ်မှာ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင် ရက်ရှည်စခန်းသွင်း လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ ငလျင်လှုပ်
ပြီးချိန်တွင်လည်း လေ့ကျင့်မှုမပျက်စေရေး အာရုံစိုက်လုပ်ဆောင်ဆဲပင်ဖြစ်သည်။ မျိုးဆက်သစ် ဂျူနီယာတန်းတွင် အသက် ၁၀ နှစ်အောက် လေးဦး၊ အသက် ၁၂ နှစ်အောက် နှစ်ဦး၊ အသက် ၁၈ နှစ်အောက်တစ်ဦး၊ စီနီယာတန်းတွင် Youth Camp မှတစ်ဦး၊ ပဏာမ လက်ရွေးစင် လေးဦးအပါအဝင် စုစုပေါင်း ၁၂ ဦးပါအသင်းက မလေးရှားနိုင်ငံတွင် ဧပြီလ ၁၁ ရက် မှ ၁၃ ရက်အထိကျင်းပသော PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ (၅)ဆု၊ ငွေ (၄)ဆု၊ ကြေး (၃)ဆုဖြင့် ပြိုင်ပွဲဝင် အားကစားသမား ၁၂ ဦးလုံး ဆုအသီးသီး ဆွတ်ခူးခဲ့ကြသည်ကို အဖွဲ့ချုပ်အတွက်၊ ဝန်ကြီးဌာနအတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ဖြစ်ခဲ့သည်။
တိုးတက်အောင်မြင်မှုတိုင်းသည် ရေရှည်စဉ်ဆက်မပြတ်ဖြစ်ရန် Sustainable Development လိုအပ်သည်။ Sustainable Development နှင့်ပတ်သက်၍ ဂျူဒိုအားကစားအဖွဲ့ချုပ်၏ ဆောင်ရွက်ချက်ကို ဥပမာပေး၍ ဖော်ပြလိုသည်။ ဆောင်းပါးရှင် အထက်မှာဖော်ပြခဲ့ပြီးသော မလေးရှားနိုင်ငံ ပီနန်းမြို့သို့ သွားရောက်ယှဉ်ပြိုင်သည့် မြန်မာဂျူဒိုအားကစားအဖွဲ့ ပြည်ပသို့မထွက်ခွာမီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၏ ဩဝါဒခံယူသည့်နေ့တွင် အသင်းနည်းပြအား ဝန်ကြီးက “ယခုပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ဖို့ မည်သို့ပြင်ဆင် လေ့ကျင့်ပေးထားပါသလဲ” ဟု မေးမြန်းရာတွင် နည်းပြက“အထူးသီးသန့်တော့ ပြင်ဆင်လေ့ကျင့်ပေးထားခြင်း မရှိပါ။
လပေါင်းများစွာ ရေရှည်စခန်းဝင် ပုံမှန်လေ့ကျင့်ပေးထားပြီးသား ဖြစ်၍ အားကစားသမားများအားလုံး မိမိတို့လေ့ကျင့်ပေးထားသည့်အတိုင်း သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း” ဖြေကြားခဲ့သည်မှာ အမှတ်ရဖွယ်ဖြစ်ခဲ့ပြီး ပြိုင်ပွဲမှပြန်ရောက်လာချိန် ပြိုင်ပွဲဝင် ၁၂ ဦးလုံး ရွှေတံဆိပ်အပါအဝင် ဆုအသီးသီး ဆွတ်ခူးပေးနိုင်သည်မှာ Sustainable Training ၏ အကျိုးဆက်ဆိုသည်မှာ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ သိသာထင်ရှားပေသည်။ မြန်မာဂျူဒိုအသင်းအတွက် နည်းပြတာဝန်ထမ်းဆောင်နေသည့် ဂျပန်နည်းပြ Yamato Hiranuma ကလည်း စေတနာ၊ ဝါသနာအပြည့်ဖြင့် မြန်မာအသင်းကို ကိုင်တွယ်ပေးနေသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံသြဝါဒခံယူသောနေ့တွင် မြန်မာလိုနှုတ်ဆက် တင်ပြသွားသည်မှာ လေးစားစရာ အမူအရာအသွင်အပြင်ကို တွေ့ရသည်။
မြန်မာအသင်းကို ကိုင်တွယ်နေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်နေသော ဂျူဒိုမြက်ဖျာများရရှိရေး အပါအဝင် ဂျူဒိုမျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် Judo in School အစီအစဉ်ကို တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး မြန်မာဂျူဒိုအသင်းအောင်မြင်မှု ရရှိနေသည်မှာလည်း သူ့ကျေးဇူးမကင်း၍ ဂျူဒိုအားကစားဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အထောက်အပံ့ဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်မိသည်။
ယခု မေလ ၈ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ၊ အကောင်းဆုံးအုပ်ချုပ်သူနှင့် နည်းပြဆုများ၊ စွမ်းဆောင်ရည်အကောင်းဆုံး အားကစားအဖွဲ့ချုပ်ကို ဆုရွေးချယ်ပေးအပ်ရာတွင် ဆုချီးမြှင့်ခံရသူ အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူတို့သည် အားကစားလောကတွင် နှစ်ပေါင်းများစွာ တစိုက်မတ်မတ် အားကစားကို ကိုယ်ရောစိတ်ပါ ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသူများဖြစ်ကြ၍ ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကို စွမ်းဆောင်ရည် အကောင်းဆုံးအဖွဲ့ချုပ်ဆုပေးအပ်ခဲ့သည်မှာ Sustainable Development ဖြစ်အောင် ဆောင်ရွက်နိုင်မှုကြောင့်ဟု ချီးမွမ်းလိုသည်။ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယခုလို Sustainable Development ဖြစ်အောင် စွမ်းဆောင်နိုင်သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့မှာ ဆုတံဆိပ်များမလွတ်တမ်း ဆွတ်ခူးနိုင်မည်ဟု ယုံကြည်မျှော်လင့်မိသည်။
အလားတူ မြန်မာပြေးခုန်ပစ် အားကစားအဖွဲ့သည်လည်း ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်မှ ၂၅ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲသို့ အားကစားသမားလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်လေးဆု ဆွတ်ခူးရရှိခဲ့သည်မှာလည်း အိုလံပစ်အားကစားနည်း တစ်ခုဖြစ်သော ရွှေ၊ ငွေ၊ ကြေး အရေအတွက် ၄၀ ကျော်စီ ချီးမြှင့်လေ့ရှိသော ကျွန်းဆွယ်ပွဲ (ယခုအခေါ် “အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ”)တွင် မြန်မာတို့ ဝင်ရောက်ယှဉ်ပြိုင်သော အားကစားနည်းများအနက် ရွှေ၊ ငွေ၊ ကြေး ဆုအရေအတွက် အများဆုံး ဆွတ်ခူးခဲ့ဖူးသော မြန်မာတို့ ယခုအချိန်ထိ လက်လှမ်းကွာနေသေးသော ပြေးခုန်ပစ်အားကစားနည်းသည် လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မျှော်လင့်ခြင်းရောင်ခြည်များ ထင်ရှားစွာပေးတော့မည့် အနေအထားပင်ဖြစ်သည်။
ထို့ကြောင့် အားကစားလောက တိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်များ (Human Resourses) အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ၊ နည်းစနစ်ကျွမ်းကျင်သူ၊ နည်းစနစ်ညွှန်ကြားရေးမှူး(Technical Director)၊ နိုင်ငံတကာဒိုင်များဖြင့် စနစ်တကျဖွဲ့စည်းထားကာ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အားကစားအဖွဲ့ချုပ်များ ရှိဖို့လိုသလို ငွေကြေးအပါအဝင် လိုအပ်သည်များ ပံ့ပိုးသူ စပွန်ဆာများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်အစိုးရ၏ ဝိုင်းဝန်းပံ့ပိုး အားပေးမှုများကလည်း ခွန်အားတစ်ရပ်ပင်ဖြစ်သည်။
ထို့ပြင် လူငယ်လူရွယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားပြီး အားပေး ဆောင်ရွက်လာစေရေးနှင့် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်ရေးတို့အတွက် နိုင်ငံတကာအိုလံပစ် ကော်မတီ၊ အာရှအိုလံပစ်ကောင်စီတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော နိုင်ငံများသို့ ပူးတွဲလေ့ကျင့်ရန်(Joint-Training) စေလွှတ်ခြင်းအပါအဝင် ပြိုင်ပွဲအတွေ့အကြုံ ရရှိရေးအတွက် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများသို့ စေလွှတ်ခြင်း၊ နည်းပြသင်တန်း ဒိုင်သင်တန်းများသို့ စေလွှတ်ခြင်း၊ အလျဉ်းသင့်သလို မြန်မာနိုင်ငံ၌လည်း ပြည်ပအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း၊ အားကစားနည်းအလိုက် လုပ်ငန်းအထောက်အကူပြု Seminar၊ Workshop များ ကျင်းပခြင်းတို့ကို အားကြိုးမာန်တက် ဆောင်ရွက်ကြရမည်ဖြစ်သည်။
တစ်ဆက်တည်းပင် အာရှနိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံ Tohoku မြို့တွင် ၂၀၁၁ ခုနှစ် မတ်လ ၃ ရက်က ပြင်းအား ၉ ဒသမ ၁ ရစ်ချ်တာစကေးရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော်လည်း အားကစားသမိုင်းတွင် အောင်မြင်ခဲ့သည့် အကြောင်းကို ဆက်စပ်ဖော်ပြလိုသည်။ အဆိုပါ ငလျင်ဘေးဒဏ်ခံခဲ့ရာတွင် အစိုးရအရာရှိအကြီးအကဲများ ကိုယ်တိုင် သေပျောက်မှုတွင်ပါဝင်ကြောင်း၊ မြေငလျင်ဘေး နောက်ဆက်တွဲအဖြစ် ဆူနာမီမုန်တိုင်းကြောင့် ပင်လယ်ဒီရေကြီးမြင့်မှုဒဏ်ကိုပါ နောက်ဆက်တွဲခံခဲ့ရ၍ Fukushima Power Plant စက်ရုံနှစ်ခု ပေါက်ကွဲမှုပါဖြစ်ပွားခဲ့ကြောင်း၊ Toyota မော်တော်ကားကုမ္ပဏီများ ထုတ်လုပ်မှုလျှော့ချခဲ့ရကြောင်း၊ လူပေါင်း ၁၅၈၉၄ ဦး သေဆုံးကာ ဒဏ်ရာရသူ ၆၁၅၂ ဦးရှိပြီး ၂၅၆၂ ဦး ပျောက်ဆုံးခဲ့ကြောင်း၊ ဒုက္ခသည်ပြည်သူ ၂၅၀၀၀၀ ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးရာတွင် မြို့ရှိ အကြီးအကဲများမရှိသဖြင့် ဒေသခံပြည်သူတို့မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ၎င်းတို့အစီအစဉ်နှင့် လုပ်ရကြောင်း၊ သီးနှံများပျက်စီးသည့်အပြင် National Eco System များ ပျက်စီးခဲ့ရကြောင်းသိရသည်။
ငလျင်ဘေးဒဏ်ခံရသည့် ၂၀၁၁ ခုနှစ်အတွင်းကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် စခန်းဝင် လေ့ကျင့်နေသည့် ဘောလုံးအားကစားသမားများ၏ မိသားစုဝင်များပင်လျှင် အဆိုပါ သဘာဝငလျင်ဘေးဒဏ်ကို ခံစားရသည့်အပြင် လေ့ကျင့်ရေးစခန်းများ Training Camps ပျက်စီးမှုကြောင့် ပုံမှန်လေ့ကျင့်ခွင့်ပင်မရခဲ့ကြ။ ထိုသို့သော အခက်အခဲများကြားမှပင် ၂၀၁၁ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂျပန်အမျိုးသမီး လက်ရွေးစင်အသင်းက နောက်ဆုံးဗိုလ်လုပွဲ၌ အမေရိကန်အသင်းကိုနိုင်ပြီး ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကျင်းပသည့် အချိန်မှသည် ၂၀၁၁ ခုနှစ်အထိ အာရှနိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ခြေစစ်ပွဲအောင်သော အမျိုးသားဘောလုံးအသင်းများနှင့် အမျိုးသမီးဘောလုံးအသင်းများအနက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်သည့်အသင်းမှာ ဂျပန်အမျိုးသမီးဘောလုံးအသင်း တစ်သင်းသာရှိသည်မှာ အာရှနိုင်ငံများအတွက် ဂုဏ်ယူဖွယ်ဖြစ်ပေသည်။
ထို့ကြောင့် မိမိတို့နိုင်ငံနှင့်နှိုင်းယှဉ်လျှင် များစွာဆိုးဝါးသည့်ငလျင်နှင့် ဆူနာမီရေဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရသော ဂျပန်လက်ရွေးစင်အမျိုးသမီး ဘောလုံးကစားသမားများကို စံအတုယူလျက် မြန်မာ့ လက်ရွေးစင် အားကစားသမားများသည်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီး၏ နောက်ဆက်တွဲဘေးဒုက္ခများကြောင့် မိမိတို့ကိုယ်စီ လေ့ကျင့်ထားသော စွမ်းရည်ကို မဆုတ်ယုတ်စေဘဲ အခက်အခဲမှန်သမျှကို ကျော်လွှား Overcome လုပ်နိုင်ကာ ပြိုင်ပွဲတိုင်းတွင် မိမိရှိရင်းစွမ်းဆောင်မှုထက် အဆပေါင်းများစွာ ဖော်ထုတ်ယှဉ်ပြိုင်နိုင်ကြပါစေကြောင်း၊ လျင်မြန်သွက်လက်လျက် ကျောက်နံရံလို မာကျောသောစိတ်ဓာတ် ခံနိုင်ရည်အပြည့်ဖြင့် ထွန်းပြောင်ခဲ့သည့် မြန်မာ့သမိုင်းရာဇဝင် အစဉ်အလာရှိခဲ့ဖူးသည်များကို အမှတ်ရလျက် မြန်မာ့သမိုင်းအစဉ်အလာမပျက် ထိုင်းနိုင်ငံမြေတွင် မြန်မာအလံကို တိုင်ထိပ်အရောက် အကြိမ်ကြိမ်အလီလီ လွှင့်ထူနိုင်သော အားကစားသူရဲကောင်းများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နိုင်ငံချစ်သူနိုင်ငံသား ဝန်ထမ်းတစ်ယောက်အနေနှင့် ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။

“အခုချီးမြှင့်ခံရတဲ့ ဆုတံဆိပ်တွေရချင်လို့ တိုက်ခဲ့တာမဟုတ်ဘူး၊ ခုလို ရမယ်မှန်းလည်း မသိပါဘူး၊ ငါတို့ မြန်မာပြည်လွတ်လပ်ဖို့ အတွက်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ တိုက်ခဲ့ တာ၊ ငါတို့ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ အခက်အခဲ ငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲ” ဆိုတဲ့ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယ အဆင့် တပ်ကြပ်ဘချော(ငြိမ်း)ရဲ့ ပြော စကား မှတ်သားနားထောင်ခဲ့ရပါသည်။

အသက် ၉၈ နှစ်အရွယ်သို့ ရောက်ရှိနေ သည့်တိုင် အားမာန်အပြည့်ဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက်၍ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့မှုကို ပြန်လည် အမှတ်ရပြောပြခြင်းဖြစ်သည်။ အသက် အရွယ်ကြီးရင့်သော်လည်း နိုင်ငံအပေါ်ထားရှိသော စိတ်ထားမှာ နုပျိုလတ်ဆတ် ဆဲ၊ သန်မာနေဆဲ၊ မျိုးချစ်စိတ်အပြည့်ရှိနေ ဆဲဖြစ်ကြောင်း သူ့စကားများက သက်သေ ထူနေသည်။ ဂျပန်ခေတ်တော်လှန်ရေးများ တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက် ခဲ့မှုများကို အားပါးတရ စိတ်အားထက်သန်စွာ လက်သီးလက်မောင်းတန်းကာ ပြန် ပြောပြသည်။ နောင်လာနောက်သားများ အတွက် အတုယူမှတ်သားထိုက်သော လွတ်လပ်ရေးမော်ကွန်းဝင်တစ်ဦး၏ အမှာ စကားလည်းဖြစ်သည်။
နှစ်(၈၀)ပြည့်တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ကြမည့် အငြိမ်းစား တပ်မတော်အရာရှိကြီး များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဂါရဝပြုကြသည်။ ဤသည်မှာ တပ်မတော်၏ ကောင်းသော အစဉ်အလာဖြစ်သည်။ တပ်မတော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေကြသူများသည် တပ်မတော်တာဝန်များကို လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်နေသူ များဖြစ်သည်။ တပ်မတော်အငြိမ်းစားအရာရှိများ သည် ယင်းတို့၏မိဘဆရာသမားများ ဖြစ်သည်။ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ အထက်အောက် ရိုသေလေးစားမှုဖြင့် ဂါရဝပြုကန်တော့ခြင်းသည် တပ်မတော်၏ကောင်းမြတ်သည့်အစဉ်အလာကောင်းတစ်ခုပင်ဖြစ်သည်။ နှစ်(၈၀)ပြည့် တပ်မတော်နေ့ တွင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုဂါရဝပြုသည့်နည်းတူ လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ် များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့ ၏သုံးကြိမ်တိုင်တိုင် မတရားကျူးကျော် သိမ်းပိုက်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး သူ့ကျွန်ဘဝဖြင့်နှစ်ပေါင်း (၁၂၃) နှစ်တိုင် နေထိုင်ခဲ့ရသည်။ နယ်ချဲ့တို့၏ ကုပ်သွေးစုပ် အမြတ်ထုတ်မှုကိုခံခဲ့ရသကဲ့သို့ ဖက်ဆစ် ဂျပန်တို့၏ အနိုင်ကျင့်နှိပ်စက်မှုကို လည်း ကြုံတွေ့ခံစားခဲ့ရသည်။ကျွန်ဘဝမှလွတ်မြောက်၍ လွတ်လပ်ရေးရရှိနိုင်ရေး နှစ်ပေါင်းများစွာ တွန်းလှန် တိုက်ခိုက်ခဲ့ကြရသည်။ ထိုခေတ် ထိုကာလက မျိုးချစ်နိုင်ငံ့သားကောင်းများသည် မြန်မာနိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် သူ့ကျွန်ဘဝ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပေးရန် တာဝန်ရှိသည် ကိုခံယူ၍ ကိုယ်ပိုင်အသိစိတ်ဓာတ်ရှိစွာဖြင့် လွတ်လပ်ရေးတိုက်ပွဲကိုဝင်ခဲ့ကြသည်။ အသက်သွေးချွေး ပေါင်းများစွာ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြ၍သာ ယနေ့ကဲ့သို့ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကို တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သူ့ကျွန်ဘဝ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ မျိုးချစ်လူငယ်များ၏ စိတ်ထဲတွင်အဆိုပါ ငါတို့ခေတ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲ ငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲဟူသည်ကို စွဲမှတ်ခံယူ၍ နိုင်ငံချစ် စိတ်မျိုးချစ်စိတ်ဓာတ်များဖြင့် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်သည်။ လွတ်လပ်ရေး သည် ပထမ၊ လွတ်လပ်ရေး သည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ ဟူသော ဦးတည်ချက်ထားကာ မမှိတ်မသုန်ကြိုးပမ်းခဲ့ကြခြင်းကြောင့်သာလျှင်မြန်မာနိုင်ငံ၏ အနာဂတ်လွတ်လပ်ရေး အလင်းရောင် သန်းခဲ့ရခြင်းဖြစ်သည်။
လွတ်လပ်ရေးရပြီးစကာလတွင် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့် ပြည်ပကျူးကျော်မှုအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ အင်းစိန်အထိ သူပုန်များသိမ်းပိုက်ထားပြီး ရန်ကုန်အစိုးရဟုဆိုရလောက်သည်အထိ အစိုးရ၏အချုပ်အခြာအာဏာသည်ရန်ကုန်မြို့ကွက်ကွက်ကလေးအပေါ်၌သာ သက်ရောက်မှုရှိတော့သည့် အခြေအနေမျိုးအထိဖြစ်ခဲ့ရသည်။ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားလက်လှမ်းမမီသည့် မြို့ရွာများ၌ သောင်းကျန်းသူများကြီးစိုးပြီး တရားဥပဒေကင်းမဲ့ကာ ပြည်သူအများ အတိဒုက္ခရောက်စွာဖြင့် ကျီးလန့်စာစားဘဝဖြင့်နေထိုင်ခဲ့ကြရသည်။ ထိုအခြေအနေမှနိုင်ငံတစ်ဝန်း အစိုးရ၏ အချုပ်အခြာအာဏာပြန်လည် တည်ဆောက်နိုင်စေရေးတည်ငြိမ်အေးချမ်းမှုကို လိုလားသော နိုင်ငံသားများ၏ တာဝန်သိသိပူးပေါင်းပါဝင်မှုဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ပြည်တွင်းရေးမငြိမ်မသက်မှုကို အခွင့်ကောင်းယူ၍ သံလွင်မြစ်အရှေ့ဘက်ခြမ်းအထိ ကျူးကျော်သိမ်းပိုက်လာသည့် တရုတ်ဖြူကူမင်တန်များကိုလည်း နိုင်ငံသားများ၏စုပေါင်းအားဖြင့် အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်။
ဤကဲ့သို့ မြန်မာနိုင်ငံ၌ အခက်အခဲအကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့ရချိန်များတွင် ထိုခေတ်ထိုကာလက မြန်မာနိုင်ငံသားများက ငါတို့ခေတ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲ ငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲ ဟူသည့်စိတ်ထားကိုစွဲမှတ်ခံယူ၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်လာသော မဲလိမ်မဲခိုးမဲမသမာမှုများကို NLD ပါတီအစိုးရက တရားဥပဒေနှင့်အညီ ဖြေရှင်းမပေးဘဲ တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကိုအတင်းအဓမ္မရယူရန်ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ထို့ကြောင့်ယာယီသမ္မတက ဥပဒေနှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ရခြင်းဖြစ်သည်။ နိုင်ငံတော်၏ အရေးပေါ်အခြေအနေအရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို ဖွဲ့စည်းပြီးနိုင်ငံတော်တာဝန်ကို ခေတ္တထိန်းသိမ်းရယူ ဆောင်ရွက်နေရသည့်အခြေအနေဖြစ်သည်။
မဲလိမ်မဲခိုးမှုကြောင့် နိုင်ငံတော်အာဏာလက်လွှတ်လိုက်ရသော NLD ပါတီမှ ပုဂ္ဂိုလ်အချို့သည် အကြမ်းဖက် CRPH၊ NUG နှင့် PDF အဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး မစားရသည့်အမဲ သဲနှင့်ပက်သည့်နှယ် နိုင်ငံအတွင်း အကြမ်းဖက်အဖျက်လုပ်ရပ်များဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်နေကြသည်။ နိုင်ငံတစ်ဝန်းအကြမ်းဖက်မှုများလုပ်ဆောင်၍ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများလုံခြုံရေးနှင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
နိုင်ငံတော်၏အခြေခံအဆောက်အဦများ၊ လမ်းတံတားများကိုပျက်စီးအောင်ဖျက်ဆီး၍ ကုန်စည်စီးဆင်းမှုများ ရပ်တန့်အောင် လုပ်ဆောင်ကာ နိုင်ငံတော်ကိုအဘက်ဘက်မှ အခက်အခဲတွေ့အောင်လုပ်ဆောင်နေသောအခြေအနေဖြစ်သည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်းအဆိုပါအကြမ်းဖက်မှုများကို ကူညီပေးခဲ့ကြပြီး နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်အောင် တိုးမြှင့်လုပ်ဆောင်၍ပွဲလန့်တုန်းဖျာခင်းကာ နယ်မြေများ သိမ်းပိုက်နိုင်ရေး လုပ်ဆောင်နေကြသည်။ မြို့ရွာများကို အဓမ္မသိမ်းပိုက်ပြီး ပြည်သူများကိုလက်နက်ဖြင့်ခြိမ်းခြောက်ကာစစ်ဘုရင်ဝါဒကိုဖော်ဆောင်နေကြသည်။
အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်ပါက နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာသည့်ကာလများတွင် မြန်မာနိုင်ငံသည် အခြေတကျနှင့် အနေလှခဲ့သည်။ နိုင်ငံတော် ကာကွယ်ရေးအင်အား မတောင့်တင်းခဲ့သည့်အခါ နိုင်ငံ၏ပုံရိပ်သည် မလှမပရှိခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးပါ ဆုံးရှုံးသွားခဲ့ရသည်။ နိုင်ငံ၏လွတ်လပ်ရေး ပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ရာတွင်လည်း တပ်မတော်တစ်ရပ်အဖြစ်ပေါ်ထွန်းလာမှသာ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင်ပါဝင်ခဲ့ကြသူများသည် နိုင်ငံ့လွတ်လပ် ရေးရရှိရေးအတွက် အရိုးကြေကြေအရေခန်းခန်း စိတ်ဓာတ်ခိုင်မာစွာဖြင့် တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံ့လွတ်လပ်ရေး ရရှိရေးအတွက် မိမိလုပ်ငန်းဆောင်တာများကို ပစ်ပယ်ကာ ငါမှမလုပ်ရင် ဘယ်သူလုပ်မလဲစိတ်ဓာတ်ဖြင့် တပ်မတော်သို့ သူ့ထက်ငါ ဝင်ရောက်ခဲ့ကြသည်။ စိတ်ဓာတ်က ပြင်းထန်သည်။ အမိနိုင်ငံလွတ်လပ်ရေးရရှိရေးသည် အဓိကဖြစ်သည်ဟူသော တူညီသောတာဝန်တစ်ခုကို လူငယ်အားလုံး မည်သူကမျှမပေးအပ်ပါဘဲ ညီညွတ်စွာမှတ်ယူကြသည်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင် ရရှိထားသော လွတ်လပ်ရေးကြီး ပြန်လည်မဆုံးရှုံးစေရေး၊ နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရေးအတွက် ပြည်တွင်းရောင်စုံသောင်းကျန်းမှုများနှင့် တရုတ်ဖြူကူမင်တန် ကျူးကျော်မှုများကို နိုင်ငံသားများက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် စိတ်ထားဖြင့် တာဝန်သိသိပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သောကြောင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်တာဝန်သည် နိုင်ငံသားအားလုံး၏ မွေးရာပါ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို ရှေးက မိဘဘိုးဘွားအဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့်အတွက်ယနေ့ကာလကျွန်တော်တို့လက်ထက်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် တည်ကြည်ခန့်ညားစွာ ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ နိုင်ငံကို ချစ်သည့်နိုင်ငံသားများက နိုင်ငံတော်ကာကွယ်ရန် တပ်မတော်တွင်းသို့ဝင်ရောက်ကာ ပေါ်ပေါက် လာသည့် ရန်စွယ်အန္တရာယ်မှန်သမျှကို တိုက်ထုတ်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ရသော တပ်မတော်သားများ၊ လွတ်လပ်ရေးရရှိပြီးနောက် ရန်ကုန်မြို့ကွက်ကွက်ကလေးသာရှိနေသည့်အချိန်တွင် ရန်သူများကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော တပ်မတော် သားများ၊ ပြည်ပကျူးကျော်သူ တရုတ်ဖြူကူမင်တန်များကို မောင်းထုတ်နိုင်ခဲ့သော တပ်မတော်သားများ စသည့်နိုင်ငံ့အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်သည့်တိုက်ပွဲများတွင် အောင်ပွဲခံခဲ့သော တပ်မတော်သားများသည် ယခုခေတ်လူငယ်များအနေဖြင့် အတုယူရမည့် စိတ်ဓာတ်နှင့် ဆောင်ရွက်ချက်များဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏ တာဝန်သိမှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲသတ္တိရှိမှုတို့မှာ အောင်မြင်ရခြင်းဖြစ်ကြောင်း အတုယူကြရပေမည်။
လူငယ်များအနေဖြင့် တာဝန်သိစိတ်ရှိစွာ၊ စည်းစနစ်ကျနစွာ မိမိနိုင်ငံဂုဏ်သိက္ခာကို ကာကွယ်ကြရမည်ဖြစ်သည်။ မိမိမိသားစုတစ်ခု မပြိုကွဲရေးအတွက် မိသားစုဝင်များဖြစ်ကြသော မိသားစုဝင်များအားလုံး ကိုယ့်တာဝန်ကိုယ်ကျေကြဖို့လိုသလို နိုင်ငံတစ်ခုတည်တံ့ခိုင်မြဲရေးအတွက်ပြည်တွင်းပြည်ပဖျက်ဆီးနှောင့်ယှက်မှုများ၊ ကျူးကျော်ရန်စမှုများမှကာကွယ်ရေး၊ မိမိနိုင်ငံ၏ ကာကွယ်ရေးစနစ်ကောင်းမွန်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။ မိမိတို့သည် မြန်မာနိုင်ငံမှမွေးသည့် မြန်မာနိုင်ငံသားများဖြစ်ခြင်းကြောင့် မိမိနိုင်ငံကိုချစ်မြတ်နိုးရမည့် မျိုးချစ်စိတ်အပြင် အရေးကြုံကသွေးဆုံကြသည့် ပြည်ထောင်စုစိတ်ဓာတ်ကိုလည်းထားရမည်ဖြစ်သည်။ ရှေးအဆက်ဆက်က မျိုးချစ်စိတ်ဖြင့် စွန့်လွှတ်စွန့်စားခဲ့မှုတို့ကြောင့်သာလျှင် ယခုကဲ့သို့မြန်မာနိုင်ငံအမည်ကို ထင်ရှားစွာသိမြင်ကြရခြင်းဖြစ်သည်။
ယနေ့ခေတ် အကြမ်းဖက်သမားများ၏ အဖျက်လုပ်ရပ်များကြောင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ခက်ခဲကျပ်တည်းသည့် အခြေအနေများမှ လွန်မြောက်နိုင်ရေးအတွက် လူငယ်မောင်မယ်များအနေဖြင့်လည်း မိမိတို့၏ ဘိုးဘေးစဉ်ဆက် ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊နိုင်ငံအချုပ်အခြာအာဏာကို အသက်စွန့်ပြီးကာကွယ်လိုသည့်စိတ်ဓာတ်များဖြင့် ဘိုးဘေးတို့ အသက်သွေးချွေးပေါင်းများစွာ စတေးပြီးမှ အရယူခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့နိုင်စေရေးအတွက် ငါတို့ခေတ်မှာကြုံတွေ့နေရတဲ့အခက်အခဲငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲ ဟူသည့်စိတ်ထားကိုစံနမူနာယူ၍ ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။ ။

အချိန်သည်အလွန်ပင်တန်ဖိုးရှိလှသည်။ အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုသူများအတွက် အချိန်ကကောင်းစွာဖြည့်ဆည်းပေးသည်။ လူ့ဘဝဆိုသည်မှာတစ်သမတ်တည်းရပ်တည်နေသည်မဟုတ်ပေ။ လူငယ်လူရွယ်မှ လူကြီးအရွယ်သို့ တဖြည်းဖြည်းကူးပြောင်းနေကြရသည်။ လူငယ်အရွယ်တွင် အချိန်ကိုတန်ဖိုးထားပြီး ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင်ကြိုးစားထားသူများသည် လူကြီးအရွယ်တွင် မိမိနှင့်ထိုက်တန်သော အဆင့်အတန်းကိုရရှိကြသည်။ လူငယ်အရွယ်တွင် အသိပညာ၊ အတတ်ပညာများပြည့်ဝအောင် ဖြည့်ဆည်းထားနိုင်မည် ဆိုပါက နောင်အနာဂတ်တွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။ လူငယ်ဘဝတွင်
အချိန်သည်အလွန်ပင်တန်ဖိုးရှိလှသည်။ အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုသူများအတွက် အချိန်ကကောင်းစွာဖြည့်ဆည်းပေးသည်။ လူ့ဘဝဆိုသည်မှာတစ်သမတ်တည်းရပ်တည်နေသည်မဟုတ်ပေ။ လူငယ်လူရွယ်မှ လူကြီးအရွယ်သို့ တဖြည်းဖြည်းကူးပြောင်းနေကြရသည်။ လူငယ်အရွယ်တွင် အချိန်ကိုတန်ဖိုးထားပြီး ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင်ကြိုးစားထားသူများသည် လူကြီးအရွယ်တွင် မိမိနှင့်ထိုက်တန်သော အဆင့်အတန်းကိုရရှိကြသည်။ လူငယ်အရွယ်တွင် အသိပညာ၊ အတတ်ပညာများပြည့်ဝအောင် ဖြည့်ဆည်းထားနိုင်မည် ဆိုပါက နောင်အနာဂတ်တွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။ လူငယ်ဘဝတွင် အချိန်ကိုတန်ဖိုးထား၊ အကျိုးရှိအောင်အသုံးပြုပြီး သိချင်စိတ်၊ တတ်ချင်စိတ်ဖြင့် လေ့လာနေကြရမည်ဖြစ်သည်။ ထိုသို့ လေ့လာသောလူငယ်များကို မြင်တွေ့ရသည်မှာကြည်နူးဖွယ်ဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက်သည် တစ်နှစ်တာ ကာလပတ်လုံး စာပေပညာသင်ကြား ခဲ့ရသည်များ ခေတ္တနားထားရသည့်အချိန်ဖြစ်သည်။ ထိုအချိန်သည် ဗဟုသုတဖြည့်ဆည်း လိုသူများအတွက်ကောင်းသည့် အချိန်အပိုင်းအခြားဖြစ်သည်။ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှတာဝန်ရှိသူများသည် နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်၌ လူငယ်များအတွက် ရေကြောင်းလူငယ်သင်တန်းများ၊ လေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွက် ရေကြောင်းလူငယ် သင်တန်းများနှင့် လေကြောင်းလူငယ် သင်တန်းများကို ဧပြီလ ၂၂ ရက်မှ မေလ ၂၃ ရက်အထိ ဖွင့်လှစ်ခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို အမှန်တကယ် ပိုင်စိုးသူများမှာ ယနေ့လူငယ်များဖြစ်သည်။ ယနေ့လူငယ်နောင်ဝယ် လူကြီးဆိုစကားသည် အစဉ်အမြဲမှန်ကန်သည့်စကားဖြစ်သည်။ လူငယ်တွေကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်နိုင်မှသာ အနာဂတ်နိုင်ငံတော် အတွက် စိတ်ချရမည့် အနေအထားဖြစ်သည်။ လူငယ်များ၏ခန်းကဏ္ဍကို စဉ်ဆက်မပြတ်သတိထားကာ မြှင့်တင်နိုင်သမျှ မြှင့်တင်ပေးနေ ရမည်ဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ လူငယ်များအား ပညာပြည့်ဝနှလုံးလှအောင် ပျိုးထောင်ပေးခြင်းဖြစ်သည်။
လူငယ်မှန်သမျှသည် နိုင်ငံတော်အတွက် အဖိုးတန် အရင်းအနှီးများဖြစ်သည်။ ထိုအရင်းအနှီးများကို တိုးပွားအောင် လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေးဟူသော ဦးတည်ချက်များမှာ နိုင်ငံတော်အစိုးရ အနေဖြင့် လူငယ်များကို အရည်အသွေးပြည့်ဝ ထက်မြက်လာစေရန် ဦးတည်ချက်ထား ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံအတွက် အဓိကကျလှသော နိုင်ငံတော်ကာကွယ်ရေး ကဏ္ဍတွင် လူငယ်များ၏ စွမ်းအားများလည်း ပါဝင်ရမည်ဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်ကာကွယ်ရေး အင်အားမြင့်မား နေမှလည်း လုပ်ဆောင်သမျှလုပ်ငန်းများ လွယ်ကူချောမွေ့ အဆင်ပြေမည်ဖြစ်သည်။ လူငယ်တိုင်းသည် မိမိနိုင်ငံတော်ကို မဖြစ်မနေ ကာကွယ်ကြရမည့်သူများ၊ စောင့်ရှောက်ကြရမည့်သူများ ဖြစ်သည်။ ဘိုးဘွားများ ရယူပေးထားသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးမှာ လူငယ်များလက်ဆင့်ကမ်း သယ်ပိုး ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။ ထို့အတွက် ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက် အချိန်ကာလများအတွင်း လူငယ်များအား သိသင့်သိထိုက်သော ရေကြောင်းဆိုင်ရာပညာရပ်များ၊ လေကြောင်းဆိုင်ရာ ပညာရပ်များ သင်ကြားပို့ချပေးခြင်းမှာ နိုင်ငံတော်နှင့်လူငယ်များအတွက် ကောင်းကျိုးဖြစ်ထွန်း စေမည်သာဖြစ်သည်။
အနာဂတ်တွင် တပ်မတော်(ရေ)သည် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သော သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်(Three Dimensional Combat Ready Navy) အဆင့်သို့ တက်လှမ်းရန်အခိုင်အမာ မျှော်မှန်းဖော်ဆောင်လျက်ရှိ၏။
တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှု ဟူသည့်အသင့်ဖြစ်မှု(၃)ရပ်နှင့် ပြည့်စုံအောင် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်ကို ပင်လယ်ပြင်မှ ရှေ့တန်းကျကျကာကွယ်ရေး၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးနှင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်း ရှိရေးဆိုသည့် ရည်မှန်းချက်တာဝန်(၃)ရပ်ဖြင့်လည်း မမှိတ်မသုန်အားကောင်းမောင်းသန် ချီတက်လျက်ရှိသည်။
ထိုသို့ချီတက်လျက်ရှိသည်ကို လူငယ်များ သိရှိစေချင်သည်။ တပ်မတော်(ရေ)အကြောင်း ပိုမိုပြည့်စုံစွာ လူငယ်များ သိရှိစေချင်သည်။ ထို့ကြောင့် လူငယ်များအတွက် တပ်မတော်(ရေ)က ရေကြောင်းလူငယ်စခန်းများ ဖွင့်လှစ်ကာ လူငယ်များကို ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။
ရေကြောင်းလူငယ်သင်တန်းသားများ အနေဖြင့် မိမိနိုင်ငံရှိ တပ်မတော်(ရေ)နှင့် ပတ်သက်သည့် ဂုဏ်ယူဖွယ်ရာ အကြောင်းအချက်များကို သိရှိကာ တပ်မတော်(ရေ)အပေါ် စိတ်ဝင်စားလာကြမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ရေမိုင် ၁၂၆၀ ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိသည်။ ရေပေါ်ရေအောက်အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝအလှတရား များစွာတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ မြန်မာ့ပိုင်နက်ပင်လယ်ပြင်ကို ကာကွယ်နိုင်ရေးအတွက် တပ်မတော်(ရေ)ကို ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်လာစေရေး စဉ်ဆက်မပြတ်တိုးချဲ့ တည်ဆောက်ပေးလျက်ရှိသည်။
တပ်မတော်(ရေ)တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ၁၃၅ မီတာဖရီးဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့်ရေချပေးခြင်း၊ ၆၃ မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ် နှစ်စင်းအား တပ်တော်ဝင်ခြင်းများ ဆောင်ရွက်ခဲ့သည်။ တပ်မတော်(ရေ)အနေဖြင့် မြစ်တွင်းသွားရေယာဉ်များမှ ဖရီးဂိတ်စစ်ရေယာဉ်ကြီးများအထိ အဆင့်ဆင့်တိုးမြှင့် တည်ဆောက်နိုင်ခဲ့သည်။ “ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ် အသစ်များကို တည်ဆောက်နိုင်ပြီဖြစ်၍ ယခင်ကဝယ်ယူ အသုံးပြုသူအဆင့်မှ ယခုအခါ ကိုယ်တိုင် တည်ဆောက်သူအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်(ရေ)အနေဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy) အဖြစ်သို့ တက်လှမ်းနိုင်ရေးအတွက် စစ်ရေယာဉ်ကြီးများ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီဖြစ်သည်။
နိုင်ငံတော်အတွက် တပ်မတော်မရှိမဖြစ် လိုအပ်သလို တပ်မတော်အတွက် တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့သည် မရှိမဖြစ်အရာများဖြစ်သည်။ တပ်မတော်(လေ)၏ သမိုင်းကိုပြန်ကြည့်မည်ဆိုပါက အခက်အခဲများကြားမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ဇွဲသတ္တိတို့ကို အရင်းခံပြီး ရှိသည့်လေယာဉ်၊ ရှိသည့်လက်နက်ဖြင့် ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားတိုက်ပွဲဝင်ခဲ့သည်မှာ ထင်ရှားသောသမိုင်း မှတ်တမ်းများဖြစ်သည်။ ပြည်ပကျူးကျော်မှုနှင့်ကြုံနေချိန်တွင် တပ်မတော်(လေ)မှ လေသူရဲဗိုလ်ပီတာ၏ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့သည့် လေကြောင်းတိုက်ပွဲသည် နိုင်ငံအတွက် မော်ကွန်းတင်ထိုက်သည့် သမိုင်းဖြစ်သည်။ လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေး အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိသည်။
လေကြောင်းစွမ်းအားသာလွန်မှုသည် ရန်သူအပေါ်လွှမ်းမိုး ထိန်းချုပ်နိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုအားကောင်း တိုးတက်စေသည်။ နည်းပညာတိုးတက်မှုသည် စဉ်ဆက်မပြတ်ပြောင်းလဲ ဖြစ်ပေါ်နေသည့်အတွက် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဟူသည့်လုပ်ငန်းစဉ်အတိုင်း အမြဲမပြတ်ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်က ဆောင်ရွက် အကောင်အထည်ဖော်နေသည့် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တပ်မတော်(လေ)အနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်ကို ထိထိရောက်ရောက်ကာကွယ် စောင့်ရှောက်နိုင်သည့် စွမ်းရည်မြင့်မားသော ခေတ်မီတပ်မတော်(လေ)အဖြစ် အစဉ်ရပ်တည်နိုင်အောင် တည်ဆောက်လျက်ရှိသည်။
တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် ရေကြောင်းလူငယ်တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) တို့ကို သက်ဆိုင်ရာမြို့နယ် အသီးသီးရှိရေကြောင်းလူငယ်စခန်းများ၌ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) တို့ကို လေကြောင်းလူငယ်စခန်းများ၌ စုစုပေါင်းသင်တန်းသား ၈၀၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။
တပ်မတော်(ရေ)ကဖွင့်လှစ် သင်ကြားလျက်ရှိသော ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းသားများသည် မေလ ၁၂ ရက်တွင် စခန်းပေါင်းစုံမှ ရန်ကုန်မြို့ရှိ တပ်မတော်(ရေ) လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)၌ စခန်းပေါင်းစုံရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာပြိုင်ပွဲများနှင့် လှေလှော်ရွက်တိုက် ပြိုင်ပွဲများကျင်းပသည်။ သင်တန်းအလိုက် လက်ရိုက်အလံအချက်ပြ ပို့/ဖမ်းခြင်း လက်တွေ့ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်လှေဝမ်းပြား မီတာ ၅၀၀ ပြိုင်ပွဲနှင့် Optimist ရွက်လှေပြိုင်ပွဲများ ကျင်းပပေးရာ နေပြည်တော်စခန်းတန်းခွဲ(၁)၊ နေပြည်တော်စခန်း တန်းခွဲ(၂)၊ အင်းယားစခန်း၊ ကိုကိုးကျွန်းစခန်း၊ ဟိုင်းကြီးကျွန်းစခန်း၊ ဘားအံစခန်းနှင့် ကျိုင်းတုံစခန်းစသည့် ရေကြောင်းလူငယ်သင်တန်းစခန်း ၁၁ ခုတို့မှ သင်တန်းသား၊ သင်တန်းသူများက အသင်းလိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့အတူ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းများမှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် လေယာဉ်/ ရဟတ်ယာဉ်များ လိုက်ပါပျံသန်းရန်၊ ပြိုင်ပွဲများကျင်းပရန်၊ လေ့လာရေး ခရီးစဉ်များဆောင်ရွက်ရန်၊ စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရန်နှင့် တပ်မတော်အကြီးအကဲ၏ ဩဝါဒခံယူရန်အတွက် မေလ ၁၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိကြသည်။ အဆိုပါလေကြောင်း သင်တန်းသားများအနက် သင်တန်းစခန်းများအလိုက်မှ ထူးချွန်ဆုရသင်တန်းသားများသည် မေလ ၁၂ ရက်တွင် နေပြည်တော်လေတပ်စခန်း၌ လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါမပျံသန်းမီ အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကြိုတင်လေ့ကျင့်သင်ကြား ဆွေးနွေးခြင်းများဆောင်ရွက်ပြီး လေယာဉ်မောင်းသင်ကျောင်းမှ နည်းပြလေသူရဲများနှင့်အတူ အမောင်းသင်လေယာဉ်/ ရဟတ်ယာဉ်များအား လက်တွေ့လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ကြသည်။
ယခုအခါ ရေကြောင်းဆိုင်ရာပညာရပ်များ၊ လေကြောင်းဆိုင်ရာပညာရပ်များအား သတ်မှတ်အချိန်ကာလ အတွင်း သင်ကြားပို့ချပေးပြီးဖြစ်သည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၁ ရက်က နေပြည်တော်ဇေယျာသီရိဗိမာန်၌ အခြေခံနှင့် တန်းမြင့်ရေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)မှသင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
သင်တန်းသားများ၏ကိုယ်စား သင်တန်းသား၊ သင်တန်းသူနှစ်ဦးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။လူငယ်များအနေဖြင့် ပညာရှာရမည့် အရွယ်တွင် ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်သကဲ့သို့ ပညာသင်ယူသည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမကဘဲ ပြင်ပစာအုပ်၊ စာပေများကို ဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်မြော်မြင်နိုင်မှု ရှိအောင်ကြိုးစားကြရမည်ဖြစ်သည်။ သို့မှသာ အဆိုးအကောင်း၊ အကျိုးအကြောင်းခွဲခြားသိမြင်မှုနှင့်အတူ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ကောင်းများ ဖြစ်လာကြမည်ပင်ဖြစ်သည်။ မိမိတို့တစ်ဦးချင်းစီ၏ မှတ်တမ်းပုံရိပ်ကောင်းများသည် မိမိတို့၏ မိဘဆွေမျိုးဂုဏ်ကို ဖော်ဆောင်ခြင်းဖြစ်သကဲ့သို့ မိမိတို့ကျောင်း၊ ရပ်ရွာမှသည် နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ရာ မှတ်ကျောက်များပင်ဖြစ်သည်။ ဤသည်မှာ ယမန်နှစ်က နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ပြုအမှာစကားတွင် ကြားသိလိုက်ရသည့် တန်ဖိုးရှိစကားများဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူငယ်မောင်မယ်များ အနေဖြင့် တက်ကြွရွှင်လန်းအပြုံးပန်းနှင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်နိုင်သူများအဖြစ် ကြိုးစားကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။