နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပညာရေးဝန်ကြီးဌာနသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှစ၍ ဇွန်လ ၁ ရက်အထိ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျောင်းအပ်နှံမှု လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းများဖွင့်တော့မည်ဖြစ်သည်။ မိဘပြည်သူများသည် ရင်သွေးငယ်များကို ကျောင်းအပ်နှံရေးအတွက် မွေးစာရင်း၊ အိမ်ထောင်စုစာရင်းစသည့် လိုအပ်သော စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်။ ကျောင်းအုပ်ကြီးများနှင့် ကျောင်းတာဝန်ခံများအနေဖြင့် ဒေသအာဏာပိုင်များ၊ ကျောင်းအကျိုးတော
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပညာရေးဝန်ကြီးဌာနသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှစ၍ ဇွန်လ ၁ ရက်အထိ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျောင်းအပ်နှံမှု လက်ခံသွားမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းများဖွင့်တော့မည်ဖြစ်သည်။ မိဘပြည်သူများသည် ရင်သွေးငယ်များကို ကျောင်းအပ်နှံရေးအတွက် မွေးစာရင်း၊ အိမ်ထောင်စုစာရင်းစသည့် လိုအပ်သော စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်။ ကျောင်းအုပ်ကြီးများနှင့် ကျောင်းတာဝန်ခံများအနေဖြင့် ဒေသအာဏာပိုင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်းကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သင်ထောက်ကူ ပစ္စည်းများ လုံလောက်ရေး၊ စာသင်ခန်းများ၊ အိမ်သာများနှင့် ကျောင်းဝင်းအတွင်း၊ အပြင် သန့်ရှင်းသာယာမှုရှိစေရေးတို့ အတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။
ကြိုတင်ပြင်ဆင်
အထူးသဖြင့် ကျောင်းသားမိဘများသည် ကလေးငယ်များအတွက် ပုံနှိပ်စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များတွင် နာမည်များကပ်ခြင်း၊ ကျောပိုးအိတ်၊ ထမင်းဘူးနှင့် ရေဘူးများပြင်ဆင်ခြင်း၊ ကျောင်းဝတ်စုံများကိုဝတ်ဆင်ကြည့်ခြင်း၊ ထီး၊ ဖိနပ်၊ မိုးကာများကို အသင့်ပြင်ဆင်ခြင်းစသည်တို့ကို လိုလေသေးမရှိအောင် လုပ်ဆောင်ပေးလျက်ရှိသည်။ လက်လုပ်လက်စားမိဘများသည်ပင်လျှင် သား၊ သမီးများအတွက် လိုအပ်သော ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများကို ကြိုးစားဖြည့်ဆည်းပေးလျက်ရှိသည်။ မိဘတိုင်းသည် သား၊ သမီးများ မျက်နှာမငယ်စေရန်အတွက် အဘက်ဘက်မှ ကြိုတင် ပြင်ဆင်ကြရသည်။ စုန်ရေမေတ္တာသည် တသွင်သွင် စီးဆင်းလျက်ပင်ရှိသည်။
စာရေးသူတို့ငယ်စဉ်က ကျေးလက်၌ကြီးပြင်းခဲ့ရသည့်အတွက် ကျောင်းမှထုတ်ပေးသော ပြဋ္ဌာန်း စာအုပ်ကိုသာအားကိုးခဲ့ရသည်။ ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှုကိုသာ အာရုံစိုက်လေ့လာမှတ်သားခဲ့ရသည်။ ဆရာ၊ ဆရာမများကလည်း စိတ်အားထက်သန်စွာ စေတနာထား သင်ကြားပြသပေးသည်။ ငယ်စဉ်က ဆရာ၊ ဆရာမများ၏ ကျေးဇူးတရားကြောင့် ဘဝတိုးတက်အောင်မြင်မှုအတွက် များစွာ အထောက်အကူဖြစ်ခဲ့သည်။ ကျောင်းဝတ်စုံ ဆိုလျှင်လည်း ယခင်နှစ်ကဝတ်ထားသော ဝတ်စုံကိုသာ ဝတ်ဆင်ခဲ့ရသည်။ လက်ရှိအချိန်တွင် ဈေးကွက်အတွင်း၌ ကျောင်းဝတ်စုံများနှင့် ထမင်းဘူးများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိသည်။
အပ်နှံသွားရန်
ကျောင်းသားမိဘများအနေဖြင့် မိမိတို့ရင်သွေးငယ်များကို ကျောင်းအပ်နှံရာ၌ ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့အပ်နှံရန်နှင့် ခြောက်နှစ်အရွယ်ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံသွားရန်လိုအပ်သည်။ မိဘများအနေဖြင့် ကျောင်းအပ်နှံရာတွင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝကောက်ခံမည် မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခမဲ့ထောက်ပံ့ပေးမှုအစီအစဉ် ၁၃ ချက်၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက် ၁၂ ချက်နှင့် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက် ၁၃ ချက်တို့ကိုလည်း အသိပေးထုတ်ပြန်ထားရှိသည်။
၆၃ သိန်းကျော်ရှိခဲ့
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ၆၃၉၄၅၂၈ ဦးအပ်နှံနိုင်ခဲ့သည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်၍ ကျောင်းအပ်နှံမှု လက်ခံပေးခဲ့သည်။ ထို့ကြောင့် ယခုပညာသစ်နှစ်၌ ကျောင်းအပ်နှံမှုမြင့်တက်လာစေရေး မိဘ၊ ဆရာ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဒေသဆိုင်ရာအာဏာပိုင်များ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်။
ကျောင်းအပ်နှံမှုနှုန်းမြင့်တက်လာ
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် တိုးတက်ရေးသည် မျိုးဆက်သစ်များ၏ ပညာရည်တတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီနေသည်ဆိုသော အချက်ကို ကမ္ဘာ့နိုင်ငံတိုင်းက တူညီစွာလက်ခံထားရှိကြသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း မျိုးဆက်သစ်များ ပညာရည်မြင့်မားရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်လျက် အမျိုးသားရေးအသွင်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတော်အစိုးရသည် ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် အခမဲ့ပညာရေးအစီအစဉ်ကို အထက်တန်းအဆင့်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုနှုန်း သိသာစွာမြင့်တက်လာခဲ့သည်။ ကျောင်းနေမှုနှုန်း မြင့်မားလာသည်နှင့်အမျှ ရေမြင့်ကြာတင့်ဆိုသလို စာတတ်မြောက်မှုနှုန်းလည်း သိသာထင်ရှားစွာမြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
အခြေအနေကောင်းများ ဖန်တီးပေးထို့ပြင် ကျောင်းသားလူငယ်များ ထိရောက်အောင်မြင်စွာ စာပေလေ့လာသင်ယူနိုင်ရန်အတွက် ပတ်ဝန်းကျင် အခြေအနေကောင်းများလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။ စာသင်ကျောင်းများ၊ သင်ထောက်ကူပစ္စည်းများအပြင် အထောက်အကူပြုကျောင်းစာကြည့်တိုက်များလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။ အထူးသဖြင့် စာသင်ကျောင်းများသည် တိတ်ဆိတ်ငြိမ်သက်မှု ရှိသည့်နေရာများတွင် သာရှိသင့်သည်။ ထိုသို့တိတ်ဆိတ်ငြိမ်သက်သည့် နေရာမျိုး၌ ကျောင်းသားလူငယ်များ အနှောင့်အယှက်ကင်းစွာပညာသင်ကြားနိုင်သဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ထွန်းရေးတွင် များစွာအထောက်အကူပြုပေသည်။စင်စစ်အားဖြင့် စာသင်ခန်းများပြန်လည်ဖွင့်လှစ်ပြီး စာဖတ်စာအံသံများကြားရခြင်းသည် မိဘတိုင်းအတွက် မင်္ဂလာရှိသောနေ့ရက်များပင်ဖြစ်သည်။
အနာဂတ်ပန်းကလေးများပွင့်လန်းဖို့ ကျောင်းအပ်နှံကြပါစို့
စင်စစ်အားဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးသည် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးတွင် မောင်းနှင်အားများဖြစ်သည့် ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ဆောင်ရွက်ရာ၌ အဓိကကျပြီး ပဓာနအရင်းခံပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် စဉ်ဆက်မပြတ် လေ့လာသင်ယူနေသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးငယ်အားလုံး စာသင်ခန်းအတွင်း ရောက်ရှိနိုင်ရေးလုပ်ငန်းများကို စီမံချက်ချ၍ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ဆရာ၊ မိဘ၊ ပြည်သူများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့အကြား တက်ညီလက်ညီကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားသင့်ပေသည်။
မျက်မှောက်ကာလသည် ပညာခေတ်ဖြစ်လာသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် စိန်ခေါ်မှု များစွာကိုရင်ဆိုင်ရလျက်ရှိသည်။ ထိုစိန်ခေါ်မှုများကိုရင်ဆိုင်နိုင်မည့် စဉ်ဆက်မပြတ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာနိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး လုပ်ငန်းများကိုစီမံချက်ချ၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ဆရာ၊ မိဘ၊ ပြည်သူများနှင့်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့အကြား တက်ညီ လက်ညီကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပေသည်။
အမှန်တော့ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင်များစွာတည်မှီလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဘက်စုံထူးချွန်သော မျိုးဆက်သစ် လူငယ်များပေါ်ထွန်းရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိရေးနှင့် ကျောင်းထွက်သူပပျောက်ရေး လုပ်ငန်းစဉ်ကို အမျိုးသားရေးတာဝန် တစ်ရပ်ကဲ့သို့ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး ဆောင်ရွက်ရာတွင် အစိုးရအပြင် မိဘ၊ ဆရာ၊ ဒေသခံပြည်သူများသည် အဖျက်အမှောင့်သမားများ၊ ပြည်ပလက်ဝေခံများ၊ အကြမ်းဖက်သမားများ၏ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေမှုများ၊ လှုံ့ဆော်နေမှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်နေမှုများကို နားမယောင်ဘဲ ပကတိအခြေအနေမှန်ကို ရှုမြင်လျက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားသင့်သည်။ မည်သို့ပင်ဆိုစေ ကျောင်းသား၊ ကျောင်းသူအားလုံး စာသင်ခန်းအတွင်းရောက်ရှိပြီး စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိနေမှသာလျှင် တိုင်းပြည်တာဝန်ကို လက်ဆင့်ကမ်း ထမ်းဆောင်သွားမည့် ထိုကလေးများ၏ အနာဂတ်သည် ပိုမိုတောက်ပြောင်လာမည်ဖြစ်ပေသည်။ ။
Source: Myawady Web Portal

ရေသည် ရုပ်ကို ကြည်လင်၊ စိတ်ကို လန်းဆန်းစေသော သဘာဝဂုဏ်သတ္တိရှိသည့်အတွက် လူနှင့် သက်ရှိများ၊ သစ်ပင်များပါမကျန် အားထားရသော အရာဖြစ် သည်။
လူတို့တွင် အသက်ရှင်ရပ်တည်ရန် ရေ၊ လေနှင့် အာဟာရဓာတ်တို့ လိုအပ်သကဲ့သို့ သစ်ပင်တို့တွင်လည်း ရေ၊ လေနှင့် မြေဩဇာတို့ လိုအပ်ပေသည်။ ဤသည် မှာ သက်ရှိကမ္ဘာအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ ထိုသုံးမျိုးမှ တစ်မျိုး ချို့ယွင်းလျှင်ပင် အသက်မရှင်သန်နိုင်တော့ပေ။

သစ်ပင်ပန်းမန်တို့သည် မြေဆီအားကောင်း၊ လေဝင်လေထွက်ကောင်းပြီး လောင်းရိပ်မမိ၊ မိုးရွာသွန်းသောအရပ်တွင် ကြီးထွားမှုမြန်သည်၊ အပင်အား ကောင်းသည်၊ အသီးအပွင့်တို့ ကြီးထွား သည်။
လူတို့တွင်လည်း အာဟာရကောင်းစွာ စားရသည်၊ လေကောင်းလေသန့်ရသည်၊ ရေအဝသောက်ရသည်ဆိုလျှင် ဝလာလေ့ ရှိသည်။ သို့သော် ရေသောက်ရာတွင် အပူအအေးနှင့် ချွေးထွက်ခြင်း၊ ဆီးသွားခြင်း၊ ဝမ်းသွားခြင်းအခြေအနေကို လိုက်ပြီး တစ်ရက်လျှင် ရေမည်မျှသောက်ရမည်ကို တိုင်းတာရန် ခက်ခဲသည်။
တချို့ ဆေးပညာဂျာနယ်များတွင် အနောက်တိုင်း သုတေသီများက ရေကို တစ်ရက်လျှင် တစ်ဂါလန် (ပုလင်းကြီးလေးပုလင်း)ခန့် သောက်ရမည်ဟု ဆိုသည်။ထိုသို့သတ်မှတ်သော နိုင်ငံများမှာ အလွန်အေးသော နိုင်ငံများမှ သုတေသနပြုချက်ဖြစ်ကြောင်း တွေ့ရသည်။
အပူပိုင်းဒေသမှ သုတေသနပြုချက်များအရ ရေကို တစ်ရက်လျှင် တစ်ဂါလန်ခွဲ (ခြောက်ပုလင်း)မှ နှစ်ဂါလန်(ရှစ်ပုလင်း) အထိသောက်မှ လုံလောက်မည်ဟုဆိုသည်။ သို့သော် ထိုအဆိုပြုချက်များမှာ လည်း ပြီးပြည့်စုံ မှန်ကန်လိမ့်မည် မဟုတ်ပါ။ ကလေး၊ လူကြီး၊ လူပိန်၊ လူဝ၊ သက်ကြီး ရွယ်အို စသည်ဖြင့် ကွာခြားမှုအမျိုးမျိုး ရှိမည်ဖြစ်သည်။
စာရေးသူကိုယ်တိုင်ပင် မိမိရေသောက် နှုန်းကို သတိထားကြည့်ရာ ဆောင်းရာသီ တွင် တစ်ရက်လျှင် နှစ်ပုလင်းပင် မကုန် ချင်၊ နွေရောက်သောအခါ လေးပုလင်းခန့် ကုန်သည်။ အလွန်ပူပြင်းပြီး မိုးမရွာသော မေလက တစ်ရက်လျှင် ရေခြောက်ပုလင်း ခန့်ကုန်သည်။ ညအိပ်ရာမဝင်မီပင် ရေတစ်ပုလင်းခန့် ကုန်သည်။ နံနက်အိပ်ရာထသည်နှင့် ရေတစ်ပုလင်းကို နှစ်ကြိမ်ခန့်သာ သောက်ရသည်။ ရေမသောက်ဘဲ အိပ်လျှင် ညတွင် အာခေါင်ခြောက်ပြီး နိုးသဖြင့် ညဘက်ရေထသောက်ရလေ့ ရှိသည်။ ညအချိန် တစ်ရေးနိုးချိန် အာခေါင်ခြောက်ခြင်းသည် ခန္ဓာကိုယ်တွင် ရေဓာတ်လျော့နည်း ခန်းခြောက်သော လက္ခဏာဟု ဆိုသည်။ အာခေါင်ခြောက်သူများသည် ဝမ်းလည်းချုပ်တတ်သည်။
တစ်ခါက ဓာတ်ဆရာကြီးတစ်ဦးရှိသည်။ သူ့အရပ်တွင် နာမည်ကြီးသောသူပင်ဖြစ်သည်။ ထိုဆရာကြီးက 'ဝချင် တယ်' ဟုပြောသူတစ်ဦးကို 'ဝချင်ရင် ထမင်းစားပြီး ရေများများသောက်'ဟု ပြောသည်ဟုဆိုသည်။ ထိုသူသည် ရေများများသောက်ရာမှ အမှန်တကယ်ပင် မျက်နှာပြည့်ဖြိုးလာပြီး ဝလာသည်ဟုဆိုသည်။ နောက်တစ်ဦးက 'ပိန်ချင်တယ်'ဟု ပြောသည်။ ထိုလူကို 'ပိန်ချင်ရင် ထမင်းမစားခင် ရေအရင်သောက်' ဟု ဆိုပြန်သည်။ ထိုသူ ပိန်သွားသည်ဟုဆိုသည်။
မှန်ပါသည်။ ထမင်းစားပြီး ရေသောက်သူများအနေဖြင့် အစာထဲတွင်ပါသော အဆီဓာတ်များ ရေနှင့်တွေ့ပြီး မကြေညက်တော့ဘဲ သွေးထဲသို့ အစာအိမ်နှင့် အူသိမ်မှတစ်ဆင့် ရောက်သွားသဖြင့် ကြာလျှင် ဝလာနိုင်သည်။ အဆီမတက်ချင်သူများမှာ ထမင်းစားပြီး အစာကြေသည်အထိ ရေမသောက်ဘဲနေမှသာ အူသိမ်ဦးပိုင်းမှအဆီကို ကောင်းစွာခြေနိုင်မည်ဖြစ်သည်။ ဤနည်းဖြင့် အဆီတိုးခြင်းကို ရှောင်ကြဉ်နိုင်သည်။
ဆရာကြီးပြောသည့် 'ပိန်ချင်ရင် ထမင်းမစားခင် ရေသောက်' ဆိုသည်မှာလည်း မှန်ပါသည်။ ထမင်းမစားခင် ရေတစ်ခွက် အဝသောက်ကြည့်သောအခါ အစာအိမ်မှ အက်စစ်ဓာတ်ပြယ်သွားပြီး အစာစားချင် စိတ်လျော့နည်းသွားမည်။ အစာစားချင် စိတ်လျော့နည်းသူသည် တဝမစားနိုင်တော့။ အစားလျော့သွားမည်။ အနည်းငယ် အစာဝင်သည်နှင့် တင်းတိမ်သွားမည်ဖြစ်သည်။ ထို့ကြောင့် အစာမစားမီ ကြိုတင် ပြီး ရေတစ်ခွက်သောက်လိုက်ပါက အစားလျော့နည်းသွားပြီး ဝိတ်ကျစေနိုင်သည့် နည်းပင်ဖြစ်သည်။
ရေများများသောက်လျှင် အကျိုးအများ ဆုံးပြုနိုင်သော ကိုယ်တွင်းအင်္ဂါများမှာ ကျောက်ကပ်ပင်ဖြစ်သည်။ ကျောက်ကပ်၏ လုပ်ဆောင်ချက်မှာ ရေသန့်စင်စက်နှင့်တူသည်။ ကျောက်ကပ်သို့ စီးဆင်းလာသမျှ လူ့ခန္ဓာကိုယ် အတွင်းမှ အညစ်အကြေးများကို ရေစစ်ဆန်ခါများ အသုံးပြုပြီး ပြင်ပသို့ စွန့်ထုတ်ပစ်နိုင်သော အရေးကြီးအင်္ဂါဖြစ်သည်။ ရေသောက်နည်းသူများတွင် ကျောက်ကပ်မှ အညစ်အကြေး၊ ဓာတုပစ္စည်းများ စွန့်ထုတ်မှုနည်းသဖြင့် ကျန်းမာရေးမကောင်းပေ။ ရေသောက်များသူများမှာ ကျောက်ကပ်၏ အညစ်အကြေးစွန့်ထုတ်မှုတွင် အထောက်အကူ ဖြစ်စေရုံသာမက ကျောက်ကပ်၏ ရေစစ်ဆန်ခါများ မပိတ်ဆို့အောင် အထောက် အကူပြုပေသည်။
ရေသောက်များသူများတွင် ကျောက်ကပ်မှ ရေစွန့်ထုတ်မှုများသဖြင့် အဝလွန်ခြင်း၊ ဖောရောင်ခြင်းများကို ကာကွယ်နိုင်သည်။ ရေသောက်ပြီး လမ်းလျှောက်ပေးလျှင် ကျောက်ကပ်မှ ဆန်ခါများကို ခါချ ပေးသကဲ့သို့ဖြစ်နိုင်သည်။
တချို့ ကျန်းမာရေးအတွက် တောင်တက်လမ်းလျှောက်သူများသည် လမ်းလျှောက်ရင်း ရေသောက်သွားကြသည်ကို တွေ့ရသည်။ စက်ဘီးစီးသူများသည်လည်း ရေဘူးများ ယူဆောင်လာကြသည်ကိုတွေ့ရမြဲဖြစ်သည်။ လမ်းလျှောက်ရင်း ရေသောက်ခြင်းသည် အကောင်းဆုံး ကိုယ်အလေးချိန်လျှော့နည်းဖြစ်သည်။
လမ်းများများလျှောက်ပြီး ရေသောက်သောအခါ ဆီးသွားရန်လည်း လိုအပ်သည်။ ဆီးသွားချင်လျက် မသွားရလျှင် ကျောက်ကပ်နှင့် ဆီးအိမ်ကို ဒုက္ခပေး တတ်သည်။ အနည်ထိုင်ပြီး ဆီးကျောက်တည်ရောဂါ ဖြစ်တတ်သည်။
အမျိုးသားများတွင် အသက်ကြီးလာသောအခါ ရောဂါမဟုတ်ဘဲ အလိုအလျောက် ဆီးကျိတ်ကြီးလာသည်။ ဆီးကျိတ်၏ဖိအားကြောင့် ဆီးမကြာခဏ သွားချင်စိတ်ပေါ်တတ်သည်။ ဆီးသွားပြီးလျှင်လည်း ဆီးကျန်သဖြင့် ထပ်သွားချင်စိတ်ပေါ်တတ်သည်။ လူကြီးများ လမ်းလျှောက်လျှင် ကျန်းမာသည်ဆိုသော် လည်း အပေါ့အပါးသွားချင်စိတ်ဖြစ်ပေါ်လျှင် သွားဖို့နေရာရှိရန်လိုသည်။
အသက်ကြီးသောအခါ ပိန်သူများ အတွက် ကိစ္စမရှိသော်လည်း ဝသောသူ များ၊ ပေါင် ၁၇၀ အထက်ရှိသူများမှာ ရေသောက်ပြီး လမ်းလျှောက်သင့်သည်။ ဆီးများများသွားရန်လည်း လိုပါသည်။ အသက် ၆၀ ကျော်လျှင် နှစ်နာရီခြား တစ်ကြိမ် ဆီးသွားသင့်သည်။ အသက် ၇ဝ ကျော်လျှင် တစ်နာရီတစ်ကြိမ်၊ အသက် ၇၅ နှစ်ကျော်လျှင် နာရီဝက်တစ်ကြိမ် ဆီးသွားသင့်သည်ဟု ဆိုလိုပါသည်။ အသက်ကြီးသူများ ဆီးသွား လျှင် ဆီးထဲတွင် အဆီများဝေ့နေသည်ကို တွေ့ရလိမ့်မည်။ ခန္ဓာကိုယ်ထဲမှ ဓာတ်ပျက်နေသော အဆီများပါသွားခြင်းဖြစ်သည်။ အရိုးအဆစ် ကိုက်ခဲရောင်ရမ်းစေသော ယူရစ်အက်စစ်ဓာတ်မှာလည်း ဆီးမှ စွန့်ထုတ်လျှင် အကိုက်အခဲသက်သာစေနိုင်သည်။
မိုးအေးသောအခါနှင့် ချမ်းလွန်းသော ဆောင်းရာသီများတွင် ရေကိုပြုပြင်ပြီး သောက်ရန်လိုသည်။ ရေကိုပြုပြင်ပြီး သောက်ခြင်းမှာ ရေနွေးကြမ်းအဖြစ် ဆူအောင်ကျိုချက်ပြီး လက်ဖက်ခြောက် သို့မဟုတ် လက်ဖက် အစို ခတ်သောက်ခြင်းပင်ဖြစ်သည်။ ကော်ဖီသောက်ခြင်းသည်လည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်သည်ဟု ဆိုသည်။
ဘီယာသောက်ခြင်းကိုပင် ကျန်းမာရေး ပညာပေး မဂ္ဂဇင်းများက ဆီးကျိတ်ကင်ဆာကို ကာကွယ်သည်ဟု ရေးသားထားသည်။ တောနယ်ကျေးလက်ဓလေ့တွင်ကား မည်သည့်အိမ်သွားလည်သည်ဖြစ်စေ ရေနွေးကြမ်း တစ်အိုးချပြီး တည်ခင်းလေ့ရှိသည်မှာ မြန်မာ့ဓလေ့ပင် ဖြစ်သည်။ ရေနွေးကြမ်းသည် အဆီကျဆေးတစ်မျိုးဖြစ်ကြောင်း ဆရာဝန်ကြီးများကလည်း ထောက်ခံရေးသား ကြသည်။
အချုပ်ဆိုရသော် ရေသောက်ခြင်းကြောင့် ကျန်းမာသည့် နည်းလမ်းကောင်း များစွာရှိသည်။ ရေသောက်ပုံအမျိုးမျိုးကို ရှုထောင့်အမျိုးမျိုးမှ တင်ပြကြသည်။ ရေကောင်းရေသန့်ဖြစ်ရန်လိုသည်။ ရေမချိုးခင် ရေတစ်ခွက် သောက်ခြင်း၊ ညအိပ်ရာဝင် ရေတစ်ခွက်သောက်ခြင်းတို့သည် များစွာ အကျိုးရှိစေသော ကျန်းမာရေး နည်းလမ်းကောင်းများ ဖြစ်သည်။ ထို့အတူ အဆီကျချင်သူ၊ ပိန်ချင်သူ၊ ဝိတ်လျှော့ချင်သူများအတွက် ထမင်းမစားမီ ရေတစ်ခွက် သောက်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။ ။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ မိဘပြည်သူ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ စည်ကားလှုပ်ရှားနေကြသည့် မြင်ကွင်းများကို တွေ့မြင်ရတော့မည်ဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ ကလေးများ ကျောင်းအပ်နှံကြရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်ဖြင့် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ရာ မိမိတို့၏ ရင်သွေးကလေးများ ကျောင်းနေအရွယ်တွင်ရောက်ရှိနေပါက ကျောင်းအပ်နှံကြရန် တာဝန်ရှိသော မိဘအုပ်ထိန်းသူများ မဖြစ်မနေ မြန်မြန်ဆန်ဆန်ကျောင်း
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ မိဘပြည်သူ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ စည်ကားလှုပ်ရှားနေကြသည့် မြင်ကွင်းများကို တွေ့မြင်ရတော့မည်ဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ ကလေးများ ကျောင်းအပ်နှံကြရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်ဖြင့် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ရာ မိမိတို့၏ ရင်သွေးကလေးများ ကျောင်းနေအရွယ်တွင်ရောက်ရှိနေပါက ကျောင်းအပ်နှံကြရန် တာဝန်ရှိသော မိဘအုပ်ထိန်းသူများ မဖြစ်မနေ မြန်မြန်ဆန်ဆန်ကျောင်းအပ်နှံပေးကြဖို့လိုသည်။ ပညာသင်ကြားခြင်းသည် ကလေးတို့၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်ကို မိဘတိုင်းက ရိုးရှင်းစွာရှုမြင်ကြရန်လိုပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံ၍ ပညာသင်ယူနိုင်ရေးသည် မိဘတိုင်း၏ တာဝန်သာဖြစ်ပေသည်။ မိမိကလေး လူတန်းစေ့နေနိုင်ရေး၊ ဘဝတိုးတက်ကောင်းမွန်ရေး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တို့အတွက် ပညာသည်သာ အခရာဖြစ်သည်။
နိုင်ငံတော်အစိုးရက “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” လူမှုရေးဦးတည်ချက်ကို ချမှတ်ထားသည်။ ထို့ပြင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်၏ အနာဂတ်အတွက် ရည်မှန်းချက်များ အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျောင်းဖွင့်ချိန်နီးလာပြီဆိုတော့ အများသူငါ သိပြီးသားဖြစ်တဲ့ ပုံပြင်တစ်ပုဒ်ကို သတိရလာတယ်။ပုံပြင်ဆိုတာ “အစဉ်အဆက်ကပြောလာသော အဖြစ်အပျက်၊ ဇာတ်ကြောင်း”လို့ မြန်မာအဘိဓာန်ထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုပေးထားပါတယ်။ သတိရလာတဲ့ပုံပြင် တစ်ပုဒ်ကတော့ “ကုဋေရှစ်ဆယ်သူဌေးသား” ပုံပြင်ပါပဲ။ ဒီပုံပြင်က စိတ်ကူးယဉ်ဇာတ်လမ်းဆင်ပြီး ရေးထားတဲ့ပုံပြင်မျိုးမဟုတ်ပါဘူး။ တစ်ချိန်တစ်ခါက ဖြစ်ခဲ့ဖူးတဲ့ဖြစ်ရပ်မှန်အဖြစ်အပျက် အကြောင်းအရာပါ။ အခုပုံပြင်ရဲ့သက်တမ်းက အချိန်ကာလကြာမြင့်နေပါပြီ။ ဒါပေမဲ့ ယနေ့ထိတိုင်အောင် မရိုးနိုင်သေးပါဘူး။
ပုံပြင်ထဲကအဖြစ်အပျက်မျိုးက ယနေ့ထိတိုင်အောင် ရှိနေဆဲမို့ မရိုးနိုင်သေးတာပါပဲ။“ကုဋေရှစ်ဆယ်သူဌေးသားပုံပြင်”ထဲမှာပါတဲ့ ကုဋေရှစ်ဆယ်သူဌေးသားက ဆင်းရဲပြီး ဘဝပျက်သွားတယ်။ တောင်းရမ်းစားသောက်နေရတဲ့ သူတောင်းစား ဘဝအထိရောက်သွားတယ်။ လူသူမနီးတဲ့တောထဲမှာ တိရစ္ဆာန်တစ်ကောင် သေဆုံးရသလို အသေဆိုးနဲ့ သေဆုံးပြီး ဘဝနိဂုံး အဆုံးသတ်ရရှာတယ်။ ဒီလိုဘဝဆိုးကို အလိုလိုရောက်သွားတာ မဟုတ်ပါဘူး။
အစမကောင်းခဲ့လို့ အကြောင်းမလှဖြစ်သွားရတာပါပဲ။ “ကုဋေရှစ်ဆယ်သူဌေးသား” က ကျောင်းနေရမယ့် အရွယ်မှာကျောင်းမနေခဲ့ဘူး၊ စာသင်ရမယ့်အချိန်မှာ စာမသင်ခဲ့ဘူး။ သူဌေးကြီးကလည်း တစ်ဦးတည်းသောသားကို ကျောင်းထားပေးရမှန်း၊ စာသင်ပေးရမှန်းမသိခဲ့ဘူး။ အဆုံးအမ၊ အသင်အပြမခံရဘဲ ကြီးပြင်းလာခဲ့တဲ့ သားဖြစ်သူက အရှေ့မှန်း၊ အနောက်မှန်း၊ တောင်မှန်း၊ မြောက်မှန်းမသိပါဘူး။ သားဖြစ်သူအရွယ်ရောက်ခါနီးမှာ သူဌေးလင်မယားက ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြတယ်။ သားဖြစ်သူကကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့ အမွေပုံပေါ်မှာ တစ်ကောင်ကြွက်တစ်မျက်နှာနဲ့ တစ်ယောက်တည်း ယောင်ချာချာ ကျန်ရစ်ခဲ့တာပေါ့။
သူဌေးသားကဖခင်သူဌေးကြီးရဲ့အမွေကို ဆက်ခံရတာပါ။ ဖခင်သူဌေးကြီးလက်ထက်မှာ ခိုင်းစေထားခဲ့တဲ့ အခိုင်းအစေတွေကိုပဲဆက်ပြီး ခိုင်းစေထားပါတယ်။ ခိုင်းစေထားတဲ့ အခိုင်းအစေတွေက သူဌေးသား စာမတတ်မှန်းသိတော့ လိမ်ညာကြတယ်။ မှားမှန်းမှန်မှန်း၊ ကောင်းမှန်းဆိုးမှန်းမသိတဲ့ သူဌေးသားကို လှည့်ပတ်ကြတယ်။ အမှတ်သညာမရှိမှန်းသိတော့ သူဌေးကြီးသိုဝှက်ထားခဲ့တဲ့ ပစ္စည်းဥစ္စာရတနာတွေရဲ့ နေရာကိုမပြောပြကြဘူး။ မြှောက်ပင့်ပေးတာကို သဘောကျနှစ်သက်မှန်းသိတော့ မြှောက်ပင့်ပေးကြတယ်။ အမြှောက်ကြိုက်တဲ့သူဌေးသားကို နည်းအမျိုးမျိုးနဲ့ ဖြားယောင်းသွေးဆောင်မြှူဆွယ်ကြတယ်။ သူဌေးသားက မစဉ်းစားမဆင်ခြင်နိုင်ပါဘူး။
အခိုင်းအစေတွေပြောသမျှ သဘောကျနေတော့တာပါပဲ။အချို့အခိုင်းအစေတွေက အပျော်အပါးနဲ့မြှူဆွယ်တယ်။ အသောက်အစားနဲ့ ဖြားယောင်းတယ်။ လောင်းကစားနဲ့သွေးဆောင်တယ်။ မစဉ်းစား၊မဆင်ခြင်၊ မချင့်ချိန်နိုင်တဲ့သူဌေးသားက မြှူဆွယ်တာကိုပျော်မွေ့နေပြီ။ ဖြားယောင်းတာကိုနှစ်သက်နေပြီ။ သွေးဆောင်တာကို စွဲမက်နေပြီ။ မကောင်းတဲ့ဘက်မှာ ခြေလွန်လက်လွန်ဖြစ်နေတယ်။ ဖခင်သူဌေးကြီးထားခဲ့တဲ့ ကုဋေရှစ်ဆယ်က တိုးပွားမလာတဲ့အပြင် တစ်နေ့တခြား လုံးပါးပါးလာတယ်။
နောက်ဆုံးတော့ ထန်းလျက်ခဲခွေးလျက်သလို ပြောင်တလင်းခါသွားတော့တာပါပဲ။ပစ္စည်းဥစ္စာရတနာတွေ တစိုးတစိမှမကျန်အောင် ဆင်းရဲလာတော့ နေထိုင်တဲ့အိမ်ကိုပါ ရောင်းပစ်လိုက်ရတယ်။ အိမ်ရောင်းလို့ရတဲ့ငွေကလည်း ကြာရှည်မခံပါဘူး။ ကုန်တာပါပဲ။ ထုခွဲရောင်းချစရာလည်းမရှိတော့ပါဘူး။ ဝမ်းရေးအတွက် ခက်ခဲလွန်းမက ခက်ခဲလွန်းလာတယ်။ မဝရေစာစားပြီး အသက်ရှင်နေရတာဆိုတော့ အရိုးပေါ်အရေတင် ကိုယ်ခန္ဓာက ပိန်လှီချည့်နဲ့လာတယ်။ မတတ်သာတဲ့အဆုံးမှာတော့ ရှက်ကြောက်မနေတော့ဘူး။ ခွက်တစ်လုံးနဲ့ရွာရိုးတစ်လျှောက် အိမ်ပေါက်စေ့ဝင်ပြီး “ထမင်းကျွေးပါ၊ ရေပေးပါ”လို့ တောင်းရမ်း စားသောက်ရတဲ့ သူတောင်းစားဘဝ ရောက်သွားတော့တာပါပဲ။
ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာတဲ့ သူဌေးကြီးကသားဖြစ်သူကို ကုဋေရှစ်ဆယ် အမွေပေးထားခဲ့တာပါ။ဒါပေမဲ့ ကုဋေရှစ်ဆယ်သူဌေးသားက မိဘအမွေကိုမထိန်းသိမ်းနိုင်ခဲ့ပါဘူး။ မထိန်းသိမ်းနိုင်ခဲ့တဲ့ အကြောင်းရင်းရဲ့ဇာစ်မြစ်က သူဌေးသား ကိုယ်တိုင်ကျောင်းနေအရွယ်မှာ ကျောင်းနေပြီးစာမသင်ခဲ့လို့ပါပဲ။ သူဌေးကြီးကိုယ်တိုင်ကလည်း ကျောင်းနေအရွယ်ရောက်လာတဲ့သားဖြစ်သူကို ကျောင်းအပ်နှံပြီး စာသင်မခိုင်းခဲ့လို့ပါပဲ။ သူဌေးသားခမျာ ကျောင်းနေအရွယ်မှာကျောင်းမနေခဲ့တော့ သင်ပြလမ်းညွှန်သွန်သင် ဆုံးမပေးမယ့်ဆရာနဲ့ မတွေ့ခဲ့ရပါဘူး။ ဆရာနဲ့လွတ်နေပါတယ်။
“မျဉ်းလွတ်တော့ကိုင်း၊ ဆရာလွတ်တော့ရိုင်း” လို့ဆိုတဲ့မြန်မာဆိုရိုးစကားအတိုင်းပါပဲ။ ဆရာလွတ်တဲ့သူဌေးသားက မယဉ်ကျေးပါဘူး။ အင်မတန်ရိုင်းစိုင်းပါတယ်။ မလိမ္မာပါဘူး။ အင်မတန်မိုက်ကန်းပါတယ်။
စာမသင်ခဲ့တော့စာမတတ်ပါဘူး။ စာမတတ်တော့ မျက်စိကန်းနေတဲ့သူလိုပါပဲ။ အမှန်တရားကိုသိမြင်နိုင်စွမ်း မရှိပါဘူး။ စဉ်းစားမြော်မြင်ဆင်ခြင်နိုင်စွမ်းမရှိပါဘူး။ လောကအရေး၊ ရာဇအရေး၊ ဓမ္မအရေးစတဲ့အရေးကိစ္စ ဘာတစ်ခုမျှမသိမမြင်နိုင်ပါဘူး။ ကျောင်းနေအရွယ်မှာကျောင်းမနေဘဲ စာမသင်ခဲ့ရင်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါပဲ။
မိဘတွေကသူတို့ရဲ့သားသမီးတွေကို ကုဋေရှစ်ဆယ် သူဌေးသားလိုမျိုး မဖြစ်စေချင်ကြဘူး။ ဖြစ်လာမှာကိုစိုးရိမ်ကြတယ်။ ကုဋေရှစ်ဆယ်ကြွယ်ဝ ချမ်းသာတဲ့သူဌေးကြီးလို မိဘမျိုးအဖြစ်မခံနိုင်ဘူး။ မိဘဝတ္တရားငါးပါးလုံး ကျေပွန်အောင် ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးကြတယ်။ သားသမီးတွေငယ်ရွယ်စဉ် ကလေးဘဝကတည်းက မိဘဝတ္တရားငါးပါးထဲမှာပါတဲ့ “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ”ဆိုတဲ့ ပထမ ဝတ္တရား သုံးပါးကို အပျက်မခံတော့ဘူး။ မကောင်းတဲ့ဘက်မရောက်အောင် ပဲ့ပြင်ဆုံးမတားမြစ်ကြတယ်။ ကောင်းတဲ့ဘက်ရောက်အောင် သွန်သင်နည်းပြလမ်းညွှန်ကြတယ်။ သားသမီးတွေကျောင်းနေအရွယ် ရောက်ပြီဆိုတာနဲ့ စာသင်ဖို့ ကျောင်းထားပေးတော့တာပါပဲ။
ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေကလည်းမိဘတွေလိုပါပဲ။ ကျောင်းနေအရွယ်လူငယ်တွေကိုအသိပညာ၊ အတတ်ပညာတွေ တတ်မြောက်ကျွမ်းကျင်အောင်ဆရာစားမချန်ဘဲ သင်ကြားလေ့ကျင့်ပေးကြတယ်။ လမ်းလွဲရောက်ပြီး မတိမ်းစောင်းအောင် ထိန်းကျောင်းတည့်မတ်ပေးကြတယ်။ ကိုယ်ကာယကြံ့ခိုင် သန်စွမ်းစေတဲ့၊ ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေတဲ့၊ အကျင့်စာရိတ္တ ကောင်းမွန်စေတဲ့၊ ကိုယ်ချင်းစာခံစားတတ်စေတဲ့၊ အသက်မွေးဝမ်းကျောင်းမှု အတတ်ပညာကိုရရှိစေတဲ့ “ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသသက်မွေးဘက်စုံပညာရေး” ရဲ့ ပန်းရောင်စုံကို ခူးဆွတ်ပန်ဆင်ပေးကြပါတယ်။ အဲဒါကကျောင်းနေ အရွယ်လူငယ်တွေအားလုံးကို “ပညာပြည့်ဝနှလုံးလှ” သူတွေဖြစ်အောင် ပုံသွင်းမွေးမြူပေးနေကြတာပါပဲ။
အခြေခံပညာကျောင်းတွေက ကျောင်းနေအရွယ်ကလေးတွေအားလုံးကို “ပညာပြည့်ဝနှလုံးလှ” တဲ့ သူတွေဖြစ်အောင် သင်ကြားလေ့ကျင့်ပေးနေသလို အဆင့်မြင့်ပညာရပ်အသီးသီးကို ဆက်လက်သင်ယူနိုင်ဖို့၊ “ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ” ဆိုတဲ့ ဗလငါးတန်နဲ့ပြည့်စုံဖို့ ပညာအခြေခံကောင်းတွေကိုပါ သင်ကြားလေ့ကျင့်ပေးနေတာပါ။ ယနေ့ကျောင်းနေအရွယ် ကလေးတွေအနေနဲ့ အခြေခံပညာသင်ကျောင်းတွေက သင်ကြားလေ့ကျင့်ပေးနေတဲ့ ပညာအခြေခံကောင်းတွေကို ပိုင်နိုင်တတ်မြောက် ကျွမ်းကျင်အောင် သင်ယူလေ့လာဆည်းပူးနိုင်တဲ့ အခွင့်အလမ်းကောင်းတွေ ရရှိနေပါတယ်။ ရရှိနေတဲ့အခွင့်အလမ်း ကောင်းတွေကို မိမိရရ ဆုပ်ကိုင်ထားရမှာပါ။ ဒီအခွင့်အလမ်းကောင်းတွေနဲ့အခွင့်သာခိုက်၊ အခွင့်သာဆဲ၊ အခွင့်သာတုန်းအချိန်အခါမှာ လက်လွှတ်ဆုံးရှုံး မခံသင့်ပါဘူး။ လက်လွှတ်ဆုံးရှုံးခံလိုက်မယ်ဆိုရင်တော့ လယ်တီဆရာတော်ကြီးရဲ့ နိဗ္ဗိန္ဒတေးထပ်ထဲမှာပါတဲ့အတိုင်း “ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား” ၊“ခွင့်သာဆဲကမှ မခဲချင်လျှင် အလွဲနင့်ပြင်ရှိသေးလေလိမ့်လား”၊“ခွင့်သာတုန်းကမှ မရုန်းချင်လျှင် အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား” လို့ဆိုရမှာပါပဲ။ဘယ်မိဘမဆို သားသမီးတွေရဲ့နောင်ရေး စိတ်အေးချင်ကြပါတယ်။ လူတစ်လုံးသူတစ်လုံးနဲ့ဆင်စီးမြင်းရံနေတဲ့သားသမီးတွေကိုပဲမြင်ချင်ကြပါတယ်။ သားသမီးတွေရဲ့ နောင်ရေး စိတ်အေးရဖို့၊ ပြောင်ပြောင်ရောင်ရောင် လူတစ်လုံးသူတစ်လုံးနဲ့ ဆင်စီးမြင်းရံနေတာကိုမြင်ရဖို့ဆိုရင် ပစ္စည်းဥစ္စာရတနာရွှေငွေတွေကို အမွေပေးတာထက် ပညာအမွေပေးတာက အကောင်းဆုံးပါပဲ။
ပစ္စည်းဥစ္စာစိန်ရွှေရတနာတွေက အကြောင်းမသင့်ရင် ရုတ်ခြည်းပျက်စီးဆုံးရှုံးနိုင်ပါတယ်။မတည်မြဲပါဘူး။ ပညာကတော့ မပျက်မစီးဘဲတည်မြဲနေပါတယ်။တည်မြဲတဲ့ပညာက ဘဝတစ်သက်တာလုံး သုံးစွဲလို့ မကုန်ခန်းနိုင်ပါဘူး။ မိဘတွေကသားသမီးတွေကို မကုန်ခန်းနိုင်တဲ့ပညာ အမွေကိုပေးကြရမှာ ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာရတနာရွှေငွေတွေကိုသာ အမွေပေးပြီး ပညာအမွေကို မပေးဘူးဆိုရင်တော့ လက်သစ်ကုဋေရှစ်ဆယ် သူဌေးကြီးတွေနဲ့လက်သစ်ကုဋေရှစ်ဆယ်သူဌေးသားတွေ ပေါ်ပေါက်လာဦးမှာမလွဲပါဘူး။
ယနေ့မိဘတိုင်းကလည်း ကုဋေရှစ်ဆယ်သူဌေးလို မိဘမျိုးမဖြစ်အောင် မိဘဝတ္တရားကို ကျေပွန်ကြရမှာပါ။ သားသမီးတွေကိုလည်း လက်သစ်ကုဋေရှစ်ဆယ် သူဌေးသားမျိုးမဖြစ်အောင် ထိန်းကျောင်း စောင့်ရှောက် မွေးမြူပေးကြရမှာပါ။ မိဘတိုင်းအနေနဲ့ကျောင်းနေအရွယ် သားသမီးရတနာတွေကို ကျောင်းအပ်နှံပြီး စာသင်ခိုင်းကြမယ်ဆိုရင် ကုဋေရှစ်ဆယ်သူဌေးသားလို သားသမီးမျိုး ဖြစ်ပေါ်မလာတော့ပါဘူး။
ကုဋေရှစ်ဆယ်သူဌေးလို မိဘမျိုးလည်းဖြစ်ပေါ်မလာတော့ပါဘူး။ အစကောင်းရင် အကြောင်းလှမှာပဲဖြစ်ပါတယ်။ ။

ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်နေစေသည်။ HPAI ဗိုင်းရပ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်၊ ငှက်များကို ထိခိုက်စေသော်လည်း ကုန်းနေနှင့် ရေနေနို့တိုက်သတ္တဝါများတွင် တွေ့ရှိရမှုများသည်လည်း တိုးပွားလာနေကြောင်း မကြာသေးမီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)သို့အစီရင်ခံထားသည်။ HPAI (Highly Pathogenic Avian Influenza) ဗိုင်းရပ်၏ အလျားလိုက်ကူးစက်မှု (Horizontal Transmission) ဆိုသည်မှာ ရောဂါပိုးရှိသော အိမ်မွေးတိရစ္ဆာန် သို့မဟုတ် တောရိုင်းတိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူးစက်ခြင်းကိုဆိုလိုသည်။ ဥပမာအားဖြင့် ကြက်ငှက်တုပ်ကွေးဗိုင်းရပ် Avian Influenza H5N1 သည် နွားများ၊ ကြောင်များနှင့် အခြားကြက်၊ ငှက်များအကြား အလျားလိုက်ကူးစက်နိုင်ကြောင်းလေ့လာတွေ့ရှိထားသည်။
- နွားများမှ အခြားနွားများသို့ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် နှာရည်၊ တံတွေး၊ မစင်နှင့် နို့တို့မှတစ်ဆင့် တိရစ္ဆာန်အချင်းချင်း ထိတွေ့မှုဖြင့် ကူးစက်နိုင်သည်။
- နွားများမှ ကြောင်များသို့ အမေရိကန်ပြည်ထောင်စုတွင် H5N1 ဗိုင်းရပ်ကူးစက်ခံထားရသော နွားနို့ကိုသောက်သုံးမိသည့် ကြောင်များတွင် ဗိုင်းရပ်ပိုးတွေ့ရှိရပြီး ၎င်းတို့မှတစ်ဆင့် အခြားကြောင်များသို့လည်း ကူးစက်နိုင်ကြောင်း အတည်ပြုထားသည်။
- ကြောင်များမှ ကြက်၊ ငှက်များသို့ ကြောင်များသည် ငှက်များကို ဖမ်းစားတတ်သောကြောင့် ဗိုင်းရပ်ကို သယ်ဆောင်ကာ ကူးစက်စေနိုင်သည်။
- တိရစ္ဆာန်များမှ လူသို့ (Zoonotic Transmission) H5N1 ကဲ့သို့သော ဗိုင်းရပ်များသည် တိရစ္ဆာန်များမှ လူသို့လည်း ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုဖြစ်စေနိုင်သည်။
၂၀၂၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၁၇ ခုရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းများတွင် H5N1 ဗိုင်းရပ်ကူးစက်မှုများ စတင်တွေ့ရှိခဲ့သည်။ ဤသည်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် နို့တိုက်သတ္တဝါများသို့ မျိုးဗီဇပြောင်းလဲကူးစက် နိုင်စွမ်းရှိကြောင်းပြသသည့် အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ နို့တိုက်သတ္တဝါမျိုးစိတ် ၃၀ ကျော်သည် HPAI ဗိုင်းရပ်ပိုးကူးစက် ခံထားရပြီဖြစ်ကာ ဤအရေအတွက်သည် ပိုမိုတိုးလာနိုင်သည်ဟုခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အချက်အလက်စနစ် (WAHIS)မှ စုဆောင်းထားသော အချက်အလက်များအရ မြောက်ကမ္ဘာခြမ်းတွင် HPAI ကူးစက်မှုများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်မြင့်တက်လာပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမြင့်ဆုံးသို့ရောက်ရှိနိုင်သည်ဟု ဖော်ပြနေသောကြောင့်ဖြစ်သည်။
ဤဖြစ်ရပ်များသည် ဗိုင်းရပ်၏ မျိုးစိတ်ကွဲများအကြား အတားအဆီးများကို ကျော်လွှားနိုင်စွမ်းနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထပ်မံအလင်းပြ လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုရှိနို့စားနွားများတွင် ကြက်ငှက်တုပ်ကွေးရောဂါ HPAI စဉ်ဆက်မပြတ် တွေ့ရှိမှုများသည် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုများကိုမြင့်တက်စေသည်။
၂၀၂၅ ခုနှစ် အစောပိုင်းအထိ နို့စားနွားများတွင် စမ်းသပ်တွေ့ရှိခဲ့သော ဗိုင်းရပ်အားလုံးသည် H5 clade 2.3.4.4b Genotype B3.13 မျိုးကွဲဖြစ်ခဲ့သော်လည်း ယခုအခါ Nevada နှင့် Arizona ရှိ နို့စားနွားများတွင် ဒုတိယမျိုးကွဲဖြစ်သော D1.1 Genotype ကို အတည်ပြုတွေ့ရှိခဲ့သည်။
D1.1 Genotype သည် ၂၀၂၃ ခုနှစ်ဆောင်းရာသီနှင့် ၂၀၂၄ ခုနှစ် ဆောင်းဦးကာလအတွင်း မြောက်အမေရိကတိုက်ရှိ ငှက်များ၏ရွှေ့ပြောင်းရာလမ်းကြောင်း (North American Flyways) တွင် အဓိကပျံ့နှံ့ခဲ့သော မျိုးကွဲဖြစ်ပြီး တောရိုင်းငှက်များ၊ နို့တိုက်သတ္တဝါများနှင့် မွေးမြူရေးကြက်များ (Domestic Poultry)တွင် ကူးစက်မှုများတွေ့ရှိရသည်။ နို့စားနွားများတွင် ဗိုင်းရပ်၏မတူညီသော Genotype နှစ်မျိုး (B3.13 နှင့် D1.1) တွေ့ရှိမှုသည် ဗိုင်းရပ်၏ဆက်လက် ပြောင်းလဲနိုင်စွမ်းနှင့် ကူးစက်မှုလမ်းကြောင်း အသစ်များကို ညွှန်းဆိုနေသည်။ Genotype D1.1 မျိုးကွဲသည် နို့စားနွားများတွင် ယခင်က အဓိကဖြစ်ပွားခဲ့သော Genotype B3.13 မျိုးကွဲနှင့် မတူညီပါ။ B3.13 မျိုးကွဲသည် လူသားများကို ကူးစက်ပါက ရောဂါလက္ခဏာအပျော့စားသာ ဖြစ်ပွားစေနိုင်ခဲ့သည်။ Genotype D1.1 သည် H5N1 ဗိုင်းရပ်၏ မျိုးဗီဇအမျိုးအစား(Genetic lade)တစ်ခုဖြစ်ပြီး ငှက်များမှ နွားများသို့ကူးစက်နိုင်စွမ်း (Cross-Species Transmission) ပိုမိုမြင့်မားနိုင်သည့် သဘောရှိကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ Genotype D1.1 ၏ ထူးခြားချက်မှာ ငှက်များတွင် အဓိကတွေ့ရှိရသော်လည်း နို့တိုက်သတ္တဝါများ (ဥပမာ - နွား၊ ကြောင်)တွင် ကူးစက်နိုင်စွမ်းရှိသည်။
Genotype D1.1 သည် နို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်စွမ်းမြင့်မားသည့် အတွက် လူသို့ကူးစက်မှု (Zoonotic Transmission) အန္တရာယ်ကို စောင့်ကြည့်ရန် အရေးကြီးသည်။ ဗိုင်းရပ်၏ မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ဆက်ဖြစ်ပါက လူအချင်းချင်းကူးစက်နိုင်သည့် ကပ်ရောဂါ (Pandemic) အန္တရာယ်သို့ရောက်ရှိ လာနိုင်ပေသည်။
HPAI ကူးစက်ခံရသောနွားများတွင် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် နို့ထွက်နှုန်းကျဆင်းခြင်း၊ နို့အရည်အသွေးပျက်၍ ပျစ်ခဲသောနို့ထွက်ခြင်း၊ အစာစားနှုန်းလျော့ကျခြင်း၊ အားနည်းခြင်း၊ အဖျားတက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းစသော မပြင်းထန်သည့် ရောဂါလက္ခဏာများသာ ပြသလေ့ရှိသည်။ သေဆုံးနှုန်းမှာလည်း ၂ ရာခိုင်နှုန်းခန့်သာရှိသည်။ ရောဂါကူးစက်ခံရသောနွားများမှ ထွက်ရှိသောနို့စိမ်း (Raw Milk) တွင် ဗိုင်းရပ်ပမာဏအလွန်မြင့်မားကြောင်း ဓာတ်ခွဲစမ်းသပ်မှုများက အတည်ပြုထားသည်။
H5N1 သည် ယခင်က ငှက်များတွင်သာ အဓိကတွေ့ရှိရသော်လည်း ယခုအခါ နွား၊ ဆိတ်၊ ဖျံ စသည့်နို့တိုက်သတ္တဝါများတွင် ကူးစက်လာခြင်းက ဗိုင်းရပ်၏မျိုးဗီဇပြောင်းလဲမှုကို မြန်ဆန်စေနိုင်သည်။ ၎င်းသည် လူသားများအတွက် ပိုမိုလွယ်ကူစွာကူးစက်နိုင်သော ဗိုင်းရပ်အဖြစ်ပြောင်းလဲနိုင်ခြေ(Zoonotic Adaptation)ကိုမြင့်တက်စေသည်။ လက်ရှိတွင်နွားနို့မှတစ်ဆင့် လူသို့တိုက်ရိုက်ကူးစက်မှု အတည်မပြုရသေးသော်လည်း ဗိုင်းရပ်၏မျိုးဗီဇ ပြောင်းလဲမှုကြောင့် အန္တရာယ်မြင့်မားနေသည်။
H5N1 ဗိုင်းရပ်၏နွားများအကြား အပြင်းအထန် ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ကြီးမားသောစိုးရိမ်ဖွယ်ရာ အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။ အမေရိကန် CDC နှင့် WHO ၏ သတိပေးချက်အရ ရောဂါကူးစက်သည့်နွားများမှထုတ်လုပ်သော နို့စိမ်း (Unpasteurized Milk) ကို သောက်သုံးခြင်းသည် H5N1 ဗိုင်းရပ်ကူးစက်နိုင်ခြေ အလွန်မြင့်မားကြောင်း သိပ္ပံနည်းကျ
သက်သေပြချက်များရှိသည်။ နို့ကိုပေါင်းခံခြင်း (Pasteurization) မပြုလုပ်ပါက ဗိုင်းရပ်အသက်ရှင်နိုင်ပြီး လူသို့ကူးစက်နိုင်သည်။ WHO ၏ဖော်ပြချက်များအရ H5N1 သည် လူသားများတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြင်းထန်ရောဂါများ ဖြစ်စေနိုင်ပြီး သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ (WHO, FAO)၏အကြံပြုချက်များမှာ
- နို့နှင့်နို့ထွက်ပစ္စည်းများကို သေချာစွာချက်ပြုတ်ပြီးမှသာ စားသုံးပါ။ (Pasteurization လုပ်ထားသော နို့ကိုသာရွေးချယ်ပါ)။
- မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေး (Biosecurity)မြှင့်တင်ခြင်း (ဥပမာ - ကူးစက်နိုင်သော ငှက်များနှင့်ထိတွေ့မှုကို ကန့်သတ်ခြင်း)။
- နွားများနှင့် အခြားမွေးမြူရေးတိရစ္ဆာန်များတွင် H5N1 စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ခြင်း။
- ကူးစက်မှုလက္ခဏာရှိသော တိရစ္ဆာန်များကို ချက်ချင်းသီးသန့်ထားရှိခြင်း။
အိမ်မွေးတိရစ္ဆာန်များတွင် H5N1 ကူးစက်မှု
ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်တွေ့ရှိရသော နို့စားနွားမွေးမြူသည့် ပြည်နယ်တို့ရှိ အိမ်မွေးကြောင်များစွာတွင် H5N1 ဗိုင်းရပ်ပိုးတွေ့ရှိခဲ့ပြီး ကျားသစ်၊ ကျား၊ ခြင်္သေ့နှင့် ဘော့ကတ်ကြောင်ကြီးများ (Bobcats) အပါအဝင် ကြောင်မျိုးစိတ်များစွာ ကူးစက်ခံခဲ့ရသည်။
ကြောင်များတွင် ရောဂါလက္ခဏာများမှာ ပြင်းထန်ပြီး အာရုံကြောအားနည်းခြင်း၊ နှာရည်/ မျက်ရည်အလွန်ကျခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်ပေါ် ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် H5N1 ဗိုင်းရပ်၏ နွားများအကြား ကူးစက်မှုသည် လူသားများအတွက် ကပ်ရောဂါအဆင့်အန္တရာယ်ကို မြင့်တက်စေနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းများကို အရှိန်မြှင့်၍ဆောင်ရွက်ရန် အရေးကြီးသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သုတေသနနှင့် အရေးပေါ်အစီအမံများသည် ဤကပ်ဘေးအန္တရာယ်ကို ကာကွယ်ရန် အဓိကသော့ချက်များဖြစ်သည်။
“ကပ်ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပွားပြီးမှကုသခြင်းထက် အဆပေါင်းများစွာ ထိရောက်ပါသည်”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်က သတ်မှတ်ကြေညာ ခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ အချိန်ကာလအားဖြင့် ငါးနှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်က ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၇၇၇ ဒသမ ၇ သန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၇ ဒသမ ၀၉ သန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ နိုင်ငံတကာပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိခြင်း ကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်က ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကမူ ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ရောဂါ စတင်ရောက်ရှိ ချိန် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၁၁ ရက်အထိ ရောဂါဖြစ်ပွားသူ ၆၄၃၂၄၂ ဦးရှိပြီး သေဆုံးသူ ၁၉၄၉၄ ဦးရှိခဲ့သည်။ မြန်မာနိုင်ငံ၌ လူဦးရေတစ်သန်းတွင် ရောဂါကြောင့် သေဆုံး သူ ၃၈၁ ဦးရှိခဲ့ရာ အာဆီယံ ၁၀ နိုင်ငံတွင် သေဆုံးမှု နှုန်းအနေဖြင့် အဆင့် (၈)နေရာ၌ရှိခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ပါက ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်မားကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံ၌ နိုင်ငံတော်အစိုးရ၏ ဦးဆောင် လမ်းညွှန်ပံ့ပိုးမှု၊ တာဝန်သိကျန်းမာရေး ဝန်ထမ်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၏တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းအပါအဝင် ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို အချိန်တိုအတွင်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့သည်မှာ သမိုင်းတွင် မှတ်တမ်းတင်ရမည့်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ထိုသို့ ထိရောက်စွာကာကွယ်ထိန်းချုပ်ဆောင်ရွက်နိုင်မှုကြောင့် ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်က မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးသူကို နောက်ဆုံးတွေ့ရှိခဲ့ရပြီး ရောဂါဖြင့် ထပ်မံသေဆုံးမှုမရှိခဲ့သည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်ပါသည်။
ယခုအချိန်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှာ ပုံစံသစ်အနေဖြင့် ယခင်ကနှင့်မတူ နည်းပါးသောဒေသတွင်း ကူးစက်မှုများကို တွေ့လာ ရပြီး ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားမှုပုံစံ (Epidemic)မှ ဒေသတွင်းအမြစ်တွယ် ကူးစက်မှုပုံစံ (Endemic) အသွင်သို့ ကူးပြောင်းလာသည်ကို တွေ့ရသည်။ ထိုသို့ ကူးစက်မှုပုံစံပြောင်းလာသည်နှင့် အတူကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်တွင် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်လာသည်ကို တွေ့ရပါသည်။
ထိုသို့ ဒေသတွင်းအမြစ်တွယ် ကူးစက်မှု(Endemic)ပုံစံသို့ ပြောင်းလဲလာခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝသည် မကြာခဏ မျိုးရိုးဗီဇပြောင်းလဲ၍ ပေါ်ထွက်လာတတ်ခြင်းကြောင့် ရောဂါပိုးမျိုးကွဲများ ဆက်တိုက်ထွက်ပေါ်နေသည်နှင့်အတူ ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ယနေ့အထိတွေ့နေရဆဲဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။
လတ်တလောတွင် ကမ္ဘာ့မီဒီယာများနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံ စသည့်ဒေသတွင်း နိုင်ငံတချို့တို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကို တွေ့ရှိလာရသည်။
အိမ်နီးချင်းထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၇ ရက်အထိ ရောဂါဖြစ်ပွားသူ ၁၀၆၄၈၁ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း သိရသည်။ သို့ရာတွင် ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီလမှ မေလဆန်းပိုင်းအထိ ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံ တက်ရောက်သူ ခုနစ်သိန်းကျော်ရှိခဲ့သဖြင့် ယခုနှစ်ဖြစ်ပွားမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သိသာစွာ လျော့နည်းကြောင်း သိရသည်။ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအမြင့်မားဆုံးကာလမှာမေလ ၁၁ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီးရောဂါဖြစ်ပွားသူလူနာသစ် ၃၃၀၃၀ ဦးရှိ၍ ဆေးရုံ တက်ရောက်သူ ၁၉၁၈ ဦးနှင့် သေဆုံးသူနှစ်ဦးရှိခဲ့ကြောင်းသိရသည်။ ယင်း ၂၀၂၅ ခုနှစ် မေလ ၄ ရက်မှ ၁၀ ရက်အတွင်းတွင် ရောဂါဖြစ်ပွားသူလူနာသစ် ၃၁၁၉၄ ဦးရှိ၍ ဆေးရုံတက်ရောက်သူ ၂၄၉၀ ဦးနှင့် သေဆုံးသူရှစ်ဦး ရှိခဲ့ကြောင်းသိရ၍ အဆိုပါရက်သတ္တနှစ်ပတ်ကို နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားသူဦးရေ ပိုမိုများပြားလာသော်လည်း ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုလျော့ကျလာသည်ကိုတွေ့ရသည်။ ရောဂါကူးစက်မှုမြင့်မားရခြင်းအကြောင်းရင်းအနေဖြင့် ထိုင်းနိုင်ငံ၌ မိုးရာသီကာလစတင်ခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် သင်္ကြန်ပွဲတော်ကဲ့သို့ လူစုလူဝေးဖြင့် ခရီးသွားလာမှုများပြားခြင်း စသည်တို့ကြောင့်ဖြစ်သည်။ အဓိကကူးစက်ပျံ့နှံ့သည့် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်မျိုးကွဲမှာ ကူးစက်လွယ်အိုမီခရွန်အုပ်စုမှ ဆက်လက်၍ မျိုးရိုးဗီဇ ပြောင်းလဲလာသည့် JN.1 အုပ်စု ထိုမှ ဆက်လက်၍ မျိုးရိုးဗီဇပြောင်းလာသည့် XEC မျိုးကွဲသည် အများစု ဖြစ်ကြောင်းသိရှိရပြီး ဘန်ကောက်၊ ချွန်ဘူရီနှင့် ရယောင်းစသည့်နေရာများတွင် ကူးစက်မှုနှုန်းမြင့်မား၍ ကလေးများတွင်လည်း ကူးစက်မှုမြင့်မားသည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ဗီဇပြောင်းမျိုးကွဲအသစ်များကူးစက်မှုတို့ကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့်နယ်စပ် ဝင်ထွက်ပေါက်များတွင် အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၊ ဆေးရုံများတွင် အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက ဆေးရုံများတွင် သီးခြားထားရှိကုသနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းတို့အား ပိုမိုအားဖြည့်ဆောင်ရွက်လျက် ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အဓိကကျသည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် နှီးနွှယ်ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးအမျိုးအစား ရှစ်မျိုးကိုအသုံးပြု၍ အသက်ငါးနှစ်နှင့် အထက် ပြည်သူ ၃၆ ဒသမ ၃၆ သန်းကို ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံနိုင်ခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေး ၂၁ ဒသမ ၂၅ သန်း Doses ထိုးနှံပေးနိုင်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးများ မျိုးရိုးဗီဇပြောင်းလဲလာသည်နှင့်အတူ ယင်းမျိုးရိုးဗီဇပြောင်း ရောဂါပိုးများကို ကာကွယ်နိုင်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမျိုးဆက် သစ်များသည်လည်း စဉ်ဆက်မပြတ် ထွက်ပေါ်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer X.B.B. 1.5 အသုံးပြု၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ပြည်သူ ၁၁၂၅၂၉ ဦးနှင့် ကိုယ်ဝန်ဆောင် ၁၄၇၇၅ ဦး အပါအဝင် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးမှု ကာလခြောက်လနှင့်တစ်နှစ်အတွင်းရှိသည့် ပြည်သူ၂၂၈၆၇၂၆ ဦးအား ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် မေလအတွင်းတွင် GAVI support for C-19 Vaccination အစီအစဉ်ဖြင့်ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ ဆက်လက်၍ မျိုးရိုးဗီဇပြောင်းလဲလာသည့် JN.1 အုပ်စုနှင့် နောက်ဆက် တွဲမျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးများကို ကာကွယ်နိုင်မည့် Pfizer COVID-19 Vaccine JN.1 များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပေါ်ထွက်လာသည့်ဗိုင်းရပ်စ်အသစ် (Novel Coronavirus)ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးသည် ယင်း၏ကူးစက်ပြန့်ပွား လွယ်မှု၊ လျင်မြန်စွာမျိုးရိုးဗီဇပြောင်းလွယ်မှု၊ လူ၏ ကိုယ်ခံအားစနစ်နှင့် မျိုးဆက်ဟောင်း ကာကွယ်ဆေးများမှ ပေးအပ်သော ကိုယ်ခံအားကိုရှောင်လွှဲနိုင်မှု စသည့်ဂုဏ်သတ္တိများရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်နှင့် လူသားတို့နှင့်ယှဉ်တွဲနေထိုင်ရမည်မှာ ရှောင်လွှဲခြင်းမပြုနိုင်သည့်ကိစ္စ တစ်ရပ်အဖြစ် ထင်ရှားလာခဲ့ပြီဖြစ်ပါသည်။
ပြည်သူများအနေဖြင့် ထိုသို့ ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးနှင့်အတူ ယှဉ်တွဲနေထိုင်ကြရာတွင်ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာ၍ ဦးတည်အုပ်စုအလိုက်၊ အသက်အရွယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မပျက်မကွက်အထူးဂရုပြုခံယူရမည် ဖြစ်ပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ အခံရှိသူ၊ ကိုယ်ခံအားကျဆင်းနေသူများ၊ လူနာနှင့်ထိတွေ့ရသည့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကို ခံယူရမည်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပါအဝင် တခြားသင့်လျော်သည့် ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာ၍ မပျက်မကွက်ထိုးနှံမှု ခံယူသင့်ပါသည်။ ထို့ပြင် စနစ်တကျလက်ဆေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးရာတွင် ပါးစပ်နှင့်နှာခေါင်းကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊ လူစုလူဝေးရှိရာနေရာများနှင့် အလုံပိတ်အခန်းများသို့ သွားရောက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သင့်ပါ သည်။
အသက်အရွယ်ကြီးသူများနှင့် နာတာရှည်ရောဂါ အခံရှိသူများအနေဖြင့် အထက်ပါတစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို အထူးလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကိုဗစ်-၁၉ ရောဂါဖြစ်နိုင်ခြေရှိသဖြင့် သတိပြုပြီး လူစုလူဝေးရှောင်ကြဉ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်းတို့ကို ဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသ၍ စနစ်တကျစစ်ဆေးကုသမှု ခံယူရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ် ပိုးနှင့်ယှဉ်တွဲနေထိုင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ လိုအပ်သည့်ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံမှုခံယူခြင်းနှင့် တစ်ကိုယ်ရေကာကွယ်ရေးနည်း လမ်းများကိုကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories
Photo - vejthani

နွားနို့
နွားနို့နှင့်အဆီဓာတ်မှာ ကင်ဆာကို အားပေးသည့် အကျိုးသက်ရောက်မှု ရှိသော်လည်း နွားနို့ထဲတွင် ပါဝင်သည့် တခြားဓာတ်ပစ္စည်းများသည် ကင်ဆာကို ခုခံတိုက်ဖျက်နိုင်သည်။ အမေရိကန်ပြည်ထောင်စု ဘက်ဖလို (Buffalo) မှ ပညာရှင်များက အမေရိကန်နိုင်ငံသား ၁၃၀၀ အား လေ့လာသုတေသနပြုရာ တွင် မလိုင်ထုတ်ပြီး သို့မဟုတ် မလိုင်လျှော့ထားသည့် နွားနို့ပုံမှန်သောက်သုံးသူတို့သည် ခံတွင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ စအိုကင်ဆာ၊ အဆုတ်ကင်ဆာအပါအဝင် တခြားကင်ဆာဖြစ်ပွားနှုန်းသည် နွားနို့မသောက်သူများထက် လျော့နည်းနေကြောင်း တွေ့ရှိခဲ့ကြသည်။ နွားနို့တွင် ကင်ဆာကိုခုခံတိုက်ဖျက်သည့် ဓာတ်များ ပါဝင်နှုန်းကို လေ့လာသုတေသန ပြုဆဲဖြစ်သည်။ကြက်သွန်ဖြူဂျာမနီနိုင်ငံ၏ သုတေသနအသစ် တွေ့ရှိချက်အရ ကြက်သွန်ဖြူသည် ဆိုးရွားကင်ဆာဆဲလ်အတွက် အဆိပ်ဖြစ်နေသည်။ ဓာတုကုထုံးအတိုင်း ကင်ဆာဆဲလ်များကို သတ်ဖြတ်သုတ်သင်သည့် အကျိုးသက်ရောက်မှုမျိုးပါရှိသည်။ ကြက်သွန်ဖြူသည် ရောဂါပြီးခြင်း (Immunity)တုံ့ပြန်မှုကို ထိန်းညှိပေးသည့်ဆေး အဖြစ်လည်း အသုံးပြုနိုင်သည်။ လူကိုဆိုက် (Leucocytes) ဟုခေါ်သည့် သွေးဖြူဥဆဲလ်များကဲ့သို့ ခန္ဓာကိုယ်တွင်း ပုံမှန်ရောဂါပြီးဓာတ်၏ တုံ့ပြန်မှုကိုလှုံ့ဆော်ပေးသည်။ စမ်းသပ်ခန်းထဲ ခန္ဓာကိုယ်ပြင်ပ စမ်းသပ်မှုများအရ ကြက်သွန်ဖြူသည် macrophage နှင့် T.Iympho-cytes ခေါ် ရောဂါပြီးခြင်း ဓာတ်တစ်မျိုးတို့ကို ရှင်သန်အောင် လှုံ့ဆော်ပေးသည်ကို တွေ့ရသည်။ ရောဂါပြီးခြင်းဓာတ်သည်သတ္တိကြွပြီး ကင်ဆာဆဲလ်များကို သုတ်သင်ပစ်သည်။
ထို့ပြင် ကြက်သွန်ဖြူကို သဘာဝပိုးမွှား သက်သေအဖြစ် အသုံးပြုနိုင်သည်။ဥပမာ-အစာအိမ်ထွက်ပေါက်၌ အောင်းတတ်သည့်ပိုးမွှားများသည် အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာတို့နှင့် တိုက်ရိုက်ပတ်သက် ဆက်နွှယ်နေသည့် ပိုးမွှားများဖြစ်သည်။
ငါးအဆီ
ငါးများ၏အဆီသည် ကင်ဆာဆဲလ်များ ရွှေ့ပြောင်းဖြစ်ပွားမှုကို ဟန့်တားပေးသည်။ ဟားဗတ်တက္ကသိုလ်၏ လေ့လာသုတေသန ပြုချက်အရ ခွဲစိတ်မှုခံယူပြီးသော ရင်သားကင်ဆာများ ရွှေ့ပြောင်းဖြစ်ပွားနှုန်း ကျဆင်းသွားရန် ငါးအဆီက စွမ်းဆောင်ပေးနိုင်ပြီး တခြားကင်ဆာများ အပေါ်တွင်လည်း ထိုကဲ့သို့ အကျိုး သက်ရောက်နိုင်မည်ဟု ဆိုသည်။
ငါးအဆီက ကင်ဆာဆဲလ်များ ရွှေ့ပြောင်းစွဲကပ်မှုကို ဖြတ်တောက်ပစ်ခြင်း အကျိုးကိုပေးသည်။ ထိုမှတစ်ဆင့် မူလက ကင်ဆာ မဖြစ်ခဲ့သည့်နေရာ၌ မရှင်သန်နိုင်ရန် စွမ်းဆောင်လိုက်ခြင်း ဖြစ်ဟန်ရှိသည်။ ထို့ကြောင့် ဆရာဝန်များက ရင်သားကင်ဆာလူနာများကို ငါးများများစားသုံးရန် မှာကြားခြင်းဖြစ်သည်။
အရက်သောက်ခြင်းနှင့်ကင်ဆာ
အရက်သောက်သူများသည် ကင်ဆာပြဿနာများ တွေ့ကြုံရင်ဆိုင်ရသည်။ အသည်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ရင်သားကင်ဆာ စသည်တို့ဖြစ်သည်။ အထူးသဖြင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကိုတိုးပွားပြီး အန္တရာယ်ပိုများစေသည်။ အဆိုပါကင်ဆာဖြစ်ပွားနှုန်း တိုးပွားခြင်းက အရက်နှင့်တိုက်ရိုက်ပတ်သက် ဆက်နွှယ်မှုရှိသည်။ နိုင်ငံတကာ ကင်ဆာသုတေသနအဖွဲ့၏ စစ်တမ်းပြုလုပ်ချက်အရ ဆေးလိပ်နှင့် အရက်သောက်သုံးကြသူများသည် လည်ချောင်းကင်ဆာဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်းတိုးမြင့်သွားပြီး နှာခေါင်းနှင့် အာခေါင်ကင်ဆာဖြစ်ပွားနှုန်း ၁၃ ရာခိုင်နှုန်း တိုးမြင့်သွားသည်ကိုတွေ့ရှိခဲ့ကြသည်။ အမေရိကန် အုတ်ကလာဟိုမားတက္ကသိုလ် ပါရဂူများ၏ တွေ့ရှိချက်အရ ဘီယာများများသောက်သူသည် ဘီယာမသောက်သူများထက် စအိုပြွန်ကင်ဆာဖြစ်ပွားနှုန်း ၁၀၀ ရာခိုင်နှုန်းရှိသည်။ ကင်ဆာဖြစ်ပြီးသည့် လူနာသည် အရက်ကို မဖြစ်မနေဖြတ်ရမည်ဖြစ်သည်။
အဆီနှင့်ကင်ဆာ
သံလွင်ဆီမှ omega-3 ဖက်တီးအက်စစ်တို့သည် အကျိုးပြုအဆီ အက်စစ်များဖြစ်သည်။ အမေရိကန်နိုင်ငံ ကျန်းမာရေး သုတေသနအသင်း၏ သုတေသနပြုချက်အရ omega-3 သည် ကင်ဆာကာကွယ်ရေးနှင့် ခုခံတိုက်ဖျက်ရေး အကျိုးအာနိသင် ရှိကြောင်း သိရသည်။
လူတိုင်း နေ့စဉ်စားသောက်မှုမှ ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားသော တိရစ္ဆာန်အဆီသည် ကင်ဆာကိုဖြစ်စေနိုင်သည့် အာနိသင်များရှိကြသည်။ omega-3၊ omega-6၊ အကျိုးမပြုသောအက်စစ် (LDL) များပါဝင်သည်။ ကင်ဆာဖြစ်နိုင်သည့်ဆဲလ် သို့မဟုတ် ငုပ်လျှိုးနေသည့် ကင်ဆာဆဲလ်များကို ဆိုးရွားကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲတိုးပွားစေရန် အားပေးလှုံ့ဆော်သည်။
ဆောင်ရန် ရှောင်ရန်
ကင်ဆာကာကွယ်နိုင်သည့် အစားအစာများမှာ ဟင်းသီးဟင်းရွက်များ၊ ဂေါ်ဖီမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးအမှည့်၊ အစိမ်းရောင်ဟင်းရွက်များ၊ အဝါရောင်ဟင်းရွက်များ၊ ပဲပုပ်၊ ပဲပြား၊ ငါးအဆီ၊ ရေနွေးကြမ်း၊ နွားနို့တို့ဖြစ်ကြသည်။
ကင်ဆာဖြစ်ပွားမှုမှ ရှောင်ရန် အစားအစာများမှာ ခြေလေးချောင်းသား၊ အဆီများသောအစာ၊ ဆီအုန်းအပါအဝင် အရက်၊ ဘီယာတို့ဖြစ်သည်။ ကင်ဆာပြန့်ပွားမှုကို တားဆီးနိုင်သည့်အစားအစာများမှာ ပင်လယ်စာများ(ငါး၊ ပုစွန်)၊ မုန်ညင်းမျိုးရင်းဟင်းရွက်များ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ မုန်ညင်းဖြူ၊ မုန်ညင်းခါးစသည်တို့ဖြစ်သည်။

ဒီနှစ်အစောပိုင်းမှာ အာရှဒေသမှာရှိတဲ့ နိုင်ငံနဲ့ဒေသတော်တော်များများ အထူးသဖြင့် အရှေ့တောင် အာရှဒေသရှိ နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာနေတာကို တွေ့ရပါတယ်။ အာရှမှာဆိုရင်တရုတ်နိုင်ငံနဲ့ဟောင်ကောင်ဒေသ၊ အရှေ့တောင်အာရှမှာဆိုရင် စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုတွေပြန်လည်မြင့်တက်လာနေတာပါ။ ဒါကြောင့် ဒီရောဂါကပ်ဘေးဆိုးကြီးကကျွန်တော်တို့ကိုတစ်ဖန်ပြန်လည်ခြောက်လှန့်လာဦးမှာလားလို့ တွေးစရာ ရှိနေပါတယ်။

ဒီလိုထင်မယ်ဆိုရင်လည်းထင်စရာရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင်လက်ရှိရရှိထားတဲ့အချက်အလက်တွေကိုကြည့်ပါက ကိုဗစ်-၁၉ရောဂါဟာတော်တော်လေးကိုတက်ကြွစွာရှင်သန်နေဆဲပဲဆိုတာကို တွေ့ရပါတယ်။ ဒီရောဂါကြီးကငြိမ်သွားပြီလို့ လူတွေစိတ်ထဲမှာထင်မြင်နေတဲ့အချိန်၊ ကူးစက်မှုနှုန်းတွေကျဆင်းသွားတဲ့အချိန်မှာတောင်မှ ဒီရောဂါက ရှင်သန်နေတာကိုတွေ့ရတာပါ။
လက်ရှိဟောင်ကောင်နဲ့စင်ကာပူမြို့ကြီးတွေမှာဆိုရင်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်လာတာနဲ့ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူတွေကသတိပေးချက်တွေထုတ်ပြန်ထားရပါတယ်။ အလားတူပဲတရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာဆိုရင်လည်းရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ အနေနဲ့ပြည်သူတွေကိုထပ်ဆောင်းကာကွယ်ဆေးတွေထိုးဖို့အတွက် တိုက်တွန်းနှိုးဆော်မှုတွေလုပ်နေရပါတယ်။
ဟောင်ကောင်မှာဆိုရင် တစ်နှစ်ကျော်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက အမြင့်ဆုံးကိုရောက်ရှိလာတယ်လို့ ကျန်းမာရေးဌာနရဲ့ ကူးစက်ရောဂါဌာနမှူးကပြောထားပါတယ်။ ဒီလအစောပိုင်း ပထမရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူဟာ ၃၁ ဦးရှိပြီး ရောဂါ ဖြစ်ပွားမှုကလည်း ပြင်းထန်တယ်လို့ဆို ပါတယ်။ ဒီအတွက် ကျန်းမာရေးတာဝန် ရှိသူများက ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးခြေရာခံမှုတွေလုပ်တဲ့အခါ အဲဒီရောဂါပိုးက လူကြားထဲမှာ တော်တော်လေးပျံ့နှံ့နေတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။ အဆိုးဆုံးကတော့ ဟောင်ကောင်နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ အီဆန်ချန်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းပါပဲ။ ဒီအတွက်ပြည်သူတွေက ရောဂါပြန်လည်ဖြစ်ပွားမှုကိုသတိပြုမိလာတာဖြစ်ပါတယ်။
ထို့အတူ စင်ကာပူနိုင်ငံမှာဆိုရင်လည်း ဒီလအစောပိုင်းရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက ၂၈ ရာခိုင် နှုန်းအထိမြင့်တက်လာတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ သူတို့ထုတ်ပြန်တဲ့ရာခိုင်နှုန်းအရ ဆိုရင် ရောဂါကူးစက်ခံရသူအရေအတွက် က ၁၄၂၀၀ အထိရှိတယ်လို့ဆိုပါတယ်။ အဲဒီကာလအတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက်သီးသန့်ထားရှိတဲ့ဆေးရုံတွေမှာ တက်ရောက်ဆေးကုသမှုခံယူရသူအရေအတွက်က ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့သိရပါတယ်။
အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ပြန်လည်မြင့်တက်လာရခြင်းဟာ ရောဂါပိုးအနေနဲ့ ပိုမိုပြင်းထန်လာခြင်းကြောင့်မဟုတ်ဘဲ ပြည်သူတွေမှာသာ အဲဒီ ရောဂါကိုတိုက်ထုတ်နိုင်တဲ့ကိုယ်ခံအား ကျဆင်းလာခြင်းကြောင့်သာဖြစ်တယ်လို့
ကျန်းမာရေးတာဝန်ရှိသူများကပြောထားပါတယ်။ ဒါ့အပြင် လက်ရှိကိုဗစ်-၁၉ ရောဂါမျိုးကွဲကလည်း အရင်ကထက်ပိုမို ပြင်းထန်လာတဲ့အထောက်အထားတွေ မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်း သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါအတွက် ထပ်ဆောင်းကာကွယ်ဆေးတွေထိုးကြဖို့ တာဝန်ရှိသူများက တိုက်တွန်းထားတာ တွေ့ရပါတယ်။
အလားတူတရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားမှုက မြင့်တက်လာ နေတယ်လို့ တရုတ်နိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။ ပြီးခဲ့တဲ့ လနဲ့ဒီလအစောပိုင်းအတွင်း ဆေးရုံတွေမှာတွေ့ရှိရတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူအရေအတွက်က နှစ်ဆမြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အခုလိုမျိုး ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက် လာခြင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာဖြစ် ပွားတဲ့ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအတိုင်းဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူများက သတိပေးစကားပြောထားပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံကလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာ ခြင်းနဲ့ရင်ဆိုင်နေရတာပါ။ အထူးသဖြင့် ဧပြီလတုန်းကကျင်းပခဲ့တဲ့ ရိုးရာနှစ်သစ် ကူးပွဲတော်အပြီးမှာကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကပြန်လည်မြင့်တက်လာတာပါ။ အဲဒီကာလအတွင်း လူစုလူဝေးများပြားခြင်းက ရောဂါပိုးကူးစက်ပျံ့နှံ့ဖို့အားပေးရာရောက်စေခဲ့တာဖြစ်တယ်လို့ ရောဂါ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၁၄ ရက်အထိရရှိတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူ ၇၁၀၆၇ ဦးနဲ့ အဲဒီရောဂါကြောင့်သေဆုံးသူ ၁၉ ဦးရှိတယ်လို့ အစိုးရရဲ့ကိုဗစ်-၁၉ ရောဂါသတင်းထုတ်ပြန်ရေးဌာနကပြောပါတယ်။ လက်ရှိမှာတော့ ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးမထိုးရသေးဘူး ဆိုရင် ကာကွယ်ဆေးထိုးဖို့နဲ့ ကာကွယ် ဆေးထိုးပြီးသူဆိုရင်လည်း ထပ်ဆောင်း ကာကွယ်ဆေးထိုးဖို့ကို တာဝန်ရှိသူများ ကတိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံမှာကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးက အိုမီခရွန် XEC မျိုးကွဲဖြစ် တယ်လို့ဆိုပါတယ်။ သူက KS.1.1 နဲ့ KP.3.3 ဆိုတဲ့မျိုးကွဲတွေနဲ့ဖွဲ့စည်းဖြစ်တည်နေတာဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုကိုအလွန် အမင်းမြန်ဆန်စေတဲ့ သန္ဓေပြောင်းမျိုးစိတ် အမျိုးမျိုးကိုသယ်ဆောင်ထားတာဖြစ်ပါ တယ်။ လက်ရှိမှာဆိုရင် အဲဒီရောဂါပိုးမျိုးကွဲ က ဥရောပ၊ မြောက်အမေရိကနဲ့ အာရှ ဒေသတို့ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ပျံ့နှံ့ နေတာကိုတွေ့ရှိလာရပါတယ်။ သူ့ရဲ့ကူးစက်ပျံ့နှံ့မှုနှုန်းကတော့ အခြားသောအိုမီခရွန် မျိုးကွဲတွေထက် ၈၄ ဆမှသည် အဆ ၁၁၀ အထိရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။
အခု အာရှဒေသရှိနိုင်ငံနဲ့ဒေသတွေမှာ ပြန်လည်ဖြစ်ပွားလာနေတဲ့ ကိုဗစ်-၁၉ ရောဂါတွေက နွေရာသီကာလတွေမှာ ပိုမိုပျံ့နှံ့လာနေတာတွေ့ရပါတယ်။အရင်တုန်းကကိုဗစ်ရောဂါဆိုတာသာမန်တုပ်ကွေးရောဂါလိုပဲဖြစ်သွားလိမ့်မယ်လို့ယူဆထားခဲ့ကြတာပါ။ တုပ်ကွေးရောဂါတွေ က မိုးရာသီမှာအဖြစ်များပြီး နွေရာသီမှာ ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခု ကိုဗစ်-၁၉ ရောဂါကျတော့ အဲဒီလိုမျိုး ဖြစ်မလာပါဘူး။နွေရာသီမှာသာပိုပြီးကူးစက်ပျံ့နှံ့လာနေတာတွေ့ရပါတယ်။
လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားနေတာကတော့ အသေအချာ ပါပဲ။ဒါကြောင့်လည်းကျန်းမာရေးတာဝန်ရှိသူများကပြည်သူတွေအနေနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေထိုးဖို့တိုက်တွန်းလာနေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အစိုးရအဖွဲ့အချင်းချင်းက တစ်ဦးကရတဲ့ အချက်အလက်တွေကို တခြားသူတွေဆီပြန်လည်မျှဝေပြီး ဒီကပ်ဆိုးကြီးကိုထိန်းချုပ်နိုင်ဖို့လုပ်ဆောင်နေကြတာတွေ့ရပါတယ်။
ဒါကြောင့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ရောဂါကြီးက အရှင်းပျောက်မသွားသေးပါဘူး။ ကိုဗစ်-၁၉ ရောဂါက ၂၀၂၀ ပြည့်နှစ် မှာစတင်ပေါ်ပေါက်လာပြီး ပြည်သူတွေကိုဒုက္ခမျိုးစုံပေးခဲ့ပြီးသည့်တိုင်အောင်အခုချိန်ထိလည်း လူတွေကို သံသယတွေနဲ့ အတူ ဒုက္ခပေးနေဆဲဖြစ်တယ်လို့ဆိုရမှာပါ။
ဒီအတွက်ကြောင့်ကျွန်တော်တို့တစ်တွေအနေနဲ့ တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာမှုနဲ့ပတ်သက်ပြီး စိုးရိမ်ရမှာ လားလို့မေးလာရင် ကိုယ်ကကာကွယ် ဆေးထိုးထားပြီးသားဆိုရင်လည်း ထပ်ဆောင်းကာကွယ်ဆေးကိုထိုးဖို့၊ မထိုးရသေးဘူးဆိုရင်လည်း ကာကွယ်ဆေးကို အမြန်ဆုံးထိုးဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူစုလူဝေးနေရာတွေကိုရှောင်ရှားခြင်း၊ လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးခြင်း၊ လူများတဲ့နေရာတွေကိုသွားမယ်ဆိုရင် နှာခေါင်းစည်းကိုတပ်သွားခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ရေးနည်းလမ်း များကိုဆောင်ရွက်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ခု အထိကာကွယ်နိုင်မယ်ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Ref: ET, NT

လတ်ဆတ်သောသစ်သီးများနှင့် ရိုးရိုးနို့ထွက်ပစ္စည်းများကဲ့သို့သောအစားအစာများတွင်သဘာဝသကြားဓာတ်တချို့ပါဝင်သော်လည်းအာဟာရပြည့်ဝသည့်အစားအစာများဖြစ်၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများတွင်ပါဝင်သင့်ပါသည်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သကြားစားသုံးမှုကို တစ်ရက်လျှင် လက်ဖက်ရည်ဇွန်းခြောက် ဇွန်း သို့မဟုတ် ၂၄ ဂရမ်အထိကန့်သတ်ရန် အကြံပြုထားသည်။ လူ အများစုသည် သကြားအကြောင်းစဉ်းစားရာတွင် သကြားလုံး၊ အချို ရည်၊ ရေခဲမုန့်နှင့် မုန့်ဖုတ်ပစ္စည်းများကဲ့သို့ ချိုမြိန်သောအရသာရှိသည့် အစားအစာများကို တွေးကြလေ့ရှိသည်။ သို့သော် နေ့စဉ်စားသုံးသည့် အစားအစာများစွာထဲတွင် မသိလိုက်ဘဲပါဝင်နေသေ
လတ်ဆတ်သောသစ်သီးများနှင့် ရိုးရိုးနို့ထွက်ပစ္စည်းများကဲ့သို့သောအစားအစာများတွင်သဘာဝသကြားဓာတ်တချို့ပါဝင်သော်လည်းအာဟာရပြည့်ဝသည့်အစားအစာများဖြစ်၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများတွင်ပါဝင်သင့်ပါသည်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သကြားစားသုံးမှုကို တစ်ရက်လျှင် လက်ဖက်ရည်ဇွန်းခြောက် ဇွန်း သို့မဟုတ် ၂၄ ဂရမ်အထိကန့်သတ်ရန် အကြံပြုထားသည်။ လူ အများစုသည် သကြားအကြောင်းစဉ်းစားရာတွင် သကြားလုံး၊ အချို ရည်၊ ရေခဲမုန့်နှင့် မုန့်ဖုတ်ပစ္စည်းများကဲ့သို့ ချိုမြိန်သောအရသာရှိသည့် အစားအစာများကို တွေးကြလေ့ရှိသည်။ သို့သော် နေ့စဉ်စားသုံးသည့် အစားအစာများစွာထဲတွင် မသိလိုက်ဘဲပါဝင်နေသော လျှို့ဝှက်သကြား များရှိနေတတ်ကြောင်း သိထားရန်လိုအပ်ပါသည်။
ပေါင်းထည့်သကြား
အစားအစာများတွင် အရသာပိုကောင်းစေရန် သကြားကိုမကြာခဏ ထည့်လေ့ရှိသည်။ ထုပ်ပိုးထားသောအစားအစာများကို စီမံဆောင်ရွက် သည့်အချိန်တွင် သကြားအပိုများထည့်ထားတတ်သည်။ ထို့ပြင် ထုပ်ပိုး ထားသောအစားအစာများ၏ သက်တမ်းကိုတိုးမြင့်ရန်လည်း ထည့်လေ့ရှိသည်။ ခေါက်ဆွဲဆော့စ်ကဲ့သို့ အရသာရှိသောအစားအစာတချို့တွင်ပင် စားသုံးသူများ မထင်မှတ်ထားသောသကြားများကို ထည့်ထားကြသည်။
လျှို့ဝှက်သကြား
လျှို့ဝှက်သကြားသည် အစားအစာနှင့်အချိုရည်များတွင် လူသိ နည်းသောအမည်များကိုအသုံးပြု၍ အသွင်ယူထည့်ထားသောသကြားများဖြစ်သည်။ မုန့်ဖုတ်ပစ္စည်းများ၊ ခေါက်ဆွဲများ၊ ဆော့စ်များနှင့် အချိုရည်များအပါအဝင် အစားအစာများစွာတွင် လျှို့ဝှက်သကြားများကို တွေ့ရှိနိုင်သည်။ လျှို့ဝှက်သကြားတွင် ဥပမာအားဖြင့် သကြားညို၊ ဝတ်ရည်၊ ပြောင်းဖူးရည်၊ ပျားရည်၊ Dextrose၊ Fructose၊ Glucose၊ Maple Syrup နှင့် Sucrose တို့ပါဝင်သည်။
အာဟာရအညွှန်းများအမြဲဖတ်ရန်
အစားအစာများတွင် သကြားမည်မျှပါဝင်သည်ကိုသိရှိရန် အကောင်း ဆုံးနည်းလမ်းမှာ အာဟာရဆိုင်ရာအညွှန်းများကို အမြဲဖတ်ရန်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်ပေါ်ရှိ ပါဝင်ပစ္စည်းစာရင်းကိုဖတ်လျှင် အမြင့် ဆုံးပမာဏမှ အနည်းဆုံးပမာဏအထိ ပါဝင်ပစ္စည်းများကို အမြဲဖော်ပြထားသည်။ အညွှန်းသည် အစားအစာတွင်ပါဝင်သော သဘာဝသကြား များနှင့် ပေါင်းထည့်သကြားများဖြစ်သည့် စုစုပေါင်းသကြားပမာဏကို ပြသမည်ဖြစ်သည်။ ဥပမာအားဖြင့် အစားအစာတစ်ခုတွင် သကြားစုစု ပေါင်း ၂၀ ဂရမ်ပါလျှင် ပေါင်းထည့်သကြား ၁၅ ဂရမ်နှင့် သဘာဝသကြား ၅ ဂရမ်ဖြစ်ကြောင်း သိရှိနိုင်သည်။ အညွှန်းများကိုစစ်ဆေးသောအခါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတွင် သကြား ၄ ဂရမ်ခန့်ပါရှိသည်ကိုသိထား ရန်လိုပါသည်။ သတိထားကြည့်ရန်လိုသော သကြားအမျိုးအစားတချို့ နှင့် အသုံးများသောသကြားဓာတ်ပါဝင်သည့်ပစ္စည်းများမှာ ကြံသကြား၊မုန့်ဖုတ်သကြား၊ တာဘိုင်ဒိုသကြား၊ သကြားရည်အပျစ်၊ ပြောင်းဖူးရည်၊ ဆန်အရက်၊ သကာရည်၊ တင်လဲရည်၊ သစ်သီးဖျော်ရည်၊ ပျားရည် နှင့် ဝတ်ရည်တို့ဖြစ်သည်။ ထို့ပြင် Glucose၊ Fructose၊ Lactose၊Maltose၊ Dextrose နှင့် Sucrose အများစုတွင် သကြားပါဝင်သည်။
တချို့သောအစားအစာများသည် Sucralose၊ Aspartame၊ Saccharin နှင့် Stevia ကဲ့သို့သော သုညကယ်လိုရီအချိုဓာတ် (Zero-calorie sweeteners) ကိုအသုံးပြုပါသည်။ Zero-calorie sweeteners များသည် သွေးတွင်းသကြားဓာတ်ပမာဏကို အကျိုးသက်ရောက်မှုမရှိသည့်အပြင် ကယ်လိုရီစားသုံးမှုကိုလျှော့ချရန် ကူညီပေးနိုင်သည်။ ယင်းတို့သည်ယေဘုယျအားဖြင့် အန္တရာယ်ကင်းပြီး ပုံမှန်သကြားစားသုံးမှုကို လျှော့ချ ရန် ရေတိုနည်းလမ်းအဖြစ် အသုံးပြုနိုင်သည်။ ပုံမှန်သကြားကဲ့သို့ပင် သကြားအစားထိုးစားသုံးမှုကို တတ်နိုင်သမျှကန့်သတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ သကြားအစားထိုးပစ္စည်းများ၏ ရေရှည်အကျိုး သက်ရောက်မှုကို လေ့လာ နေဆဲဖြစ်သော်လည်း တချို့သောသုတေသန ပြုချက်များအရ ယင်းတို့အသုံးပြုမှုသည် လေပွခြင်းနှင့် ဝမ်းလျှောခြင်း ကဲ့သို့သော ကျန်းမာရေးပြဿနာများနှင့်ဆက်စပ်မှုရှိနိုင်ကြောင်း အကြံပြုထားသည်။ ထို့ပြင်သကြားလုံးဝမပါသောသရေစာများသည် အာဟာရပြည့်ဝသောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့အာဟာရမပြည့်နိုင်ကြောင်း သတိပြုရန် အရေးကြီးပါသည်။
လျှို့ဝှက်သကြားများပါဝင်လေ့ရှိသောအစားအစာများအောက်ဖော်ပြပါအစားအစာများသည် လျှို့ဝှက် သကြားပါဝင်လေ့ရှိ သောအစားအစာများဖြစ်သည်။
ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့စ်များ
ခရမ်းချဉ်သီးဆော့စ်၊ ခေါက်ဆွဲဆော့စ်၊ ဘာဘီကျူးဆော့စ်နှင့် အသုပ်အတွက်ဆော့စ်များတွင် လျှို့ဝှက် သကြားများ ပါဝင်လေ့ရှိသည်။
ပရိုတင်းဘားများ သို့မဟုတ် ဒိန်ချဉ်
ဤအစားအစာများသည် ပရိုတင်းဓာတ်အချိုးအစား မြင့်မားစွာပါဝင် သောကြောင့် အဆင်ပြေသောအစားအစာတစ်ခုဖြစ်နိုင်သော်လည်းတချို့တွင် ပေါင်းထည့်သကြားပမာဏများစွာပါဝင်နိုင်သည်။ စျေးကွက် အတွင်းရောင်းချသည့် ပရိုတင်းဘားများတွင် ပရိုတင်းကိုအဓိကထား၍တံဆိပ်ကပ်ထားသော်လည်း အများအပြားသည် ကွတ်ကီး သို့မဟုတ် ဒိုးနပ်ကဲ့သို့သော အချိုပွဲများထက် ပေါင်းထည့်သကြားများပါရှိတတ်သည်။ ထို့ကြောင့် သကြားထက် ပရိုတင်းဓာတ်ဂရမ်ပိုများသောရွေးချယ်စရာများကို ရှာဖွေရန်လိုအပ်သည်။
နို့နှင့်နို့ထွက်မဟုတ်သောပစ္စည်းများ
နို့ထွက်ပစ္စည်းများတွင် သဘာဝသကြားဓာတ်များပါဝင်သော်လည်း တချို့သောနို့ထွက်မဟုတ်သော ပစ္စည်းများတွင် ပေါင်းထည့်သကြား များဖြင့် ပိုချိုနိုင်သည်။ ချောကလက်၊ ဗင်နီလာ၊ စတော်ဘယ်ရီ အရသာပါသည့်အစားအစာများကို သတိပြုဝယ်ယူသင့်ပါသည်။
နံနက်စာစီရီရယ်များနှင့်အစေ့အဆန်များ
ကျန်းမာရေးနှင့်ညီညွတ်သောနံနက်စာသီးနှံအဖြစ် သတ်မှတ်ထားသော အစေ့အဆန်များ၊ မုယောစပါး၊ အုတ်ဂျုံနှင့် သစ်သီးခြောက်များ၊ အခွံမာသီးများသည် ဟင်းခတ်အမွှေးအကြိုင်များနှင့် သကြား၊ ပျားရည် သို့မဟုတ် တခြားထည့်ထားသောသကြားများဖြင့်ရောစပ်ထားသော ကြောင့် ပို၍ချိုသည်။ ပြုပြင်ပြီး သောနံနက်စာစီရီရယ်များ၊ ကွတ်ကီးများ၊ ဘီစကွတ်မုန့်၊ Crackers နှင့် ထုပ်ပိုးထားသော သရေစာများတွင် ပေါင်းထည့်သကြားများပါဝင်သည်။
စည်သွတ်ဘူးများ၊ သစ်သီးဖျော်ရည်များ၊ ယိုများစည်သွတ်ထားသောသစ်သီးများ၊ ဖျော်ရည်များနှင့် ယိုများတွင်ပေါင်းထည့်သကြားများ ပါဝင်နိုင်သည်။
ထောပတ်များ
မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ထောပတ်များတွင် အရသာနှင့်အသွင် အပြင်အတွက် သကြားများထည့် နိုင်သည်။
အချိုရည်များ
အားဖြည့်အချိုရည်ပုလင်းများ၊ကော်ဖီနှင့်ကော်ဖီအေးများတွင်ထည့်ထားသောသကြားပမာဏမှာ အံ့သြ ဖွယ်ကောင်းလောက်အောင် များသည်။ ရေနှင့်အချိုမပါသောကော်ဖီ သို့မဟုတ် လက်ဖက်ရည်များ ကို သောက်သုံးသင့်ပါသည်။
ထိန်းညှိစားသုံးခြင်း
အကြိုက်ဆုံးအစားအစာတချို့တွင်သကြားဓာတ်များနေပါက ယင်း တို့ကို လုံးဝဖြတ်ပစ်ရန်မဆိုလိုပါ။ အရေးကြီးသောအချက်မှာ အစားအစာများကိုသတိထား၍ သင့်တင့်မျှတစွာစားသုံးနိုင်ပါသည်။ အာဟာရ တံဆိပ်ပေါ်ရှိ အကြံပြုထားသောအရွယ်အစားများကို သေချာလိုက်နာပါ။ အစားအစာတွင်ထည့် ထားသောသကြားများကို စားသုံးရန်စိုးရိမ်ပါက အရွယ်အစားနှင့်ပမာဏကို လျှော့ချစားသုံးပါ။သကြားနည်းသော သို့မဟုတ် သကြားမပါသော (No sugar) တခြားရွေးချယ်စရာများကို ရှာဖွေပါ။ သွေးချို ဆီးချိုရောဂါအတွက် တချို့သောအစားအစာများကိုလည်း အိမ်တွင် ကိုယ်ပိုင်တီထွင်ဖန်တီး ပြုလုပ်နိုင်သည်။
လျှို့ဝှက်သကြားများကိုရှောင်ရှားရန်နည်းလမ်းများ
လျှို့ဝှက်သကြားများကိုရှောင်ရှားရန် ကုန်အမှတ်တံဆိပ်အညွှန်းများ ကိုသေချာဂရုတစိုက်ဖတ်ပါ။ တံဆိပ်ပေါ်ရှိ ပါဝင်ပစ္စည်းများစာရင်းနှင့် ထည့်ထားသောသကြားများပမာဏကို အမြဲရှာဖွေပြီး သကြားပါဝင်မှုအနည်းဆုံးကို ရွေးချယ်ပါ။အစားအစာနှင့်အချိုရည်များတွင်ပါဝင်သော စုစုပေါင်းသကြားပမာဏအတွက် အာဟာရအညွှန်းများကို စစ်ဆေးပါ။ နို့ထွက်ပစ္စည်းများမဟုတ်သော ဗာဒံစေ့နို့၊ အုန်းနို့၊ ဆန်နို့၊ ပဲနို့စသည့်အပင်အခြေခံနို့ရည်များအတွက် အာဟာရတံဆိပ်ကိုဖတ်ပါ။ ၁၀၀ ဂရမ်တွင် သကြား ၁၅ ဂရမ်ထက်ပိုသောအစားအစာများသည် ပေါင်းထည့်သကြားဓာတ်မြင့်မားနိုင်သည်။ ၁၀၀ ဂရမ်တွင် သကြား၅ ဂရမ်ထက်နည်းသောအစားအစာများကို ရွေးချယ်သင့်ပါသည်။
သစ်သီးဖျော်ရည်များ သို့မဟုတ် ပြုပြင်ထားသောသရေစာများအစား လတ်ဆတ်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ရွေးချယ်ပါ။ သကြားပါဝင်မှုလျှော့ချရန် လွယ်ကူသောနည်းလမ်းတစ်ခုမှာ သကြားပါသောအချိုရည်များကိုရှောင်ကြဉ်ရန်ဖြစ်သည်။ ဆော်ဒါ၊ အချိုပါသော ကော်ဖီ၊ ဖျော်ရည်များနှင့် သစ်သီးဖျော်ရည်များကိုရှောင်ပါ။ ဒိန်ချဉ်နှင့် ဟင်းသီးဟင်းရွက်အသုပ်များကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သောအစား အစာများတွင်ပင် လျှို့ဝှက်သကြားများပါဝင်နိုင်သည်။ အရသာရှိသော ဒိန်ချဉ်အစား ရိုးရိုးဒိန်ချဉ်ကိုရွေးချယ်ပြီး သဘာဝအသီးအနှံများကိုထည့် ပါ။သဘာဝအချိုဓာတ်ကိုလျှော့ပေါ့ရွေးချယ်ပါ။ အချိုဓာတ်ကိုအသုံးပြုပါ က Zero-calorie sweeteners သို့မဟုတ် ပျားရည်ကဲ့သို့ သဘာဝရွေးချယ် စရာများကို ရွေးချယ်ပါ။ အစားအစာ အရွယ်အစားများနှင့် ပမာဏကို သတိထားရန်လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

ဘာကြောင့် ငါးကိုစားသင့်ပါသလဲ
ငါးနှင့်ပုစွန်များသည် အဆီနည်းခြင်း၊ ကယ်လိုရီနည်းခြင်းနှင့် အသားဓာတ်မြင့်မားစွာပါဝင်သော အစားအစာဖြစ်ပြီး စားသုံးသူ၏ ခန္ဓာကိုယ်၊ ဦးနှောက်နှင့်နှလုံးတို့ကို အကျိုးရှိစေသည့် ဗီတာမင်၊ သတ္တုဓာတ်၊ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များအတွက် အလွန်ကောင်းမွန်အကျိုးရှိသော အရင်းအမြစ်ဖြစ်ပါသည်။

အဆိုပါ အကျိုးရှိသော အာဟာရဓာတ်များထဲမှ တစ်မျိုးဖြစ်သော အိုမီဂါ-၃အဆီအက်စစ်များသည် ကင်ဆာ၊ စိတ်ဓာတ်ကျခြင်းနှင့် နှလုံးရောဂါများ လျော့နည်းစေရန် ဆက်စပ်မှုများရှိပါသည်။ အိုမီဂါ-၃ အဆီအက်စစ်သည် မမွေးဖွားသေးသော သန္ဓေသားနှင့် မွေးဖွားပြီးကလေးငယ်များ၏ ဦးနှောက်ဉာဏ်ရည် ကျန်းမာဖွံ့ဖြိုးရေးအတွက်လည်း ပိုမိုကောင်းမွန်စေပြီး ငယ်ရွယ်သူကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရန်အဟန့်အတားဖြစ်စေသည့် ပြဿနာများကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။
ငါးစားသုံးခြင်းဖြင့် အခြားသောဖြစ်စေနိုင်သည့်အရာများ
အချို့သော ငါးမျိုးများမှာ မာကျူရီဓာတ်မြင့်မားစွာပါဝင်သဖြင့် အဆိုပါငါးမျိုးများကို ကာလကြာရှည်စွာပမာဏများများစားသုံးပါက ကျန်းမာရေးဘေးအန္တရာယ်ရှိနိုင်ပါသည်။ မာကျူရီဓာတ်သည် ဦးနှောက်နှင့်အခြားသော အာရုံကြောစနစ်၏ အချို့သောအပိုင်းများကို ပျက်စီးစေနိုင်ပါသည်။ မမွေးဖွားရသေးသော သန္ဓေသားများ၊ ကလေးငယ်များနှင့် ငယ်ရွယ်သူများသည် ၎င်းတို့၏အာရုံကြော စနစ်များသည် ဖွံ့ဖြိုးဆဲဖြစ်သဖြင့် မာကျူရီ၏ ဘေးအန္တရာယ်မှာ အလွန်ကြီးမားပြီး ပျက်ပြယ်သွားခြင်းမရှိဘဲ အမြဲတမ်းထိခိုက်နိုင်ပါသည်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန်အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့် အသက်ခုနစ်နှစ်အရွယ်အောက်ကလေးများသည် မာကျူရီအဆိပ်သင့်မှု အနည်းဆုံးဖြစ်စေရန် ဂရုပြုရမည်ဖြစ်ပါသည်။
ငါးပမာဏမည်မျှစားသုံးသင့်ပါသနည်း
သင်စားသုံးမည့် ပင်လယ်စာအမျိုးအစားနှင့် ပမာဏတို့ကိုကန့်သတ်ချင့်ချိန်ခြင်းဖြင့် ငါးစားသုံးခြင်းမှ မာကျူရီအဆိပ်သင့်မှုကို လျှော့ချနိုင်ပြီး အစာအာဟာရမှ ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက အကြံပြုထောက်ခံထားသည်မှာ ရက်သတ္တတစ်ပတ်လျှင် ပင်လယ်စာအမျိုးမျိုး နှစ်ကြိမ်စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ အရွယ်ရောက်သူများအနေဖြင့် ငါးကို ရက်သတ္တတစ်ပတ်လျှင် ၁၂ အောင်စ၊ ၆ အောင်စ နှစ်ကြိမ်စားသုံးသင့်ပြီး ငယ်ရွယ်သူ ကလေးများအနေဖြင့် ရက်သတ္တတစ်ပတ်လျှင် ၆ အောင်စ၊ ၃ အောင်စ နှစ်ကြိမ် စားသုံးသင့်ပါသည်။ ချက်ပြုတ်ပြီးသောငါး ၆ အောင်စသည် မချက်ပြုတ် ရသေးသောငါး ၈ အောင်စ (ပေါင်ဝက်)နှင့် ညီမျှ ပါသည်။
မည်သည့်ငါးမျိုးများသည် စားသုံးရန် အသင့်တော်ဆုံးဖြစ်ပါသနည်း
မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ - ၃ အဆီအက်စစ်ပါဝင်မှုမြင့်မားသော ငါးများသည် စားသုံးရန်အသင့်တော်ဆုံးဖြစ်ပါသည်။ မည်သူမဆို မာကျူရီဓာတ်နည်းသော ငါးမျိုးကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်စားသုံးရပါမည်။ မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃အဆီအက်စစ် ပါဝင်မှုမြင့်မားစွာပါရှိသည့် စားသုံးရန်အကောင်းဆုံးငါးမျိုးများမှာ ဟာရင်း(Herring)၊ ယောက်သွား (Mussels)၊ ကမာ(Oysters)၊ ဆယ်လ်မွန်(Salmon)၊ ငါးသေတ္တာငါးခေါ် ငါးကုန်းညို (Sardine)၊ ငါးဖြူ (Whitefish) တို့ဖြစ်ပါသည်။
မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃ အဆီအက်စစ်ပါဝင်မှု မမြင့်မားသော်လည်း စားသုံးရန် သင့်တော်သောငါးမျိုးများမှာ စည်သွတ်ကျူနာ (Light Canned Tuna)၊ ငါးခူငါးမျိုး(Catfish)၊ ကဏန်း (Crab)၊ ရေချိုကျောက်ပုစွန် (Crawfish)၊ ခုံးကောင် (Scallops, Clams)၊ ရေငန်ပုစွန်(Shrimp)၊ ကင်းမွန်(Squid)၊ ထရောက်ငါး(Trout)၊ ဖလောင်ဒါငါး (ငါးခွေးလျှာငါးမျိုး Flounder)တို့ ဖြစ်ပါသည်။ မာကျူရီဓာတ်အသင့်အတင့် ပါဝင်သော အကန့်အသတ်အတိုင်းအတာဖြင့် စားသုံးရမည့် ငါးမျိုးများမှာ စည်သွတ်ကျူနာ (Canned Tuna- White/ albacore)၊ ငါးလက်ကိုက်/ငါးခွေးကဲ့သို့ ငါးကင်(Halibat steak)၊ ကျူနာငါးကင် (Tuna Steak) တို့ ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန် အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့် ကလေးငယ်များသည် အကန့်အသတ်အတိုင်းအတာဖြင့် စားသုံးရမည့်ငါးမျိုးများကို ရက်သတ္တတစ်ပတ်လျှင် တစ်နပ်သာစားသုံးပါက ဘေးအန္တရာယ်ကင်းနိုင်ပြီး မာကျူရီဓာတ်နည်းသော (ရေငန်ပုစွန်၊ စည်သွတ်ကျူနာ၊ ဆယ်လ်မွန်ငါး၊ ပိုလော့ငါးနှင့်ငါးခူ) ငါးများကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်စားသုံးနိုင်ပါသည်။
အကြံပြုရလျှင် အိုမီဂါ-၃ ဓာတ် မြင့်မားစွာပါပြီး မာကျူရီဓာတ်ပါဝင်မှုနည်းသောငါးကိုစားပါ။ သေးငယ်ပြီးငယ်ရွယ်သောငါးကိုစားပါ။ အခြားငါးများကို မစားသောငါးကို ရွေးချယ်စားပါ။ အရွယ်ကြီးပြီး အသားစားသော ငါးမျိုးများသည် မာကျူရီဓာတ်ပိုမိုစုဆောင်းပါရှိနိုင်သောကြောင့် ဖြစ်ပါသည်။
မည်သည့် ငါးမျိုးများကိုရှောင်စားရမလဲ
အမေရိကန် FDA မှ အကြံပြုထားသည်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန် အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့် အသက်ခုနစ်နှစ်အောက် ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာပါရှိသော ငါးများဖြစ်သည့် ငါးကွမ်းရှပ် (king mackerel)၊ ငါးဂဠုန် (Swordfish)၊ ငါးမန်း (Shark)၊ ငါးပါးနီ (Golden snapper) တို့ကိုစားသုံးခြင်းအား ရှောင်ရှားရမည်ဖြစ်ပါသည်။ အရွယ်ရောက်သူများနှင့် အသက်ခုနစ်နှစ်အထက် ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာ ပါရှိသောငါးများကို ရက်သတ္တတစ်ပတ်လျှင် တစ်နပ်စားသုံးပါက ဘေးကင်းနိုင်ပါသည်။ မာကျူရီဓာတ်မြင့်မားသော ငါးများကိုစားပါက ကျန်းမာစေသော အိုမီဂါ-၃ ဓာတ်၏အကျိုး အာနိသင်ကိုလည်း လျော့နည်းစေမည်ဖြစ်ပါသည်။
အခြားသောရေထွက်ကုန်ငါးများကိုရော ဘယ်လိုစားနိုင်ပါသလဲ
စည်သွတ်ကျူနာ (Chunk light tuna) သည် ကျူနာငါးအသားတုံး (Solid white or chunk white tuna) ထက် မာကျူရီဓာတ်ပါဝင်မှုနည်းသဖြင့် စားသုံးရန်ဘေးဥပဒ်ကင်းပါသည်။ တစ်နပ်လျှင် စည်သွတ်ကျူနာ (Chunk light tuna) (၆-၈) အောင်စစားနိုင်ပြီး ရက်သတ္တပတ်တစ်ပတ်လျှင် နှစ်ကြိမ်အထိစားနိုင်ပါသည်။ ကျူနာငါးအစိမ်း (သို့မဟုတ်) ကျူနာငါးအကင်ဆိုပါက ရက်သတ္တ တစ်ပတ်လျှင် တစ်ကြိမ်သာစားသင့်ပါသည်။
မွေးမြူရေးရေထွက်ကုန်များဖြစ်သော ငါးခူမျိုးများ၊ တီလားပီးယားငါးများ၊ ရေငန်ပုစွန်နှင့် ယောက်သွားများသည် မာကျူရီဓာတ်နည်းသော ရေထွက်ကုန်များဖြစ်ပါသည်။ ငါးအသားချောင်း၊ အသားညှပ်ပေါင်မုန့်ကဲ့သို့ အမြန်စာ (fish sticks, fast food sandwiches)၊ အခြားသော အေးခဲငါးများ၊ ပေါင်မုန့်ကပ်ရေထွက်ကုန်များသည် မည်သူမဆိုစားသုံးရန်ဘေးကင်းပြီး ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်အထိ စားသုံးနိုင်ပါသည်။ သို့သော် အဆိုပါရေထွက်ကုန်များသည် အိုမီဂါ-၃ အဆီ အက်စစ်မြင့်မားစွာမပါရှိဘဲ အဆီဓာတ်နှင့် ကယ်လိုရီဓာတ်များ ပါဝင်မှုများပါသည်။ ဂဏန်းနှင့်ကျောက် ပုစွန်အသားတုများသည် မည်သူမဆိုစားသုံးရန် ဘေးကင်းပါသည်။ ပင်လယ်စာ(သို့မဟုတ်) ခုံးတို့နှင့် ဟင်းသီးဟင်းရွက်များ ကျိုထားသော ဟင်းချိုပြစ်ပြစ် (Seafood chowder and clam chowder) များသည် မည်သူမဆိုစားသုံးရန် ဘေးကင်းပါသည်။
ရက်သတ္တတစ်ပတ်လျှင်စားသုံးရန် အကြံပြုထောက်ခံထားသော ပမာဏထက်ပိုစားပါက ဘာဖြစ်နိုင်ပါသလဲ
သင့်ကျန်းမာရေးအတွက် အကျိုးရှိစေမည့် စားသုံးရန်သင့်တော်သော ငါးပမာဏသည် သင်၏ အသက်၊ နှလုံးကျန်းမာရေးအခြေအနေနှင့် သင်စားသုံးမည့် ငါးမျိုးအပေါ် မူတည်ပါမည်။ အကယ်၍ သင်သည်ရက်သတ္တတစ်ပတ်လျှင် စားသုံးရန် အကြံပြုထောက်ခံထားသော ပမာဏထက်ပိုစားလိုပါက သင့်အတွက် အသင့်တော်ဆုံးဖြစ်မည့် ငါးမျိုးကို ရွေးချယ်နိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ရမည်ဖြစ်ပါသည်။
ပင်လယ်စာငါးများကို မည်ကဲ့သို့ အကောင်းဆုံး ချက်ပြုတ်ပြင်ဆင်စားသုံးသင့်ပါသလဲ
ပင်လယ်စာသည်သဘာဝအားဖြင့် အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး အဆီနှင့်ကယ်လိုရီဓာတ် နည်းပါးစွာပါဝင်ပါသည်။ (စားမည့်ငါး ၆ အောင်စတွင် ကယ်လိုရီဓာတ် ၁၈၀-၂၀၀ ကယ်လိုရီပါရှိပါသည်။) ပင်လယ်စာ၏ အာဟာရအကျိုးရှိမှုကို မပျက်စီးစေရန် အဆီအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများ သင်ရွေးချယ်စားသုံးရန်အရေးကြီးပါသည်။ ပင်လယ်စာ၏ ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်ရန်အတွက် ချက်ပြုတ်သည့်နည်းလမ်းများသည် အရေးကြီးပါသည်။
ငါးတစ်ကိုယ်လုံးတွင် မာကျူရီဓာတ်များ တွေ့ရှိရပါသဖြင့် သန့်စင်ခြင်းနည်းစနစ်များသည် ငါးဟင်းတွင်ပါဝင်သော မာကျူရီပမာဏကို လျှော့ချနိုင်လိမ့်မည်မဟုတ်ပါ။ ငါးကိုဖုတ်ခြင်း (Baking)၊ မီးကင်ခြင်း (Broiling)၊ ရေနွေးဖြင့် ပြုတ်ခြင်း (Poaching)၊ ပေါင်းခြင်း (Steaming)၊ ကင်ခြင်း(Grilling)၊ မိုက်ကရိုဝေ့ဖြင့်ချက်ခြင်း (microwaving)၊ ထောပတ်(သို့မဟုတ်) ဆီအနည်း ငယ်ဖြင့်ကြော်ခြင်းတို့သည် သင်၏ဟင်းပွဲတွင် အဆီဓာတ်ပါဝင်မှု အနည်းဆုံး ဖြစ်စေပါလိမ့်မည်။
ငါးအမျိုးမျိုးအတွက် တစ်ခုသောစံပြုချက်နည်း တစ်ရပ်မှာ အထူတစ်လက်မရှိသော ငါးအသားလွှာကို အပူချိန် ၄၀၀ ဒီဂရီဖြင့် ၁၀ မိနစ်ကြာ ဖုတ်ခြင်း(Baking) ဖြစ်ပါသည်။ ငါးကိုချက်ပြုတ်ရာတွင် ဆီများများဖြင့် ကြာမြင့်စွာကြော်ပြီး ခရင်ဆော့ဖြင့်စားမည်ဆိုပါက သင်၏ဟင်းပွဲတွင် အဆီဓာတ်နှင့် ကယ်လိုရီဓာတ်မြင့်စေမည်ဖြစ်ပါ သည်။
အရည်အသွေးကောင်းသောအေးခဲငါးကို မည်ကဲ့သို့ရွေးချယ်နိုင်မည်နည်း
အေးခဲငါးများ၏ ထုပ်ပိုးထားသောအရာများသည် ပျက်စီးမနေရပါ။ အေးခဲငါးများ၏ အထုပ်အပိုးအပေါ်၌ ရေခဲမှုန်များနှင့် နှင်းခဲမှုန်များဖုံးနေပါက မဝယ်ပါနှင့်။ အဆိုပါ ငါးများသည် ရက်ကာလ ရှည်ကြာစွာ သိုလှောင်ထားသောငါးများ (သို့မဟုတ်) အရည်ဖျော်ပြီး ပြန်လည်အေးခဲထားသော ငါးများဖြစ်ပါသည်။ လတ်ဆတ်သောငါးအသားလွှာ၏ အရောင်သည် အမျိုးမျိုးဖြစ်နေသော်လည်း များသောအားဖြင့် အရောင်ညီစွာဖြင့် တောက်ပနေပြီး အစွန်းဘက်များ၌ အဝါရောင် (သို့မဟုတ်) မြေဖြူရောင်သန်းမနေပါ။ ငါးအသားလွှာများသည် စိုစွတ်၍ တင်းမာနေရမည်ဖြစ်ပြီး လတ်ဆတ်သော အနံ့ဖျော့ဖျော့ဖြစ်နေရပါမည်။ ငါးညှီနံ့ စူးစူးဝါးဝါးဖြစ်မနေရပါ။
အိမ်၌ မည်ကဲ့သို့ ငါးများကို သိုလှောင်ထားရပါမည်နည်း
ငါးများကိုနေရောင်ခြည်အောက်၌ တိုက်ရိုက်မထားဘဲ ရေခဲအပေါ်၌ထားရှိရပါမည်။ လတ်ဆတ်သောငါးများ (သို့မဟုတ်) အေးခဲသောငါးများကို နှစ်ရက်အတွင်း ချက်ပြုတ်စားသောက်ရပါမည်။ ငါးကိုအေးခဲခန်းဖြင့်ဆိုလျှင် သုံးလအထိ သိုလှောင်ထားနိုင်ပါသည်။ ချက်ပြုတ်ပြီးသောငါးကို ရေခဲသေတ္တာအတွင်း၌ (၃-၄) ရက်ကြာ သိုလှောင်ထားနိုင်ပြီး အေးခဲအခန်း၌ဆိုပါက တစ်လကြာသိုလှောင်ထားနိုင်ပါသည်။
ရည်ညွှန်းချက်-LOUISIANA DEPARTMENT OF HEALTH and HOSPITAL
Source: MOI

ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်စ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ HPAI ဗိုင်းရပ်စ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်ငှက်များကို ထိခိုက်စေသော်လည်း
ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်စ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ HPAI ဗိုင်းရပ်စ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်ငှက်များကို ထိခိုက်စေသော်လည်း ကုန်းနေနှင့် ရေနေနို့တိုက်သတ္တဝါများတွင် တွေ့ရှိရမှုတိုးပွားလာနေကြောင်း မကြာသေးမီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(WOAH) သို့ အစီရင်ခံထားပါသည်။ HPAI (Highly Pathogenic Avian Influenza) ဗိုင်းရပ်စ်၏ အလျားလိုက်ကူးစက်မှု (Horizontal Transmission) ဆိုသည်မှာ ရောဂါပိုးရှိသောအိမ်မွေးတိရစ္ဆာန် (သို့) တောရိုင်းတိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူးစက်ခြင်းကိုဆိုလိုပါသည်။ ဥပမာအားဖြင့် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် Avian Influenza H5N1 သည် နွားများ၊ ကြောင်များနှင့် အခြားကြက်ငှက်များအကြား အလျားလိုက်ကူးစက်နိုင် ကြောင်းလေ့လာတွေ့ရှိထားပါသည်။
နွားများမှ အခြားနွားများသို့
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်သည် နှာရည်၊ တံတွေး၊ မစင်နှင့် နို့တို့မှတစ်ဆင့် တိရစ္ဆာန်အချင်းချင်းထိတွေ့မှုဖြင့် ကူးစက်နိုင်သည်။
နွားများမှ ကြောင်များသို့
အမေရိကန်ပြည်ထောင်စုတွင် H5N1 ဗိုင်းရပ်စ် ကူးစက်ခံထားရသော နွားနို့ကို သောက်သုံးမိသည့် ကြောင်များတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိရပြီး ၎င်းတို့မှတစ်ဆင့် အခြားကြောင်များသို့လည်း ကူးစက်နိုင်ကြောင်း အတည်ပြုထားသည်။
ကြောင်များမှ ကြက်ငှက်များသို့
ကြောင်များသည် ငှက်များကို ဖမ်းစားတတ်သောကြောင့် ငှက်များရှိ ဗိုင်းရပ်စ်များမှ ကူးစက်စေနိုင်သည်။
တိရစ္ဆာန်များမှ လူသို့ (Zoonotic Transmission)
H5N1 ကဲ့သို့သောဗိုင်းရပ်စ်များသည် တိရစ္ဆာန် များမှလူသို့လည်း ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ များကိုဖြစ်စေနိုင်သည်။
၂၀၂၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၁၇ ခုရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင် H5N1 ဗိုင်းရပ်စ်ကူးစက်မှုများ စတင်တွေ့ရှိခဲ့ပါသည်။ ဤသည်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်သည် နို့တိုက်သတ္တဝါများသို့ မျိုးဗီဇပြောင်းလဲကူးစက်နိုင်စွမ်းရှိကြောင်း ပြသသည့် အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ နို့တိုက်သတ္တဝါမျိုးစိတ် ၃၀ ကျော်သည် HPAI ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီဖြစ်ကာ နောက်ထပ်ပိုမိုတိုးလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအချက်အလက်စနစ် (WAHIS) မှ စုဆောင်းထားသော အချက်အလက်များအရ မြောက်ကမ္ဘာခြမ်းတွင် HPAI ကူးစက်မှုများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်မြင့်တက် လာပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင်အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည်ဟု ဖော်ပြနေသောကြောင့် ဖြစ်သည်။
ဤဖြစ်ရပ်များသည် ဗိုင်းရပ်စ်၏မျိုးစိတ်ကွဲများအကြား အတားအဆီးများကို ကျော်လွှားနိုင်စွမ်းနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထပ်မံမီးမောင်းထိုးပြလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုရှိ နို့စားနွားများတွင် ကြက်ငှက်တုပ်ကွေးရောဂါ HPAI စဉ်ဆက်မပြတ် တွေ့ရှိမှုများသည် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုများကိုမြင့်တက်စေပါသည်။
၂၀၂၅ ခုနှစ် အစောပိုင်းအထိ နို့စားနွားများတွင် စမ်းသပ်တွေ့ရှိခဲ့သော ဗိုင်းရပ်စ်အားလုံးသည် H5 clade 2.3.4.4b genotype B3.13 မျိုးကွဲဖြစ်သော်လည်း ယခုအခါ Nevada နှင့် Arizona ရှိ နို့စားနွားများတွင် ဒုတိယမျိုးကွဲဖြစ်သော D1.1 genotype ကို အတည်ပြုတွေ့ရှိခဲ့သည်။ D1.1 genotype သည် ၂၀၂၃ ခုနှစ် ဆောင်းရာသီနှင့် ၂၀၂၄ ခုနှစ် ဆောင်းဦးကာလအတွင်း မြောက်အမေရိကတိုက်ရှိ ငှက်များ၏ ရွှေ့ပြောင်းရာလမ်းကြောင်း (North American flyways) တွင် အဓိကပျံ့နှံ့ခဲ့သော မျိုးကွဲဖြစ်ပြီး တောရိုင်းငှက်များ၊ နို့တိုက်သတ္တဝါများနှင့် မွေးမြူရေးကြက်များ (domestic poultry)တွင် ကူးစက်မှုများ တွေ့ရှိရသည်။ နို့စားနွားများတွင် ဗိုင်းရပ်စ်၏ မတူညီသော genotype နှစ်မျိုး (B3.13 နှင့် D1.1) တွေ့ရှိမှုသည် ဗိုင်းရပ်စ်၏ ဆက်လက်ပြောင်းလဲနိုင်စွမ်းနှင့် ကူးစက်မှုလမ်းကြောင်း အသစ်များကို ညွှန်းဆိုနေသည်။ genotype D1.1 မျိုးကွဲသည် နို့စားနွားများတွင် ယခင်က အဓိကဖြစ်ပွားခဲ့သော genotype B3.13 မျိုးကွဲနှင့် မတူညီပါ။ B3.13 မျိုးကွဲသည် လူသားများကို ကူးစက်ပါက ရောဂါလက္ခဏာအပျော့စားသာ ဖြစ်ပွားစေနိုင်ခဲ့ပါသည်။ Genotype D1.1 သည် H5N1 ဗိုင်းရပ်စ်၏ မျိုးဗီဇအမျိုးအစား (Genetic Clade) တစ်ခုဖြစ်ပြီး ငှက်များမှ နွားများသို့ ကူးစက်နိုင်စွမ်း (Cross-Species Transmission) ပိုမို မြင့်မားနိုင်သည့်သဘောရှိကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ Genotype D1.1 ၏ ထူးခြားချက်မှာ ငှက်များတွင် အဓိကတွေ့ရှိရသော်လည်း နို့တိုက်သတ္တဝါများ (ဥပမာ - နွား၊ ကြောင်) တွင် ကူးစက်နိုင်စွမ်းရှိသည်။ Genotype D1.1 သည် နို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်စွမ်းမြင့်မားသည့်အတွက် လူသို့ကူးစက်မှု (Zoonotic Transmission) အန္တရာယ်ကိုစောင့်ကြည့်ရန် အရေးကြီးပါသည်။ ဗိုင်းရပ်စ်၏မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ဆက်ဖြစ်ပါက လူအချင်းချင်းကူးစက်နိုင်သည့် ကပ်ရောဂါ (Pandemic) အန္တရာယ်သို့ ရောက်ရှိလာနိုင်ပေသည်။
HPAI ကူးစက်ခံရသောနွားများတွင် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် နို့ထွက်နှုန်းကျဆင်းခြင်း၊ နို့အရည်အသွေးပျက်၍ ပျစ်ခဲသောနို့ထွက်ခြင်း၊ အစာစားနှုန်းလျော့ကျခြင်း၊ အားနည်းခြင်း၊ အဖျားတက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းစသော မပြင်းထန်သည့် ရောဂါလက္ခဏာများသာပြသလေ့ရှိပါသည်။ သေဆုံးနှုန်းမှာလည်း နှစ်ရာခိုင်နှုန်းခန့်သာရှိသည်။ ရောဂါကူးစက်ခံရသောနွားများမှ ထွက်ရှိသောနို့စိမ်း (raw milk) တွင် ဗိုင်းရပ်စ်ပမာဏအလွန်မြင့်မားကြောင်း ဓာတ်ခွဲစမ်းသပ်မှုများက အတည်ပြုထားသည်။ H5N1 သည် ယခင်က ငှက်များတွင်သာ အဓိကတွေ့ရှိရသော်လည်း ယခုအခါ နွား၊ ဆိတ်၊ ဖျံ စသည့်နို့တိုက်သတ္တဝါများတွင် ကူးစက်လာခြင်းက ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းလဲမှုကို မြန်ဆန်စေနိုင်သည်။ ၎င်းသည် လူသားများအတွက် ပိုမိုလွယ်ကူစွာကူးစက်နိုင်သော ဗိုင်းရပ်စ်အဖြစ်ပြောင်းလဲနိုင်ခြေ (zoonotic adaptation) ကိုမြင့်တက်စေသည်။ လက်ရှိတွင် နွားနို့မှတစ်ဆင့်လူသို့ တိုက်ရိုက်ကူးစက်မှုအတည်မပြုရသေးသော်လည်း ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းလဲမှုကြောင့် အန္တရာယ်မြင့်မားနေသည်။
H5N1 ဗိုင်းရပ်စ်၏နွားများအကြား အပြင်းအထန်ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ကြီးမားသော စိုးရိမ်ဖွယ်ရာအခြေအနေကို ဖြစ်ပေါ်စေနိုင်ပါသည်။ အမေရိကန် CDC နှင့် WHO ၏ သတိပေးချက်အရ ရောဂါကူးစက်သည့်နွားများမှ ထုတ်လုပ်သော နို့စိမ်း (unpasteurized milk) ကို သောက်သုံးခြင်းသည် H5N1 ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အလွန်မြင့်မားကြောင်း သိပ္ပံနည်းကျသက်သေပြချက်များရှိပါသည်။ နို့ကိုပေါင်းခံခြင်း (pasteurization) မပြုလုပ်ပါက ဗိုင်းရပ်စ်အသက်ရှင်နိုင်ပြီး လူသို့ကူးစက်နိုင်သည်။ WHO ၏ဖော်ပြချက်များအရ H5N1 သည် လူသားများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါများ ဖြစ်စေနိုင်ပြီး သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ (WHO, FAO) ၏အကြံပြုချက်များမှာ
နို့နှင့် နို့ထွက်ပစ္စည်းများကို သေချာစွာချက်ပြုတ် ပြီးမှသာ စားသုံးပါ၊ (Pasteurization လုပ်ထားသော နို့ကိုသာ ရွေးချယ်ပါ)။
- မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေး (biosecurity)မြှင့်တင်ခြင်း (ဥပမာ - ကူးစက်နိုင်သောငှက်များနှင့် ထိတွေ့မှုကို ကန့်သတ်ခြင်း)။
- နွားများနှင့် အခြားမွေးမြူရေးတိရစ္ဆာန်များတွင် H5N1 စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ခြင်း။
- ကူးစက်မှုလက္ခဏာရှိသော တိရစ္ဆာန်များကို ချက်ချင်းသီးသန့်ထားရှိခြင်း။
အိမ်မွေးတိရစ္ဆာန်များတွင် H5N1 ကူးစက်မှု
ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်တွေ့ရှိရသော နို့စားနွားမွေးမြူသည့် ပြည်နယ်များရှိ အိမ်မွေးကြောင်များစွာတွင် H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး ကျားသစ်၊ ကျား၊ ခြင်္သေ့နှင့် ဘော့ကတ်စ်ကြောင်ကြီးများ(Bobcats) အပါအဝင် ကြောင်မျိုးစိတ်များစွာကူးစက်ခံခဲ့ရသည်။ ကြောင်များတွင် ရောဂါလက္ခဏာများမှာပြင်းထန်ပြီး အာရုံကြောအားနည်းခြင်း၊ နှာရည်/ မျက်ရည်အလွန်ကျခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်ပေါ်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် H5N1 ဗိုင်းရပ်စ်၏နွားများအကြားကူးစက်မှုသည် လူသားများအတွက် ကပ်ရောဂါအဆင့် အန္တရာယ်ကိုမြင့်တက်စေနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ထို့ကြောင့်ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းများကိုအရှိန်မြှင့်၍ ဆောင်ရွက်ရန်အရေးကြီးပါသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သုတေသနနှင့် အရေးပေါ်အစီအမံများသည် ဤကပ်ဘေးအန္တရာယ်ကိုကာကွယ်ရန် အဓိကသော့ချက်များဖြစ်ပါသည်။
“ကပ်ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပွားပြီးမှကုသခြင်းထက် အဆပေါင်းများစွာထိရောက်ပါသည်”။ ။