ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့်ဆင်တူသော အစားအစာများ၏အကျိုးကျေးဇူးများ

Posted_Date

Image

ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့်ဆင်တူသော အစားအစာများ၏အကျိုးကျေးဇူးများ

Body

ကမ္ဘာမြေကြီးပေါ်၌အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များသည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပေါက်ရောက်သီးပွင့်နေကြပြီး တစ်ခုစီသည်လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီနှင့် ဆင်တူကြကာ အဆိုပါအစိတ်အပိုင်းများနှင့်သက်ဆိုင်သည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးဆောင်လျက်ရှိခြင်းသည် သဘာဝ၏လက်ဆောင်တစ်ခုဖြစ်ကြောင်း ပညာရှင်များ၏အဆိုအရ သိရသည်။

သဘာဝတရားက  ရောဂါဘယများကို  ပျောက်ကင်းစေနိုင်သောအစားအစာများကို ဖန်တီးပေးထားသည်။ ဥပမာအားဖြင့်မုန်လာဥနီသည်မျက်လုံးနှင့်ဆင်တူပြီး မျက်စိကျန်းမာရေးအတွက်ကောင်းမွန်သည်ဟုလူသိများသည်။သစ်ကြားသီးသည်  ဦးနှောက်နှင့်တူပြီး ဦးနှောက်လုပ်ဆောင်ချက်များကို  ထောက်ပံ့ပေးသဖြင့်   မှတ်ဉာဏ် ကျန်းမာရေးကို မြှင့်တင်ပေးသည်ဟု ယူဆကြသည်။ ခရမ်းချဉ်သီးတွင် နှလုံးကဲ့သို့ အနီရောင်နှင့် အခန်းလေးခန်းပါရှိပြီး နှလုံးကျန်းမာရေးနှင့် ဆက်စပ်မှုရှိသည်။

ပဲစေ့များသည်  ကျောက်ကပ်ကဲ့သို့ပုံသဏ္ဌာန်ရှိပြီး  ကျောက်ကပ် လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေသည်။ ထို့ပြင် ထောပတ် သီးသည် အမျိုးသမီးများ၏သားအိမ်နှင့်တူပြီး မျိုးပွားမှုဆိုင်ရာကျန်းမာ ရေးနှင့်ဆက်စပ်နေသည်။ တရုတ်နံနံပင်များသည် အရိုးနှင့်တူပြီး အရိုး ကျန်းမာရေးအတွက် ကောင်းမွန်သည်။ ချင်းသည် အစာအိမ်နှင့်တူပြီး အာယုဗ္ဗေဒဆေးကျမ်းအရ အစာမကြေခြင်းနှင့် ပျို့အန်ခြင်းကို သက်သာ စေသည့်အတွက် ကျော်ကြားသည်။

မုန်လာဥနီနှင့်မျက်စိ

မုန်လာဥနီတွင် ဗီတာမင်-A၊ ဗီတာမင်-C၊ Flavonoids နဲ့ Phytochemi-cal ကဲ့သို့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ ပါဝင်သည်။  လှီးထားသော မုန်လာဥနီသည်   မျက်လုံးနှင့်ဆင်တူပြီး Beta-carotene ကြွယ်ဝစွာ ပါဝင်သောကြောင့် အမြင်အာရုံကောင်းမွန်စေရန်၊ အသက်အရွယ်နှင့် ဆိုင်သော  အမြင်အာရုံယိုယွင်းခြင်းနှင့်  အတွင်းတိမ်ဖြစ်နိုင်ခြေတို့ကိုကာကွယ်ပေးကြောင်း  သိပ္ပံနည်းကျလေ့လာ မှုများက   သက်သေပြခဲ့သည်။ မုန်လာဥနီကို ပုံမှန်စားသုံးပေးခြင်းဖြင့် မျက်လုံးသို့ သွေးစီးဆင်း မှုကို ကောင်းမွန်စေပြီး အမြင်အာရုံကို ကြည်လင်စေသည်။

သစ်ကြားသီးနှင့်ဦးနှောက်

အခွံမာသီး၏ အတွင်းဘက်တွင် ဦးနှောက်နှင့်တူညီသော ဘယ်ဘက် ခြမ်းနှင့် ညာဘက်ခြမ်း ပိုင်းခြားမှုအပြင် သစ်ကြားသီး၏မျက်နှာပြင်ရှိ အတွန့်ခေါက်များသည် ဦးနှောက်၏အတွန့်ခေါက် များကဲ့ သို့ပင် ထူးထူးခြားခြားဖြစ်နေသည်။သစ်ကြားသီးသည် ဦးနှောက်အတွင်းရှိ အာရုံကြော ပို့လွှတ်မှု၊ ချိတ်ဆက်မှုနှင့် ဦးနှောက်တစ်သျှူးများတွင် အချက်ပြမှုများကို ကူညီပေးသည်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် Omega-3 Fatty Acid ကြွယ်ဝသော ရင်းမြစ်တစ်ခုဖြစ်ပြီး တခြားသောအသီး အနှံများထက် ဖောလိတ် (ဗီတာမင် B-9)  နှင့် ဗီတာမင်-E  ပိုများသည်။ ဦးနှောက် ကျန်းမာရေးနှင့်  မှတ်ဉာဏ်စွမ်းအားကို  တိုးတက်ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို  လျှော့ချပေးနိုင်သည်။သစ်ကြားသီးစားခြင်းသည် မှတ်ဉာဏ်လျော့နည်းခြင်းကို ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမားရောဂါ နှင့်ဆက်စပ်သော ပရိုတင်းအလွှာများကို ချေဖျက်ပေးသည်။

ခရမ်းချဉ်သီးနှင့်နှလုံး

ခရမ်းချဉ်သီးသည်အနီရောင်ဖြစ်ပြီးလှီးဖြတ်လိုက်သောအခါတွင်များသောအားဖြင့် အခန်းလေးခန်းပါ၀င်ကာနှလုံးဖွဲ့စည်းပုံနှင့်ဆင်တူသည်။ ခရမ်းချဉ်သီးတွင် lycopene ကြွယ်ဝပြီး နှလုံးသွေးကြော ကျဉ်းရောဂါ၊ ဆီးကျိတ်နှင့် ရင်သားကင်ဆာကို ကာကွယ်ပေးသည်။ ထို့ပြင် ခရမ်းချဉ်သီးတွင် ဖောလိတ်ဓာတ်ကြွယ်ဝပြီး ရိုးတွင်းခြင်ဆီနှင့် သွေးတွင်းအောက်ဆီဂျင်ပို့ဆောင်ရာတွင် ကူညီပေးသည့် သွေးနီဥဆဲလ်များထုတ် လုပ်မှုကို ကူညီပေးသည်။

တရုတ်နံနံနှင့်အရိုး

ရှည်လျားသောတရုတ်နံနံ၏အညှာနှင့်ရိုးတံသည်အရိုးတည် ဆောက်ပုံနှင့်တူပြီး ဆီလီကွန်နှင့် ဗီတာမင်-Kကြွယ်ဝသောကြောင့်အရိုးတည်ဆောက်ပုံနှင့်အရိုးအဆစ်သန်မာမှုအတွက်လိုအပ်သည်။အရိုးများကို ဆိုဒီယမ် ၂၃ ရာခိုင်နှုန်းဖြင့်ဖွဲ့စည်းထားပြီးတရုတ်နံနံတွင် ဆိုဒီယမ်ပါဝင်မှုနှင့်တူညီသည်။ Dimpleသည်အရိုးသိပ်သည်းဆနည်း ပါက တရုတ်နံနံဖျော်ရည်ကို သောက်သုံးရန် အကြံပြုထားသည်။

ချင်းနှင့်အစာအိမ်

အစာအိမ်ပုံသဏ္ဌာန်နှင့်ဆင်တူသောချင်းကိုဝမ်းပျက်၊ ဝမ်းလျှော ရောဂါနှင့်  အစာအိမ်ရောဂါအမျိုးမျိုး ကိုကုသရာတွင်  တွင်ကျယ်စွာ အသုံးပြုခဲ့သည်။ ချင်း၏အစာခြေဂုဏ်သတ္တိများကို ရှေးခေတ်ကတည်း က တိုင်းရင်းဆေးအသိအမှတ်ပြုခဲ့သည်မှာ နှစ် ၅၀၀၀ ကျော်ခဲ့သည်။ ထို့ပြင် ချင်းသည်အူမကြီးအကျိတ်များကြီးထွားမှုကို ဟန့်တားနိုင်သည် ။

မှိုနှင့်နားရွက်

မှိုကိုတစ်ခြမ်းလှီးဖြတ်လိုက်လျှင်   နားရွက်ပုံသဏ္ဌာန်နှင့်တူသည်။ မှိုသည် မရှိမဖြစ်လိုအပ်သော အာဟာ ရဓာတ် ဗီတာမင်-D ပါဝင်သောသဘာဝအစားအစာတစ်ခုဖြစ်သောကြောင့်  အရိုးများကို  ကျန်းမာစေ သည်။ အကြားအာရုံကိုထိန်းသိမ်းရန်နှင့် သန်မာသောအရိုးများ အထူး သဖြင့်  ဦးနှောက်သို့  အသံအချက် ပြမှုများကိုပေးပို့သည့်  နားရှိအရိုးနုသုံးချောင်းအတွက် အရေးကြီးသည်။

ထောပတ်သီးနှင့်သားအိမ်

ထောပတ်သီးသည်   အမျိုးသမီးသားအိမ်၏ပုံသဏ္ဌာန်နှင့်ဆင်တူပြီး  မျိုးပွားမှုဆိုင်ရာကျန်းမာရေးကို လည်း  အထောက်အကူပြုသည်။ ထောပတ်သီးသည် ဖောလစ်အက်စစ်နှင့် ဗီတာမင်‑E ၏ အရင်းအမြစ် ကောင်းတစ်ခုဖြစ်သည်။ ဖောလိတ်သည် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားသည်။ ခေတ်သစ်သုတေသနပြုချက်များအရ အမျိုးသမီးတစ်ဦးသည် တစ်ပတ်လျှင် ထောပတ်သီး တစ်လုံးစားသုံးခြင်းသည်အမျိုးသမီးဟော်မုန်းများကို ထိန်းညှိပေးကာ   ကိုယ်အလေးချိန်ကို    လျော့ကျစေပြီး    သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးကြောင်း   သိရသည်။  အသားအရေနှင့် ဆံပင်အတွက် ကောင်းမွန်သည်။

ပန်ကရိယအတွက် အကျိုးကျေးဇူးများသောကန်စွန်းဥ

ကန်စွန်းဥသည်  ကစီဓာတ်ပါရှိသောဥဖြစ်ပြီး   ပန်ကရိယနှင့် ဆင်တူ၍  ပန်ကရိယကျန်းမာရေးကို   မြှင့်တင်နိုင်သည်။ ကန်စွန်းဥတွင် အစွမ်း ထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သော ဘီတာကယ်ရိုတင်း ပမာဏ မြင့်မားစွာပါဝင်ပြီး ပန်ကရိယအပါအဝင် ခန္ဓာကိုယ်တစ်သျှူးအားလုံးကို  အိုမင်းရင့်ရော်ခြင်းနှင့် ကင်ဆာကြောင့်  ထိခိုက်ပျက်စီးခြင်းမှ ကာကွယ် ပေးနိုင်သည်။ ဗီတာမင်-A၊ မဂ္ဂနိစ်နှင့် အမျှင်ဓာတ်များ စွာပါဝင်ပြီး ခန္ဓာ ကိုယ်တွင်းသကြားဓာတ်တိုးမြှင့်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။

စပျစ်သီးနှင့်အဆုတ်လေအိတ်များ

စပျစ်သီးသည် အဆုတ်အတွင်းရှိ လေအိတ်များနှင့် ဆင်တူပြီး အဆုတ်မှအောက်ဆီဂျင်ကို သွေးထဲသို့ ဖြတ်သန်းခွင့်ပေးသည်။ လတ်ဆတ်သောစပျစ်သီးများတွင် Resveratrol ကြွယ်ဝသောကြောင့် အဆုတ် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ စပျစ်စေ့တွင် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်စေသော ပန်းနာ၊ ရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့် Proanthocyanidin ဟုခေါ်သော ဓာတုပစ္စည်းလည်းပါဝင်သောကြောင့် အလွန်အကျိုးရှိသည်။

ဂရိတ်ဖရုသီးနှင့် နို့ရည်ဂလင်းများ

လှီးဖြတ်ပြီး ဂရိတ်ဖရုသီး၏အတွင်းပိုင်းဖွဲ့စည်းပုံသည် အမျိုးသမီး ရင်သားရှိ နို့ရည်ဂလင်းများနှင့် တူသည်။ ဂရိတ်ဖရုသီးများတွင် ကင်ဆာ ဖြစ်ပွားမှုကို ဟန့်တားနိုင်ကြောင်း  သက်သေပြထားသော  Limonoids များ ပါဝင်သည်။ ရင်သားတစ်သျှူးအတွင်းတစ်ဝိုက်ရှိ ပြန်ရည်စီးဆင်းမှု လမ်းကြောင်းများ ကို ထောက်ပံ့ပေးပြီး ရင်သားကျန်းမာရေးကို ကောင်း မွန်စေသည်။

ကျောက်ကပ်ပုံသဏ္ဌာန်ရှိသောပဲစေ့များ၏အကျိုးကျေးဇူးများ

ကျောက်ကပ်ပုံသဏ္ဌာန်ရှိသည့် နက်မှောင်သောအနီရောင်ပဲစေ့များကို ပုံမှန်စားသုံးသောအခါတွင် ကျောက်ကပ်လုပ်ဆောင်ချက်ကိုထိန်းသိမ်းရန် ကူညီပေးသည်။ ပဲစေ့များသည် အမျှင်ဓာတ်နှင့် အပင်အခြေခံ ပရိုတင်းဓာတ်များ မြင့်မားစွာပါဝင်ပြီး ခန္ဓာကိုယ်၏သဘာဝ အဆိပ်ဖြေ ခြင်းလုပ် ငန်းစဉ်ကို ထောက်ပံ့ပေးသည်။ ပဲစေ့များကို မျှတစွာ စားသုံးပါက   ကျောက်ကပ်ကျောက်တည်ခြင်းကို  ကာကွယ်ပေးနိုင်ပြီး သတ္တု ဓာတ်ကြွယ်ဝမှုသည်  စွန့်ပစ်ပစ္စည်းများကို  ဖယ်ရှားရာတွင် အထောက် အကူဖြစ်စေသည်။

အိန္ဒိယနိုင်ငံဂျိန်းတက္ကသိုလ်မှအစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာရေးအာယုဗ္ဗေဒနည်းပြနှင့် လူနေမှုပုံစံဆေးပညာအကျိုးဆောင် တစ်ဦးဖြစ်သူ Dimple Jangda က ခန္ဓာကိုယ်အင်္ဂါများအတွက် အများ ဆုံး အကျိုးပြုသောအစားအစာခုနစ်မျိုးကို အင်စတာဂရမ်၏ ဗီဒီယိုတစ်ခုတွင် ရှင်းပြခဲ့သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ အကျိုးကျေးဇူးများကို သက်သေပြသည့် သိပ္ပံနည်း ကျသုတေသနများစွာ ရှိသော်လည်း အမှန်တကယ်စိတ်ဝင်စားစရာကောင်းသောအချက်မှာ ခန္ဓာကိုယ် ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်    သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်အမျိုးမျိုးကို လူသားများ၏ ကျန်းမာရေးအတွက် အလွယ်တကူရရှိနိုင်စေရန်  သဘာဝတရားက  ဖန်တီးပေးထားခြင်း ပင်ဖြစ်ကြောင်းအာဟာရသုတမျှဝေလိုက်ရပါသည်။    

 MWD Web Portal