မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ထိန်းချုပ် ဓာတုပစ္စည်းများကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ  အပိုင်း(၃)

Posted_Date

Image

narcotic drugs

Body

အရေးပါသည့်ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို တရားဝင်နှင့်တရားမဝင် အသုံးပြုခြင်းများ အပိုင်း(၂)တွင်ဖော်ပြခဲ့သော United Nations Convention Against Illicit Traffic in Narcotic Drugs  and Psychotropic Substances က ကြေညာထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ၄၃ မျိုး၏တရားဝင် အသုံးပြုမှုများနှင့် တရားမဝင်အသုံးပြုမှုများကို ဆက်လက်ဖော်ပြသွားပါမည်။

၁။ N-acetylanthranilic Acid (အင်-အက်စီတိုင်းလ်အင်သရာနီလစ်အက်စစ်) C9H9NO3 ကို ဆေးဝါးများ၊ ပလတ်စတစ်များနှင့် သန့်စင်သောဓာတုပစ္စည်းများ၊ ပြင်းအားပျော့သော ဓာတုပစ္စည်းများ နှင့် ပလတ်စတစ်များထုတ်လုပ်ရာတွင် တရားဝင်အသုံးပြုပြီး မက်သာကွာလုံး (Methaqualone) နှင့် မက်ကလိုကွာလုံး (Mecloqualone) ကို ဖန်တီးထုတ်လုပ်ရာတွင် တရားမဝင်အသုံးပြုသည်။

၂။ Ephedrine (အက်ဖီဒရင်း) C10H15NO မှာ အနံ့မရှိသော အဖြူရောင်ပုံဆောင်ခဲအမှုန့်ဖြစ်ပြီး အက်ဖီဒရာအပင်မှ ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ရရှိသည်။ ၎င်းသည် Alcohol တွင် ပျော်ဝင်ပြီး Ether Chloroform တို့တွင် ပျော်ဝင်ခြင်းမရှိပါ။ ထိုအမှုန့်ကို ရှူရှိုက်လျှင်အန္တရာယ်ရှိသည်။ ပန်းနာရင်ကျပ် ကဲ့သို့ အသက်ရှူကျပ်သောရောဂါကာကွယ်ဆေး၊ အသက်ရှူလမ်းကြောင်း သန့်ရှင်းစေသောဆေးဝါးများ ထုတ်လုပ်ရာတွင်သုံးပြီး မက်သာအဖက်တမင်း (Metham-phetmine) တရားမဝင် ထုတ်လုပ်ရာတွင် လည်း အသုံးပြုကြသည်။

၃။ Ergometrine (အာဂိုမတ်ထရင်း) C23H27N3O6 ကို ခေါင်းကိုက်ရောဂါသက်သာစေသည့် ဆေးဝါး၊ သားဖွား/မီးယပ်တွင် သားအိမ်ညှစ်ဆေးနှင့် သားဖွားရာတွင် အသက်ရှူဝစေရန်အသုံးပြုပြီး လိုင်ဆာဂျစ် အက်စစ် (Lysergic Acid) နှင့် လိုင်ဆာဂျစ်အက်စစ်ဒိုင်အီသိုင်းလမိုဒ်  (Lysergic Acid Diethylamide (L.S.D))ဖန်တီးထုတ်လုပ်ရာ၌ တရားမဝင်အသုံးပြုသည်။

၄။ Ergotamine (အာဂိုတမင်း) C33H35N5O5 ကို သားဖွား/မီးယပ်သည့်မိခင်အား ကုသရာတွင် မရှိမဖြစ် အသုံးပြုရသောပစ္စည်းဖြစ်သည်။  ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုကုသပေးသည့်ဆေးဖြစ်ပြီး နာကျင်ခြင်း၊ ပျို့အန်ခြင်း၊  စိတ်တိုခြင်းနှင့် ယာယီအမြင်အာရုံဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဤဆေးပြားများသည်  နာကျင်ခြင်းအချက်ပြမှုများကိုပိတ်ဆို့ကာ ဦးနှောက်အတွင်းရှိ သွေးကြောများကို ကျဉ်းစေရန် လုပ်ဆောင်သည်။    ဆေးအရည်ပျော်စေရန် လျှာအောက်တွင်ထား၍ သောက်နိုင်သည်။ Aura နှင့် ဦးခေါင်းအစုလိုက်အပြုံလိုက်ကိုက်ခြင်း ရှိ/မရှိ စစ်ဆေးသည့် Alpha-1 Selective Adrenergic Agonist Vasoconstrictor ဆေးဖြစ်သည်။ Lysergic Acid နှင့် L.S.D(Lysergic Acid Diethylamide) တို့ ထုတ်လုပ်ရာ၌လည်း တရားမဝင်အသုံးပြုသည်။

၅။ Isosafrole (အိုင်ဆိုဆာဖရိုး) C10H10O2 သည် အမွှေးရနံ့လုပ်ငန်းတွင် အသုံးပြုသော အော်ဂဲနစ်ဒြပ် ပေါင်းတစ်ခုဖြစ်ပြီး စမုန်နက် သို့မဟုတ် နွယ်ပင်၏ရနံ့ကိုရရှိစေသည်။ ယင်းကို ပိုင်ပါရိုနယ်လ် (Piperronal)၊ အဆင့်မြင့်ရေမွှေး (Perfume) ဖြစ်စေရန် ပြုပြင်ရာ၌လည်းကောင်း၊ အရည်အသွေး ကောင်းသော ဆပ်ပြာမွှေးဖြစ်စေရန်လည်းကောင်း၊ ဆာဆပါရိလ်အမွှေးနံ့ပြုလုပ်ရာတွင်လည်းကောင်း၊ ကပ်ရောဂါကာကွယ်ဆေးထုတ်လုပ်ရာတွင်လည်းကောင်း  အသုံးပြုသည်။ ဘီယာပြုလုပ်ရာ၌ မီသိုင်းလ် ဆီလီကိတ်(Methyl Silicate) နှင့်အတူ Isosafrole ပမာဏအနည်းငယ်ကို ထည့်သုံးခြင်းဖြင့် အနံ့ပိုမို ကောင်းမွန်စေသည်။ တရားမဝင်အနေဖြင့် MDA (3,4-Methylene-dioxyamphetamine)၊ MDE (3,4-Methylenedioxy-N-ethylamphetamine)၊ MIMA နှင့် Normalhy-droxitine Amphetamine တို့ထုတ်လုပ်ရာ၌ အသုံးပြုသည်။

၆။ Lysergic Acid  (လိုက်ဆာဂျစ်အက်စစ်) C16H16N2O2 ကို d-lysergic acid နှင့် (+)-lysergic acid ဟု ခေါ်ဆိုနိုင်သည်။ LA ကိုဆေးဝါး (Phamaceutical) အဖြစ်လည်းကောင်း၊ စိတ်အားထက်သန် စေသော ဆေးဝါးများ (Psychedelic Drugs) အဖြစ်လည်းကောင်း၊ အော်ဂဲနစ်ပစ္စည်းများ (Organics) ထုတ်လုပ်ရာ၌ အသုံးပြုနိုင်ပြီး L.S.D (Lysergic Acid Diethylamide) တရားမဝင် ထုတ်လုပ်ရာ၌ လည်းကောင်းအသုံးပြုသည်။

၇။ 3,4-Methylenedioxyphenyl-2-Propanone (၃၊ ၄-မီသိုင်းလ်လင်းဒိုင်အောက်ဆီဖီနိုင်းလ် -၂-ပရိုပန်နုန်း) (MDP-2-P/PMK) C10H10O3 ကိုပိုင်ပါရိုနောနှင့် အခြားသောအမွှေးဆီများ၊ ရေမွှေးများ ထုတ်လုပ်ရာ၌သုံးပြီး Amphetamine၊ MDA (3,4-Methylenedioxyamphetamine)၊ MDE (3,4-Methylenedioxy-N-ethylamphetamine)၊ MDMA (3,4-Methylenedioxymethamphetamine) Normalhydroxydine, Amphetamine (N-OM MDA) တို့ကို တရားမဝင်စိတ်ကြွဆေးများ ထုတ်လုပ်ရာ၌လည်း အသုံးပြုသည်။

MDMA (3,4-Methylenedioxymetham-phetamine) or Ecstasy“Ecstasy” ဟု ပို၍ လူသိများထင်ရှားသော MDMA သည် Schedule I ဆေးဖြစ်ပြီး ရေတွင် အလွန်ပျော်ဝင်နိုင်သော အဖြူရောင် Semisolid ဓာတုပစ္စည်းဖြစ်သည်။ ၎င်းသည် ကြည်လင်ပြီး အရောင်မဲ့အရည်ကို ရေတွင်  အယ်ကို ဟောရနံ့အနည်းငယ်ဖြင့် ဖွဲ့စည်းထားသည်။ MDMA ကို အစာစားချင်စိတ်ကိုသက်သာစေသည့် ဆေးဝါး အဖြစ်လည်းကောင်း၊ စိတ်ကုထုံးတွင် အသုံးပြုခဲ့ပြီး ပါကင်ဆန်ရောဂါနှင့် စိတ်ဒဏ်ရာလွန်စိတ်ဖိစီးမှု ရောဂါတို့ကိုကုသရာတွင်လည်းကောင်း အသုံးပြုကြသည်။ တစ်နည်းအားဖြင့် MDMA (C11H15NO2.HCl) သည် “စိတ်ကြွဆေးပြား” သို့မဟုတ် “Molly” ဟု အများအားဖြင့် ရည်ညွှန်းသည့်  လူသိများသောအပန်းဖြေဆေးဖြစ်သည်။ ၎င်းသည် ပြင်းထန်သော ကြည်နူးမှု၊ စိတ်ခံစားမှု၊ ပွင့်လင်းမှုနှင့် စာနာမှုတို့ကို ဖြစ်ပေါ်စေသကဲ့သို့ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး စွမ်းအင်အဆင့်ကို တိုးမြှင့်ပေးသည်။

MDMA အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော Serotonin များအလွန်အကျွံထုတ်လွှတ်မှုသည် ဦးနှောက်အတွင်းရှိ အာရုံကြောထုတ်လွှတ်မှုစနစ် (Neurotransmitter) ကို  သိသိသာသာ လျော့ကျ သွားစေနိုင်သည်။ အကျိုးဆက်အနေဖြင့် လူများသည် MDMA အသုံးပြုပြီးနောက် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်နှင့် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော အပျက်သဘောဆောင်သော    စိတ်ပိုင်းဆိုင်ရာအကျိုး သက်ရောက်မှုများကို ရက်အတော်ကြာ ကြုံတွေ့ရနိုင်သည်။ MDMA သည် Norepinephrine ထွက်လာခြင်းကြောင့် အဓိကအားဖြင့် နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တိုးခြင်းကဲ့သို့သော Adrenergic သက်ရောက်မှုများကို တစ်သမတ်တည်းဖြစ်ပေါ်စေသည်။

MDMA သည် စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုကို ဖြစ်စေနိုင်သည်။ MDMA သည် နှလုံးခုန်နှုန်း ကို ဖြစ်ပေါ်စေပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေကိုတိုးစေသည်ဟု   လူသိများသည်။ ရေတိုဘေးထွက် ဆိုးကျိုးအနေဖြင့် ပျို့ခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ်ကိုလျော့ကျစေခြင်း၊ ဝမ်းသာပီတိစိတ်ဖြစ်ခြင်း၊ အဆိုးမြင်စိတ်များလျော့ပါးလာခြင်း၊ မလုံခြုံမှုများလျော့ပါးလာခြင်း၊  ခံစားချက်ခိုင်မာလာခြင်းတို့ ဖြစ်ပေါ်စေပြီးရေရှည်ဘေးထွက်ဆိုးကျိုးအနေဖြင့် စိတ်ဓာတ်ကျခြင်း၊ ပူပင်သောက ဖြစ်ခြင်း၊ အဆိုးမြင် စိတ်များတိုးလာခြင်း၊ အိပ်မပျော်ခြင်း၊ အစာစားချင်စိတ်ကို လျော့ကျစေခြင်း၊ မှတ်ဉာဏ် ပြဿနာ များဖြစ်ပေါ်ခြင်းနှင့် စိတ်တိုစရာခံစားချက်များကို ဖြစ်ပေါ်စေသည်။

MDA (3,4-Methylenedioxyamphetamine) or Sassafras"Sally" သို့မဟုတ် "Sassafras" ဟုလည်း ခေါ်သော MDA (C10H13NO2) သည် ကျေနပ်ပျော်ရွှင်မှု၊ စွမ်းအင်အဆင့်တိုးမြှင့်မှု၊  အာရုံခံစားမှုနှင့် စာနာမှုတို့ကို မြှင့်တင်ပေးပြီး ပြောင်းလဲလာသော အချိန်သညာကို ထုတ်ပေးသည်။ MDA သည် MDMA နှင့် နှိုင်းယှဉ်လျှင် ပိုမိုအားကောင်းသော အမြင်အာရုံနှင့် အကြားအာရုံယောင်များကို ဖြစ်ပေါ်စေပြီး စွမ်းအင်အဆင့်ကို ပိုမိုမြှင့်တင်ပေးနိုင်သည်။ MDA ခန္ဓာကိုယ်မှ အပြည့်အဝဖယ်ထုတ်ပစ်ရန် MDMA ထက် ၂ နာရီမှ ၄ နာရီ ပိုကြာတတ်သည်။ MDMA နှင့်ခံစားချက်ချင်း ဆင်တူသော်လည်း MDA ၏ serotonin receptors များပေါ်တွင် MDA ၏လုပ်ဆောင်ချက်သည် အသုံးပြုပြီး နောက်ရက်အတော်ကြာ ခံစားရနိုင်သည့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော အနုတ်လက္ခဏာ ဆောင်သော စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

MDA နှင့် MDMA နှစ်မျိုးလုံးကို စိတ်ကြွဆေးများအဖြစ်ခွဲခြားထားပြီး ဦးနှောက်အတွင်းရှိ Serotonin၊ Dopamine နှင့် Norepinephrine တို့ကို တိုးမြှင့်နိုင်သည်။ ဆေးဝါးနှစ်မျိုးလုံးသည် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို သယ်ဆောင်လာပြီး ဆိုးရွားသောကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများရှိသည်။ ပစ္စည်းတစ်ခုစီ၏ တိကျသောအန္တရာယ်သည် သောက်သုံးသောပမာဏ၊ သန့်ရှင်းမှု၊ တစ်ဦးချင်း ဇီဝကမ္မဗေဒနှင့် ကွဲပြားမှုနှင့်အသုံးပြုမှုအခြေအနေကဲ့သို့သော အချက်များပေါ်တွင် မူတည်၍ ကွဲပြားနိုင် သည်။

MDA သို့မဟုတ် MDMA လွန်ကဲစွာသုံးစွဲခြင်းသည် အန္တရာယ်ရှိသောခန္ဓာကိုယ်အပူချိန် (Hyperthermia)၊ နှလုံးသွေးကြောဆိုင်ရာ သက်ရောက်မှုများဖြစ်သည့် သွေးပေါင်ချိန်တက်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ခြင်း၊ နှလုံးရပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ စိတ်ရှုပ်ထွေးမှုဖြစ်ပေါ်ခြင်း၊ မထိန်းချုပ်နိုင်သောတုန်လှုပ်ခြင်း သို့မဟုတ် တက်ခြင်း၊ သတိလစ်ခြင်း   စသည့်   အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော အကျိုးဆက်များဖြစ်စေနိုင်သည်။

ဆက်လက်ဖော်ပြပါမည်။

 MWD Web Portal

Photo - iPleaders