သတင်းများ

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ကျေးရွာနေ ကိုဇင်မင်းဦး(၂၄)နှစ်သည် ကျေးရွာအနီးရှိ တောအတွင်းသို့ ထော်လာဂျီယာဉ်ဖြင့် သွားရောက်စဉ် တံတားဦး-မြို့သာ-မြင်းခြံသွားကားလမ်းပေါ်အရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm 
 
ဂြိုလ်တုပုံရိပ်များအရ မြောက်ကိုရီးယား၏ ICBM စက်ရုံအဆင့်မြှင့် တင်ရေးစီမံကိန်း နှေးကွေးလျက်ရှိခြင်း

မြောက်ကိုရီးယားတွင် ပြီးခဲ့သည့်နွေရာသီက အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်ခဲ့သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံး (ICBM)စက်ရုံ အဆင့်မြှင့်တင်ရေးအကြီးစားစီမံကိန်းသည် မကြာသေးမီ လများအတွင်း အရင်းအမြစ်ပိုင်းဆိုင်ရာ သို့မဟုတ် စီမံကိန်းဆိုင်ရာလမ်းညွှန်ချက်အခြေအနေများကြောင့် တိုးတက်မှုနှေးကွေးလာသည်ဟု ယူဆရကြောင်း မြောက်ကိုရီးယားနိုင်ငံကို စောင့်ကြည့်လေ့လာနေသည့် သတင်းဝက်ဆိုက်တစ်ခုဖြစ်သော NK Pro ၏ ဂြိုလ်တု ပုံရိပ်အထောက်အထားများအရ သိရှိရပါသည်။

ပြုံယမ်းမြို့အနီး Thaesong Machine Factory တွင် တည်ဆောက်ထားသည့် ၂.၅ ဧကခန့်ရှိ အဆောက်အဦ (၂) ခု၏ ဆောက်လုပ်ရေးလုပ်ငန်းများသည် ဒီဇင်ဘာလအစောပိုင်းမှ ဖေဖော်ဝါရီလအတွင်း တိုးတက်မှု အနည်းငယ်သာ ရှိကြောင်း Planet Labs ၏ ဂြိုလ်တုပုံရိပ်များအရ သိရသည်။

ထိုကဲ့သို့ တိုးတက်မှုနှေးကွေးလာရခြင်းမှာ တောင်စောင်းများရှိ ဥမင်လိုဏ်ခေါင်းများအတွင်းတွင် ပြုပြင် မွမ်းမံခြင်း သို့မဟုတ် စက်ကိရိယာပစ္စည်းအသစ်များ တပ်ဆင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေခြင်းကြောင့် ဖြစ်နိုင်သော်လည်း လုပ်ငန်းတစ်ဝက်မျှ ဆောင်ရွက်ပြီးသည့် အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းရခြင်းမှာ စီမံကိန်းပိုင်း ဆိုင်ရာအစီအစဉ်ရေးဆွဲမှု အားနည်းချက်ကြောင့် သို့မဟုတ် အခြားဦးစားပေးလုပ်ငန်းတစ်ခုအား ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။

ပြီးခဲ့သည့် ဇူလိုင်လက အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ခဲ့ခြင်းနှင့်ပတ်သက်၍ NK Pro က အဦးဆုံး အစီရင်ခံတင်ပြခဲ့ပြီး လက်ရှိတည်ဆောက်နေသည့်စက်ရုံ၏ အနောက်ဘက်ခြမ်းတွင် ယခင်က တိုက်ချင်းပစ်ဒုံးကျည် (ICBM) သို့မဟုတ် ဂြိုလ်တုလွှတ်တင်ရေးဒုံးကျည်များအတွက် လောင်စာသုံးအင်ဂျင်ထုတ်လုပ်ရေးဆိုင်ရာနေရာများ ထားရှိခဲ့ဖွယ်ရှိကြောင်း အသေးစိတ်အထောက်အထားများကို အသေးစိတ်ရေးသားဖော်ပြခဲ့သည်။

စက်ရုံ၏အရှေ့ဘက်ခြမ်းသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM) နှင့် တာဝေးပစ်ပဲ့ထိန်း ဒုံးကျည် (ICBM) များ အပြီးသတ်တပ်ဆင်ခြင်းအတွက် အသုံးပြုခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ စက်ရုံ၏ အနောက်ဘက်ခြမ်းသည် ဒုံးကျည် အင်ဂျင်ထုတ်လုပ်ရန် အသုံးပြုခဲ့ခြင်းဖြစ်နိုင်ကြောင်းနှင့် အခြားလုပ်ဆောင်ချက်များကိုမူ အတည်ပြုထားခြင်း မရှိသေးကြောင်း လက်ရှိအထောက်အထားများက ပြဆိုနေပါသည်။

ယခုတည်ဆောက်ရေးစီမံကိန်းသစ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ထောက်လှမ်းရေး ဂြိုလ်တုအစီအစဉ်အတွက် လောင်စာရည်သုံးအင်ဂျင်သစ်တစ်ခုအား အဆင့်မြှင့်တင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်နိုင်ပေသည်။

အဆိုပါစီမံကိန်းနှင့်ဆက်စပ်မှုသာရှိမည်ဆိုလျှင် ပြီးခဲ့သည့် မေလအတွင်း စစ်ဘက်ဆိုင်ရာ ဂြိုလ်တုလွှတ်တင်ရာတွင် အောင်မြင်မှု မရရှိခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာဂြိုလ်တု ၃ လုံးလွှတ်တင်ရန် ရည်မှန်းချက်ကို ကင်ဂျုံအန်က စွန့်လွှတ်လိုက်ခြင်းသည် ယခု ICBM စက်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်း နှောင့်နှေးသွားရခြင်း၏ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပေသည်။

တစ်ချိန်တည်းတွင် မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်အတွင်း အခြားနေရာများတွင် စစ်သင်္ဘောအသစ်များ တည်ဆောက်ခြင်းနှင့် အခြားလက်နက်စက်ရုံများကို အဓိကအဆင့် မြှင့်တင်ခြင်းကဲ့သို့သော ကုန်ကျစရိတ် ကြီးမားသည့် စစ်ဘက်ဆိုင်ရာစီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းများအနက် အချို့လုပ်ငန်းများသည် ဦးစားပေးဆိုင်ရာကန့်သတ်ချက်များကြောင့် ပြန်လည်စတင်နိုင်ခြင်း မရှိခဲ့ပေ။

ကိုးကား- https://www.nknews.org    

ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင် (နစက-၄)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ ခနောက်စိမ်းသတ္တုရိုင်းများ တရားမဝင်သယ်ဆောင်လာသူ လေးဦးအား ဖမ်းဆီးအရေးယူ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ ခနောက်စိမ်းသတ္တုရိုင်းများ တရားမဝင်သယ်ဆောင်လာသူ လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက် ည ၁၁ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာ၊ ကလော-ရွှေမင်းဖုန်းကျေးရွာသွားလမ်း ပလောင်တောင်ဗျူးပွိုင့်လမ်းဆုံ၌ ကလောခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ယာဉ်စစ်ဆေးခြင်းများ‌ ဆောင်ရွက်ခဲ့ရာ ရွှေမင်းဖုန်းကျေးရွာမှ ကလောမြို့သို့ ရွှေမင်းဖုန်းကျေးရွာနေ ထွန်းအောင်(၄၀)နှစ် မောင်းနှင်ပြီး ကိုအောင်(ခ)အောင်အောင်(၄၅)နှစ် လိုက်ပါလာသော LIFAN အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ်ပေါ်မှ ဆာလာအိတ် ၅၅ အိတ်ဖြင့်ထည့်လျက် ခနောက်စိမ်းသတ္တုအရိုင်းတုံး ၂.၂ တန်ခန့်အားလည်းကောင်း၊ တောင်ပတ်ကျေးရွာနေ အောင်မြင့်မြတ်(ခ)နေတိုး(၂၀)နှစ် မောင်းနှင်ပြီး မောင်ကြိုင် (၆၃)နှစ် လိုက်ပါလာသည့် SKAT အမျိုးအစား ခြောက်ဘီးမော်တော်ယာဉ်ပေါ်မှ ဆာလာအိတ် ၅၂ အိတ်ဖြင့်ထည့်လျက် ခနောက်စိမ်းသတ္တုအရိုင်းတုံး ၂.၁ တန်ခန့်အားလည်းကောင်း တရားမဝင် အထောက်ထားမဲ့ သယ်ဆောင်လာသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ လေးဦးအား ကလောမြို့မရဲစခန်း (ပ)၂၆/၂၀၂၅၊ မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပြင်သစ်စစ်အခြေစိုက်စခန်းကို အိုင်ဗရီကို့စ် စစ်တပ်ထံသို့ လွှဲပြောင်းပေးအပ်

ပြင်သစ်သည် Cote d’Ivoire (အိုင်ဗရီကိုစ့်) ရှိ ၎င်း၏ တစ်ခုတည်းသော စစ်အခြေစိုက်စခန်းကို ယင်းနိုင်ငံ၏ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်သည်။ အိုင်ဗရီကိုစ့်သမ္မတ Alassane Ouattara က ပြင်သစ်စစ်တပ်များ ရုပ်သိမ်းမည်ဟု ကြေညာပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ယခင်ကိုလိုနီနိုင်ငံများက ပြင်သစ်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး များကို ဖြတ်တောက်လိုက်သည့် ဒေသတွင်းလားရာတစ်ခု ဖြစ်သည်။

မြို့တော် Abidjan အနီးရှိ Port-Bouet စစ်အခြေစိုက်စခန်းသည် ယခင် က 43rd French Marine Infantry Battalion (43e BIMa) ကို လက်ခံကျင်းပခဲ့သည်။ ၎င်းကို အိုင်ဗရီကိုစ့်စစ်တပ်ထံ လွှဲပြောင်းပေးအပ်ခြင်းအား ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အခမ်းအနားဖြင့်ဆောင်ရွက်ခဲ့ပြီး ပြင်သစ်ကာကွယ်ရေးဝန်ကြီး Sebastien Lecornu က အိုင်ဗရီကိုစ့် ကာကွယ်ရေးဝန်ကြီး Tene Birahima Ouattara ထံသို့ ပေးအပ်ခဲ့သည်။

အာဖရိကနိုင်ငံရှိ ပြင်သစ်မစ်ရှင်က X တွင် အဆိုပါလုပ်ဆောင်ချက်ကို “ပြင်သစ်-အိုင်ဗရီကိုစ့်ပူးပေါင်းဆောင်ရွက်မှုအတွက် သမိုင်းဝင် အခိုက်အတန့်” ဟု ဖော်ပြခဲ့သည်။

AFP သတင်းဌာနက Abidjan ရှိ ပြင်သစ်ကာကွယ်ရေးဌာနမှ Colonel Damien Mireval ၏ပြောကြားချက်ကို ကိုးကားပြီး “အဆိုပါစခန်းကို အိုင်ဗရီကိုစ့်စစ်တပ်ထံ ပြန်လည်ပေးအပ်ခြင်းသည် အလွန်ကောင်းမွန်သော ပြယုဂ်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး သဟဇာတရှိမှု၊ ရင့်ကျက်မှု တို့ဖြင့် ပြုလုပ်ခဲ့သည်” ဟု ဖော်ပြခဲ့သည်။

အဆိုပါစခန်းကို အိုင်ဗရီကိုစ့်စစ်တပ်၏ ပထမဆုံးစစ်ဦးစီးချုပ် Thomas Aquinas Ouattara ၏ အမည်ကို အစွဲပြု၍ အမည်ပေးအပ်မည်ဟု သတင်းများအရသိရသည်။

ကိုးကား-RT

တရုတ်လွှမ်းမိုးမှုကို တားဆီးရန်နှင့် ပနားမား တူးမြောင်း လုံခြုံရေးဆွေးနွေးရန် အမေရိကန် တပ်မှူးကို ပနားမားသို့ စေလွှတ်

ပနားမားတူးမြောင်းကို တရုတ် ထိန်းချုပ်မှုမှ ပြန်လည်ရယူမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာပြီးနောက် တူးမြောင်းအား တရုတ်လွှမ်းမိုးမှုမှ ထိန်းချုပ်ရန်နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးရန် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ အထိ အမေရိကန်စစ်တပ်၏ တောင်ပိုင်းစစ်ဌာနချုပ်မှ တပ်မှူး က ပနားမား သို့ သွားရောက်ခဲ့သည်။

တရုတ်သည် တူးမြောင်းစီမံခန့်ခွဲမှုနှင့် လည်ပတ်မှုတွင် မည်သည့်အခါမျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် တူးမြောင်းကိစ္စများတွင်လည်း ဝင်ရောက် စွက်ဖက်ခြင်း မရှိကြောင်း ဖေဖော်ဝါရီ ၂၀ တွင် တရုတ်က ပြောကြားသည်။

တူးမြောင်းကို တရုတ်က ထိန်းချုပ်ထားသည်ဆိုခြင်းကို ပနားမားရှိ တရုတ်သံရုံးက “မည်သည့်အခါမျှ မရှိခဲ့ကြောင်းနှင့် လိမ်လည်ပြောဆိုခြင်း ဖြစ်ကြောင်း” ဖေဖော်ဝါရီ ၂၀ တွင် ငြင်းဆိုခဲ့သည် ဟု တရုတ်မီဒီယာ Global Times က ဖော်ပြသည်။

ပနားမားတူးမြောင်းကို တရုတ်ကွန်မြူနစ်ပါတီ သြဇာလွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုမှ ကာကွယ်ရန် ကြိုးပမ်းမှုများအပါအဝင် ဒေသတွင်း စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်း စေရန် အမေရိကန် တောင်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြီး အဲလ်ဗင် ဟိုဆေး သည် ပနားမား ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

တူးမြောင်းကို ပြန်လည်သိမ်းယူရန်နှင့် ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် အမေရိကန်သည် အမြဲတစေ ခြိမ်းခြောက်နေကြောင်း တရုတ်က ပြောကြားသည်။ တရုတ်-ပနားမား ဆက်ဆံရေးကို ပျက်ပြားစေသည့် အမေရိကန်၏ လုပ်ရပ်များသည် လူကြိုက်များပြီး အောင်မြင်မည်မဟုတ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ဟု Global Times က ဆိုသည်။

ကိုးကား- Mizzima

ဘတ်စ်ကားဗုံး ပေါက်ကွဲပြီးနောက် IDF က အနောက်ဘက်ကမ်းတွင် စစ်ဆင်ရေး စတင်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့ညက တယ်လ်အဗီးမြို့ရှိ ကားပါကင်များတွင် ဘတ်စ်ကား အလွတ်သုံးစီး ချိတ်ဆက်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အနောက်ဘက် ကမ်းခြေသို့ စစ်ဆင်ရေးပြုလုပ်ရန် အမိန့်ပေးခဲ့သည်။

ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် “ဝန်ကြီးချုပ်သည် ဂျူးဒီးယားနှင့် ဆမာရီယာရှိ အကြမ်းဖက်မှုဗဟိုဌာနများကို IDF အား အပြင်းအထန် တိုက်ခိုက်မှု လုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။ ဝန်ကြီးချုပ်သည် အစ္စရေးမြို့များတွင် အခြားတိုက်ခိုက်မှုများကို ကာကွယ်တားဆီးရန် ရဲနှင့် ISAတို့အား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်” ဟု ဖော်ပြထားသည်။

အစ္စရေးတိုင်းမ်သတင်းစာအရ ရဲများသည် Bat Yam နှင့် Holon ဆင်ခြေဖုံးရှိ ဘတ်စ်ကားအလွတ်သုံးစီး ပေါက်ကွဲပြီးနောက် ဘတ်စ်ကား နှစ်စီးပေါ်တွင် ဗုံးနှစ်လုံးကို ရှာဖွေတွေ့ရှိပြီး ဖျက်ဆီးခဲ့ကြောင်း သိရှိ ရသည်။ 

တယ်လ်အဗီးရဲမှူး Haim Sargarof က သတင်းထောက်များအား အဆိုပါ တိုက်ခိုက်မှုသည် အနောက်ဘက်ကမ်းခြေမှ အကြမ်းဖက်အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်၌ လူကုန်ကူးခံရသူများထဲတွင် ဂျပန်နိုင်ငံသား (၃၁)ဦးအပါအဝင် နိုင်ငံခြားသား ၁၀,၀၀၀ ကျော်ရှိ

မြန်မာ-ထိုင်းနယ်စပ်တွင် ဂျပန်နိုင်ငံသား(၃၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၀,၀၀၀)ကျော်သည် တရုတ် ဒုစရိုက်ဂိုဏ်းများ၏ ဖမ်းဆီးခံထားရသည်ဟု ဖေဖော်ဝါရီ ၁၈ ရက်နေ့ The Japap Times သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါနယ်စပ်တွင် နိုင်ငံအများအပြားမှ နိုင်ငံခြားသားများကို ဖမ်းဆီးထားပြီး လိမ်လည်မှုတွင် အဓမ္မ ပါဝင်လုပ်ကိုင်စေခဲ့ကြောင်း သိရသည်။ ထိုင်းဘုရင့်ရဲတပ်ဖွဲ့သည် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းကာ လာမည့်ရက်များအတွင်း ထိုဒုစရိုက်ဂိုဏ်းအုပ်စုကို နှိမ်နင်းရန်နှင့် ထိန်းသိမ်းခံထားရသူများကို ကယ်တင်ရန် စီစဉ်လျက်ရှိသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ဆောင်နေသော ထိုင်းနိုင်ငံ NGO အဖွဲ့အစည်းဖြစ်သည့် Immanuel Foundation သည် ယခုချိန်ထိ ကင်ညာ၊ ဂါနာနှင့် အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၃၀ မှ လူပေါင်း ၃,၀၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့ပြီး တောင်အာဖရိက နိုင်ငံသားများစွာ ပါဝင်ကြောင်းနှင့် ဂျပန်နိုင်ငံသား(၁)ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ထိုဒေသတွင် လူဦးရေအများအပြား ဆက်လက်ဖမ်းဆီးခံထားရနိုင်သည်ဟု ခန့်မှန်းရပြီး ၎င်းတို့ကို ကယ်တင်နိုင်ရေးလုပ်ဆောင်လျက်ရှိကြောင်းနှင့် Immanuel Foundation သည် ဖမ်းဆီးခံထားရသည့် နိုင်ငံခြားသားများကို စကားပြန်များဖြင့် ကူညီပေးခြင်း၊ နေရာထိုင်ခင်း စီစဉ်ပေးခြင်းနှင့် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိရေး ကူညီပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဖမ်းဆီးခံထားရသူများသည် လူကုန်ကူးသူများက Online မှတစ်ဆင့် ဘန်ကောက်၊ သို့မဟုတ် ထိုင်းနိုင်ငံအတွင်းရှိ အခြားနေရာများတွင် အလုပ်လုပ်ကိုင်ရန် စည်းရုံးသောကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဝင်အချို့၏ အဂတိလိုက်စားမှုကြောင့် ဒုစရိုက်ရိုက်ဂိုဏ်းများရှိသည့် မြန်မာ-ထိုင်းနယ်စပ်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း  Immanuel Foundation က ပြောကြားသည်။

ယခုအချိန်အထိ ဆယ်ကျော်သက်အရွယ် ဂျပန်နိုင်ငံသား(၂)ဦးမှာ ထိန်းသိမ်းရေးစခန်းတွင် ရှိကြောင်း NHK တွင် ရေးသားဖော်ပြခဲ့သည်။ Aichi ခရိုင်မှ အသက်(၁၆)နှစ်အရွယ် အထက်တန်း ကျောင်းသား (၁) ဦးက ပြောကြားရာတွင် “နိုင်ငံခြားတွင်အလုပ်လုပ်ကိုင်ရန် ဂျပန်နိုင်ငံတွင် ဒုစရိုက်လုပ်ငန်းများ ခိုင်းစေရန် အရပ်သားများကို စုဆောင်းလျက်ရှိသည့် Yami Baito က အလုပ်အတွက် Online မှတစ်ဆင့် လျှောက်လွှာတင်ပြီး နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း Online Platform မှတစ်ဆင့် ဆွဲဆောင်ခံခဲ့ရကြောင်း”နှင့် ၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံမှတစ်ဆင့် ထိုနေရာသို့ ရောက်ရှိခဲ့ပြီး ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုများကို ပစ်မှတ်ထားသည့် လိမ်လည်သည့်အလုပ်တွင် အဓ္မမခိုင်းစေခံခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

အလားတူပင် ပြီးခဲ့သည့်လတွင် ကယ်တင်ခံခဲ့ရသည့် အသက်(၁၇)နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးကို အွန်လိုင်းဂိမ်းကစားနေစဉ် တွေ့ဆုံခဲ့သည့် လူတစ်ဦးမှ ထိုင်းနိုင်ငံသို့ လာရောက်ရန် စည်းရုံးခံခဲ့ရပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ သံသယရှိသူ ဂျပန်နိုင်ငံသား အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့မှ ဘန်ကောက်လေဆိပ်တွင် ဖေဖော်ဝါရီ ၁၃ ရက်(ကြာသပတေးနေ့)က ဖမ်းဆီးခဲ့သည်။ Jiji Press ၏ သတင်းအရ ထိုအမျိုးသားသည် ပြီးခဲ့သည့် ဩဂုတ်လက အိုဆာကာတွင် အခြားလူတစ်ဦးကို လိမ်လည်စည်းရုံးဖမ်းဆီးခဲ့သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်(တနင်္လာနေ့)တွင် ထိုင်းရဲတပ်ဖွဲ့က ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၈)နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂကဲ့သို့သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကို နယ်စပ်ဖြတ်ကျော်လိမ်လည်မှုလုပ်ငန်းနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ထိုင်းအစိုးရက ထိုဒေသသို့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီထောက်ပံ့မှုများကို ဖြတ်တောက်ခြင်းဖြင့် ဒုစရိုက်လုပ်ငန်းများ နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ဖမ်းဆီးခံထားရသူအချို့ကိုလည်း ကယ်တင်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 

ထို့အပြင် ဒုစရိုက်အုပ်စုများက ခရီးသွားဧည့်သည်များအား လိမ်လည်လှည့်ဖျားပြီး လူကုန်ကူးမှု ကျူးလွန်ခြင်းမှ အကာအကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံအနောက်ပိုင်းရှိ မဲဆောက်ခရိုင်ကဲ့သို့ အန္တရာယ်ရှိကြောင်း သတိပေးချက် ထုတ်ပြန်ထားသည့်ဒေသများသို့ သွားရောက်မည့် ခရီးသွားများ၏ ခရီးစဉ်များအား ပယ်ဖျက်စေခြင်းအပါအဝင် ထိုဒေသများသို့ ဝင်ရောက်ကြမည့် နိုင်ငံခြားသားခရီးသွားများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကိုးကား- The Japantimes     

မြန်မာနိုင်ငံအတွင်းမှ ဖုန်းနှင့်လိမ်လည်မှုများ လုပ်ဆောင်ခဲ့သည့် တရုတ် ဂိုဏ်းဝင်များကို ရုံးတင်စစ်ဆေး

မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ကာ ဖုန်းနှင့်လိမ်လည်မှုများအပါအဝင် အခြားတရားမဝင်လုပ်ဆောင်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် တရုတ်ရာဇ၀တ်ဂိုဏ်းတစ်ခု၏ အဖွဲ့ဝင်များကို တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ တရားရုံးတစ်ခု၌ တံခါးဖွင့်ရုံးတင်စစ်ဆေးမှုများ ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

တရုတ်အာဏာပိုင်များသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းမှ ဖုန်းနှင့်လိမ်လည်မှုများအပါအဝင် အခြား ရာဇ၀တ်မှုများကို နှိမ်နင်းရန် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ၂၀၂၃ ခုနှစ်ကတည်းက အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး သံသယရှိသူ တရုတ်နိုင်ငံသား ၅၃,၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေး နေကြောင်း သိရှိရပါသည်။

Zhejiang ပြည်နယ်တရားရုံးတစ်ခုတွင် အကြီးစားရာဇ၀တ်ဂိုဏ်း၏ အဖွဲ့ဝင် ၂၃ ဦးကို တံခါးဖွင့်ရုံးတင်စစ်ဆေးမှုသည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ တွင် ပြီးဆုံးခဲ့ကြောင်း တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ ပါသည်။

အဆိုပါဂိုဏ်းနှင့် ဆက်နွှယ်နေသောအုပ်စုများကိုပါ ထည့်သွင်းမည်ဆိုပါက အဖွဲ့ဝင်အရေအတွက် သောင်းနှင့်ချီရှိကာရှိကြောင်း ဥပဒေရေးရာ စုံစမ်းစစ်ဆေးရေး အရာရှိများက မှတ်ချက်ပြုခဲ့ပါသည်။၎င်းတို့သည် ၂၀၁၅ ခုနှစ်မှစတင်ကာ အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယံ တန်ဖိုးရှိသည့် လောင်းကစားနှင့် လိမ်လည်မှုဆိုင်ရာ ငွေပေးငွေယူမှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဥပဒေရေးရာစုံစမ်းစစ်ဆေးရေးအရာရှိများက ဆိုပါသည်။

ထိုင်းနှင့် မြန်မာနယ်စပ်တွင်လည်း တရုတ်နှင့်အခြားနိုင်ငံသားများ လုပ်ကိုင်နေသည့် လိမ်လည်မှုနေရာများ ကျယ်ပြန့်လာနေကာ နိုင်ငံခြားသားများကို ချုပ်နှောင်ပြီး ရာဇဝတ်မှုများတွင် အတင်းအကျပ် ပါဝင်လုပ်ဆောင်စေခြင်းများတွေ့ရှိနေရပါသည်။

ကိုးကား-NHK World

ဩစတြေးလျနှင့် နျူကလီးယားရေငုပ်သင်္ဘော သဘောတူညီချက်အတွက် အမေရိကန်ကို မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်

AUKUS မိတ်ဖက်သဘောတူညီချက်အရ ဩစတြေးလျနှင့် နျူကလီးယား ရေငုပ်သင်္ဘောသဘောတူညီချက်အတွက် အမေရိကန်နိုင်ငံကို မြောက် ကိုရီးယားအစိုးရက ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရပါသည်။ အမေရိကန် နိုင်ငံသည် AUKUS မိတ်ဖက်သဘောတူညီမှု၊ အမေရိကန်၊ တောင် ကိုရီးယား၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတို့နှင့် ပတ်သက်ပြီးနောက်ဆက်တွဲအကျိုးဆက်များကို သတိထားသင့်သည်ဟု မြောက်ကိုရီးယားအစိုးရက သတိပေးပြောကြားခဲ့ပါသည်။

အမေရိကန်နှင့်နျူကလီးယားရေငုပ်သင်္ဘောသဘောတူညီချက်အတွက် ဩစတြေးလျသည် ပထမဆုံး အမေရိကန်ဒေါ်လာသန်း (၅၀၀) ပေးချေမှုကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ AUKUS မိတ်ဖက် သဘောတူညီချက်အရ ဩစတြေးလျနိုင်ငံသည် ရေငုပ်သင်္ဘောစွမ်းဆောင်ရည်များကို မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ (၃) ဘီလီယံ ပေးချေရမည်ဖြစ်ပြီး အမေရိကန်က ၂၀၃၀ ပြည့်နှစ် အစောပိုင်း၌ Virginia-class နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ဩစတြေးလျထံ ရောင်းချသွားမည်ဖြစ်သည်ဟု သိရပါသည်။

မြောက်ကိုရီးယားအား အထင်မသေးရန်နှင့် ရန်စမှုများကို ငြိမ်ခံနေမည် မဟုတ်ကြောင်းလည်း မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး ပြောဆိုခဲ့ပါသည်။ မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၊ဂျပန်နှင့် တောင်ကိုရီးယားတို့၏ သုံးနိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပြီး သင့်လျော်သည့် လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု အကြိမ်ကြိမ်သတိပေး ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။

ကိုးကား-NP News

ယူကရိန်းရှိ ပဋိပက္ခကို အဆုံးသတ်ရန် လိုအပ်ကြောင်း ဥရောပသမဂ္ဂ (EU) က သိရှိလာပြီဟု အမေရိကန်လွှတ်တော်က ပြောကြား

ဥရောပရှိ အမေရိကန်၏ မဟာမိတ်များသည် ယူကရိန်းရှိ ပဋိပက္ခကို အဆုံးသတ်ရန် လိုအပ်ကြောင်း သိရှိလာပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုပဋိပက္ခသည် “ကြာမြင့်လွန်းနေပြီ” ဖြစ်သောကြောင့်ဖြစ်သည်ဟု အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

ကိုးကား- RIA Novosti

Photo: CBS News

အပြည့်အစုံကိုဆက်လက်ဖတ်ရှုရန်- https://ria-ru.turbopages.org/ria.ru/s/20250220/merkuriy-1599002923.html?turbo_feed_type=full