အသံထက်ငါးဆမြန်တဲ့နှုန်းနဲ့ ပြေးလမ်းမှပျံတက်မယ့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဂျက်လေယာဉ်
ဥရောပအာကာသအေဂျင်စီ (ESA) က သုတေသနစီမံကိန်းတစ်ခုကို စတင်လိုက်ပါ ပြီ။ အဲဒီစီမံကိန်းက အသံနှုန်းလွန်ဖြစ်တဲ့ အမြန်နှုန်းနဲ့ ဂျက်လေယာဉ်တစ်စင်း ပျံတက်နိုင်စေမယ့် နည်းပညာကို ဖော်ထုတ်ဖို့ဖြစ်ပါတယ်။ သူတို့ရဲ့ သုတေသနအစီအစဉ်ကို Invictus လို့အမည်ပေး ထားပါတယ်။ Invictus ကနေထွက်ပေါ်လာမယ့် အရာတစ်ခုက တစ်နာရီကိုမိုင်ပေါင်း ၃၈၃၆ မိုင်နှုန်း နဲ့ပျံသန်းနိုင်စေမယ့် အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ယာဉ် တစ်မျိုးဖြစ်ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် အာကာသထဲကို အသံနှုန်း လွန်အမြန်နှုန်းနဲ့ပျံသန်းနိုင်မယ့်ယာဉ်တွေက ဒေါင် လိုက်ပျံတက်တဲ့ယာဉ်တွေသာဖြစ်ပါတယ်။ ဒါကို ဥရောပအာကာသအေဂျင်စီက ပြောင်းလဲလိုတာ ဖြစ်တဲ့အတွက် အခုစီမံကိန်းကိုအကောင်အထည် ဖော်နေတာပါ။ ဒီနေရာမှာ အသံနှုန်းလွန်ယာဉ်များ ရင်ဆိုင်ရလေ့ရှိတဲ့ စိန်ခေါ်မှုများစွာရှိပါတယ်။ အဲဒီ ထဲကမှတစ်ခုက ယာဉ်ရဲ့အပြင်ဘက်မျက်နှာပြင် သာမက ယာဉ်ရဲ့အင်ဂျင်အတွင်းကိုလည်း လေပူတွေတိုးဝင်ခြင်းဖြစ်ပါတယ်။
လေပူတွေတိုးဝင်လာမှုဒဏ်ကိုခံနိုင်ရည်ရှိစေဖို့ အတွက် သုတေသနပညာရှင်များက အထူးပြုလုပ် ထားတဲ့နည်းပညာကိုအသုံးချဖို့ ရည်ရွယ်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ အသံနှုန်းလွန်အမြန်နှုန်း နဲ့ပျံသန်းနိုင်စေမယ့် နည်းပညာကိုလည်း ပညာရှင် များက ဖန်တီးကြပါတယ်။ အထူးခြားဆုံးကတော့ အင်ဂျင်အတွက် သမားရိုးကျလောင်စာတွေထက် ဟိုက်ဒရိုဂျင်စွမ်းအင်ကိုအသုံးပြုထားခြင်း ဖြစ်တယ် လို့ ESA ကထုတ်ပြန်ထားပါတယ်။
Ref: IE
ကိုထက်