အင်္ဂါဂြိုဟ်ဆီပစ္စည်းများပို့ဖို့ အဆင့်မြှင့်ထားတဲ့ အသံထက်မြန်လေထီး

News Image

  • အင်္ဂါဂြိုဟ်ဆီပစ္စည်းများပို့ဖို့ အဆင့်မြှင့်ထားတဲ့ အသံထက်မြန်လေထီး

NASA မှ သုတေသနပညာရှင်များက အသံထက်မြန်လေထီးများထွက်ပေါ်လာစေရေးအတွက် သုတေသနများကို အဆင့်ဆင့်ပြုလုပ်နေပါတယ်။ သူတို့ရဲ့သုတေသနထဲမှာ အဆင့် မြင့်အာရုံခံ ကိရိယာတွေ တပ်ဆင်ပြီး    ပိုမိုအားကိုးယုံကြည်နိုင်တဲ့အပြင်   ပိုမိုဘေးကင်းစိတ်ချရတဲ့ လေထီးတွေ ထွက်ပေါ်လာစေဖို့  လုပ်ဆောင်ချက်လည်းပါဝင်ပါတယ်။ အခုလိုမျိုးအဆင့်မြင့်လေထီးများကို တီထွင်ဖန်တီးနေရတဲ့ ရည်ရွယ်ချက်ကတော့ အင်္ဂါဂြိုဟ်ဆီကို သိပ္ပံဆိုင်ရာပစ္စည်းကိရိယာများနဲ့ ကုန်ပစ္စည်း များပေးပို့နိုင်ဖို့အတွက်ဖြစ်ပါတယ်။

အခုဆိုရင် NASA က လက်တွေ့စမ်းသပ်ပျံသန်း မှုတွေကိုတောင်မှ     လုပ်ဆောင်နေတာကိုတွေ့ရပါ တယ်။ အဲဒီလက်တွေ့စမ်းသပ်မှုမှာ ပန်ကာဒလက် လေးခုပါတဲ့လေယာဉ် သို့မဟုတ် ဒရုန်းဆီမှ ကိုယ် ထည်တစ်ခုကိုလွှတ်ထုတ်လိုက်ပါတယ်။ အဲဒီကိုယ်ထည်ထဲမှာ  အာရုံခံကိရိယာတပ်ဆင်ထားတဲ့  လေထီးတစ်ခုပါပါတယ်။ အာရုံခံကိရိယာက ဆွဲအားကို တိုင်းတာတာပါ။ သူ့ရဲ့တိုင်းတာမှုကနေရရှိလာတဲ့ အချက်အလက်တွေက နောက်တစ်ဆင့်စမ်းသပ်မှု တွေလုပ်ဖို့အတွက် အရေးပါပါတယ်။

NASA အနေနဲ့ အရင်တုန်းကလည်း ဒီလိုအသံ ထက်မြန်လေထီးကိုအသုံးပြုဖူးပါတယ်။ ၂၀၂၁ ခုနှစ် တုန်းကပါ။ အဲဒီအချိန်တုန်းက ပြဿနာများစွာနဲ့ အတူ  အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအတွက်ကြောင့်   အခုတစ်ခေါက်မှာ NASA မှ  သုတေသနပညာရှင်များက အသံထက်မြန် လေထီးကိုအဆင့် မြှင့်တင်မှုတွေ ပိုမိုလုပ်ဆောင်ပြီး လက်တွေ့စမ်းသပ်လာတာ ဖြစ်ပါတယ်။                     

Ref: IE

ကိုထက်