Tesla က အသေးစား Cybertruck ကို ထုတ်လုပ်ဖို့ စဉ်းစားလာနေ

News Image

  • Tesla က အသေးစား Cybertruck ကို ထုတ်လုပ်ဖို့ စဉ်းစားလာနေ

Tesla ဆိုတာ လျှပ်စစ်စွမ်းအင်သုံး ကားများကို ထုတ်လုပ်ခြင်းဖြင့် နာမည်ကျော်ကြား လာတဲ့ကုမ္ပဏီဖြစ်ပါတယ်။ သူ့ကုမ္ပဏီက မကြာသေးခင်ကပဲ Cybertruck ဆိုတဲ့ကားကိုထုတ် လုပ်ထားပါတယ်။ Cybertruck ဆိုတာ အကြမ်းခံ တဲ့ကားအမျိုးအစားပါ။ သူ့အတွက်စွမ်းအင်ကိုလည်း လျှပ်စစ်စွမ်းအင်ကိုသာ အသုံးပြုပေးထားတာ ဖြစ်ပါတယ်။

အခုချိန်မှာ Tesla က အသေးစား Cybertruck ကိုထုတ်လုပ်ဖို့အတွက် ပြင်ဆင်လာနေတယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဘာ ကြောင့်လဲဆိုရင် Tesla ရဲ့အင်ဂျင်နီယာချုပ် လားစ မိုရာဘီက သူတို့အနေနဲ့ အသေးစားပစ်ကပ်ကားကို ထုတ်လုပ်ဖို့အတွက် အမြဲတမ်းစဉ်းစားနေခဲ့တာဖြစ် ကြောင်း၊ နောက်ပိုင်းကျရင် အဲဒီလိုကားတွေကိုလူမဲ့ တက္ကစီလိုမျိုးဖန်တီးသွားမှာ ဖြစ်တဲ့အတွက် ဒါဟာ ခရီးသွားလာသူပြည်သူတွေ အတွက်ကိုသာမက ကုန် ပစ္စည်းသယ်ယူပို့ဆောင်ရေး အတွက်လည်း သိပ်ကို အသုံးတည့်စေမှာဖြစ်တယ်လို့ ဆိုထားတာကြောင့်ပါပဲ။

လက်ရှိအချိန်မှာတော့ Cybertruck ကားတွေက အရောင်းထိုင်းနေတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်းTesla အနေနဲ့ အသေးစား Cybertruck တွေကိုထုတ် လုပ်မယ်ဆိုရင် နည်းစနစ်ပိုင်းဆိုင်ရာပြောင်းလဲမှု တွေကို မလွဲမသွေလုပ်ဆောင်ဖို့လိုမှာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုထဲမှာ လက်ရှိ Cybertruck တွေနဲ့ မတူဘဲ  အမှန်တကယ်လက်တွေ့ အသုံးတည့်မှုကို ဦးစားပေးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

အကယ်၍များ ခန့်မှန်းထားတဲ့အတိုင်း ထွက်ပေါ်လာတယ်ဆိုရင်တော့ အသေးစား Cybertruck ကား က Tesla ကုမ္ပဏီအတွက် ဝင်ငွေရှာပေးမယ့် ကား တစ်စီးဖြစ်လာမှာအသေအချာပါပဲ။ လက်ရှိအချိန် မှာတော့ အသေးစား Cybertruck ကိုထုတ်လုပ်ဖို့ အတွက် Tesla ရဲ့အင်ဂျင်နီယာအဖွဲ့က ဆွေးနွေးမှု တွေလုပ်နေပြီလို့ ယူဆရပါတယ်။

MWD Web Portal