ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်တွင် အင်အားပြင်းငလျင် ထပ်မံ လှုပ်ခတ်

News Image

  • ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်တွင် အင်အားပြင်းငလျင် ထပ်မံ လှုပ်ခတ်

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်၌ ဇူလိုင် ၃၀ ရက်တွင် အင်အား ၆.၅ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ ဘူမိ ရူပဗေဒ ဆိုင်ရာ ပေါင်းစပ်ဝန်ဆောင်မှုအဖွဲ့ Kamchatka ဌာနခွဲ၏ ထိုနေ့ သတင်းဖော်ပြချက်ကို ကိုးကား၍ ရုရှားမီဒီယာများက သတင်း ဖော်ပြခဲ့ ကြသည်။ ငလျင်သည် Kuril ကျွန်းစု Severo-Kurilsk ခရိုင်နှင့် ၁၇၈ ကီလိုမီတာအကွာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ငလျင်အနက်သည် ၆၈ ကီလိုမီတာဖြစ်ကြောင်း၊ ထို့နောက် အဆိုပါဒေသ၌ အင်အား ၅.၃ အဆင့် ရှိ ငလျင် နောက်ထပ်တစ်ကြိမ် လှုပ်ခတ်မှုအား တိုင်းတာတွေ့ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရုရှားသိပ္ပံအကယ်ဒမီ ဘူမိရူပဗေဒ ဆိုင်ရာ ပေါင်းစပ်ဝန်ဆောင်မှုအဖွဲ့ Kamchatka ဌာနခွဲ၏ သတင်းအရ Kamchatka ကျွန်းဆွယ်တွင် ဇူလိုင် ၃၀ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် အင်အား အဆင့် ၅ နှင့် အထက်ရှိ နောက်ဆက်တွဲ ငလျင်များ အကြိမ် ၁၀၀ ကျော် ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ကိုးကား- Xinhua