ရုရှားနိုင်ငံ ကမ်ချက်ကာကျွန်းဆွယ်ကမ်းလွန်တွင် ပြင်းအား ၈ ဒသမ ၈ စကေးရှိ ငလျင်လှုပ်ခတ်ပြီး ဆူနာမီလှိုင်းများရိုက်ခတ်
ပစိဖိတ်သမုဒ္ဒရာအတွင်း၌ ဇူလိုင်လ ၃၀ ရက်အစောပိုင်းက အင်အားပြင်းငလျင် လှုပ်ရှားမှုကြောင့် ရုရှားနိုင်ငံအရှေ့ဖျားဒေသ၌ ဆူနာမီလှိုင်းများရိုက်ခတ်ခဲ့ကြောင်း သိရသည်။
ပြင်းအား ၈ ဒသမ ၈ ရစ်(ခ်)တာစကေးရှိ အဆိုပါငလျင်သည် ရုရှားနိုင်ငံ ကမ်ချက် ကာကျွန်းဆွယ်၏ကမ်းလွန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆူနာမီလှိုင်း များသည် ကူရေးလ်ကျွန်းစုများတွင် ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ဆူနာမီလှိုင်းများ ရိုက်ခတ် ခြင်းကြောင့် အာဏာပိုင်အဖွဲ့က ကျွန်းပေါ်ရှိ ဆီဗာရိုနှင့် ကူးရစ်ခ်မြို့မှ ဒေသခံများအား ဘေးကင်းရာသို့ အချိန်မီရွှေ့ပြောင်းပေးခဲ့ရသည်။
ဒေသခံပြည်သူများသည် ဘေးကင်းသည့်အချိန်အထိ ကုန်းမြင့်များပေါ်သို့ ရွှေ့ပြောင်းခဲ့ရပြီး အာဏာပိုင်အဖွဲ့က ဒေသတွင်းရှိ ပြည်သူများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်သည့် တုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ထုတ်ပြန်ထားသည်။
ဆူနာမီလှိုင်းရိုက်ခတ်မှုကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေ အနေများကို အာဏာပိုင်များက ထုတ်ပြန် ထားခြင်းမရှိသော်လည်း ဆီဗာရိုနှင့်ကူးရစ်ခ်မြို့ရှိ ငါးပြုပြင် စီမံထုတ်လုပ်ရေး စက်ရုံတွင် ရေကြီးမှုများဖြစ်ပွားခြင်းကြောင့် အာဏာပိုင်အဖွဲ့က စက်ရုံမှ ဝန်ထမ်း များကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
Ref: Rt
MWD Portal