ဝေဟင်ပစ်မှတ်မှန်သမျှကို ထိမလွဲဖြစ်စေမယ့် ပေါင် ၉၉၀ ဒုံးကျည်
ဥရောပစစ်လက်နက်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီတစ်ခုက အဆင့်မြှင့်တင်ထားတဲ့ ဒုံးကျည်အမျိုး အစားအသစ်တစ်ခုကို မကြာသေးခင်ကပဲ လက်တွေ့ပစ်ခတ်စမ်းသပ်မှု လုပ်ဆောင်ခဲ့ပါတယ်။ သူ့ကိုတော့ ASTER B1 New Technology (B1NT) ဒုံးကျည်လို့အမည် ပေးထားပါတယ်။ လက်တွေ့စမ်းသပ်တဲ့ နေရာက ပြင်သစ်နိုင်ငံရှိ DGA Essais de Missiles ဆိုတဲ့ ဒုံးကျည်စမ်းသပ်ကွင်းမှာ ဖြစ်ပါတယ်။
ဥရောပစစ်လက်နက်ပစ္စည်းထုတ်လုပ် ရေးကုမ္ပဏီဖြစ်တဲ့ Eurosam က အဲဒီဒုံး ကျည်ကိုအဆင့်မြှင့်တင် ဖန်တီးထားတာဖြစ်ပြီး သူ့ရဲ့အထင်ရှားဆုံးစွမ်းဆောင်ရည်က ကိုယ်ပျောက်လေယာဉ်တွေ၊ တာတို ပစ်ဒုံးကျည်တွေအပါအဝင် ဝေဟင်ပစ်မှတ်များကို ထိမလွဲပစ်ခတ်ဖျက်ဆီးနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
အခုတစ်ခေါက်လုပ်တဲ့ လက်တွေ့စမ်း သပ်မှုက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်လက်တွေ့ စမ်းသပ်မှုကို ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလမှာလုပ်ဆောင်တာ ဖြစ်ပြီး ဒုတိယအကြိမ် လက်တွေ့စမ်းသပ်မှုမှာတော့ ဒုံးကျည်ရဲ့ တာဝေးသွားနိုင်စွမ်းကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုအဆင့်မြှင့်တင်မှုမှာ ဒုံးကျည်တစ်စင်းအတွက်အရေးပါတဲ့ တွန်းကန်အား စနစ်နဲ့ ထိန်းချုပ်မှု စနစ်တို့ကို အဆင့်မြှင့် တင်ထားတာဖြစ်ပြီး ဒီလိုမျိုးအဆင့်မြှင့် တင်မှုကြောင့်ပဲ နောက်ဆုံးအဆင့် ကြားဖြတ်တိုက်ခိုက်မှုမှာ သူမတူတဲ့စွမ်းရည်နဲ့ တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။
ပေါင်ချိန် ၉၉၀ ရှိတဲ့ သူ့ရဲ့တိုက်ခိုက်နိုင်မှုစွမ်းအားက ဘယ်လောက်ထိအောင်လဲဆိုရင် တော်ရုံအားဖြင့် မြင်တွေ့ထောက်လှမ်းနိုင်စွမ်း နည်းပါးတဲ့ အမြင့်ပျံဒုံးကျည်တွေကိုတောင်မှ ကြားဖြတ်ဟန့်တားပစ်ခတ် နိုင်စွမ်းရှိတာပါ။ ဒီလိုမျိုးကြားဖြတ် ဟန့်တားရာမှာလည်း သူ့အနေနဲ့သွားနိုင် တဲ့အကွာအဝေးက ကီလိုမီတာ ၁၅၀ အထိ ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် အကွာ အဝေးအားဖြင့်ဖြစ်စေ၊ သွားလာလှုပ်ရှား နိုင်စွမ်းအားဖြင့်ဖြစ်စေ၊ ပုန်းလျှိုးကွယ်လျှိုး သွားနိုင်စွမ်းအားဖြင့်ဖြစ်စေ၊ အမြန်နှုန်း အားဖြင့်ဖြစ်စေ မြင့်မားလှတဲ့ဝေဟင်ပစ် မှတ်များက ASTER B1 New Technology (B1NT) ဒုံးကျည်ရဲ့ပစ်ခတ်မှုအောက်က နေလွတ်မြောက်နိုင်စွမ်းမရှိစေရဘူးလို့ Eurosam ကုမ္ပဏီက အတိအလင်းပြောထားတာ တွေ့ရပါတယ်။
အခုလက်တွေ့ပစ်ခတ်စမ်းသပ်မှုလုပ် လိုက်တဲ့ဒုံးကျည်က ASTER အမျိုးအစား ဝင်ဒုံးကျည်ဖြစ်ပါတယ်။ ဒီဒုံးကျည်အမျိုး အစားဆိုတာ သူမတူတဲ့လေခွင်းအားစနစ်၊ မီးရှူးမီးပန်းကဲ့သို့သော ဖွဲ့စည်းမှုပုံစံတွေ အပေါ်အခြေခံ တည်ဆောက်ထားတာဖြစ်ပြီး ကြားဖြတ်ပဲ့ထိန်းနည်းပညာအပြင် ထိမှန်နိုင်စွမ်းအား မြင့်မားလှတဲ့ မျိုးဆက် သစ်အီလက်ထရွန်နစ် နည်းပညာကြောင့် ကြားဖြတ်တိုက်ခိုက်နိုင်စွမ်းမှာ နာမည် ကြီးတဲ့ဒုံးကျည်အမျိုးအစား ဖြစ်ပါတယ်။
ဒီဒုံးကျည်တွေကို မျိုးဆက်သစ်လေ ကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်တဲ့ SAMP/T NG စနစ်နဲ့တွဲဖက်အသုံးပြု သွားမှာဖြစ်ပါတယ်။ အဲဒီလေကြောင်းရန် ကာကွယ်ရေးစနစ်ဆိုတာ ပြင်သစ်နိုင်ငံနဲ့ အီတလီနိုင်ငံတို့က လက်ရှိအသုံးပြုနေတဲ့ SAMP/T စနစ်နေရာမှာ အစားထိုးသွားမယ့် စနစ်ဖြစ်ပါတယ်။
ဒီနေရာမှာ SAMP/T NG လေကြောင်း ရန်ကာကွယ်ရေးစနစ်အကြောင်းအနည်းငယ်ပြောပြရမယ်ဆိုရင် အဲဒီလေကြောင်း ရန်ကာကွယ်ရေးစနစ်က နောက်ဆုံးပေါ် ဘက်စုံသုံးရေဒါစနစ်ကို ဒစ်ဂျစ်တယ်ကွပ်ကဲမှုနဲ့ထိန်းချုပ်မှုစနစ်နဲ့ တွဲဖက်အသုံးပြုပါတယ်။ သူ့မှာ အချက်အလက်ပေါင်းစည်းမှုစနစ်လည်းပါဝင်ပြီး တစ်နေရာကနေတစ်နေရာဆီ ရွှေ့ပြောင်းမှုကိုလည်း အလွန်လျင်မြန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိတာကြောင့် သူ့ကို အခုဒုံးကျည်အသစ်နဲ့ ပေါင်းစပ်မှုက ပြည့်စုံတဲ့လေကာစနစ်ကို ရရှိစေမှာ ဖြစ်ပါတယ်။
Ref: IE
ကိုထက်
MWD Web Portal