ပင်လယ်စင်ရော်ရဲ့ပုံစံကိုအတုယူပြီးဖန်တီးမယ့် မောင်းသူမဲ့လေယာဉ်

News Image

  • ပင်လယ်စင်ရော်ရဲ့ပုံစံကိုအတုယူပြီးဖန်တီးမယ့် မောင်းသူမဲ့လေယာဉ်

ပင်လယ်စင်ရော်တွေဆိုတာ တောင်ပံ တစ်ချက်ဖြန့်လိုက်ရုံနဲ့ အလွန်ဝေး ကွာတဲ့ခရီးရှည်ကြီးကို ပျံသန်းနိုင်သူ တွေပါ။ ကမ္ဘာ့အကြီးဆုံးငှက်မျိုးစိတ်ဝင်တစ်မျိုးဖြစ် တဲ့ပင်လယ်စင်ရော်တွေရဲ့အတောင်ပံအလျားက ၁၁ ပေအထိရှိပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ သမုဒ္ဒရာတွေကိုတောင်မှ ဖြတ်ကျော်ပျံသန်းမှုတွေ လုပ်နိုင်တာပါ။ သူတို့ရဲ့စွမ်းဆောင်ရည်တစ်ခုက သူ တို့အနေနဲ့ တောင်ပံတစ်ချက်မခတ်ဘဲနဲ့ ဝေးကွာလှ တဲ့ခရီးကိုသွားနိုင်တာဖြစ်ပါတယ်။  ဒီအချက်က တကယ့်ကိုစိတ်ဝင်စားစရာပါပဲ။

အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဆာမီအယ်ဆာဆိုသူဟာ ပင်လယ်စင်ရော်ရဲ့ပုံစံကို အတုယူပြီး မောင်းသူမဲ့လေယာဉ်များ ဖန်တီးပေးဖို့အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကနေ ရန်ပုံငွေအဖြစ်  ဒေါ်လာခုနစ်သိန်း ရရှိထားပါတယ်။  သူဖန်တီးပေးရမယ့်နည်းပညာကိုတော့ ဇီဝဗေဒဖြစ် တည်မှုနဲ့သဏ္ဌာန်တူအရာဝတ္ထုနည်းပညာလို့အမည် ပေးထားပါတယ်။

ပင်လယ်စင်ရော်တွေအနေနဲ့ အခုလောက်အထိ ဝေးကွာတဲ့ခရီးမိုင်တွေကို ကောင်းစွာ ပျံသန်းနိုင်ခြင်းဟာ  ရွေ့လျားအား အသုံးပြုဝဲပျံခြင်း နည်းစနစ်ကို သုံးထားလို့ဖြစ်ပါတယ်။ ပင်လယ်စင်ရော်တွေက ပထမ ဆုံးလေနဲ့အတူစီးမျောလိုက်ပါတယ်။ ရွက်လှေလိုမျိုး ပေါ့။ အဲဒီကနေမှတစ်ဆင့် အမြင့်ကိုတက်နိုင်ကာ လျင်မြန်လှတဲ့ လေစီးကြောင်းထဲကိုဝင်ရောက်သွား ခြင်းအားဖြင့် ပျံသန်းမှုကိုလုပ်ဆောင်တာဖြစ်ပါတယ်။

ဒါကြောင့်  ပင်လယ်စင်ရော်များက  တောင်ပံကိုတစ်ချက်မခတ်ရပါဘဲ လေထဲမှာအချိန်ကြာမြင့်စွာ နေနိုင်နေတာပါ။

“ပင်လယ်စင်ရော်တွေက   တကယ့်ကိုအံ့ဩဖို့ ကောင်းတဲ့ငှက်တွေခင်ဗျ။ သူတို့ကိုလေ့လာမှုအရ ပြောရမယ်ဆိုရင် သူတို့တစ်သက်တာမှာပျံသန်းတဲ့ မိုင်ပေါင်းအရေအတွက်က ကမ္ဘာနဲ့လရဲ့ကြားမှာရှိတဲ့ အကွာအဝေးရဲ့အဆ ၂၀ လောက်ကိုရှိတာပါ။ ကမ္ဘာ့ အဆင့်မြင့်ကွန်ပျူတာတွေက အကောင်းဆုံးပျံသန်းမှု လမ်းကြောင်းကို အချိန်နဲ့တစ်ပြေးညီမထုတ်ပေးနိုင် သေးပေမယ့် ပင်လယ်စင်ရော်တွေကတော့ သူတို့ရဲ့ နှာခေါင်းအကူအညီနဲ့ ပျံသန်းမှုလမ်းကြောင်းမှန်ကို ကောင်းစွာတွက်ချက်နိုင်ပါတယ်” လို့ ဆာမီအယ်ဆာ ကပြောပါတယ်။

ပင်လယ်စင်ရော်များက လေကိုစွမ်းအင်အဖြစ် အသုံးချသွားချိန်မှာ မောင်းသူမဲ့လေယာဉ်များက လည်း လေကိုအားသာချက် တစ်ခုအဖြစ် အသုံးချ နိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအသုံးချနိုင်မယ်ဆိုရင် သာမန်မောင်းသူမဲ့လေယာဉ်များနဲ့နှိုင်း ယှဉ်ပါက စွမ်းအင်အသုံးပြုမှုလည်း လွန်စွာနည်းပါး စေမှာပါ။   နောက်တစ်ချက်က   အခုလေ့လာမှုအောင်မြင်သွားရင် လေကြောင်းအာကာသနည်းပညာကိုလည်း ပိုမိုတိုးတက်လာစေမှာဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။                 

Ref: IE

ကိုထက်

MWD Web Portal