ဒုံးကျည်ပစ်မှတ်အဖြစ်ထားဖို့ ရွေးချယ်ခံလိုက်ရတဲ့ Tesla ရဲ့ Cybertruck
Tesla ရဲ့ Cybertruck ဆိုတာ အကြမ်းခံမှု အပိုင်းမှာ စံချိန်တင်လောက်တယ်လို့ဆို နိုင်တဲ့ အကြမ်းသုံး ကုန်ကားတစ်စီးဖြစ်ပါတယ်။ ဒါကြောင့်လည်း အီလွန်မက်က သူ့ရဲ့ကားကို စစ်ဘက်မှာအသုံးပြုဖို့အတွက် အလွန်အမင်းစိတ် အားထက်သန်ခဲ့တာပါ။ အခုတော့ အီလွန်မက်ရဲ့ ဆုတောင်းပြည့်ပါပြီ။ အကြောင်းရင်းကတော့ အမေ ရိကန်တပ်မတော်က Cybertruck နှစ်စီးကို ဝယ်ယူလိုက်လို့ပဲဖြစ်ပါတယ်။
ဒါပေမဲ့ Cybertruck ကို အသုံးချမယ့်နေရာက စစ်မြေပြင်လိုနေရာမျိုးမှာ စစ်သည်တွေကို သယ်ယူပို့ဆောင်ဖို့အတွက် မဟုတ်ပါဘူး။ အဲဒီအစား Cyb-ertruck ကိုဖောက်ခွဲဖို့အတွက် ဝယ်ယူထားတာဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့လဲဆိုတော့ ဒုံးကျည်နဲ့ ပစ်ပြီးဖောက်ခွဲမှာပါ။
ဒီလိုမျိုးပြောရတာဟာ နည်းနည်းလေးတော့ထူး ဆန်းကောင်းထူးဆန်းနိုင်ပေမယ့် မကြာသေးခင်က ထွက်ပေါ်လာတဲ့ အမေရိကန်လေတပ်စမ်းသပ်ရေး စင်တာရဲ့ ပစ္စည်းဝယ်ယူမှု စာရွက်စာတမ်းများအရ သူတို့က Tesla ရဲ့ Cybertruck နှစ်စီးကိုဝယ်ယူနေ တယ်လို့ဖော်ပြထားပါတယ်။ အဲဒီကားတွေကို အဆင့် မြင့်စစ်လက်နက်ပစ္စည်းများ စမ်းသပ်ရာနေရာတစ် ခုဖြစ်တဲ့ သဲဖြူဒုံးကျည် စမ်းသပ်ကွင်းမှာ အသုံးပြုမှာဖြစ်တယ်လို့လည်း ဆိုထားပြန်ပါတယ်။
တကယ်တော့ Cybertruck နှစ်စီးဟာ အခြား သောဇိမ်ခံကားများ၊ လမ်းကြမ်းသုံးကားများနဲ့အတူ ကားအစီးပေါင်း ၃၃ စီးဝယ်ယူမှုထဲမှာ တစ်စိတ်တစ် ပိုင်းအနေနဲ့ပါဝင်တာဖြစ်ပါတယ်။ အကြောင်းရင်း ကတော့ ရန်သူတွေအနေနဲ့ Cybertruck ကိုအသုံးပြု လာရင် သူတို့ကိုချေမှုန်းနိုင်မယ့်နည်းလမ်းကို ရှာဖွေ သွားဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
MWD