ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတ Masoud Pezeshkian တို့ ကရင်မလင်နန်းတော်၌ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့
သမ္မတပူတင်က အီရန်သမ္မတ၏ ခရီးစဉ်သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးကို ဆွေးနွေးခွင့်ရရုံသာမကဘဲ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ရုရှားနှင့်အီရန်တို့အကြား အဓိကအခြေခံသဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးသွားမည်ဖြစ်သည့်အတွက် အထူးအရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။
မိမိတို့အနေဖြင့် အဆိုပါသဘောတူစာချုပ်ကို အချိန်အတော်ကြာအောင် လုပ်ဆောင်နေခဲ့ရပြီး ဤလုပ်ငန်းပြီးမြောက်ခဲ့သည့်အတွက် အလွန်ဝမ်းသာပါကြောင်း၊ မိမိတို့၏ အပြန်အလှန်ဆက်သွယ်မှုနယ်ပယ်အားလုံးနီးပါးအတွက် ထပ်လောင်း တွန်းအားများပေးရန် အခွင့်အရေးပေးသောကြောင့် ၎င်းသည် အရေးကြီးပါကြောင်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ ခြုံငုံကြည့်ပါက လက်ရှိအရှိန်အဟုန်သည် အတော်အတန် လက်ခံနိုင်သည်ဟု မိမိထင်မြင်မိပါကြောင်း၊ ပြီးခဲ့သောနှစ် ပထမ ၁၀ လတွင် ၎င်းတို့၏ ကုန်သွယ်မှု တန်ဖိုးသည် ၁၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း သမ္မတ ပူတင်ကပြောကြားခဲ့ပါသည်။
မိမိတို့သည် နျူကလီးယားစွမ်းအင်နယ်ပယ်တွင် ပရောဂျက်များအပါအဝင် ကျွန်ုပ်တို့၏ အဓိကပရောဂျက်များကို ဆက်လက်လုပ်ဆောင်နေပါကြောင်း၊ မိမိတို့သည် စွမ်းအင်ကဏ္ဍတွင် အခြားဖြစ်နိုင်ချေရှိသော ပရောဂျက်များရှိပြီး ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် အလားအလာ ကောင်းများရှိပါကြောင်း၊ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံမှုနယ်ပယ်တွင် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုကို မှတ်သားစေလိုပါကြောင်း၊ သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေးနယ်ပယ်တွင်လည်း တိုးတက်လာပါကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ သိသာထင်ရှားသည့် တိုးတက်မှုများရှိနေပါကြောင်း၊ ယခုနှစ် ဇွန်လတွင် ကျင်းပမည့် အီရန်ရှိ ရုရှားယဉ်ကျေးမှုနေ့အတွက် ပြင်ဆင်နေပါကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာအစီအစဉ်နှင့်ပတ်သက်သည့် မိမိတို့၏ ဆွေးနွေးညှိနှိုင်းမှုများက ကမ္ဘာတစ်ခုလုံးနှင့် ဒေသတွင်းတွင် လိုအပ်ချက်ကြီးကြီးမားမားရှိနေခြင်းဖြစ်ကြောင်း သမ္မတ ပူတင်ကပြောကြားခဲ့ပါသည်။
ထို့နောက် ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်ဘာသာရေးခေါင်းဆောင် မစ္စတာ ခါမေနီထံ ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အီရန်-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းတွင် လုပ်ဆောင်သမျှသည် အီရန်ဘာသာရေးခေါင်းဆောင် မစ္စတာ ခါမေနီ၏ ကိုယ်ရေးကိုယ်တာ ထိန်းချုပ်မှုအောက်၌ရှိနေကြောင်း မိမိတို့ ကောင်းစွာ သိရှိထားပါကြောင်း၊ ထို့အတွက် ၎င်းကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား - MOFA Russia