ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်းတို့ အိမ်ပြန်ခွင့်ရကြပြီ

News Image

  • ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်းတို့ အိမ်ပြန်ခွင့်ရကြပြီ

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခွင့် ကန့်သတ်ချက်များကို ဇန်နဝါရီ ၂၇ ရက်နေ့က ရုတ်သိမ်းလိုက်ပြီးသည့်နောက် ပါလက်စတိုင်းတို့သည် ဂါဇာမြောက်ပိုင်းမှ ၎င်းတို့၏နေအိမ်များဆီသို့ ပြန်နေကြပြီဖြစ်သည်။

အရပ်သားအမျိုးသမီးတစ်ဦးအပါအဝင် နောက်ထပ် ဓားစာခံ ၃ ဦးကို ယခုလကုန်၌ ပြန်လွှတ်ပေးမည်ဟု ဟားမက်စ်က ကြေညာပြီးသည့်နောက် အစ္စရေး၏ ယခုကဲ့သို့သော လုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ပင်လယ်ကမ်းစပ်လမ်းတစ်လျှောက် မြောက်ဘက်သို့ခြေလျင်လျှောက်ကာ နေအိမ်များဆီ သို့ ပြန်နေကြသော လူစုလူဝေးကို ဝေဟင်မှ ရိုက်ကူးထားသည့်ပုံရိပ်များ၌ တွေ့ရပါသည်။

အစ္စရေးနှင့် ဟားမက်စ်တို့အကြား သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက်မှ စတင်အသက်ဝင်ခဲ့ပြီး ဟားမက်စ်က အမျိုးသမီး ဓားစာခံ ၇ ဦးကို လွှတ်ပေးခဲ့ကာ ပါလက်စတိုင်းအကျဉ်းသား ၂၉၀ ကို အစ္စရေးက လွှတ်ပေးခဲ့ပါသည်။

ဂါဇာကမ်းမြောင်၌နေထိုင်သူများကို ဂျော်ဒန်နှင့် အီဂျစ်တို့က ခေါ်ယူစေလိုခြင်းကို အရိပ်အမြွက်ပြသည့်မှတ်ချက်ကို အမေရိကန်သမ္မတ Donald Trump က ဇန်နဝါရီ ၂၅ ရက်နေ့ကပြောကြားခဲ့သည်။

အဆိုပါစိတ်ကူးကို ဂျော်ဒန်နှင့်အီဂျစ်တို့က ပယ်ချခဲ့ပြီး ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi က “ဂျော်ဒန်သည် ဂျော်ဒန်နိုင်ငံသားများအတွက်ဖြစ်ပြီး ပါလက်စတိုင်းသည် ပါလက်စတိုင်းများအတွက်ဖြစ်ကြောင်း” ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ပါလက်စတိုင်းလူမျိုးများ၏ အခွင့်အရေးများ ပြန်လည်ထွန်းကားရန် နှောင့်နှေးနေခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုများက အခြေခံအကြောင်းတရားများဖြစ်သည်ဟု အီဂျစ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကိုးကား-NHK World