ဒူဘိုင်းရှိ အမြင့်ပေ ၅၉၁ ရှိ မိုးမျှော်တိုက်မိုးနှစ်ခုကြား ရေကူးကန်ဖြင့် ဆက်သွယ်မည်
ခေတ်မီဆန်းပြားပြီး ဗိသုကာမြောက် မိုးမျှော်အဆောက်အအုံများတည်ရှိရာ ဒူဘိုင်းတွင် အမြင့်ပေ ၅၉၁ ရှိ မိုးမျှော်အဆောက်အအုံညီနောင်သစ်၏ ခေါင်မိုးထပ်နှစ်ခုကို ရေကူးကန်ဖြင့် ဆက်သွယ်ထားသည့် ဒီဇိုင်းတည်ဆောက်လျက်ရှိပါသည်။ ထိုရေကူးကန်ကို “ကောင်းကင်ရေကူးကန်” ဟု အမည်ပေးထားပြီး ၄၃ ပေ ရှည်လျားပါသည်။
အဆိုပါရေကူးကန်ကို အများပြည်သူများ ရေကူးအသုံးပြုရန် ခွင့်ပြုမည်မဟုတ်ဘဲ အံ့ဖွယ် ဗိသုကာလက်ရာတစ်ခုအဖြစ် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပြီး မိုးမျှော်အဆောက်အအုံညီနောင်ကို ၂၀၂၇ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကာ စုစုပေါင်းခန့်မှန်း ဒေါ်လာ ၁ ဘီလီယံ တန်ကြေးရှိမည်ဖြစ်ပါသည်။
ကိုးကား-CNN
MM-News-Category