ဒိန်းမတ်အစိုးရသည် ၂၀၂၂ ခုနှစ်က ပျက်စီးမှုဒဏ်ခံခဲ့ရသော ဘောလ်တစ်ပင်လယ်မှ (Nord Stream) နော့စ် စထရိမ်ဓာတ်ငွေ့ပိုက်လိုင်းကို ရုရှား၏ နိုင်ငံပိုင် ဓာတ်ငွေ့လုပ်ငန်းကုမ္ပဏီ (Gazprom) အား ထိန်းသိမ်းခွင့်ပြု
ဒိန်းမတ်အစိုးရသည် ၂၀၂၂ ခုနှစ်က ပျက်စီးမှုဒဏ်ခံခဲ့ရသော ဘောလ်တစ်ပင်လယ် မှ (Nord Stream) နော့စ် စထရိမ်ဓာတ်ငွေ့ပိုက်လိုင်းကို ရုရှား၏ နိုင်ငံပိုင် ဓာတ်ငွေ့ လုပ်ငန်းကုမ္ပဏီ (Gazprom) အား ထိန်းသိမ်းခွင့်ပြု လိုက်ကြောင်းသိရှိရပါသည်။
ဤဆုံးဖြတ်ချက်သည် အမေရိကန်၏ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ထရမ့်အစိုးရလက်ထက် ခြိမ်းခြောက်မှုအား တုံ့ပြန်သည့်အပြင်၊ ဘိုင်ဒင်အစိုးရ၏ နော့စ် စထရိမ်ပိုက်လိုင်းကို ပိတ်ပစ်လိုသည့် ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေပါသည်။ Nord Stream ဓာတ်ငွေ့ ပိုက်လိုင်းကို ဗုံးခွဲဖျက်သိမ်းမှုမတိုင်မီ တစ်နှစ်ကတည်းက ဘိုင်ဒင်အစိုးရက ပိတ်သိမ်းရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ပိုက်လိုင်း၏ အဖျားနှစ်ဖက်တွင် အထူးပြုလုပ်ထားသော အဆို့များတပ်ဆင်ကာ ဓာတ်ငွေ့ယိုစိမ့်မှုနှင့် အောက်ဆီဂျင်ပါသော ပင်လယ်ရေဝင်ရောက်မှုကို ကာကွယ်မည်ဟု ဖော်ပြထားပါသည်။
ဒိန်းမတ်၏ဆုံးဖြတ်ချက်သည် အမေရိကန်၏ဂရင်းလန်း သိမ်းပိုက်ရေးမဟာဗျူဟာကိုလက်တုံ့ပြန်မှုအဖြစ် နိုင်ငံရေးသံသယများပိုမိုမြင့်တက်စေခဲ့ပါသည်။
ကိုးကား - PRAVDA