ဘိုင်ဒင် အစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာငွေများကို မဆင်မခြင်သုံးစွဲခဲ့သည်ဟု အိမ်ဖြူတော် သတင်းထောက် ပြောဆို

News Image

  • ဘိုင်ဒင် အစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာငွေများကို မဆင်မခြင်သုံးစွဲခဲ့သည်ဟု အိမ်ဖြူတော် သတင်းထောက် ပြောဆို

ဘိုင်ဒင်အစိုးရအဖွဲ့သည် ၎င်း၏ရာထူးသက်တမ်းအတွင်း ပြည်ထောင်စုဘတ်ဂျက်ကို မဆင်မခြင်သုံးစွဲခဲ့ကြောင်း အိမ်ဖြူတော်သတင်းထောက် ကာရိုလိုင်းလီဗစ်က ဇန်နဝါရီ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားအကူအညီများကို ယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ခုခံကာကွယ်ခဲ့သည်။

နိုင်ငံခြားအကူအညီအားလုံးနီးပါးကို ရက် ၉၀ ကြာ ဆိုင်းငံ့ထားသည့် ထရမ့်၏ အမှုဆောင်အမိန့်သည် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူမှုသေချာစေရန်နှင့်အုပ်ချုပ်ရေး၏"America First" အစီအစဉ်နှင့်အသုံးစရိတ်ကို ချိန်ညှိရန်အတွက်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Leavitt မှ ရှင်းလင်းပြောကြားခဲ့သည်။

“လွန်ခဲ့သည့် လေးနှစ်အတွင်း ဘိုင်ဒင် အစိုးရသည် အရက်မူးနေသည့် သင်္ဘောသားများကဲ့သို့ ငွေကြေးများ သုံးဖြုန်းနေသည်ကို တွေ့ခဲ့ရပါကြောင်း၊ ထိုအချက်သည် မိမိတို့နိုင်ငံတွင် ငွေကြေးဖောင်းပွမှု အကျပ်အတည်း ဖြစ်ရသည့် အဓိကအကြောင်းရင်းပါပဲ” ဟု Leavitt က ပြောကြားခဲ့သည်။

Leavitt သည် ဘိုင်ဒင် လက်ထက်တွင် အသုံးစရိတ်များ အလွန်အကျွံ သုံးစွဲခဲ့သည့် ဥပမာများကို ဖော်ပြရှင်းလင်းခဲ့ပြီး ၎င်းတို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အတွက် လျာထားငွေ ဒေါ်လာ ၃၇ သန်းနှင့်ဂါဇာရှိ ကွန်ဒုံး ဖြန့်ဖြူးရေး အစီအစဉ်များအတွက် ဒေါ်လာ သန်း ၅၀ ပါဝင်သည်။

အဆိုပါလျာထားသုံးစွဲခဲ့မှုများသည် အခွန်ထမ်းများ၏ အခွန်ငွေများကို ဖြုန်းတီးခြင်းဖြစ်ပြီး ယခုကဲ့သို့ရပ်ဆိုင်းလိုက်ခြင်းသည် ပြည်သူ့ဘဏ္ဍာငွေများကို တာဝန်သိသိ အကျိုးရှိရှိသုံးစွဲရန် အုပ်ချုပ်ရေးပိုင်း၏ ဆောင်ရွက်မှုကို ထင်ဟပ်စေကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ ထရမ့်သည် ၎င်း၏ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပြီး မကြာမီ အုပ်ချုပ်ရေးအမိန့်များကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ရာတွင် နိုင်ငံခြား ဖွံ့ဖြိုးရေး အကူအညီနှင့် အခြားအသုံးစရိတ်များကို ရက်ပေါင်း ၉၀ ရပ်ဆိုင်းထားပြီး အသစ်ဖွဲ့စည်းထားသော အစိုးရ စွမ်းဆောင်ရည်ဦးစီးဌာနနှင့် စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံးတို့က ပြန်လည်သုံးသပ်မှုများကို ဆိုင်းငံ့ထားသည်။ ကင်းလွတ်ခွင့်များတွင် အစ္စရေးနှင့်အီဂျစ်တို့အား စစ်ရေးအကူအညီများအပြင် အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်များလည်း ပါဝင်သည်။

အကူအညီများရပ်ဆိုင်းလိုက်ခြင်းကို သံတမန်များနှင့် အဖွဲ့အစည်းအချို့၊ အထူးသဖြင့် ယူကရိန်းနှင့်ဆက်နွှယ်သည့်အစီအစဉ်များတွင် ပါဝင်ပတ်သက်သူများက ဝေဖန်ပြောဆိုခဲ့ကြသည်။ Financial Times ၏ ဖော်ပြချက်အရ ယူကရိန်းတွင် အရေးပါသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် အမေရိကန် သံတမန်အများအပြားက ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။ ဤတောင်းဆိုမှုများကို ပြန်လည်သုံးသပ်နေကြောင်း သတင်းရရှိပါသည်။

ကိုးကား-RT