အမေရိကန်ဒေါ်လာအား အစားထိုးရန် ကြိုးစားလျှင် US က BRICS ကို သွင်းခွန် ၁၀၀ % စည်းကြပ်မည်ဟု ထရမ့် ခြိမ်းခြောက်
BRICS အဖွဲ့ဝင်နိုင်ငံများသည် ငွေကြေးအသစ် ဖန်တီးခြင်း သို့မဟုတ် အမေရိကန်ဒေါ်လာအား အခြားငွေကြေး တစ်မျိုးမျိုးဖြင့် အစားထိုးရန် ကြိုးစားပါက သွင်းကုန်ခွန် ၁၀၀ % စည်းကြပ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ထပ်မံကတိပြု ပြောကြားခဲ့သည်။
BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငွေကြေးအသစ်ကို ဖန်တီးမည်မဟုတ်ကြောင်းနှင့် ကမ္ဘာသုံး US ဒေါ်လာ နေရာတွင် အခြားငွေကြေးအား အစားထိုးမည် မဟုတ်ကြောင်း ကတိကဝတ်ပြုရန် လိုအပ်မည်ဖြစ်ပြီး အခြားငွေကြေးတစ်မျိုးမျိုးအား အစားထိုးရန် ကြိုးစားမည်ဆိုပါက အဆိုပါအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၁၀၀% သွင်းခွန်စည်းကြပ်ခြင်းခံရမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသို့ ကုန်ပစ္စည်းတင်သွင်းခွင့်ရမည် မဟုတ်တော့ကြောင်း” ထရမ့်က ၎င်း၏ Truth လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ကမ္ဘာ့ကုန်သွယ်ရေးနှင့် ငွေကြေးလွှဲပြောင်းမှုများဆောင်ရွက်ရာတွင် အမေရိကန်ဒေါ်လာ အပေါ် မှီခိုမှုကိုလျှော့ချသွားရန် မိမိတို့နိုင်ငံအနေဖြင့် ထောက်ခံခဲ့ခြင်းမရှိခဲ့ပါကြောင်း ပြောကြားခဲ့သည်။ BRICS အဖွဲ့သည် အမေရိကန်ဒေါ်လာကို စွန့်လွှတ်ရန် ပြောဆိုခြင်းမဟုတ်ဘဲ ဝါရှင်တန်၏ မှားယွင်းသော မူဝါဒများနှင့်ပတ်သက်၍ ပြောဆိုခြင်းသာဖြစ်ကြောင်းကို ထရမ့်အား ရှင်းပြလိုကြောင်း BRICS အဖွဲ့ဝင် ရုရှားနိုင်ငံဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sherpa Sergey Ryabkov ၏ ပြောကြားချက်အရ သိရှိရပါသည်။
ကိုးကား-TASS