ဘယ်လာရုစ်အစိုးရအဖွဲ့ နုတ်ထွက်မှု ကြေညာချက်

News Image

  • ဘယ်လာရုစ်အစိုးရအဖွဲ့ နုတ်ထွက်မှု ကြေညာချက်

ဖေဖော်ဝါရီ ၃ ရက်တွင် ဘယ်လာရုစ် ဝန်ကြီးချုပ် ရိုမန် ဂိုလိုဗချင်ကို လက်မှတ်ရေးထိုးထားသည့် အမိန့်အရ ဘယ်လာရုစ်အစိုးရအဖွဲ့သည် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း အစိုးရအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဘယ်လာရုစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အစိုးရသစ်မတက်မီတွင် လက်ရှိအစိုးရသည် ရာထူးမှ နုတ်ထွက်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါသည်။ ထိုအမိန့်မှာ လက်မှတ်ရေးထိုးသည့်နေ့တွင် အတည်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ 

သို့သော် “ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးများကောင်စီဥပဒေ” အရ အစိုးရအဖွဲ့သည် နုတ်ထွက်ပြီးနောက် သမ္မတ၏ အမိန့်ညွှန်ကြားချက်အရ အစိုးရသစ် မဖွဲ့စည်းမီအချိန်ထိ ၎င်း၏ လုပ်ငန်းတာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်ရန် ဖြစ်ပါသည်။

ကိုးကား -TASS 

Photo: Mehr News Agency