အမေရိကန်အလိုရှိသော မြေရှားသတ္တုများပေးမည်ဟု ဇီလန်းစကီးဆို
လွန်ခဲ့သော သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းကို အကူအညီဆက်ပေးရမည် ဆိုပါက ခိုင်မာသည့်သက်သေခံအဖြစ် ယူကရိန်း နိုင်ငံတွင်ရှိသော မြေရှားသတ္တုများကို တူးဖော်ထုတ်ယူခွင့်ပေးရမည်ဟု ဆိုခဲ့ပါသည်။ အဆိုပါပြောကြားမှုနှင့် ပတ်သက်၍ ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်အနေဖြင့် ယူကရိန်းလုံခြုံရေးကို အာမခံနိုင်မည်ဆိုပါက မြေရှားသတ္တုများကို တူးဖော်ထုတ်ယူခွင့်ပေးမည်ဟု ပြန်လည် ပြောကြားခဲ့ပြီး ယူကရိန်းတွင်ရှိသော မြေရှားသတ္တုများ သည် ရုရှားနှင့်စစ်ဖြစ်ပြီးကတည်းက တစ်ဝက်ခန့် ကုန်ဆုံးသွားပြီဖြစ်ကြောင်းနှင့် ယူကရိန်းအနေဖြင့် ထွက်ပေါ်လာသော မြေရှားသတ္တု၏ ၂၀ % ကို ရယူ လိုကြောင်းလည်းပြောသွားပါသည်။
ယူကရိန်းတွင် မီးချောင်းများနှင့်တီဗွီထုတ်လုပ်မှု၌ အသုံးပြုသည့် လန်သနန်သတ္တု၊ လေအားလျှပ်စစ်ထုတ်သည့် တာဘိုင်များနှင့်လျှပ်စစ်ကားများ ထုတ်လုပ်သည့်နေရာတွင် အသုံးပြုသည့် နီယိုဒိုင်မီယံသတ္တု၊ နျူကလီးယား စွမ်းအင်မှ လေဆာထုတ်ရာတွင်အသုံးပြုသည့် အာဘီယံနှင့် ဝိုင် ယက်ထရီယံသတ္တုများ ထွက်ရှိပါသည်။ ဥရောပ၌ ရှားရှားပါးပါး မြေရှားသတ္တုများ အများအပြားထွက်ရှိသည့် ယူကရိန်းအနေဖြင့် အမေရိကန်၏ ငွေကြေးအကူအညီအတွက် ၎င်းတို့၏ အရင်းအမြစ်များကို အမေရိကန်လက်ထဲသို့ ထိုးအပ်ရတော့မည်ဖြစ်သည်။
ကိုးကား-Myanmar National Post