ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးရရှိရန် လွန်စွာနီးစပ်လာဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူဆို

News Image

  • ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးရရှိရန် လွန်စွာနီးစပ်လာဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူဆို

ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ငြိမ်းချမ်းရေး သဘောတူညီချက်သည် "လွန်စွာနီးစပ်လာပြီ" ဟု အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က မတ်လ ၁၇ ရက်နေ့တွင် ပြောကြား ခဲ့သည်။ ၎င်းသည် အမေရိကန်သမ္မတ Donald Trump နှင့် ရုရှားသမ္မတ Vladimir Putin တို့အကြား ဖုန်းဆက်သွယ်မည့် အစီအစဉ်မတိုင်မီ ပြောကြားခြင်းဖြစ်သည်။

သတင်းထောက်များအား ပြောကြားရာတွင် Leavitt က ယူကရိန်း ပဋိပက္ခငြိမ်းချမ်းရေးညှိနှိုင်းမှုများကို အမေရိကန်ဘောလုံးကစားပွဲနှင့် နှိုင်းယှဉ်ပြောဆိုခဲ့ကာ “ကျွန်မတို့သည် ငြိမ်းချမ်းရေး၏ ၁၀ ကွင်းမြောက်မှာရောက်နေပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယခုလောက်နီးစပ်ဖူးခြင်း မရှိကြောင်း၊ ထို့ကြောင့် သမ္မတကြီးက အဆိုပါကိစ္စကို အောင်မြင်အောင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားပါကြောင်း" ၎င်းက ပြောကြားခဲ့သည်။

Trump က လွန်ခဲ့သောရက်ပိုင်းက ရုရှားသမ္မတ Putin နှင့် နယ်မြေထိန်းချုပ်မှုနှင့် အချို့သောနယ်မြေပိုင်ဆိုင်မှုများကိုခွဲဝေခြင်းကိစ္စများကို မတ်လ ၁၈ ရက်(အင်္ဂါ)နေ့တွင် ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်က အဆိုပြုထားသော ၃၀ ရက်ကြာစစ်ပြေငြိမ်းရေးကိုလည်း ဆွေးနွေးမည်ဟုမျှော်လင့်ရသည်။

သမ္မတ Trump ၏ ကိုယ်စားလှယ် Steve Witkoff သည် လွန်ခဲ့သော သီတင်းပတ်က မော်စကိုတွင် Putin နှင့် တွေ့ဆုံခဲ့ပြီး "ယနေ့အချိန်တွင် နှစ်ဖက်သည် သဘောတူညီချက်ရရန် ပိုမိုနီးစပ်လာပြီ" ဟု CNN ၏ Jake Tapper အား ပြောကြားခဲ့သည်။ ၎င်းက အမေရိကန်သည် မော်စကိုနှင့် ကိယက်ဗ်အကြားကွာဟချက်များကို လျှော့ချနိုင်ခဲ့ပြီဟု ဆိုသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂