ကင်ဂျုံအွန်နှင့် ဆက်ဆံရေး ပြန်လည်တည်ထောင်ရန် ဆန္ဒရှိဟု ဒေါ်နယ်ထရမ့်ပြော

News Image

  • ကင်ဂျုံအွန်နှင့် ဆက်ဆံရေး ပြန်လည်တည်ထောင်ရန် ဆန္ဒရှိဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန်အစိုးရ အနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဆက်ဆံရေး ပြန်လည်တည်ထောင်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း  သိရသည်။

နိုင်ငံများအကြား  ဆက်ဆံရေးတွင် သံခင်းတမန်ခင်းသည် အရေးပါသောကြောင့် အမေရိကန်က မြောက်ကိုရီးယား နိုင်ငံနှင့်သာမက ယင်းနိုင်ငံခေါင်းဆောင်နှင့် ဆက်ဆံရေးကို    ပြန်လည်တည်ထောင် သွားမည်ဖြစ်ကြောင်း    ထရမ့်က ဖေဖော်ဝါရီလ ၇ ရက်တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကင်နှင့် ယခင်အတိတ်ကာလ ဆက်ဆံရေးသည် ကောင်းမွန်ခဲ့ပြီး မိမိတို့နှစ်ဦးကြား ကောင်းမွန်သော ဆက်ဆံမှုရှိခဲ့ကြောင်း၊ ခေါင်းဆောင်ကင်နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းသည် ကမ္ဘာ့တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန်ကြိုးပမ်းခဲ့ခြင်းသည် ထရမ့်၏ ပထမသမ္မတ သက်တမ်းအတွင်း အမေရိကန် အစိုးရ၏ နိုင်ငံခြားရေးမူဝါဒတွင် ထူးခြားသည့် ပြောင်းလဲမှုတစ်ရပ်ဖြစ်လာခဲ့သည်။

ထရမ့်နှင့် ခေါင်းဆောင်ကင်တို့ကြား ပထမဆုံးသော ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပနိုင်ခဲ့သော်လည်း သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ခဲ့ခြင်းမရှိဘဲ အဆုံးသတ်ခဲ့ရကြောင်း သိရသည်။

Source: Myawady Web Portal