အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင် အပစ်ခတ်မှုရပ်စဲရန် “မဝေးတော့သည့်အနာဂတ်" တွင်ဖြစ်နိုင်ကြောင်း ယုံကြည်ထားသည်ဟု ပြောကြား
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင် အပစ်ခတ်မှု ရပ်စဲရန် “မဝေးတော့သည့်အနာဂတ်" တွင်ဖြစ်နိုင်ကြောင်း ယုံကြည် ထားသည်ဟု အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော သတင်းဌာနများနှင့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောကြားခဲ့ပါသည်။
ယူကရိန်းအား NATO အဖွဲ့ဝင်အဖြစ် ငြင်းပယ်ရေး ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ၏ အကြံကို ထောက်ခံကြောင်း သမ္မတက ပြောကြားခဲ့ပါသည်။
အမေရိကန်သည် ယူကရိန်းအား ဆက်လက်ကူညီသွားမည် ဖြစ်သော်လည်း ၎င်း၏ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် အာမခံချက်လိုအပ်ပြီးအမေရိကန် ဘဏ္ဍာရေးဝန်ကြီးသည် ယူကရိန်းအစိုးရထံမှ ထိုအာမခံချက် ပါစာရွက်စာတမ်းများ ယူဆောင်လာရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယူကရိန်းသည် တစ်ချိန်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် လိုအပ်လာမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။
ရုရှားသမ္မတဗလာဒီမာ ပူတင်နှင့် ဖုန်းဖြင့် မကြာခဏ ဆက်သွယ် ဆွေးနွေးရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။
ဇီလန်စကီး (ယူကရိန်းသမ္မတ) ပါဝင်ခြင်းမရှိဘဲ ရုရှားနှင့် တိုက်ရိုက် သဘောထားဖလှယ်ရာတွင် အန္တရာယ်မရှိဟု ရှုမြင်ကြောင်း အမေရိကန် သမ္မတ က ပြောကြားခဲ့ပါသည်။
ယူကရိန်းအနေဖြင့် ၂၀၁၄ ခုနှစ်မတိုင်မီက နယ်နိမိတ်များကို ပြန်လည်ရရှိရန် အလားအလာနည်းပါးသော်လည်း ၎င်း၏ဆုံးရှုံးထားသော နယ်မြေအချို့ကို ပြန်လည်ရရှိနိုင်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါသည်။
ကိုးကား - RIA Novosti