ဂျပန်ဧကရာဇ် နာရူဟီတို မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်စတင်

News Image

  • ဂျပန်ဧကရာဇ် နာရူဟီတို မွန်ဂိုလီးယားနိုင်ငံ ခရီးစဉ်စတင်

တိုကျို ဇူလိုင် ၇

ဂျပန်ဧကရာဇ်နာရူဟီတိုသည် ရက်သတ္တပတ်ကြာ မွန်ဂိုလီးယား ခရီးစဉ်ကို ဇူလိုင် ၅ ရက်တွင် စတင်ခဲ့ကြောင်း ဂျပန်မီဒီယာများ က သတင်းထုတ်ပြန်ထားသည်။

အဆိုပါခရီးစဉ်အတွင်း ဂျပန် ဧကရာဇ် နာရူဟီတိုသည် ဒုတိယ ကမ္ဘာစစ်ကာလအတွင်း မွန်ဂိုလီး ယားနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသော ဂျပန်စစ်သည်များကို ဂုဏ်ပြုရန် စီစဉ်ထားသည်။

ဂျပန်ဧကရာဇ် နာရူဟီတိုသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် မွန်ဂိုလီးယားခရီးစဉ်ကို စတင်ခဲ့ ခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်အင်အားအများစုမှာ ဆိုက်ဘေးရီးယားဒေသ၌ တိုက်ပွဲဝင်ခဲ့သော်လည်း ဂျပန်တပ်ဖွဲ့ဝင် ၁၂၀၀၀မှ ၁၄၀၀၀ထိတို့မှာ မွန်ဂိုလီးယား၌ တိုက်ပွဲဝင်ခဲ့ရသည်။

မွန်ဂိုလီးယားနိုင်ငံသည် ဒုတိယ ကမ္ဘာစစ်အတွင်း ဆိုဗီယက်တပ်များနှင့်လက်တွဲ၍ ဂျပန်တပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သောနိုင်ငံ ဖြစ်သည်။

ဂျပန်အစိုးရမှတ်တမ်းများအရ ဂျပန်တပ်ဖွဲ့ဝင် စစ်သုံ့ပန်းအများအပြားမှာ မွန်ဂိုလီးယားနိုင်ငံရှိအလုပ်ကြမ်းစခန်းများ၌ အလုပ် လုပ်ခဲ့ကြရပြီး ၁၄၀၀ ခန့်မှာ မွန်ဂို လီးယားနိုင်ငံ၌ သေဆုံးခဲ့ရကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper