ရုရှားဖက်ဒရေးရှင်းသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အနေဖြင့် G7 အဖွဲ့သို့ ပြန်လည်ဝင်ရောက်တော့မည်မဟုတ်

News Image

  • ရုရှားဖက်ဒရေးရှင်းသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အနေဖြင့် G7 အဖွဲ့သို့ ပြန်လည်ဝင်ရောက်တော့မည်မဟုတ်

ရုရှားဖက်ဒရေးရှင်းသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် G7 အဖွဲ့သို့ ပြန်လည်ဝင်ရောက်တော့မည် မဟုတ်ကြောင်း၊ အတိတ်ကို ပြန်သွားရန် ဆန္ဒမရှိတော့ကြောင်း၊ ယခုအခါ အပြည်ပြည်ဆိုင်ရာပူးပေါင်းမှုအနေဖြင့် BRICS ၊ SCO နှင့် G20 တို့ကဲ့သို့ အဖွဲ့များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း   ရုရှားဖက်ဒရေးရှင်း၏ ကနေဒါနိုင်ငံ သံအမတ်ကြီး Oleg Stepanov က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

ရုရှားသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာတွင် ကာဇန်မြို့၌ BRICS ထိပ်သီး အစည်းအဝေးကျင်းပခဲ့ပြီး အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီ၊ အာရပ်စော်ဘွားပြည်ထောင်စုတို့ကို အဖွဲ့ဝင်အဖြစ် ကြိုဆိုခဲ့သည်။ 

လက်ရှိတွင်လည်း ရုရှားသည် ယူကရိန်းစစ်ပွဲစတင်ကတည်းက အနာဂတ်အပြောင်းအလဲများအတွက် BRICS ၊ SCO နှင့် G20 တို့ကို အဓိကထား ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါသည်။ 

ကိုးကား- TASS

Photo: The New York Times