အမေရိကန်သမ္မတသည် ရုရှားအား G8 အဖွဲ့အတွင်း ပြန်လည်ပါဝင်စေရန် အလွန်လိုလားကြောင်း ထုတ်ဖော်ပြောကြား

News Image

  • အမေရိကန်သမ္မတသည် ရုရှားအား G8 အဖွဲ့အတွင်း ပြန်လည် ပါဝင်စေရန် အလွန်လိုလား ကြောင်း ထုတ်ဖော်ပြောကြား

“ရုရှားနိုင်ငံကို G7 အဖွဲ့သို့ ပြန်လည်ပါဝင်စေလိုပါကြောင်း၊ ၎င်းတို့သည် စားပွဲဝိုင်းတွင် ပြန်လည်ထိုင်သင့်သည်ဟု ယုံကြည်ပါကြောင်း၊ ရုရှား သမ္မတ ဗလာဒီမာပူတင်လည်း ပြန်လာရန် အလွန်လိုလားမည်ဟုထင်ပါကြောင်း၊ အကယ်၍ G8 အဖြစ် ဆက်ရှိနေခဲ့ပါက ယူကရိန်းနှင့် ပတ်သက်သော ပြဿနာများ ဖြစ်ပွားခဲ့မည်မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါသည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အဆိုပါပြောဆိုချက်သည် ရုရှားနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးပြန်လည်တည့်မတ်ရေး ရည်ရွယ်ချက်ကို ထင်ဟပ်စေခဲ့ပြီး၊ ယူကရိန်းအရေးတွင် G8 ၏ စုစည်းမှုပျက်ပြားခြင်းကို သွယ်ဝိုက်ညွှန်းဆိုထားပါသည်။ ထို့အပြင် နိုင်ငံရေးအရ G8 ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြထားပါသည်။

ကိုးကား- RT