မော်တော်ကား၊ လျှပ်ကူးပစ္စည်းနှင့် ဆေးဝါးများ အခွန်၂၅% အမေရိကန် စည်းကြပ်မည်
အမေရိကန်သို့ တင်သွင်းလာသည့် မော်တော်ကားများ၊ လျှပ်ကူးပစ္စည်းများနှင့် ဆေးဝါးများအားလုံးကို လာမည့် ဧပြီ ၂ ရက်နေ့မှစတင်၍ အခွန် ၂၅ ရာခိုင်နှုန်း သို့မဟုတ် ၎င်းအထက် စည်းကြပ်သွားလိုကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ မာအလာဂို အပန်းဖြေစခန်း၌ သတင်းထောက်များကို ပြောကြားလိုက်ပါသည်။
ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့အနေဖြင့် လာမည့် ဧပြီ ၁ ရက်တွင် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးမူဝါဒများကို ပြန်လည်သုံးသပ်ခြင်း ပြီးမြောက် မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။
ကိုးကား- france24
MM-News-Category