ယူကရိန်းတွင် ဥရောပတပ်များ တပ်စွဲရန်ကိစ္စ ကရင်မလင် မလိုလား

News Image

  • ယူကရိန်းတွင် ဥရောပတပ်များ တပ်စွဲရန်ကိစ္စ ကရင်မလင် မလိုလား

ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေးတပ်များ တပ်ချရန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့ဖ်က ငြင်းပယ်လိုက်ပါသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ရီယာ့ဒ်မြို့တွင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံချိန် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဖ်က ယူကရိန်း တွင် ဥရောပ(နေတိုး)တပ်ဖွဲ့များ တပ်ချထားရန် ကိစ္စမှာ “လုံးဝ လက်မခံ နိုင်ကြောင်း” ပြောကြားခြင်းကို မိမိအနေဖြင့် ထပ်မံဖြည့်စွက်ရန် သို့မဟုတ် မှတ်ချက်ပေးရန် မရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ကရင်မလင်နန်းတော် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားထားပါသည်။

ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေးတပ်များ ချထားရန်ကိစ္စအတွက် မိမိ က အထူးတလည် မေးမြန်းခဲ့ရာ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင် က ထိုကိစ္စမှာ ပြဿနာမရှိဟု ဖြေကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားထားပါသည်။ 

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃