JD Vance သည် နောင်တချိန်တွင် အမေရိကန်သမ္မတ ဖြစ်လာနိုင်ကြောင်း အီလွန်မက် ချီးကျူးပြောကြား

News Image

  • photo credit: Wikipedia

စီးပွားရေးလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး အီလွန်မက်က အမေရိကန် ဒုတိယသမ္မတ JD Vance သည် နောင်တချိန်တွင် အမေရိကန်သမ္မတ ဖြစ်လာနိုင်ကြောင်း ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောကြားလိုက် ပါသည်။

အမေရိကန် ဒုတိယသမ္မတများအနက် JD Vance သည် အတော်ဆုံး ဒုတိယသမ္မတဖြစ်ပြီး အနာဂတ်အမေရိကန်၏ သမ္မတ ဖြစ်လာနိုင်သည် ဟု အီလွန်မက်က ၎င်း၏ X စာမျက်နှာတွင် မှတ်ချက်ပေးထားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူအချို့သည် ထရမ့် အား နောက်ထပ်တစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်ရန် အမေရိကန် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် လေ့လာ နေကြသည်ဟု NBC သတင်းဌာနက ယခင်က ဖော်ပြခဲ့ပါသည်။

၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၂ ကြိမ်မြောက် ပြင်ဆင် ချက်အရ သမ္မတတစ်ဦးသည် သမ္မတရာထူးကို အများဆုံး သက်တမ်း ၂ ကြိမ် (၈ နှစ်) ဆောင်ရွက်ခွင့်ရှိပါသည်။ 

ယခုနှစ် ဇန်နဝါရီက ရီပတ်ဘလစ်ကန် အမတ် Andy Ogles က သမ္မတ သက်တမ်းကို အများဆုံး ၈ နှစ်မှ ၁၂ နှစ်သို့ တိုးမြှင့်ရန် အဆိုပြုချက် တင်ပြခဲ့ပါသည်။

ကိုးကား- TASS