ယူကရိန်းသမ္မတ ဇီလန်စကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို စကားဖြတ်ပြောဆို၍ ငြင်းခုံပြီး ကြမ်းတမ်းစွာပြုမူ

News Image

  • ယူကရိန်းသမ္မတ ဇီလန်စကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို စကားဖြတ်ပြောဆို၍ ငြင်းခုံပြီး ကြမ်းတမ်းစွာပြုမူ
  • ယူကရိန်းသမ္မတ ဇီလန်စကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို စကားဖြတ်ပြောဆို၍ ငြင်းခုံပြီး ကြမ်းတမ်းစွာပြုမူ

ယူကရိန်းသမ္မတ ဇီလန်စကီးသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို စကားဖြတ်ပြောဆို၍ ငြင်းခုံပြီး ကြမ်းတမ်းစွာပြုမူခဲ့သည်။

ဗလာဒီမာဇီလန်စကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် အမေရိကန်ခေါင်းဆောင်နှင့် ငြင်းခုံခဲ့ပြီး အော်ဟစ်ကာ သတင်းထောက်များ၏မေးခွန်းများကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် မတိုင်မီ ဖြေကြားခဲ့သည်။ တစ်ခါတစ်ရံ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို စကားဖြတ်ပြောဆိုခဲ့ပြီး သတင်းထောက်များ၏ မေးခွန်း အချို့ ကိုကြမ်းတမ်းစွာတုံ့ပြန်ခဲ့ပါသည်။ တွေ့ဆုံမှု၏ နောက်ဆုံးမိနစ်အနည်းငယ် တွင် အပြန်အလှန်စကားပြောဆိုမှုများသည် အသံကျယ်လောင်စွာဖြင့် ပြုလုပ်ခဲ့ပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန် နိုင်ငံမှ ယူကရိန်းအတွက် ဒေါ်လာ ၃၅၀ ဘီလီယံ သုံးစွဲခဲ့ကြောင်း ပြောကြားခဲ့ သော်လည်း ဇီလန်စကီးက သဘောမတူခဲ့ပေ။ ထို့အပြင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့က ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံအား ကျေးဇူးတင်ရန် လိုအပ်ကြောင်း ပြောကြားသောအခါတွင်လည်း ဇီလန်စကီးက ကန့်ကွက်ခဲ့ပါသည်။ ဇီလန်စကီးက ဒေါ်နယ်ထရမ့်ကို စကားဖြတ်ရန် အသံကျယ်လောင် စပြုလာသောအခါ သတင်းထောက်များကို ခန်းမမှ ထွက်ခွာရန် တောင်းဆိုခဲ့ပြီး ဆွေးနွေးပွဲကို လျှို့ဝှက်စွာ ဆက်လက်ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲမစတင်မီ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဇီလန်စကီး တို့သည် သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားသည့် အစီအစဉ် ကို ပြုလုပ်ခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က ပဋိပက္ခတစ်ခုလုံးကို ဖြေရှင်းရန် သဘောတူညီချက်တစ်ခုရရှိရန် ပိုမိုအရေးကြီးကြောင်း ပြောကြားနေစဉ် ဇီလန်စကီးက ၎င်းဆုံးရှုံးခဲ့ရသော မြို့အားလုံးကို ပြန်လည်ရရှိရန် ပိုမို အရေးကြီးကြောင်း ပြောကြားကာ စကားဖြတ်ခဲ့ပါသည်။ အမေရိကန် သမ္မတက ၎င်းလက်ထက်တွင် ယူကရိန်းနှင့်ပတ်သက်သော သဘော တူညီချက်များကို အမြဲလိုက်နာခဲ့ကြောင်း ပြောကြားနေစဉ် ဇီလန်စကီး က စကားဖြတ်ပြောဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နောက်ပိုင်းတွင် ရုရှား နိုင်ငံ က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ကြောင်း သက်သေပြရန် ကြိုးစား ခဲ့ပါသည်။ ထိုစကားများကို အမေရိကန်သမ္မတက သဘောမတူခဲ့ပေ။ ထို့အပြင် ဒေါ်နယ်ထရမ့်က ယူကရိန်းနိုင်ငံသည် သဘောထား ပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားသောအခါတွင်လည်း ဇီလန်စကီးက သဘော မတူခဲ့သော်လည်း အဆိုပါအကြိမ်တွင်မူ အမေရိကန် ခေါင်းဆောင်၏ စကားကို ငြင်းခုံရန် မကြိုးစားခဲ့ပေ။ ထို့နောက် ဇီလန်စကီးက အမေရိကန်နိုင်ငံသည် ယူကရိန်းဘက်မှ ရပ်တည်နေကြောင်း ပြောကြား ခဲ့သော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထိုစကားကို မှတ်ချက် မပြုဘဲထားခဲ့သည်။ ယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပရန် အလား အလာရှိ၊ မရှိနှင့်ပတ်သက်သော မေးခွန်းကို ဇီလန်စကီးက လျစ်လျူရှု ခဲ့ပါသည်။

ကိုးကား - Tass, NBC 

News Video