အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်စကီးအနေဖြင့် ၎င်းနှင့် ဆက်လက်၍အပြန်အလှန်ဆွေးနွေးရန် လုပ်ဆောင်ရမည့်အချက်များကို ဖော်ပြ

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်စကီးအနေဖြင့် ၎င်းနှင့် ဆက်လက်၍အပြန်အလှန်ဆွေးနွေးရန် လုပ်ဆောင်ရမည့်အချက်များကို ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်စကီးအနေဖြင့် ၎င်းနှင့် ဆက်လက်၍အပြန်အလှန်ဆွေးနွေးရန် လုပ်ဆောင်ရမည့်အချက်များကို ဖော်ပြခဲ့ပါသည်။

ဇီလန်စကီးသည် ရုရှားသမ္မတဗလာဒီမာပူတင်ကို ဝေဖန်ခြင်း ရပ်တန့်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက် ရယူရန် ကြိုးပမ်းမှုကို တရားဝင် ကြေညာ ရမည်ဖြစ်ပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ငြိမ်းချမ်းရေးကို လိုလားကြောင်း ဇီလန်စကီးနှင့် အပြင်းအထန် ငြင်းခုံမှု ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က၎င်း၏ထင်မြင်ယူဆချက်ကို ဖော်ပြခဲ့ပါသည်။ 

ထရမ့်က ယူကရိန်းတွင် စစ်ပြေငြိမ်းရေးကို ချက်ချင်း ရရှိနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ထို့အပြင် ၎င်းက “ရုရှားနှင့် ပဋိပက္ခကို ယူကရိန်းအနေဖြင့် ဆက်လက် ရင်ဆိုင်ရန် မသင့်တော်ကြောင်း” ပြောကြားခဲ့ပါသည်။ 

အမေရိကန်ထောက်ခံမှုမရှိပါက ယူကရိန်းသည် အနိုင်ရရန် မဖြစ်နိုင်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါသည်။ 

ကိုးကား - RIA Novosti