ယီမင်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

News Image

  • ယီမင်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

ယီမင်ဝန်ကြီးချုပ် Ahmed Bin Mubarak သည် ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ပါသည်။ ယီမင်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသော ဝန်ကြီးချုပ်အာဏာများကို အပြည့်အဝ မရရှိခြင်း၊ အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ကန့်သတ်ခံရခြင်းနှင့် နိုင်ငံရေးအငြင်းပွားမှုများကြောင့် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းသွားရခြင်းကြောင့် ယခုကဲ့သို့ နုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း သတင်းဌာနဖော်ပြချက်အရ သိရပါသည်။

Mubarak သည် Presidential Leadership Council (PLC) ဥက္ကဋ္ဌ Rashad al-Alimi နှင့် တင်းမာမှုများရှိခဲ့ကြပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၂ ဦးကို ရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းမှုကို al-Alimi က တားဆီးပယ်ချခဲ့ပါသည်။

လတ်တလော၌ Mubarak နေရာတွင် PLC က ဘဏ္ဍာရေးဝန်ကြီးဟောင်း Salem Saleh Bin Braik ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ထားပါသည်။

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃