ရိုမေးနီးယားရွေးကောက်ပွဲ ဒေါ်နယ်ထရမ့်၏ မဟာမိတ် George Simion အနိုင်ရဖွယ်ရှိ
၂၀၂၅ ခုနှစ်၊ မေလ ၄ ရက်တွင် ကျင်းပသော ရိုမေးနီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲ၏ ပထမအဆင့်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မဟာမိတ် George Simion သည် မဲရလဒ် ၃၀-၃၅ % ဖြင့် အနိုင်ရရှိသွားပါသည်။
Simion သည် မေလ ၁၈ ရက်တွင် ကျင်းပမည့် ဒုတိယအဆင့် (အပြီးသတ်) ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗူခရက်စ် မြို့တော်ဝန် Nicusor Dan သို့မဟုတ် အမတ်ဟောင်း Crin Antonescu တို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်ပါသည်။
အကယ်၍ Simion သာ အနိုင်ရပါက NATO အရှေ့ဘက်ခြမ်း မတည်ငြိမ်မှု ဖြစ်စေနိုင်ပြီး ဥရောပသမဂ္ဂအတွင်း ရိုမေးနီးယား၏ ရပ်တည်ချက် အားနည်းသွားစေနိုင်ကြောင်း၊ ၎င်းသည် ဟန်ဂေရီခေါင်းဆောင် Viktor Orban နှင့် ပူးပေါင်းကာ ဥရောပအတွင်း အစွန်းရောက်အုပ်စု ဖွဲ့စည်းနိုင်ကြောင်း ဥရောပရေးရာ ကျွမ်းကျင်သူများက ခန့်မှန်းထားပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃