အစည်းအဝေးပြုလုပ်ပေးရန် UNSC ကို ပါကစ္စတန် တောင်းဆိုမှုအပေါ် အိန္ဒိယနှင့် ပါကစ္စတန်အရေး မေ ၅ တွင် UNSC အရေးပေါ် အစည်းအဝေး ပြုလုပ်မည်

News Image

  • အစည်းအဝေးပြုလုပ်ပေးရန် UNSC ကို ပါကစ္စတန် တောင်းဆိုမှုအပေါ် အိန္ဒိယနှင့် ပါကစ္စတန်အရေး မေ ၅ တွင် UNSC အရေးပေါ် အစည်းအဝေး ပြုလုပ်မည်

အိန္ဒိယနှင့် တင်းမာမှုများ မြင့်တက်နေခြင်းကြောင့် ပါကစ္စတန်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လတ်တလောကိစ္စနှင့်ပတ်သက်သည့် အစည်းအဝေး ပြုလုပ်ပေးရန် တောင်းဆိုထားကြောင်း လုံခြုံရေးကောင်စီ သတင်းရင်းမြစ်တစ်ခုက TASS သို့ ပြောကြားခဲ့သည်။

ပါကစ္စတန်၏ တောင်းဆိုထားမှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ် မေလ ၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးပြီးနောက် ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် အမြဲတမ်းကိုယ်စားလှယ် Asim Iftikhar Ahmad က ပြောကြား ထားပါသည်။ 

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က ကက်ရှ်မီးယားဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ရာမှ နှစ်နိုင်ငံအကြား တင်းမာမှုများ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃