ပါကစ္စတန်အပေါ် အရေးယူမှု (၃) ရပ် မေ ၃ ရက်တွင် အိန္ဒိယ ချမှတ်
ဧပြီ ၂၂ ရက် အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်းအခြေအနေ ပိုမိုတင်းမာလာသဖြင့် အိန္ဒိယအစိုးရက ပါကစ္စတန်အပေါ် စီးပွားရေးနှင့် သံတမန်ရေးရာ အရေးယူမှုများ (၃) ရပ်ကို မေ ၃ ရက်က ချမှတ်လိုက်ပါသည်။
ပါကစ္စတန်ထုတ်ကုန်များ (တိုက်ရိုက်၊ သွယ်ဝိုက်) တင်သွင်းခွင့်ကို တားမြစ်ပိတ်ပင်ခြင်း၊ သင်္ဘောကြီးများအက်ဥပဒေ-၁၉၅၈ အရ အိန္ဒိယဆိပ်ကမ်းများတွင် ပါကစ္စတန်သင်္ဘောများ ဝင်ရောက်မှုကို ပိတ်ပင်ခြင်း၊ ပါကစ္စတန်မှ အိန္ဒိယသို့ စာပို့ဝန်ဆောင်မှု ရပ်ဆိုင်းခြင်း (ပါကစ္စတန် IP လိပ်စာများကို အိန္ဒိယအင်တာနက်တွင် ပိတ်ဆို့ရန် စဉ်းစားခြင်း) တို့ဖြစ်ပါသည်။
ကိုးကား- Mint
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category