ကုလသမဂ္ဂနှင့် နေတိုးအဖွဲ့နှစ်ဖွဲ့စလုံးမှ နုတ်ထွက်မည့် အမေရိကန်၏အကြံအစည်ကိုထောက်ခံဟု အီလွန်မက်ပြော

News Image

  • ကုလသမဂ္ဂနှင့် နေတိုးအဖွဲ့နှစ်ဖွဲ့စလုံးမှ နုတ်ထွက်မည့် အမေရိကန်၏အကြံအစည်ကိုထောက်ခံဟု အီလွန်မက်ပြော

နယူးယောက်၊ နိုင်ငံရေး

အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂနှင့် နေတိုးအဖွဲ့နှစ်ဖွဲ့စလုံးမှ   နုတ်ထွက်မည့် အကြံအစည်ကိုထောက်ခံကြောင်း အီလွန်မက်က ပြောကြားခဲ့ကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂအဖွဲ့နှင့် အခြားဆက်နွှယ်နေသည့် အဖွဲ့အစည်းများသို့ ငွေကြေးအများအပြား ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထို့ကြောင့်  ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများမှ အမေရိကန်က နုတ်ထွက်မည့်အကြံအစည်အား ထောက်ခံခြင်းဖြစ်ကြောင်း မက်က ၎င်း၏ဆိုရှယ်မီဒီယာတွင်မေးမြန်းမှုတစ်ခုအား မတ်လ ၂ ရက်က တုံ့ပြန်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်အမတ်များသည် ကုလသမဂ္ဂနှင့် နေတိုးအဖွဲ့တို့မှ နုတ်ထွက်ရန်အတွက် ပြန်လည်သုံးသပ်ရန် အစောပိုင်းက ထုတ်ဖော်ပြောကြားထားသည်။

ထို့ပြင် ကုလသမဂ္ဂအဖွဲ့သည် အားနည်းပြီးစွမ်းဆောင်မှုမရှိသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ထရမ့်က ၎င်း၏ ၂၀၁၆ ခုနှစ် ပထမသက်တမ်းအတွက် မဲဆွယ်ပွဲတစ်ခုတွင်ပြောဆိုခဲ့ပြီး ယူကရိန်းနိုင်ငံအတွင်းမှ ရုရှားတပ်များအား ချက်ချင်းရုပ်သိမ်းပေးရန် တောင်းဆိုသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့သည့်လအတွင်းက ဆန့်ကျင်ခဲ့ကြောင်းသိရသည်။

အီလွန်မက်သည် လက်ရှိတွင် ထရမ့်၏အရေးပါသည့်အကြံပေးတစ်ဦးအဖြစ် တာဝန်ယူလျက်ရှိပြီး  အစိုးရ၏အသုံးစရိတ်များအား လျှော့ချရာတွင် ဦးဆောင်နေသူဖြစ်သည်။

Source: https://myawady.net.mm/