ယူကရိန်းကို ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ဥရောပသမဂ္ဂဆို

News Image

  • ယူကရိန်းကို ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ဥရောပသမဂ္ဂဆို

အမေရိကန်နိုင်ငံ အိမ်ဖြူတော်၌ အမေရိကန်သမ္မတနှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးအကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာ တွင် ဥရောပထိပ်သီးအစည်းအဝေးကို ဗြိတိန်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ယင်းအစည်းဝေးကို ဥရောပသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အပြင် ဗြိတိန်၊ အီတလီ၊ ကနေဒါ နိုင်ငံတို့မှ ဥရောပ၏ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပြီး ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌက ၎င်းတို့အနေဖြင့် ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့သည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲ အချိန်ပိုကြာရန် လိုလားနေကြပြီး စစ်ပွဲကို ဆက်လက်ရှည်ကြာစေရန် လုပ်ဆောင်နေကြသည်ဟု ဝေဖန်ခဲ့ပါသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံတို့သည် ၂၀၂၂ ခုနှစ်တွင်စတင်ခဲ့ပြီး လက်ရှိ အချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးသော တိုက်ပွဲများအကြား နှစ်နိုင်ငံပြည်သူများအနေဖြင့် စစ်ပွဲ၏အကျိုးသက်ရောက်မှုများ ခံစားနေရဆဲပင်ဖြစ်သည်။ အမေရိကန်သမ္မတ အပြောင်းအလဲဖြစ်လာခဲ့ပြီးနောက် သမ္မတထရမ့်သည် ယူကရိန်းကို စစ်ရေးကူညီ ထောက်ပံ့ပေးခြင်း ရပ်ဆိုင်းမှုအပါအဝင် စစ်ပွဲအပစ်ခတ်ရပ်စဲရေးအတွက် ဇီလန်စကီး နှင့်ဆွေးနွေးခဲ့ရာ အငြင်းပွားမှုများဖြစ်ခဲ့ကြောင်း သိရသည်။ သို့သော် ဗြိတိန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံအချို့သည် ယူကရိန်းကို ကူညီထောက်ပံ့ပေးခြင်းများ ဆက်လက်လုပ်ဆောင်ရန် ကတိပြုထားကြောင်း သိရှိရပါသည်။

ကိုးကား-NP News