ဖမ်းဆီးခံထားရသည့် အမေရိကန်ဓားစာခံများနှင့်ပတ်သက်ပြီး ဟားမက် လက်နက်ကိုင်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးမှုများ အမေရိကန်အစိုးရ လုပ်ဆောင်

News Image

  • ဖမ်းဆီးခံထားရသည့် အမေရိကန်ဓားစာခံများနှင့်ပတ်သက်ပြီး ဟားမက် လက်နက်ကိုင်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးမှုများ အမေရိကန်အစိုးရ လုပ်ဆောင်

ဂါဇာကမ်းမြောင်ဒေသ၌ ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန်ဓားစာခံများနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရက ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း အကြီးတန်းသံတမန်တစ်ဦးက ပြောကြားခဲ့ ပါသည်။

အဆိုပါဆွေးနွေးပွဲကို ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့ပြီး အမေရိကန် သမ္မတ‌ဒေါ်နယ်ထရမ့်၏ဓားစာခံရေးရာ အထူးသံတမန် Adam Boehler က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဂါဇာကမ်းမြောင်ဒေသ၌ စစ်ပွဲအဆုံးသတ်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းအရင်းမြစ်က ဖော်ပြခဲ့ပါသည်။

အမေရိကန်အစိုးရတာဝန်ရှိသူ ကာရိုလိုင်းလီရာဗစ်က “အမေရိကန် ပြည်သူများ၏အကျိုးစီးပွားအတွက် အကောင်းဆုံးလုပ်ဆောင်ရန် ကမ္ဘာတစ်ဝှမ်းက လူအများနှင့်ဆွေးနွေးပြောဆိုခြင်းသည် အမေရိကန်သမ္မတ က အမေရိကန်ပြည်သူများအတွက် မှန်ကန်သည့်အရာကို လုပ်ဆောင်ရန်အားထုတ်မှုတစ်ခုကို သက်သေပြလိုက်ခြင်းပင်ဖြစ်သည်” ဟု ပြောခဲ့ သည်။

ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သက်တမ်းတိုးရန် သို့မဟုတ် ဒုတိယအဆင့်ကိုတက်လှမ်းရန်အတွက် ဆွေးနွေးမှုများလုပ်ဆောင်နိုင်ရေး လာမည့်ရက်ပိုင်း၌ အရှေ့အလယ်ပိုင်းဒေသကို သွားရောက်ရန် စီစဉ်နေကြောင်းလည်း သိရှိရပါသည်။

ကိုးကား-NP News