၁၆၈ နာရီ ရုပ်ရှင်ဇာတ်ကားကို မတ်လတတိယပတ်တွင် နိုင်ငံတစ်ဝန်း အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသမည်
ရန်ကုန် မတ် ၁၇
BO BO Film မှရိုက်ကူးထုတ်လုပ်သည့် ၁၆၈ နာရီအမည်ရှိ ရုပ်ရှင်ဇာတ်ကားကို မတ်လတတိယပတ်တွင် နိုင်ငံတစ်ဝန်းအဆင့်မြင့် ရုပ်ရုင်ရုံကြီးများတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသူ သရုပ်ဆောင်ခင်လှိုင်ထံမှ သိရသည်။
အဆိုပါ ၁၆၈ နာရီအမည်ရှိ ရုပ်ရှင်ဇာတ်ကား၏ ဝတ္ထုဇာတ်လမ်းနှင့် ဇာတ်ညွှန်းကို သက်ဦးမောင်က ရေးသားထားပြီး မင်းကိုစိုး(နတ်သံကွင်း)က ရိုက်ကွင်းဇတ်တ်ညွှန်း ရေးညွှန်းထားကာ ဒါရိုက်တာအိ (အရုဏ်ဦး) နှင့် ဒါရိုက်တာကိုဇော်(အရုဏ်ဦး)တို့က BO BO Film အတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးထားကြောင်း သိရသည်။
“ဒီဇာတ်ကားက သည်းထိတ်ရင်ဖို၊ အချစ်၊ စွန့်စားခန်း၊ ဟာသစသဖြင့် ရသစုံပေးမဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားမှာတော့ ဦးခင်လှိုင်က ဘယ်နေရာက ပါဝင်ထားသလဲဆိုတော့ ဇင်မင်းထိုက်ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ပါဝင်ထားပါတယ်။ အဲ့ဒီမှာ ဇင်မင်းထိုက်က ကိုယ့်ကိုယ်ကိုယ် သေလို့သေသွားမှန်းမသိတဲ့ ဝိညဉ်တစ်ကောင်ပေါ့။ ဇာတ်ကားနာမည်က ၁၆၈ နာရီဆိုတော့ နည်းနည်းလေးဆန်းတယ်ပေါ့။ ကျွန်တော်တို့မြန်မာတွေရဲ့အယူအဆပေါ့ လူတစ်ယောက်ဟာ သေသွားပြီးလို့ ခုနစ်ရက်ပြည့်ရင် နာရီပေါင်း ၁၆၈ နာရီပြည့်ရင် သူရဲ့အိမ်ကနေစွန့်ခွာသွားရတယ်ဆိုတာမျိုးကို ရိုက်ပြထားတာပါ။ ပညာပေးလေးပါ။ ထူးထူးခြားခြားလေးမို့ ပရိသတ်တွေ ကြိုက်ကြမှာပါ” စု သရုပ်ဆောင် ခင်လှိုင်က ပြောပြသည်။
အဆိုပါ ၁၆၈ နာရီ ရုပ်ရှင်ဇာတ်ကားတွင် မြင့်မြတ်၊ ကောင်းမြတ်စံ၊ မင်းဘုန်းမြတ်၊ ခင်လှိုင်၊ ဂျိုကာ၊ မယ်လိုဒီ၊ ရတနာဗို၊ ဝေလာရီ၊ လှမျိုးသဉ္ဇာနွယ်နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ