သမ္မတ ထရမ့်နှင့် သမ္မတ ပူတင်တို့ ဆွေးနွေးခဲ့သည့် အဓိက အချက်များမှ ကောက်နုတ်ဖော်ပြချက်များ

News Image

  • သမ္မတ ထရမ့်နှင့် သမ္မတ ပူတင်တို့ ဆွေးနွေးခဲ့သည့် အဓိက အချက်များမှ ကောက်နုတ်ဖော်ပြချက်များ

“သမ္မတထရမ့်ပြောသည့် ယူကရိန်းနှင့် ရုရှားတို့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦများကို တိုက်ခိုက်မှု ရက် ၃၀ ရပ်နားရေး အဆိုပြုချက်ကို သမ္မတ ပူတင်က ထောက်ခံခဲ့ကြောင်း” မတ်လ ၁၈ ရက်နေ့တွင် အမေရိကန် သမ္မတနှင့် ရုရှားသမ္မတတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

ရုရှားနှင့် ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ်ကတည်းက စွမ်းအင်လိုင်းများကို အပြန်အလှန် အကြိမ်ကြိမ် တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှား သမ္မတ ပူတင်တို့သည် မတ်လ ၁၈ရက်နေ့တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖုန်းဆွေးနွေးမှုအပေါ် အိမ်ဖြူတော်က မကြာခင်က ထုတ်ပြန်လိုက်သည့် ဖော်ပြချက်အရ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို စွမ်းအင်နှင့် အခြေခံအဆောက်အဦဆိုင်ရာများကို ပစ်မှတ် ထားခြင်းများကို အပစ်ရပ်စဲရေးနှင့် စတင်မည်ဟု သဘောတူခဲ့ကြ ပါသည်။

၎င်းတို့သည် ပင်လယ်နက်တွင် ရေလမ်းကြောင်း အပစ်ရပ်စဲရေး၊ အလုံးစုံ အပစ်ရပ်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းဖော်ဆောင်မှု ညှိနှိုင်းဆွေးနွေးမှုများကိုလည်း သဘောတူခဲ့ကြပါသည်။

“အဆိုပါညှိနှိုင်းဆွေးနွေးမှုများကို အရှေ့အလယ်ပိုင်းမှာ ချက်ချင်း စတင်မည်" ဟု ဖော်ပြချက်တွင် ဖြည့်စွက်ထားပါသည်။ 

ကိုးကား-ကရင်မလင်

Photo: The Hindu