လေတပ်စခန်းတည်ဆောက်ရန် တရုတ်နိုင်ငံအား ဘင်္ဂလားဒေ့ရှ်က ဖိတ်ခေါ်
ဘင်္ဂလားဒေ့ရှ်၏ ယာယီအစိုးရခေါင်းဆောင် မိုဟာမက် ယူနွတ်စ် သည် အိန္ဒိယ၏ မဟာဗျူဟာမြောက် အကျိုးသက်ရောက်မှုမှ ရုန်းထွက်ရန် “လာမိုနီရဟတ် (Lalmonirhat)” တွင် တရုတ်နိုင်ငံအား လေတပ်စခန်း တည်ဆောက်ရန် တရားဝင်အဆိုပြုလိုက်ခြင်းသည် စိန်ခေါ်မှု တစ်ရပ် အဖြစ် ရှုမြင်ခံနေရသည်။
“မိမိတို့ (ဘင်္ဂလားဒေ့ရှ်) သည် အဆိုပါဒေသတစ်ခုလုံး၊ အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ဒေသအတွက် သမုဒ္ဒရာ၏ တစ်ခုတည်းသော စောင့်ရှောက်သူများဖြစ်သည်” ဟု ယူနွတ်စ်ပြောကြားရင်း “၎င်းသည် တရုတ်အတွက် အခွင့်အလမ်းကြီးများကို ဖန်တီးပေးပြီး ၎င်းတို့ ထုတ်ကုန် များကို ကမ္ဘာတစ်ဝှမ်းသို့ တင်ပို့နိုင်မည်” ဟု ထပ်လောင်း ဖွင့်ဟခဲ့ ပါသည်။
အဆိုပါစီမံကိန်းအား တရုတ်ဘက်မှ စတင်ဆောင်ရွက်ရန် သဘောတူ ထားပြီး ပါကစ္စတန်ကုမ္ပဏီတစ်ခုက လက်အောက်ခံလုပ်ငန်းရှင်အဖြစ် ပါဝင်မည်ဟု သိရှိရပါသည်။ လုပ်ငန်းစဉ်ကို အောက်တိုဘာလတွင် စတင်နိုင်ကြောင်း သတင်းအရင်းအမြစ်များက အတည်ပြုထားပါသည်။
ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး တိုးမြှင့်
အဆိုပါဖြစ်စဉ်နှင့်အတူ ပါကစ္စတန်၏ နိုင်ငံခြားရေးဝန်ကြီး အစ်ရှာဒါ သည် ဧပြီ ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်မည်ဖြစ်ပြီး၊ နိုင်ငံခြားရေးအတွင်းဝန် အာမ်နာ ဘလို့ချ် ကလည်း တစ်ပတ်စောပြီး လည်ပတ်မည်ဟု သိရှိရပါသည်။
အစွန်းရောက်မှုစိုးရိမ်ချက်များ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်က အာဏာသိမ်းပြီးနောက် ဘင်္ဂလားဒေ့ရှ် တွင် ရာဒီကယ်အစွန်းရောက်အဖွဲ့များ အားကောင်းလာမှုကို စိုးရိမ်မှုများ ရှိနေသည်။ ယူနွတ်စ် အစိုးရအား အစ္စလာမ်မစ်အဖွဲ့များ၏ ဩဇာ လွှမ်းမိုးမှုအောက်တွင် အစွန်းရောက်အယူအဆများကို သည်းခံသည်ဟု စွပ်စွဲခံနေရသည်။
ကိုးကား - GG political
ပေးပို့သည့်ရက်စွဲ- ဧပြီလ ၄ ရက်