ရုရှားက ယူကရိန်း၏အကြမ်းဖက်လုပ်ရပ်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုပြုလုပ်

News Image

  • ရုရှားက ယူကရိန်း၏အကြမ်းဖက်လုပ်ရပ်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုပြုလုပ်

ရုရှားတပ်မတော်သည် နိုင်ငံ၏ လေတပ်ကိုတိုက်ခိုက်ခဲ့သည့် ယူကရိန်း၏ အကြမ်းဖက်လုပ်ရပ်အပေါ်လက်တုံ့ပြန် တိုက်ခိုက်မှုများပြုလုပ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၉ ရက် တွင်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ရုရှား၏ လေတပ်စခန်းများကို ယူကရိန်းက ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်ပြီး နောက် ယခုလက်တုံ့ပြန်မှုတွင် ယူကရိန်း ၏လေယာဉ်ကွင်းတစ်ခုကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယူကရိန်း တို့၏ အကြမ်းဖက်လုပ်ရပ်များတွင် ခရီး သည်တင်မီးရထားကို လမ်းချော်စေရန် ပြုလုပ်မှုပါဝင်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ထို့ပြင် ယခုလုပ်ဆောင်သည့်လက်တုံ့ ပြန်တိုက်ခိုက်မှုတွင် ယူကရိန်း၏လက်နက် စက်ရုံများ၊ ခဲယမ်းတိုက်များ၊ အခြားစစ်ရေး ပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား သည်။

Ref: RT

Photo - CNN