ဥ​ရောပသမဂ္ဂ၏ စစ်အသုံးစရိတ်တိုးမြှင့်​ရေး အစီအစဥ်ကို အီတလီတွင် လူထုကဆန္ဒပြပယ်ချ

News Image

  • ဥ​ရောပသမဂ္ဂ၏ စစ်အသုံးစရိတ်တိုးမြှင့်​ရေး အစီအစဥ်ကို အီတလီတွင် လူထုကဆန္ဒပြပယ်ချ

အီတလီနိုင်ငံ ရောမမြို့တွင် ဥရောပသမဂ္ဂ၏ပြန်လည် လက်နက်မြှုပ်နှံမှု အစီအစဉ်ကို ကန့်ကွက်သည့် ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

​သောင်းနှင့်ချီ​သောလူထုသည် Piazza Vittorio Emanuele II ရင်ပြင်တွင် စုဝေးကာ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂအဖွဲ့၏ ယူရိုငွေ ဘီလီယံ ၈၀၀ အား ကာကွယ်ရေးလုပ်ငန်းများတွင် သုံးစွဲရန် ဖိအားပေးမှုကို ပယ်ချခဲ့ ကြသည်။ 

“ဒုံးကျည် မလိုပါ၊ ဆေးရုံ လိုအပ်နေပါသည်” ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့သည်။ 

စစ်တမ်းများအရ အီတလီလူမျိုး ၆၂% သည် စစ်ရေး အသုံးစရိတ် တိုးမြှင့်မှုကို ကန့်ကွက်ကြောင်း ဖော်ပြထားပြီး ယင်းသည် ဥရောပ သမဂ္ဂ၏ ပျမ်းမျှကန့်ကွက်မှုထက် သိသိသာသာ မြင့်မားနေကြောင်း သိရှိရပါသည်။

ကိုးကား-အင်တာနက်စာမျက်နှာ