အီရန်မှ အမေရိကန်သို့ အိုမန်မှတစ်ဆင့် တုံ့ပြန်သည့်စာပေးပို့

News Image

  • အီရန်မှ အမေရိကန်သို့ အိုမန်မှတစ်ဆင့် တုံ့ပြန်သည့်စာပေးပို့

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပေးပို့လာသည့် စာတစ်စောင်ကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံ့ခေါင်းဆောင် ခါမေနီသည် တရားဝင် ပြန်ကြားစာကို အိုမန်နိုင်ငံမှတစ်ဆင့် ဒေါ်နယ်ထရမ့်ထံသို့ ပေးပို့ခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ပြောကြားလိုက် ပါသည်။

ထိုစာတွင် စာရွက်နှစ်စောင်ပါရှိပြီး ပထမတစ်စောင်မှာ လတ်တလော ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေအပေါ် တီဟီရန်၏ အမြင်ကို ဖော်ပြ ထားပြီး ဒုတိယတစ်စောင်မှာ ထရမ့်ပြောကြားချက်များကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ဖော်ပြထားပါသည်။ 

ဒေါ်နယ်ထရမ့်သည် မတ်လ ၇ ရက်က ၎င်း၏ Truth Social ပေါ်တွင် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အီရန်နှင့်ဆွေးနွေးညှိနှိုင်းရန်အဆိုပြုထားသည့် စာတစ်စောင်ကို အီရန်ခေါင်းဆောင် ခါမေနီထံ ပေးပို့ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ 

ထိုအဆိုကို ခါမေနီက ငြင်းပယ်လိုက်ပြီး အမေရိကန်သည် မိမိတို့၏ အကျိုးစီးပွားကိုသာ အလေးထား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ယုံကြည် နေသဖြင့် ဆွေးနွေးပွဲတွင် မပါဝင်နိုင်ကြောင်း ကြေညာခဲ့ပါသည်။ 

ကိုးကား- TAGS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃