ရုရှား-အမေရိကန်အကျဉ်းသားလဲလှယ်မှုကိစ္စ မှတ်ချက်ပေးလိုခြင်း မရှိ 

News Image

  • ရုရှား-အမေရိကန်အကျဉ်းသားလဲလှယ်မှုကိစ္စ မှတ်ချက်ပေးလိုခြင်း မရှိ 

CIA ဒါရိုက်တာ John Ratcliffe က ဧပြီလ ၁၀ ရက်တွင် အာရပ်စော်ဘွား များပြည်ထောင်စု (UAE) ၌ အမေရိကန်-ရုရှား အကျဉ်းသား ဖလှယ်မှု တစ်ခုပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုအကျဉ်းသားဖလှယ်မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် ကရင်မလင်ပြောခွင့်ရ ပုဂ္ဂိုလ် Dmitry Peskov က ယခုအချိန်မှာ မှတ်ချက်ပေးလိုခြင်း မရှိကြောင်း ဖြေကြားခဲ့သည်။

အဆိုပါအကျဉ်းသားလဲလှယ်မှုတွင် ရုရှားနိုင်ငံသား Artur Petrov နှင့် အမေရိကန်နိုင်ငံသား Ksenia Karelina တို့ကို ဖလှယ်ခဲ့ကြသည်။

Petrov သည် အမေရိကန်လုံခြုံရေးအေဂျင်စီများ၏ တောင်းဆိုမှုအရ ၂၀၂၃ ခုနှစ်တွင် ဆိုက်ပရပ်၌ ဖမ်းဆီးခံရပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန် သို့ အပ်နှံခံခဲ့ရသည်။ ၎င်းသည် ရုရှားရှိ စစ်လက်နက်ထုတ်လုပ်သူများထံ အမေရိကန်၏ မိုက်ခရိုအီလက်ထရောနစ်ပစ္စည်းများ တရားမဝင် ပို့ဆောင် ခဲ့သဖြင့် သယ်ယူပို့ဆောင်ရေးထိန်းချုပ်မှုဥပဒေများ ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသည်။ ထိုအမှုမှာ အများဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ချခံ ရသောအမှုဖြစ်သည်။

အမေရိကန်နိုင်ငံသား Ksenia Karelina သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် ရုရှားနိုင်ငံ Yekaterinburg တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အမေရိကန်အခြေစိုက် ယူကရိန်းထောက်ပံ့ရေးအလှူခံအဖွဲ့သို့ ဒေါ်လာ ၅၁.၈၀ ပေးလှူခဲ့သည် ဟု စွပ်စွဲခံရပြီး၊ ရုရှားအာဏာပိုင်များက ယူကရိန်း စစ်တပ်အား ပံ့ပိုးမှု ဖြစ်သည်ဟု တိုင်တန်းခဲ့သည်။ ၎င်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဖမ်းဆီးခဲ့ရသည်။ ထိုအမှုမှာ ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခံထားရ ပါသည်။

ကိုးကား - ကရင်မလင်၊ News. AZ

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃