ဧပြီ ၁၂ ရက် အိုမန်တွေ့ဆုံမှုက အရေးကြီးကြောင်း မာကိုရူဘီယို ပြောကြား

News Image

  • ဧပြီ ၁၂ ရက် အိုမန်တွေ့ဆုံမှုက အရေးကြီးကြောင်း မာကိုရူဘီယို ပြောကြား

အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff နှင့် အီရန် အဆင့်မြင့်ကိုယ်စားလှယ်တို့သည် လာမည့် ဧပြီလ ၁၂ ရက်နေ့တွင် အိုမန် နိုင်ငံ၌ တွေ့ဆုံကြမည်ဖြစ်ရာ ထိုတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးဆီသို့ ဦးတည် လိမ့်မည်ဟု အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားလိုက်ပါသည်။ 

ထိုတွေ့ဆုံမှုမှာ အရေးကြီးသည့် တွေ့ဆုံမှုဖြစ်ကြောင်း၊ အချိန်အကြာကြီး အတွင်း ပထမဆုံးအနေဖြင့် အထူးသံတမန် Witkoffနှင့် အီရန်နိုင်ငံက ထိပ်တန်းခေါင်းဆောင်တစ်ဦးတို့ကြား တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ် ကြမည်ဖြစ်ပါကြောင်း၊ ရလဒ်ကငြိမ်းချမ်းရေးကို ဦးတည်လိမ့်မည်ဟု မိမိ တို့ မျှော်လင့်ပါကြောင်း ရူဘီယိုက ပြောကြားထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃