ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားသို့ တရုတ်သမ္မတ သွားရောက်မည်
တရုတ်သမ္မတရှီကျင့်ဖျင်သည် ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံသို့ ဧပြီ ၁၄ ရက်မှ ၁၈ ရက်အထိ နိုင်ငံတော်ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး To Lam နှင့် ဗီယက်နမ်သမ္မတ Luong Cuong တို့၏ ဖိတ်ကြားချက်အရ ရှီကျင့်ဖျင်သည် ဧပြီလ ၁၄ ရက်မှ ၁၅ ရက်အထိ ဟနွိုင်းသို့ သွားရောက် မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
ဆက်လက်၍ တရုတ်ခေါင်းဆောင်သည် ဧပြီလ ၁၅ ရက်မှ ၁၈ ရက်အထိ မလေးရှားဘုရင် Sultan Ibrahim Iskandar နှင့် ကမ္ဘောဒီးယားဘုရင် Norodom Sihamoni တို့၏ ဖိတ်ကြားချက်အရ ကွာလာလမ်ပူနှင့် ဖနွမ်းပင်မြို့သို့ သွားရောက်မည်ဖြစ်သည်။
ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားတို့သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင်များဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၇.၈ ရာခိုင်နှုန်း တိုးမြင့်လာကာ ဒေါ်လာ ၉၈၂ ဒသမ ၃၃ ဘီလီယံအထိ ရောက်ရှိ ခဲ့သည်။ ဗီယက်နမ်သည် အာဆီယံဒေသအတွင်း တရုတ်၏ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး စုစုပေါင်း တရုတ်-အာဆီယံ ကုန်သွယ်မှု စုစုပေါင်း၏ ၂၇ ရာခိုင်နှုန်း (ဒေါ်လာ ၂၆၀ ဒသမ ၆၅ ဘီလီယံ) ခန့် ရှိသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃